Thursday, December 6, 2012

ၿမိဳ.ေလးက အညတရ တစ္ဥိး @ ကိုေဌး

ကိုေဌး

ရာဇဝံသ ဆိုသော စကားအရ မင်းတို.၏ အကြောင်းကား ရာဇဝင် ...နိုင်ငံ..ဝါဒ စသည်တို.၏ ဖြစ်စဉ်က သမိုင်းကြောင်း ....နာမည်ကျော် လူပုဂ္ဂ္ဂိုလ် တို.အကြောင်းကား အတ္ထုပ္ပတ္တိ...သာမာန် လူတို.အကြောင်းကား...... ?
.လောကတွင် ထူးခြားသူများ (ကောင်းသည်ဖြစ်စေ / ဆိုးသည်ဖြစ်စေ)သည် မှတ်တမ်းအတင်ခံရလေ.ရှိသည်..တစ်ချို.ကတော. ရပ်သိရွာသိ အချို.ကတော. တိုင်းကျော် ပြည်ကျော် တစ်ချို.ကျတော. ကမ္ဘာကျော် ...
စာရေးဆရာကြီး အချို. ရေးသားခဲ့ဖူးသောဖျတ်ကနဲ ရုပ်ပုံလွှာများ...ကဲ.သို.သော စာအုပ်မျိုးများ... ကဗ္မည်း မတင် မော်ကွန်းမဝင်ခဲ့သူများကဲ.သို.စာအုပ်မျိုးများရှိခဲ့ဖူး သည်.... နာမည်ကျော်ေ များအတွက်မှတ်တမ်းတင်ချင်သူများ ပေါများမည် ဖြစ်သော်လည်း...အညတရများအတွက်တော. ..............

ရာဇ၀ံသ ဆိုေသာ စကားအရ မင္းတို.၏ အေႀကာင္းကား ရာဇ၀င္ ...နိဳင္ငံ..၀ါဒ စသည္တို.၏ ၿဖစ္စဥ္က သမိုင္းေႀကာင္း ....နာမည္ေက်ာ္ လူပုဂၢိၢဳလ္ တို.အေႀကာင္းကား အတၳဳပၸတၱိ...သာမာန္ လူတို.အေႀကာင္းကား...... ?
.ေလာကတြင္ ထူးၿခားသူမ်ား (ေကာင္းသည္ၿဖစ္ေစ / ဆိုးသည္ၿဖစ္ေစ)သည္ မွတ္တမ္းအတင္ခံရေလ.ရွိသည္..တစ္ခ်ိဳ.ကေတာ. ရပ္သိရြာသိ အခ်ိဳ.ကေတာ. တိုင္းေက်ာ္ ၿပည္ေက်ာ္ တစ္ခ်ိဳ.က်ေတာ. ကမၻာေက်ာ္ ...
စာေရးဆရာႀကီး အခ်ိဳ. ေရးသားခဲ့ဖူးေသာဖ်တ္ကနဲ ရုပ္ပံုလႊာမ်ား...ကဲ.သို.ေသာ စာအုပ္မ်ိဳးမ်ား... ကဗၼည္း မတင္ ေမာ္ကြန္းမ၀င္ခဲ့သူမ်ားကဲ.သို.စာအုပ္မ်ိဳးမ်ားရွိခဲ့ဖူး သည္.... နာမည္ေက်ာ္ေ မ်ားအတြက္မွတ္တမ္းတင္ခ်င္သူမ်ား ေပါမ်ားမည္ ၿဖစ္ေသာ္လည္း...အညတရမ်ားအတြက္ေတာ. ..............

