Tuesday, December 4, 2012

ဝါးခယ်မသား ရန်ကုန်မြို.တော်ဝန်


ဝါးခယ်မမြို. တစ်ဖက်ကမ်း ရွာသစ် ရပ်ကွက် ဇာတိသားဖြစ်သော ဦးထွန်းတင်သည် ၁၉၄၉ ခုနှစ်တွင် ရန်ကုန်မြို.၏ မြို.တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်....မြန်မာနိုင်ငံတွင် အမျိုးသား ကျောင်းများမပေါ်မှီက London Matric ဖြေဆိုရန် သီရိလင်္ကာသို. သွားရောက် ပညာသင်ကြားခဲ့သည်...ထို.နောက် ရန်ကုန်တက္ကသိုလ် တွင် I.A အထက်တန်း သင်ကြားခဲ့ရာ စကောလားရှစ် ရရှိခဲ့ပါသည်...အင်္ဂလန် နိုင်ငံ
ံ မန်ချက်စတာ တက္ကသိုလ်.၌ ပညာသင်ကြားခွင်. ရခဲ့သည်..... ယင်းတက္ကသိုလ် မှ အင်ဂျင် နီယာ ဘွဲ. (A.M.C.T) ကိုထူးထူးချွန်ချွန် အောင်မြင်မှု ရရှိခဲ့ပါသည်... မြန်မာနိုင်ငံ ပြန်ရောက်သောအခါ မြူနီစပါယ်အဖွဲ. (ယခု Y.C.D.C) တွင် အင်ဂျင်နီယာချုပ်အဖြစ် အမှုထမ်းခဲ့ပါသည်..ချိုးဖြူ ရေလှောင်ကန်မှ ရေကို ရန်ကုန်မြို.သို. ပိုက်ဖြင်. စတင်ပေးပို.ရေး လုပ်ငန်းတွင် ဦးစီးဆောင်ရွက်ခဲ့ပါသည် 
 
 
ဝါးခယ်မမြို.နယ်အသင်း (ရန်ကုန်) ရဲ. ပထမဆုံးသော ဥက္ကဌ အဖြစ် (၁၉၄၈ မှ ၁၉၄၉ထိ) ထမ်းဆောင်ခဲ့ပါသည်....ဂုဏ်ယူဖွယ်ရာ မြို.ဂုဏ်ဆောင် ၀ါးခယ်မသား တစ်ဦးအဖြစ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။
Ref; ရွှေရတု မဂ္ဂဇင်း

No comments:

Post a Comment