Saturday, December 15, 2012

တော်လှန်ရေးသမား စာဆိုစစ်သည် တစ်ဥိး


အငြိမ်းစား ဗိုလ်မှုး သန်းကြွယ်သည် ၁၉၁၉ ခုနှစ်က ကျွန်းကုန်း တွင်မွေးဖွားခဲ့သူဖြစ်ပြီး ဖခင်မှာ ဦးဘသိန်း မိခင်မှာ ဒေါ်အေးညွန်.တို. ဖြစ်သည်.. အိမ္မဲ မြို. အမျိုးသား အလယ်တန်းကျောင်
း..ရန်ကုန်မြို. ကူရှင် အထက်တန်းကျောင်း ..ရန်ကုန် တက္ကသိုလ် တို.တွင် ပညာသင်ကြားခဲ့သည်.. ၀ိဇ္ဖာဘွဲ. ဥပဒေ၀ိဇ္ဖာဘွဲ.တို. ရရှိခဲ့သည်..ကျောင်းသားခေါင်းဆောင် ..မြေအောက်တော
်လှန်ရေး တာဝန်ခံ ..ဂျပန်ခောတ် အသံလွှင်.ဌာန ဘာသာပြန်နှင်. အသံလွှင်. အရာရှိ.
..ရန်ကုန်တက္ကသိုလ် မြန်မာစာနည်းပြ ..မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း စာပြုအရာရှိ..တပ်မတော် ပညာရေး အရာရှိ..တပ်မတော် မော်ကွန်းတိုက် အုပ်ချုပ်ရေး အရာရှိ ..သုတေသန အရာရှိချုပ်...စစ်ပညာအသင်း မန်နေဂျာ..အယ်ဒီတာချုပ်...ယဉ်ကျေးမှု ၀န်ကြီးဌာန အထူးအရာရှိ... သမ၀ါယမ ဦးစီးဌာန အထူးအရာရှိ...ညွှန်ကြားရေးမှုး တာဝန်များကို ထမ်းဆောင်ခဲ့သည်.. စစ်မှုထမ်းကောင်း တံဆိပ် ချီးမြှင်.ခံခဲ့ရသူ တစ်ဦးလည်းဖြစ်သည်. ..သူရေးသားခဲ့သော ကမ္ဘာ.နိုင်ငံရေး အဘိဓါန် ဟူသော စာအုပ်မှာ ထင်ရှားခဲ့သည် ..၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်) ၏ ဆဠမမြောက် ဥက္ကဌ အဖြစ် ၁၉၈၉ မှ ၁၉၉၃ အထိ ထမ်းဆောင်ခဲ့ပြီး အသင်း၏ ဂုဏ်ထူးဆောင်နာယက လည်း ဖြစ်ခဲ့သည်...

ဝါးခယ်မမြို.နယ်သား တစ်ဦးဖြစ်ပြီး တော်လှန်ရေးသမား..ဖြစ်ခဲ့သလို..ကျောင်းဆရာ..အုပ်ချုပ်ရေးအရာရှိ..စာပေပညာရှင်စသည်ဖြင်. နိုင်ငံတော်အတွက် လိုအပ်သည်.နေရာများတွင် ဘက်စုံတာဝန်ထမ်းဆောင်ပေးခဲ့သည်.အပြင် ၀ါးခယ်မမြို.နယ် အတွက်လည်း တာဝန်ကျေပြွန်ခဲ့သူ တစ်ဦးအဖြစ် ဂုဏ်ပြုဖော်ပြ အပ်ပါသည်...

ဤနေရာတွင် တစ်ခုသတိပြုမိသည်မှာ ထင်ရှားသော ကျွန်းကုန်းဇာတိသား ၂ ဦးတို.၏ ဘ၀ဖြစ်သည်..၂ ဦးလုံး ကျွန်းကုန်းတွင် မွေးဖွားခဲ့သော်လည်း အခြားမြို.ရွာ များတွင်ကြီးပြင်း ပညာသင်ကြားခဲ့ကြခြင်းလည်း တူသည်...ရန်ကုန် တက္ကသိုလ်တွင် ၀ိဇ္ဖာ ဘွဲ.နှင်. ဥပဒေ၀ိဇ္ဖာ ဘွဲ. ရရှိခဲ့ကြခြင်းလည်း တူသည်...တော်လှန်ရေး သမားဖြစ်ပုံချင်းလည်း တူသလို နိုင်ငံတော်အဆင်. အုပ်ချုပ်ရေးအဖွဲ.အစည်း ပိုင်းများတွင် ရာထူးကြီးများ၌ တာဝန်ထမ်းဆောင်ခဲ့ကြပုံချင်းလည်းတူသည်..အနုပညာ ၀ါသနာပါပုံချင်းလည်း တူသည် (တစ်ခုပဲရှိသည်..တစ်ဦးက စာပေ..တစ်ဦးက ဂီတ သာကွာသည်)

အချက်အလက်များကို ရွှေ၇တု မဂ္ဂဇင်း မှ ရယူပါသည်..

No comments:

Post a Comment