နယ်မြို.လေးများ၏ သဘောကား အစဉ်အဆက်အတူမွေးကြ...အတူကြီးပြင်းကြ..အတူအိုမင်းကြ...ထို.ကြောင်.လည်း မြို.၏ အစွန်းနှစ်ဖက်မှ လူနှစ်ဦးသည် တစ်ဦးအကြောင်း တစ်ဦး ဆွေစဉ်မျိုးဆက် အကျင်.စရိုက်မှ အစ သိနေတတ်ကြသည်က ထုံးစံပမာ...ထိုဖြစ်စဉ်ကပင် လူသားတို.ကို ထိန်းကျောင်းပေးနေသော ပတ်ဝန်းကျင်၏ ကောင်းကွက် တစ်ခုပင်... အလှုအတန်းရက်ရောသောကြောင်. ...ဘယ်လှုမှုရေး လုပ်ငန်းမဆို အားတက်သရော ကူညီလုပ်ကိုင်လေ.ရှိသောကြောင်. ... အရာရာကို သိမြင်နှံ.စပ်သောကြောင်. ...လူမှုဆက်ဆံရေး ပြေပြစ်လွန်းသောကြောင်. တစ်မြို.လုံး သိသူများရှိသလို အရာရာ ဝင်ပါပြီး ပြီးမြောက်အောင် စွမ်းဆောင်နိုင်စွမ်းမရှိသောကြောင်. ..သူကူညီပါလေမှ ဒုက္ခလုံးလုံး ကြုံတွေ.လေ.ရှိသောကြောင်. ...သတိထားခံကြရသူများလည်းရှိပြီး ကိုယ်.အကျိုးမပါလျှင် ဘာမှမလုပ်သောကြောင်. ...ရိုင်းစိုင်းခက်ထန်ယုတ်မာလွန်းသောကြောင်. ...တစ်မြို.လုံးကျော်ကြရသူများလည်း ရှိကြသည်......ထို.အပြင် ထူးခြားသော ဓလေ.စရိုက် အနေအထိုင်ကြောင်. တစ်မြို.လုံး သိကြရသူများလည်း ရှိတတ်ပြီး စိတ်မနှံ.သူ များမှအစ မြို.လေး၏ နာမည်ကျော်များဖြစ်နေတတ်သည်...

ယခုပြောပြမည်ကတော. မွေးရာပါ သာမာန် မျက်စိမမြင်သူ တစ်ယောက်အကြောင်း


နယ္ၿမိဳ.ေလးမ်ား၏ သေဘာကား အစဥ္အဆက္အတူေမြးႀက...အတူႀကီးၿပင္းႀက..အတူအိုမင္းႀက...ထို.ေႀကာင္.လည္း ၿမိဳ.၏ အစြန္းႏွစ္ဖက္မွ လူႏွစ္ဦးသည္ တစ္ဦးအေႀကာင္း တစ္ဦး ေဆြစဥ္မ်ိဳးဆက္ အက်င္.စရိုက္မွ အစ သိေနတတ္ႀကသည္က ထံုးစံပမာ...ထိုၿဖစ္စဥ္ကပင္ လူသားတို.ကို ထိန္းေက်ာင္းေပးေနေသာ ပတ္၀န္းက်င္၏ ေကာင္းကြက္ တစ္ခုပင္... အလွဳအတန္းရက္ေရာေသာေႀကာင္. ...ဘယ္လွဳမွဳေရး လုပ္ငန္းမဆို အားတက္သေရာ ကူညီလုပ္ကိုင္ေလ.ရွိေသာေႀကာင္. ... အရာရာကို သိၿမင္ႏွံ.စပ္ေသာေႀကာင္. ...လူမွဳဆက္ဆံေရး ေၿပၿပစ္လြန္းေသာေႀကာင္. တစ္ၿမိဳ.လံုး သိသူမ်ားရွိသလို အရာရာ ၀င္ပါၿပီး ၿပီးေၿမာက္ေအာင္ စြမ္းေဆာင္နိဳင္စြမ္းမရွိေသာေႀကာင္. ..သူကူညီပါေလမွ ဒုကၡလံုးလံုး ႀကံဳေတြ.ေလ.ရွိေသာေႀကာင္. ...သတိထားခံႀကရသူမ်ားလည္းရွိၿပီး ကိုယ္.အက်ိဳးမပါလွ်င္ ဘာမွမလုပ္ေသာေႀကာင္. ...ရိုင္းစိုင္းခက္ထန္ယုတ္မာလြန္းေသာေႀကာင္. ...တစ္ၿမိဳ.လံုးေက်ာ္ႀကရသူမ်ားလည္း ရွိႀကသည္......ထို.အၿပင္ ထူးၿခားေသာ ဓေလ.စရိုက္ အေနအထိုင္ေႀကာင္. တစ္ၿမိဳ.လံုး သိႀကရသူမ်ားလည္း ရွိတတ္ၿပီး စိတ္မႏွံ.သူ မ်ားမွအစ ၿမိဳ.ေလး၏ နာမည္ေက်ာ္မ်ားၿဖစ္ေနတတ္သည္...

