Wednesday, December 19, 2012

မြို.လေးရဲ. သင်္ကေတ တစ်ခု @ Wireless Tower

တကယ်တော. မြစ်ဝကျွန်းပေါ်မြို.လေး တစ်မြို.ဖြစ်တဲ.အပြင် မြို.လေးရဲ. မြောက်ဘက်နဲ. အနောက်ဖက်မှာ မြစ် တစ်စင်းက ကပ်ပြီး ကာထား ...တောင်ဘက်မှာက ချောင်းလေးတစ်ခုက ရစ်ခွေ...အရှေ.ဘက် ခပ်လှမ်းလှမ်းမှာ နောက်ထပ် ချောင်း တစ်ခုကပိုင်းခြား ခံထားရတဲ. မြို.လေးအဖို. လမ်းဆုံးမြို.လေး တစ်မြို.လို ဖြစ်နေတာမို. ၂၀၀၀ ခုနှစ် မတိုင်ခင်လောက်အထိ ဘယ်သွားသွား ရေလမ်းကိုပဲ အားကိုးခဲ့ရတာ ဆန်းတော. မဆန်း ခဲ့ပါဘူး.... ငယ်ငယ်တုန်းက ဆိုရန်ကုန် ကို သင်္ဘောနဲ. ပဲသွားရ တာပါ...အဲ့တုန်းက တူးမြောင်းထဲကနေ ရွှေတိဂုံ ဘုရားကို လှမ်းမြင်ရပြီဆို ရန်ကုန်ရောက်တော.မယ် ဆိုပြီး ပျော်ကြတာပါပဲ...လူကြီးတွေကပြောတယ်...မရောက်သေးဘူးတဲ. ဘုရားကို ၃ကြိမ် ဖူးပြီးမှ ရောက်တာတဲ. ဆိုလို. ကွယ်သွားလိုက် ပြန်ပေါ်သွားလိုက်ကို စောင်.ကြည်. ရေတွက်ခဲ့ရဖူးတာလေ....

  အဲ့ဒီလိုပဲ ၀ါးခယ်မကို ပြန် လာကြသူတွေ အဖို. တော. သူမရဲ. ဦးခေါင်းထက်က ညဘက်မှပွင်.တဲ. အနီရောင် ပန်းပွင်.လေးက မြို.ကို ရောက်တော.မယ်လို. အသိပေးနေတဲ. အမှတ်အသားလေး တစ်ခုပါ...နေ.ဘက်ဆိုရင်တော. သူမရဲ. ရှည်ကိုင်းကိုင်း အရပ်ကြီးကို လှမ်းမြင်နေရတာနဲ. အိမ်အမြန် ပြန်ရောက်ချင်စိတ်က တားမနိုင်စီးမရပါပဲ.....တကယ်တော. သူမရဲ. အဲဒီရှည်ကိုင်းကိုင်း အရပ်ကြီးကိုက သူမတည်မှီရာ အရပ်ကသူတွေအဖို. ဂုဏ်ယူစရာ တစ်ခုပါ....မြို.လေးရဲ. အနီးပတ်ချာလည် တစ်ဝိုက်ကို လည်း သူမက အပေါ်စီးကနေကြည်.နေကျမို. ဒီမြို.လေးအကြောင်းကို သူမလောက် ဘယ်သူမှ အသေးစိပ်တွေ.မြင်နေနိုင်မှာ မဟုတ်ပေမယ်. နည်းနည်းတော. အထက်စီးဆန်နေပေမယ်. သူမကို မြို.လေးရဲ. အထိမ်းအမှတ် သင်္ကေတ တစ်ခုအဖြစ်တော. အားလုံး လက်ခံကြပါတယ်...သူမနဲ. မျိုးနွယ်တူတွေထဲမှာ သူမလောက် ရှည်လျားတဲ.သူ အတော်ကိုရှားပါတယ်...ဧရာဝတီတိုင်း ထဲမှာပဲဖြစ်ဖြစ်...အခြား လက်လှမ်းမှီသလောက်မြို.တွေမှာပဲဖြစ်ဖြစ် သူမလောက် ရှည်လျားသူမရှိပဲ ရေကူးအသံလွှင်.ရုံက towerတစ်ခုကသာ မတိမ်းမယိမ်း ရှိတာတွေ.ဖူးပါတယ်......


