Wednesday, December 12, 2012

မေတ္တာကြယ်စင် မူကြိုကျောင်း


ဝါးခယ်မ မြို.နယ်အသင်း ရဲ. မေတ္တာကြယ်စင် မူကြိုကျောင်း ဖွင်.ပွဲ အခမ်းအနားကို ၈-၁၂-၂၀၁၂ နေ. မနက် ၁၁ နာရီခန်.က ကျောင်းတည်ရှိရာနေရာ(ဒေါ်ပိုက်မိ
ဘိုးဘွားရိပ်သာဘေး..အ-ထ-က ၂ ရှေ. ...၀ါးခယ်မ တံတားအဆင်း)မှာ ကျင်းပခဲ့ပါတယ်.....

ဝါးခယ်မအသင်း (၇န်ကုန်) ရဲ.ဥက္ကဠ အနေနဲ. တက္ကသိုလ် ၀င်တန်းတွေအပေါ် ပံ.ပိုးပေးနေမှုတွေဟာ ထင်ထင်ရှားရှား မသိသာလာဘူးဆိုတဲ့ အတွေးရဲ.နောက်မှာ အခြေခံကစ ပြုပြင်ပေးရမယ်ဆိုတဲ့ သူ.အတွေးကနေ တစ်ဆင်. ဒီမူကြိုပေါက်ဖွားလာရတာလို. ယူဆရပါတယ်...သူပြောတဲ့စကားထဲမှာ ၄ တန်းလောက်ရောက်တဲ့အထိ ကောင်းကောင်းရေးတတ် ဖတ်တတ် မှုပိုင်း အားနည်းနေတာကြောင်. ဆိုတာမျိုးလည်းပါတာမို. ဒီလိုပဲယူဆရပါတယ်...ဒါမှန်လည်းမှန်ပါတယ်..
 တစ်ခုရှိတာက ဒိကျောင်းဖြစ်မြောက်ဖို.သူ.ရဲ.ကြိုးပမ်းအားထုတ်မှုပါပဲ....ဆရာဝန် ၄ယောက် အငြိမ်းစားကျောင်းဆရာမတွေဒီလုပ်ငန်းမျိုးစိတ်ပါဝင်စားသူတွေပါတဲ့ ၁၅ ဥိးကော်မတီကိုဖွဲ. ...အဲဒီကမှ သင်ကြားမယ်.ဆရာမတွေရယ် အဲဒီ
 ကော်မတီက ၇ ယောက်ရယ်ကို ရန်ကုန်က အထူးနာမည်ကြိး မူကြိုတွေဖြစ်တဲ့ ဒေါ်ရင်ဝိုင်းမူကြို....TTC စံပြမူကြို.စတာတွေကို လေ.လာရေးပို.ပေး..သင်ရိုးညွှန်းတမ်း တွေဆွဲ...ပြီးစနစ်တကျ လုပ်ခဲ့တာပါ..ဒိနေရာမှာ ကလေးတွေကို ကဗျာနဲ. သင်တာမှတ်မိလွယ်စေတယ်ဆိုတဲ့ သမရိုးကျ အယူအဆထက် အဲဒီကျောင်းတွေရဲ. ကလေးတွေကို ရေးတတ်ဖို.ကပိုခက်တာမို. စိတ်ပါလက်ပါ 
 ရေးတတ်အောင်သင်နည်းတွေ....လက်ရေးသေးသေးစရေးတဲ. မူရင်းအယူအဆထက် ၁ လက်မပတ်လည် အကွက်အတွင်း ၀လုံးက စရေး၇တာမျိုးတွေ (ဒေါ်ရင်ဝိုင်း နည်း)စတဲ့ အခြေခံတွေကအစ လေ.လာခဲ့ကြတာမို.တော. အားရစရာပါပဲ...အဓိက က ဒီမူကြိုထွက် ကလေးတွေဟာ အခြေခံကောင်းကောင်း စည်းကမ်းကောင်းကောင်း ကလေးငယ်တွေဖြစ်သွားဖို.ရည်ရွယ်တယ်လို.သိရပါတယ်..ဆရာမ တစ်ယောက်ကို ကလေး ၂၅ ထက် ပိုမသင်ဖို. ဥက္ကဠ ကပြောထားတယ်လို.လည်းသိရပါတယ်...ဒီအဆောက်အဦးကို ၂၀၁၂ နိုဝင်ဘာ ၇ မှာ ပြီးစီးခဲ့ပြီး အသင်းဥက္ကဠ လှုဒါန်းတဲ့ ဘုရားဆင်းတုတော် ဗုဒ္ဓဘိသေက အနေကဇာကိုတော. နိုဝင်ဘာ ၂၅ မှာ လုပ်ခဲ့တယ်လို.သိရပါတယ်..
 ကျောင်းစဖွင်.ဖွင်.ခြင်း ၃၀ ခန်. ရှိပြီး ခုတော. ကလေးငယ် ကျား ၃၂..မ ၃၃ ရှိနေပြီလို.သိရပြီး လစာအနေနဲ. တစ်လကို ၂၀၀၀ ကျပ်(ရန်ကုန်ရဲ. နာမည်ကြီး မူကြိုလစာက ၃၀၀၀၀ ထိရှိနေပြီး Ferry က ၂၀၀၀၀ လောက်ထိ ရှိနေပါတယ်) ကောက်ခံပြီး ကျန်းမာတဲ.ကလေးငယ် ၃ နှစ်က ၅ နှစ်အတွင်းကို လက်ခံတယ်လို.သိရပါတယ်..အသင်းဥက္ကဌ တည်ထောင်ပေးထားတဲ့ ရန်ပုံငွေကို ၃% တိုးနဲ. လည်ပတ်ပေးထားပြီး အဲဒီဝင်ငွေ..ကျောင်းလခ တွေနဲ. ရေရှည်လည်ပတ်သွားမယ်လို.သိရပါတယ်....လောလောဆယ် ဆရာမ ၂ယောက် အကူ ၂ ယောက် သန်.ရှင်းရေး ၁ အထွေထွေ ၁ နဲ.လည်ပတ်နေတယ်လို.သိရပြီး ကော်မတီရဲ. ဥက္ကဠ က ဒေါက်တာမောင်မောင်ကြိုင်ပါ...
 