ယခုေၿပာၿပမည္ကေတာ. ေမြးရာပါ သာမာန္ မ်က္စိမၿမင္သူ တစ္ေယာက္အေႀကာင္း

ခု အသက် ၂၅..၃၀ လောက်ရှိတဲ.လူတွေတော. မှတ်မိမလားမသိပါဘူး ၃၀ကျော်တွေကတော. ကောင်းကောင်းသိပါလိမ်.မယ်
မြို.မှာ အသားခပ်လတ်လတ် အရပ်ရှည်ရှည် သွယ်သွယ် လက်ထဲမှာ တောင်မွှေး တစ်ချောင်းနဲ. ဦးထုပ်တစ်လုံး အမြဲဆောင်း ပြီးလျှောက်သွားနေတတ်သူ တစ်ယောက်ရှိ ခဲ့ဖူးပါတယ်...နှစ်အတန်ကြာတုန်းက သူ.အကြောင်းကို ဂျာနယ် တစ်ခုကရေးဖူးပါသေးတယ်...သူကို မြို.မှာ မသိသူ မရှိသလောက်ပါပဲ...

သူရဲ. နာမည်အရင်း ကိုမသိကြပေမယ်. အားလုံးကတော. ကိုဌေးလို. ခေါ်ကြပါတယ်

သူ.အဖေက ဦးစိန်အုပ် ဖြစ်ပြီး အမေကတော. ဒေါ်ကြင်ယုံပါ သူ.အဖေက သူငယ်စဉ်က ဆုံးပါးခဲ့ပြီး အမေကတော. သူအသက်၃၀ကျော်လောက်မှာဆုံးတာပါ မောင်နှစ်မ ၃ ယောက်မှာ သူက အလတ်ပါ ငယ်စဉ်ထဲက မျက်စိမမြင်ခဲ့ တာဖြစ်ပြီး မျက်လုံး တစ်ဖက်က လုံးဝပါမလာပဲ ကျန်တစ်ဖက်ကတော. ဟိုးအတွင်းဘက်မှာ ဝင်နေပြီး သုံးမရတာပါ.....

ငယ်ငယ်က အဖေကိုနှိပ်ပေးရာကနေ အနင်းအနှိပ် ထိုက်သင်.သလောက်တတ်သွားရင်း ကြီးလာတော. သူ.ရဲ. သက်မွေးဝမ်းကျောင်းပညာတစ်ခု ဖြစ်လာတာပါ .

သူ.မှာစိတ်ဝင်စားစရာအချက်တွေတော. ရှိပါတယ်... ဘယ်သူ.ဆီက သင်ယူခဲ့တာလို.သေချာမသိရပေမယ်. ထိုက်သင်.သလောက် တတ်မြောက်နေတဲ.ပညာတွေ ရှိပါတယ်...ဥပမာ သူဗေဒင်တွက်တတ်ပါတယ်.သူတွက်တာက နာမည် နေ. မွေးတဲ.ခုနှစ်မေးပြီး ဒီတိုင်းလက်တန်းပြောတာမျိုးပါ တွက်ချက်တာတွေတော. မပါပါဘူး.....ခုခောတ်တော.အကြားအမြင်လိုင်းလို.ပြောရမလားပါပဲ....အပြည်.အဝမဟုတ်ပေမယ်.ထိုက်သင်.သလောက် မှန်ပါတယ် အနီးအနားကရွာတွေမှာ ဗေဒင်လိုက်တွက်လေ.ရှိပါတယ်...အဲဒီတစ်ခုကလည်း သူမျက်လုံးမမြင်ပေမယ်. တစ်မြို.လုံးအနှံ. တောင်မွှေးတစ်ချောင်းနဲ. လျှောက်သွားနေလေ.ရှိပါတယ်...ခုလိုဆိုင်ကယ်ခောတ်တော. သေချာမသိပေမယ်. အရင်ကဆိုက်ကားတွေကတော. သူ.ကိုသိနေတော. သူမရှောင်နိုင်လဲ သူတို.ကရှောင်ပေးသွားတာပါပဲ...အဲဒီအပြင် အနီးအနားရွာတွေကိုလည်း အဖော်မပါပဲ လျှောက်သွားတတ်ပါတယ်(အဲဒီရွာတွေမှာ ဗေဒင်လိုက်တွတ်တာပါ).တာရိုးတွေကနေ ကုန်းကြောင်းလျှောက်တာပါ..ဧရာဝတီတိုင်းထဲက အချို.မြို.တွေမှာ(ဥပမာ..မော်ကျွန်း..မြောင်းမြ..ရွှေလောင်း..ကျုံမငေး စသည်ဖြင်.) ခဏစီသွားနေဖူးပါတယ်..အဲ့ဒီအပြင် ရန်ကုန် နတ်စင်လမ်း (ကြည်.မြင်တိုင်စံပြငါးဈေးအနီး) မှာလည်း လနဲ.ချီပြီး သွားနေဖူးသလို သူ.အကိုရှိရာ မော်လမြိုင်မှာလည်း သွားနေခဲ့ဖူးပေမယ်. မတော်တဆ အန္တရာယ် ပြောရလောက်အောင်မဖြစ်ခဲ့ပါဘူး....မြို.မှာတုန်းက သူ.အမေဆုံးသွားပြီးနောက်ပိုင်း ညီမ က တာဝန်ကျရာ ရွာမှာ ကျောင်းဆရာမ အဖြစ်သွားရချိန်မှာလည်း သူ.ဘာသာပိုက်ဆံရှာ သူ.ဘာသာ ထမင်းချက်စား (ဘေးအိမ်တွေက လူတွေကတော. အားနေရင် အမြင်မတော်ရင်တော. ကူပေးကြတာပေါ.)...နဲ.ကိုယ်.ဘကိုယ်ကို ရပ်တည်နိုင်စွမ်းရှိပါတယ်..များသောအားဖြင်. သူ.ပုံစံက လူငယ်တွေနဲ.အမြဲလိုလို ပျော်ပျော်ပါးပါး နေလေ.ရှိပါတယ်.....


