Thursday, December 20, 2012

ဝါးခယ်မသား စာပေလောကသား တစ်ဦး




ဝါးခယ်မမြို. သော်ကရပ်ကွက်သား မောင်ကောင်းမြင်.၏ နာမည်အရင်းမှာ ဦးစန်းမြင်.ဖြစ်သည်...၁၉၄၆ ခုနှစ်တွင် ဦးရွှေမောင်.ဒေါ်သိန်းတင် တို.မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၆၅ တွင် တက္ကသိုလ် ၀င်တန်းအောင်မြင်သည်.. ၁၉၆၈ တွင် ပန်းချီ ပန်းပုကျောင်းမှ စီးပွားရေး ပန်းချီသင်တန်း အောင်မြင်ခဲ့သည်.. ၁၉၇၀တွင် ၀ိဇ္ဇာဘွဲ. (မြန်မာစာ ဂုဏ်ထူး) ၁၉၇၄ တွင် မဟာဝိဇ္ဇာဘွဲ. ရရှိခဲ့သည်.. ၁၉၆၅ မှစ ၍ ဗိုလ်တစ်ထောင်..မြန်မာ.သတင်းစဉ်..မြ၀တီမဂ္ဂဇင်း ..လူငယ်ဂျာနယ်တို.တွင် သတင်းထောက် နှင်. အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်...၁၉၈၅ တွင် ပန်ရုပ်စုံမဂ္ဂဇင်းနှင်. သတင်းကမ္ဘာ ဂျာနယ်တို.ကို ဦးစီးထုတ်ဝေခဲ့သည်..၁၉၈၈တွင် ၀န်ထမ်းဘ၀မှ အငြိမ်းစားရခဲ့သည်...ကလေးလူငယ်စာပေ..ခောတ်ဟောင်း ခောတ်သစ် စာကြည်.တိုက်ခရီး ..ကမ္ဘာ.နိုင်ငံများ စာအုပ်တို.ကိုရေးသားခဲ့သည်.. ၁၉၈၉တွင် ယောမင်းကြီးစာပေတိုက်ကို တည်ထောင်ခဲ့ဖူးပြီး ဗိုလ်ချုပ်ဈေးဝင်းအတွင်း တည်ရှိခဲ့ ဖူးသည် ..စတင်တည်ထောင်သည်မှ.၁၉၉၇ ခုနှစ်အတွင်း စာအုပ် ၆၀ ခန်.ထုတ်ဝေခဲ့သည်...အချုပ်အားဖြင်.ဆိုလျှင် စီးပွားရေးပန်းချီပညာ သင်ယူခဲ့သော်လည်း သတင်းထောက်အဖြစ် အသက်မွေးကာ ထိုမှ အယ်ဒီတာ.စာရေးဆရာ...ထုတ်ဝေသူ..တိုက်ပိုင် စသည်ဖြင်. အဆင်.ဆင်. လုပ်ကိုင်ခဲ့ဖူးသော ၀ါးခယ်မသား စာပေလောကသား တစ်ဦးအဖြစ် ဂုဏ်ပြု ဖော်ပြ လိုက်ပါသည်..
အချက်အလက်များကို ရွှေရတု မဂ္ဂဇင်းမှ အဓိက မှီငြမ်းပါသည်
 
အထက်ပါ ပုံမှာ ဆရာမောင်ကောင်းမြင်.နှင်. တာဝန်ယူခဲ့ဖူးသော စာစောင်မဂ္ဂဇင်း နှင်.သူ.စာအုပ်တိုက်ထုတ် စာအုပ် အချို.ဖြစ်ပါသည်

No comments:

Post a Comment