ကျာင်းမှာ ရုံးခန်း..ကလေးတွေကစားဖို.အခန်း..အိမ်သာ..အိပ်ခန်း..စာသင်ခန်း...Assembly Hall အဖြစ်ပါသုံးလို.ရတဲ့ ဘုရားခန်း ဆိုပြိး ပေ၂၀-ပေ ၄၀ ၄ ခန်းပါပါတယ်....ကလေးတွေကျန်းမာရေးအတွက် ကြမ်းခင်းကို ကိုရိးယား ပါကေး ခင်းပေးထားပါတယ်...ဥက္ကဠ က ဒီလုပ်ငန်းတွေကို တကယ်စိတ်ဝင်စားတဲ့ ကော်မတီတွေနဲ.သာ 


အုပ်ချုပ်လုပ်ကိုင်နေကြောင်းUNICEF ရဲ. Early Child Care Program ...လက်ရှိကျောင်းတွေမှာ ကလေးတွေကို မှတ်ဥာဏ် ဦးစားပေးတဲ. သင်ကြားရေး စနစ်တွေ ..အသုံးပြုနေကြောင်း..Creative Thinking ကိုအလေးပေးတဲ့ သင်ခန်းစာတွေ ဖြစ်လာဖို.လိုကြောင်း လည်း ပြောသွားပါတယ်....သူပြောသွားတဲ့အဓိက သတိထား၇မယ်.အချက်ကတော. လုပ်ငန်းတော်တော်များများကတော. စစချင်းအောင်မြင်တတ်ပြိး အဓိက က ရေရှည်အောင်မြင်ဖို.လိုကြောင်း ဆိုတဲ့အချက်ပါပဲ....

No comments:

Post a Comment