ခု အသက္ ၂၅..၃၀ ေလာက္ရွိတဲ.လူေတြေတာ. မွတ္မိမလားမသိပါဘူး ၃၀ေက်ာ္ေတြကေတာ. ေကာင္းေကာင္းသိပါလိမ္.မယ္
ၿမိဳ.မွာ အသားခပ္လတ္လတ္ အရပ္ရွည္ရွည္ သြယ္သြယ္ လက္ထဲမွာ ေတာင္ေမႊး တစ္ေခ်ာင္းနဲ. ဦးထုပ္တစ္လံုး အၿမဲေဆာင္း ၿပီးေလွ်ာက္သြားေနတတ္သူ တစ္ေယာက္ရွိ ခဲ့ဖူးပါတယ္...ႏွစ္အတန္ႀကာတုန္းက သူ.အေႀကာင္းကို ဂ်ာနယ္ တစ္ခုကေရးဖူးပါေသးတယ္...သူကို ၿမိဳ.မွာ မသိသူ မရွိသေလာက္ပါပဲ...

သူရဲ. နာမည္အရင္း ကိုမသိႀကေပမယ္. အားလံုးကေတာ. ကိုေဌးလို. ေခၚႀကပါတယ္

သူ.အေဖက ဦးစိန္အုပ္ ၿဖစ္ၿပီး အေမကေတာ. ေဒၚႀကင္ယံုပါ သူ.အေဖက သူငယ္စဥ္က ဆံုးပါးခဲ့ၿပီး အေမကေတာ. သူအသက္၃၀ေက်ာ္ေလာက္မွာဆံုးတာပါ ေမာင္ႏွစ္မ ၃ ေယာက္မွာ သူက အလတ္ပါ ငယ္စဥ္ထဲက မ်က္စိမၿမင္ခဲ့ တာၿဖစ္ၿပီး မ်က္လံုး တစ္ဖက္က လံုး၀ပါမလာပဲ က်န္တစ္ဖက္ကေတာ. ဟိုးအတြင္းဘက္မွာ ၀င္ေနၿပီး သံုးမရတာပါ.....

ငယ္ငယ္က အေဖကိုႏွိပ္ေပးရာကေန အနင္းအႏွိပ္ ထိုက္သင္.သေလာက္တတ္သြားရင္း ႀကီးလာေတာ. သူ.ရဲ. သက္ေမြး၀မ္းေက်ာင္းပညာတစ္ခု ၿဖစ္လာတာပါ .

