Friday, December 21, 2012

ငါးထမင်းနယ်


 အလွယ်တကူ အရသာရှိရှိ စားနိုင်မယ့် ရှမ်းအစားအစာ ငါးထမင်းနယ် ပြုလုပ်နည်းလေးပါ
ပါဝင်ပစ္စည်းများ
ရှမ်းဆန်၊ ငါးရံ့၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးတောင့်။
ရှမ်းဆန်ကို သိပ်ပျော့မသွားအောင် ရေအနေတော်လေးထည့်ပြီး ရေခန်း
ချက်မယ်။
ပြီးရင် ခရမ်းချဉ်သီးကို ဆီမထည့်ဘဲ နနွင်းလေးနဲ့ရောပြီး
မွှေချက်လေးချက်ထားပါ။
ငါးရံ့ကို ပြုတ်၊ အရိုးနွှင်ပြီး မွမွလေးဖွထားပါ။
ရှမ်းဆန်ချက်ထားတဲ့ ထမင်းကို ခရမ်းချဉ်သီးအနှစ်နဲ့ စေးပိုင်နေအောင် နယ်ပြီး အပေါ်ကနေ နွှင်ထားတဲ့ ငါးရံ့မွမွ
လေးတွေဖြူးပါ။
တွဲဖက်စားဖို့ ရေစင်စင်ဆေးထားတဲ့ ဂျူးမြစ်၊ ငရုတ်တောင့်အကြွပ်ကြော်နဲ့ တွဲဖက်လိုက်ပြီဆိုရင်တော့ ငါးထမင်းနယ်ကို အရသာ ရှိရှိစားသုံးနိုင်ပါပြီ။

Post from mmtimes တွဲ၂၅ မှတ် ၄၈၅ ..သဲသဲထွေး

No comments:

Post a Comment