တကယ်တော. သူမက ဂျပန် ကပြားမလေးဖြစ်ဖို.များပါတယ်...ဘာကြောင်.လဲဆိုတော. အဲ့ဒီအချိန်က သူမရဲ. အနီးဆုံးဖွားဖက်တော် အားလုံးက Fujitsu Company ထုတ်တွေဖြစ်နေတာမို.ပါ...သူမကို စတင်မွေးဖွားခဲ့တာက ၁၉၅၄ ခုနှစ်ဆိုတော. အသက်တောင် ၅၈ နှစ်လောက်ရှိနေပြီဆိုတော. လူသာဆို ပင်စင်နီးပြီလို.ပြောရမယ်. အရွယ်ပါပဲ...ဒါပေမယ်. သူမမှာလည်း မျိုးဆက်သစ်တွေ စည်ပင်နေအောင် စွမ်းဆောင်နိုင်ပါတယ်...အရင်ကလို စလောင်း အင်တာနာ ၂ ခုလောက်နဲ.တင်မဟုတ်တော.ပဲ GSM ,CDMA ,WCDMA စတာတွေအတွက် သူမကို မျိုးဆက်သစ် တွေနဲ.ပေါင်းစပ် ဆင်ယင်ပေးထားပါပြီ....တကယ်တော. သူမရဲ. အိမ်လေးကို Micro-Wave ရုံး (ဒါကို ဆယ်တန်းတုန်းကPhysics ဆရာတစ်ယောက်ကတော. အဂ္ဂမဟာ တုန်နှုံးမြင်.ရုံးလို. 

 ဘာသာပြန်ပေးခဲ့ဖူးပါတယ်) လို. နာမည်တပ်ထားပြီး အော်တို တယ်လိဖုန်းရုံးဆိုတာနဲ. 
အခန်းချင်းကပ်ရပ်နေရတာပါ.....မြို.မှာရှိနေတဲ. ကြိုးဖုန်းတွေ...၀၉၈၅၃၇ ဆိုတဲ. CDMA ၁၅သိန်းတန် ဖုန်း ၁၅၀၀ ၀န်းကျင်........ CDMA 450 ၅သိန်းတန်..၀၉၄၉၇၀၃ ဖုန်း ၉၀၀ ၀န်းကျင် နဲ. ခုနောက်ပိုင်း GSM..WCDMA တွေ အားလုံးနီးပါးဟာ သူမကြောင်. အသက်ဆက်နေရတာပါ....ရန်ကုန် - မအူပင် - ၀ါးခယ် - မြောင်းမြ - ပုသိမ် ဆိုတဲ. ပင်မ ဆက်ကြောင်းကြီးကြားက point to point ထောက်မပေးနေတဲ. အဓိက ၅ နေရာထဲက တစ်ခုပါ...သူတို.တစ်ယောက်ယောက် နာမကျန်းဖြစ်တာနဲ. ဒီဆက်ကြောင်းကြီး ပြဿနာ တက်သွားနိုင်တာပါ....ဒါ.အပြင် သူမသာ မရှိရင် အော်တို တယ်လီဖုန်းတွေကအစ မြို.တွင်းကလွဲပြီး ဘယ်မှ ဆက်မရဖြစ်ကုန်မှာပါ......နောက်တစ်ခုက သူမတို. ရဲ.အသက်အန္တရာယ် ကင်းအောင် သတ်မှတ်ထားတာ၇ှိပါတယ် Earth ချတာ မှာ resistance အများဆုံး 1 အောက်မှာ ( တကယ်.စံနှုံးက 0.02 ohm လား 0.2 ohm လားမသိပါဘူး ) ပဲရှိရပါတယ်....အရင်က ဒီလိုသတ်မှတ်ချက်မမှီလို. သူမ ဒါဏ်ရာရခဲ့ဖူးပါတယ်...ခုတော. သူမကို ထိမ်းသိမ်းပေးနေသူတွေရဲ. ဂရုစိုက်မှုကြောင်. သူမမှာ 0.9 0hm resistance ရှိနေတာမို. နောက်ပိုင်းတောက်လျှောက် မိုးကြိုးအန္တရာယ်က ကင်းနေခဲ့ပါတယ် (ရန်ကုန်မှာတောင် သူမတို.မျိုးနွယ်အချို.ဆို resistance 2-5 ohm လောက်ဖြစ်နေသူတွေ မိုးအုံ.တာနဲ. သေချင်ယောင်ဆောင်ပေးနေရသူတွေ ရှိနေပါတယ်)

တကယ်တော.လည်း သူမနဲ.မြို.လေးဟာ အတော်သံယောဇဉ်ကြီးနေခဲ့တာပါ...မြို.လေးနဲ. အနီးပတ်ဝန်းကျင် ဘယ်နေရာကကြည်.ကြည်. သူမကိုမြင်နေရတယ်လေ...သူမအတွက်အထောက်အကူပြုဖို. သွေးသစ် လေး နှစ်ယောက်ကိုတော. အ-ထ-က ၂ ဘေးမှာ  စတင်ဲ ပြုစုပျိုးထောင်ပေး နေပါတယ်...ဒါပေမယ်.လည်း သူမကတော. ဆက်တာဝန်ထမ်းဆောင်နေရအုံးမှာပါပဲ...သူမ ရဲ. ၇၅ မီတာရှိတဲ.အရပ်အမြင်. ကြီး နဲ. တစ်မြို.လုံးပေါ်ကို စီးမိုးကြည်.နေရင်း............................................

Thanks Ko Kaung Zaw for Data Supplied.

No comments:

Post a Comment