သူ.မွာစိတ္၀င္စားစရာအခ်က္ေတြေတာ. ရွိပါတယ္... ဘယ္သူ.ဆီက သင္ယူခဲ့တာလို.ေသခ်ာမသိရေပမယ္. ထိုက္သင္.သေလာက္ တတ္ေၿမာက္ေနတဲ.ပညာေတြ ရွိပါတယ္...ဥပမာ သူေဗဒင္တြက္တတ္ပါတယ္.သူတြက္တာက နာမည္ ေန. ေမြးတဲ.ခုႏွစ္ေမးၿပီး ဒီတိုင္းလက္တန္းေၿပာတာမ်ိဳးပါ တြက္ခ်က္တာေတြေတာ. မပါပါဘူး.....ခုေခာတ္ေတာ.အႀကားအၿမင္လိုင္းလို.ေၿပာရမလားပါပဲ....အၿပည္.အ၀မဟုတ္ေပမယ္.ထိုက္သင္.သေလာက္ မွန္ပါတယ္ အနီးအနားကရြာေတြမွာ ေဗဒင္လိုက္တြက္ေလ.ရွိပါတယ္...အဲဒီတစ္ခုကလည္း သူမ်က္လံုးမၿမင္ေပမယ္. တစ္ၿမိဳ.လံုးအႏွံ. ေတာင္ေမႊးတစ္ေခ်ာင္းနဲ. ေလွ်ာက္သြားေနေလ.ရွိပါတယ္...ခုလိုဆိုင္ကယ္ေခာတ္ေတာ. ေသခ်ာမသိေပမယ္. အရင္ကဆိုက္ကားေတြကေတာ. သူ.ကိုသိေနေတာ. သူမေရွာင္နိဳင္လဲ သူတို.ကေရွာင္ေပးသြားတာပါပဲ...အဲဒီအၿပင္ အနီးအနားရြာေတြကိုလည္း အေဖာ္မပါပဲ ေလွ်ာက္သြားတတ္ပါတယ္(အဲဒီရြာေတြမွာ ေဗဒင္လိုက္တြတ္တာပါ).တာရိုးေတြကေန ကုန္းေႀကာင္းေလွ်ာက္တာပါ..ဧရာ၀တီတိုင္းထဲက အခ်ိဳ.ၿမိဳ.ေတြမွာ(ဥပမာ..ေမာ္ကၽြန္း..ေၿမာင္းၿမ..ေရႊေလာင္း..က်ံဳမေငး စသည္ၿဖင္.) ခဏစီသြားေနဖူးပါတယ္..အဲ့ဒီအၿပင္ ရန္ကုန္ နတ္စင္လမ္း (ႀကည္.ၿမင္တိုင္စံၿပငါးေစ်းအနီး) မွာလည္း လနဲ.ခ်ီၿပီး သြားေနဖူးသလို သူ.အကိုရွိရာ ေမာ္လၿမိဳင္မွာလည္း သြားေနခဲ့ဖူးေပမယ္. မေတာ္တဆ အႏၱရာယ္ ေၿပာရေလာက္ေအာင္မၿဖစ္ခဲ့ပါဘူး....ၿမိဳ.မွာတုန္းက သူ.အေမဆံုးသြားၿပီးေနာက္ပိုင္း ညီမ က တာ၀န္က်ရာ ရြာမွာ ေက်ာင္းဆရာမ အၿဖစ္သြားရခ်ိန္မွာလည္း သူ.ဘာသာပိုက္ဆံရွာ သူ.ဘာသာ ထမင္းခ်က္စား (ေဘးအိမ္ေတြက လူေတြကေတာ. အားေနရင္ အၿမင္မေတာ္ရင္ေတာ. ကူေပးႀကတာေပါ.)...နဲ.ကိုယ္.ဘကိုယ္ကို ရပ္တည္နိဳင္စြမ္းရွိပါတယ္..မ်ားေသာအားၿဖင္. သူ.ပံုစံက လူငယ္ေတြနဲ.အၿမဲလိုလို ေပ်ာ္ေပ်ာ္ပါးပါး ေနေလ.ရွိပါတယ္.....

အနုပညာနဲ. ပတ်သက်လို. ပတ္တလား ကောင်းကောင်းတီးတတ်ပါတယ်..စိန်ခြူးကြာညောင်လို သီချင်းမျိုးတွေကအစ ရပါတယ် အရင်ကတော.သူ.မှာ ဝါးပတ္တလား တစ်လုံးရှိပါတယ်...အိုးစည်ဒိုးပတ် တီးတတ်ပြီး အရင်က မြို.က အလှုတွေလှည်.ရာမှာ..ကျောင်းကြီးကထိန် လှည်.ရာမှာ ဝင်တီးပေးလေ.ရှိပါတယ်.... နောက်ပလွေကောင်းကောင်းရပါတယ်(မြို.ကဆိုင်းလေးတစ်ချို.မှာ ပါဖူးပါတယ်...ဒါနဲ.ပတ်သက်လို.ရီစရာတစ်ခုကတော. တစ်ကြိမ်တုံးက အဖွဲ.နဲ. ဆိုကရေးတီးမြို.နယ်အဆင်.ပြိုင်ပွဲ ဝင်ဖူးပါတယ် အဲဒီမှာစင်ပေါ်ရောက်တော. အဖွဲ.တွေ အားလုံးက နိုင်ငံတော် အလံအလေးပြုတော. စင်နောက်ဖက်လှည်.ပြုရပါတယ် သူလဲပြုပါတယ် အဲနောက်တော.ပရိသတ်ဖက်လှည်.ပြီး အရိုအသေပေးကြချိန်မှာ သတိမေ.ပြီး သူ.ကို ဘယ်သူကမှ လည်.မပေးမိတော. အရိုအသေလည်းပေးရော သူကပရိသတ်ဖက် ဖင်ပေးလို. ...အောက်ကတော.သဘောကျပြီး ဝိုင်းရီကြတာပေါ.) နောက် မယ်ဒလင် တီးတတ်ပါတယ် Guitar ကိုလည်း Hearing နဲ.လုံးပေါက် လိုက်တီးတတ်ပါတယ်...မယ်ဒလင်မရှိရင် Guitar ကို အသံမြှင်.ညှိပြီး မယ်ဒလင်လိုတီးတတ်ပါတယ်...သီးချင်းတော်တော်များများလည်း ထိုက်သင်.သလောက်ရပါတယ်...Karaoke ဆိုတာလည်း ပိုင်နိုင်ပါတယ် (မရတဲ.စာသားတစ်ချို.ကိုတော.ဘေးကပြောပေးရပါတယ်...ဆိုလိုတာက အဝင်အထွက် အသံအနိမ်.အမြင်.ကတော.ပိုင်ပါတယ်)

Political Knowledge ပိုင်းနဲ. ပတ်သက်ရင်လည်း နိုင်ငံတကာ ခေါင်းဆောင် တစ်ချို. ပြည်တွင်း နာမည်ကျော်တွေ အဖွဲ.အစည်းတွေနဲ. အကြောင်းအရာတွေကို လူတန်းစေ.လောက်တော.ပြောနိုင်ပါတယ်

လျှပ်စစ်ပစ္စည်းတွေနဲ.ပတ်သက်ရင်လည်း စိတ်ဝင်စားတတ်ပြီး သူ.မှာရေဒီယိုအသေးလေးတွေ Walkman ကက်ဆက်လေးတွေ တစ်ခုမဟုတ် တစ်ခု ရှိနေတတ်ပါတယ် ဒါပေမယ်.ကြာကြာတော.မခံပါဘူး ကက်ဆက်ထဲကမော်တာကိုထုတ် ကလေးကစားတဲ.မော်တော်ဘတ်လေးတွေ နောက်မှာတတ်....ဒါမှမဟုတ်သွပ်ပြားကိုညှပ် ပန်ကာရွက်လုပ်ပြီး မော်တာထိပ်မှာတတ် ဆိုတာမျိုးတွေ လုပ်လေ.ရှိပါတယ် ရေဒီယိုအသေးလေးတွေကိုတော. သူ.ဘာသာထိုက်သင်.သလောက်ပြင်တတ်ပါတယ်...လျှာနဲ.တို.ကြည်. လက်နဲ.စမ်း..ခဲတို.ဖို.လိုရင် ဆိုင်တွေမှာအကူညီတောင်း...ဆိုင်တွေကလည်း သူ.ကို လိုချင်တာ လုပ်ပေးလေ.ရှိပါတယ်

နောက်တစ်ခုက နှလုံးသားရေးဖက်မှာလည်း...မခေဘူးပြောရမှာပါပဲ...သူ.အမေမဆုံးခင်မှာပဲ အိမ်ထောင်ကျပါတယ် သူ.အသက် ၃၀ နီးပါးလောက်ဖြစ်ပါလိမ်.မယ်...မော်ကျွန်းကပါ...အသက်ကတော.သူ.ထက်တော်တော်လေးကြီးပါတယ်....ခဏပဲပေါင်းဖြစ်ပါတယ်...ဒုတိယအိမ်ထောင်ကတော. ပထမအိမ်ထောင်နဲ. ၁၀ နှစ်လောက်ခြားပြီး ထပ်ကျပါတယ်..သူနဲ.အသက်မတိမ်းမယိမ်းပါပဲ...လမ်းသမိုင်ဘက်ကလို.ဆိုပါတယ်.....

နာဂစ်ဖြစ်တဲ့အချိန်က သူ.ရဲ.ဒုတိယအိမ်ထောင်နဲ. လပွတ္တာ ဖက်ရောက်နေချိန်ပါ...အဲဒီမှာကံကောင်းထောက်မစွာ နှစ်ယောက်လုံး ဘာမှမဖြစ်ပဲ နောက်တော. အခမဲ့ထောက်ပံ.တဲ. အိမ်တစ်လုံးနဲ.ခြံလေး အဲဒီမှာရခဲ့ပြီး လင်မယားနှစ်ယောက်အဲ့ဒီမှာပဲအခြေချခဲ့ပါတယ်...မြို.ကိုတော. တစ်ခါတစ်ခါ ပြန်လာလေ.ရှိပြီး သူနောက်ဆုံးရောက်ခဲ့တာ ၂၀၁၁ ဒီဇင်ဘာ ပါ...ဒါဟာမြို.ကို သူလာနှုတ်ဆက်တယ်လို.ပြောရမလားပါပဲ...၂၀၁၂ နှစ်ဆန်းပိုင်းမှာတော. သာမာန်နာမကျန်းရာကနေ အဲ့ဒီမှာပဲဆုံးပါးသွားခဲ့တယ်လို.သိရပါတယ်...သူဆုံးတော. အသက် ၅၀ ကျော်လောက်ရှိပါပြီ

အပေါ်ကပုံလေးကသူ.သူငယ်ချင်းတွေနဲ. သူအသက် ၄၀ နီးပါးတုန်းကအပျော်ရိုက်ထားကြတဲ့ပုံပါ

အနဳပညာနဲ. ပတ္သက္လို. ပတၱလား ေကာင္းေကာင္းတီးတတ္ပါတယ္..စိန္ၿခဴးႀကာေညာင္လို သီခ်င္းမ်ိဳးေတြကအစ ရပါတယ္ အရင္ကေတာ.သူ.မွာ ၀ါးပတၱလား တစ္လံုးရွိပါတယ္...အိုးစည္ဒိုးပတ္ တီးတတ္ၿပီး အရင္က ၿမိဳ.က အလွဳေတြလွည္.ရာမွာ..ေက်ာင္းႀကီးကထိန္ လွည္.ရာမွာ ၀င္တီးေပးေလ.ရွိပါတယ္.... ေနာက္ပေလြေကာင္းေကာင္းရပါတယ္(ၿမိဳ.ကဆိုင္းေလးတစ္ခ်ိဳ.မွာ ပါဖူးပါတယ္...ဒါနဲ.ပတ္သက္လို.ရီစရာတစ္ခုကေတာ. တစ္ႀကိမ္တံုးက အဖြဲ.နဲ. ဆိုကေရးတီးၿမိဳ.နယ္အဆင္.ၿပဳိင္ပြဲ ၀င္ဖူးပါတယ္ အဲဒီမွာစင္ေပၚေရာက္ေတာ. အဖြဲ.ေတြ အားလံုးက နိဳင္ငံေတာ္ အလံအေလးၿပဳေတာ. စင္ေနာက္ဖက္လွည္.ၿပဳရပါတယ္ သူလဲၿပဳပါတယ္ အဲေနာက္ေတာ.ပရိသတ္ဖက္လွည္.ၿပီး အရိုအေသေပးႀကခ်ိန္မွာ သတိေမ.ၿပီး သူ.ကို ဘယ္သူကမွ လည္.မေပးမိေတာ. အရိုအေသလည္းေပးေရာ သူကပရိသတ္ဖက္ ဖင္ေပးလို. ...ေအာက္ကေတာ.သေဘာက်ၿပီး ၀ိုင္းရီႀကတာေပါ.) ေနာက္ မယ္ဒလင္ တီးတတ္ပါတယ္ Guitar ကိုလည္း Hearing နဲ.လံုးေပါက္ လိုက္တီးတတ္ပါတယ္...မယ္ဒလင္မရွိရင္ Guitar ကို အသံၿမွင္.ညွိၿပီး မယ္ဒလင္လိုတီးတတ္ပါတယ္...သီးခ်င္းေတာ္ေတာ္မ်ားမ်ားလည္း ထိုက္သင္.သေလာက္ရပါတယ္...Karaoke ဆိုတာလည္း ပိုင္နိဳင္ပါတယ္ (မရတဲ.စာသားတစ္ခ်ိဳ.ကိုေတာ.ေဘးကေၿပာေပးရပါတယ္...ဆိုလိုတာက အ၀င္အထြက္ အသံအနိမ္.အၿမင္.ကေတာ.ပိုင္ပါတယ္)

Political Knowledge ပိုင္းနဲ. ပတ္သက္ရင္လည္း နိဳင္ငံတကာ ေခါင္းေဆာင္ တစ္ခ်ိဳ. ၿပည္တြင္း နာမည္ေက်ာ္ေတြ အဖြဲ.အစည္းေတြနဲ. အေႀကာင္းအရာေတြကို လူတန္းေစ.ေလာက္ေတာ.ေၿပာနိဳင္ပါတယ္

လွ်ပ္စစ္ပစၥည္းေတြနဲ.ပတ္သက္ရင္လည္း စိတ္၀င္စားတတ္ၿပီး သူ.မွာေရဒီယိုအေသးေလးေတြ Walkman ကက္ဆက္ေလးေတြ တစ္ခုမဟုတ္ တစ္ခု ရွိေနတတ္ပါတယ္ ဒါေပမယ္.ႀကာႀကာေတာ.မခံပါဘူး ကက္ဆက္ထဲကေမာ္တာကိုထုတ္ ကေလးကစားတဲ.ေမာ္ေတာ္ဘတ္ေလးေတြ ေနာက္မွာတတ္....ဒါမွမဟုတ္သြပ္ၿပားကိုညွပ္ ပန္ကာရြက္လုပ္ၿပီး ေမာ္တာထိပ္မွာတတ္ ဆိုတာမ်ိဳးေတြ လုပ္ေလ.ရွိပါတယ္ ေရဒီယိုအေသးေလးေတြကိုေတာ. သူ.ဘာသာထိုက္သင္.သေလာက္ၿပင္တတ္ပါတယ္...လွ်ာနဲ.တို.ႀကည္. လက္နဲ.စမ္း..ခဲတို.ဖို.လိုရင္ ဆိုင္ေတြမွာအကူညီေတာင္း...ဆိုင္ေတြကလည္း သူ.ကို လိုခ်င္တာ လုပ္ေပးေလ.ရွိပါတယ္

ေနာက္တစ္ခုက ႏွလံုးသားေရးဖက္မွာလည္း...မေခဘူးေၿပာရမွာပါပဲ...သူ.အေမမဆံုးခင္မွာပဲ အိမ္ေထာင္က်ပါတယ္ သူ.အသက္ ၃၀ နီးပါးေလာက္ၿဖစ္ပါလိမ္.မယ္...ေမာ္ကၽြန္းကပါ...အသက္ကေတာ.သူ.ထက္ေတာ္ေတာ္ေလးႀကီးပါတယ္....ခဏပဲေပါင္းၿဖစ္ပါတယ္...ဒုတိယအိမ္ေထာင္ကေတာ. ပထမအိမ္ေထာင္နဲ. ၁၀ ႏွစ္ေလာက္ၿခားၿပီး ထပ္က်ပါတယ္..သူနဲ.အသက္မတိမ္းမယိမ္းပါပဲ...လမ္းသမိုင္ဘက္ကလို.ဆိုပါတယ္.....

နာဂစ္ၿဖစ္တဲ့အခ်ိန္က သူ.ရဲ.ဒုတိယအိမ္ေထာင္နဲ. လပြတၱာ ဖက္ေရာက္ေနခ်ိန္ပါ...အဲဒီမွာကံေကာင္းေထာက္မစြာ ႏွစ္ေယာက္လံုး ဘာမွမၿဖစ္ပဲ ေနာက္ေတာ. အခမဲ့ေထာက္ပံ.တဲ. အိမ္တစ္လံုးနဲ.ၿခံေလး အဲဒီမွာရခဲ့ၿပီး လင္မယားႏွစ္ေယာက္အဲ့ဒီမွာပဲအေၿခခ်ခဲ့ပါတယ္...ၿမိဳ.ကိုေတာ. တစ္ခါတစ္ခါ ၿပန္လာေလ.ရွိၿပီး သူေနာက္ဆံုးေရာက္ခဲ့တာ ၂၀၁၁ ဒီဇင္ဘာ ပါ...ဒါဟာၿမိဳ.ကို သူလာႏွဳတ္ဆက္တယ္လို.ေၿပာရမလားပါပဲ...၂၀၁၂ ႏွစ္ဆန္းပိုင္းမွာေတာ. သာမာန္နာမက်န္းရာကေန အဲ့ဒီမွာပဲဆံုးပါးသြားခဲ့တယ္လို.သိရပါတယ္...သူဆံုးေတာ. အသက္ ၅၀ ေက်ာ္ေလာက္ရွိပါၿပီ

အေပၚကပံုေလးကသူ.သူငယ္ခ်င္းေတြနဲ. သူအသက္ ၄၀ နီးပါးတုန္းကအေပ်ာ္ရိုက္ထားႀကတဲ့ပံုပါ

No comments:

Post a Comment