Thursday, December 13, 2012

မြို.လေးရဲ. ခပ်ယဲ့ယဲ့ မိတ်ဆွေဟောင်းကြီးများ

ဟိုးးးး အရင်အစဉ်အဆက် မြို.လေးရဲ. ကမ်းတစ်ဖက်ကို ကူးဖို.ဆိုတာက လှေ..သဗ္ဗာန် ..စတာတွေက မရှိမဖြစ်...နောက်တော. ပဲ.ထောင်လေးတွေပေါ. ...မြို.ပေါ် ၁၀ ရပ်ကွက်ကနေ မြို.တစ်ဖက်ကမ်း ၄ ရပ်ကွက်ကို ကူးတာပဲဖြစ်ဖြစ်...အနီးအနား ရွာလေးတွေကနေ အလွယ်တကူ ထသွားထလာပဲဖြစ်ဖြစ် သူတို.က အခရာ.... သေချာတာ တစ်ခုကတော. တောင်သမန် အင်းထဲက ငှက်တွေထက် မြို.လေးရဲ. မြစ်ထဲက သဗ္ဗာန် လေးတွေက ပိုဘ၀ဆန်ကြတာပေါ. ..

မြို.လေး၏ တည်နေပုံကိုက မြောက်ဘက်နှင်. အနောက်ဖက်မှာ ၀ါးခယ်မမြစ်က ကပ်လျှက်.. .. တောင်ဘက်မှာ ကျုံစိန်ချောင်းက အလျှားလိုက်...အရှေ.ဘက် ခပ်လှမ်းလှမ်း မှာကလည်း ချောင်းတစ်ခုက ပိုးလိုးပက်လက်ဆိုတော. သေချာတယ် တံတား နဲ.ေ၇ယာဉ် သူတို.မှမကယ်ရင်တော. ရေချိုကျွန်း တစ်ခု ဖြစ်ဖို.သေချာသလောက်ပင်....

မြို.လေးမှာ သူတို.ကို သဗ္ဗာန် ဆိုတာထက် အရင်တုန်းကတော. ဘန်းစကားအနေနဲ. ဂျော်ကလိ လေးတွေလို. သုံးခဲ့ကြဖူးတယ်...ဒါပေမယ်. တော်တော်များများ နှုတ်ကျိုးနေကြတာက ကူတို. ...ဒါကြောင်.လည်း အဲဒီသဗ္ဗာန်လေးတွေနဲ. တစ်ဖက်ကမ်းကူးဖို. လုပ်ထားတဲ့ ဆိပ်လေးတွေကို ကူတို.ဆိပ်လို.ပဲသုံးကြတယ်.... အဲဒီ သဗ္ဗာန် ပိုင်းလော.ကြီးတွေကိုလည်း ကူတို.သမား လို.ပဲသုံးခဲ့ကြတယ်...သူတို. ကလည်း ညဘက်အချိန် ကုန်ရင် များသောအားဖြင်.(မြို.ရဲ.) ဟိုဘက်ကမ်းမှာပဲ ပြန်အိပ်လေ.ရှိကြတာမို. အဲဒီတုန်းက ဒီဘက်ကမ်းက အပြန်နောက်ကျသူတွေရဲ. ဟိုဘက်ကမ်းကို လှမ်းအော်ခေါ်လေ.ရှိတဲ့ ဟေးးးးးးးးးးးးးးး ကူ...တို. ဆိုတဲ. အသံလေးတွေအကြောင်း ခုလို S3 i5 ခောတ်မှာတော. ပုံပြင်လိုလို ဖြစ်ကောင်းဖြစ်နေမှာပေါ. ..

 


အရင်တုန်းက ရှိခဲ့ဖူးတဲ့ ဆားဂိုထောင်ဆိပ် (ယခု တံတားအောက်နေရာ) ကနေ ထော်ကနွတ် ဘက်ကမ်းကို ကူးရလေ.ရှိတဲ့ ကူတို.ဆိပ်လေး.. ရွာလည် ကမ်းနားလမ်း ကျောက်တံတားဆိပ် ဘေးနားမှာ ရှိတဲ. အုတ်တိုက် ဟောင်းဟောင်းလေး ထဲက ကူတို.ဆိပ် စတာတွေကတော. တံတားကြီးရဲ. အရိပ်အောက်မှာ ပျောက်သလောက်ဖြစ်သွားပါပြီ... တရုတ်တန်း ဘက်ခြမ်းကို ကူးရတဲ့ ဆေးရုံကမ်းနား က ကူတို.ဆိပ်...ရွာသစ်ဘက်ကမ်းကို ကူးရတဲ့ BOC ဘေးနားက ကူတို.ဆိပ်...စာတိုက်ထောင်.က ညောင်ဝိုင်း ဘက်ကမ်းကို ကူးတဲ့ ကူတို.ဆိပ်..သံကြိုးတိုင် ကမ်းနားက နေ သော်က ဘုရားဘက်ကမ်းကို ကူးတဲ့ ကူတို.ဆိပ်...သံကြိုးတိုင် သုဿာန် နားကနေ ခမောက်စု ဘက်ကို ကူးတဲ့ ကူတို.ဆိပ် စတာလေး တွေမှာတော. အချို.ကလည်း ရှေးမူမပျက် သဗ္ဗာန် လေးတွေနဲ. အချို.ကတော. ကူတို.အမည်ခံ ထိပ်ဖြတ် စက်လှေ တွေနဲ. ( အရင်က မြို.လေးမှာ ပဲ့ထောင် တို. စက်လှေတို.ဆို ဦးချွန်ချွန် ကော.ကော.လေးတွေနဲ. လှလှပပ လေးတွေပဲ မြင်နေရကြမို. ဒီလိုမလှမပ ထိပ်တုံးတုံး ဦးနဲ. စက်လှေကို မြင်ရကာစက တော်တော် ဘ၀င်မကျကြတာပါ)...တာဝန်တွေမပြောင်းပေမယ်. ပုံသဏ္ဍန်တွေကတော. ပြောင်းလဲကုန်ပါပြီ....
 


နေပူပူအောက် ပေါင်းမိုးတပ် သဗ္ဗာန်ထဲ ဖြေးဖြေးချင်းသွားနေရတဲ. အရသာမျိုးဟာ ကျင်.သားရသူတွေအဖို.ဘာမှမဟုတ်ပေမယ်. ကျင်.သားမရရင်တော. ရေမူးတဲ.ဒါဏ် နေမူးတဲ့ဒါဏ်တွေကို အပြိုင်ခံစားရတတ် ပေမယ်. .....ညဘက်လသာတဲ.အချိန်မျိုးမှာ မြစ်ကြောင်းတစ်လျှောက် သဗ္ဗာန် အပျော်လိုက်စီးရင်းေ၇ပြင်ပေါ် ဖြာကျနေတဲ့ လရိပ် ..မြစ်ပြင်ကို ဖြတ်တိုက်နေတဲ. ညလေအေးအေး ..သဗ္ဗာန် ခပ်တတ် ၂ခု က တိုးတိတ်တိတ် မည်နေတတ်တဲ. စီးချက်ညီ အသံလေး တွေအားလုံးပေါင်းလိုက်တော.လည်း နှစ်လိုဖွယ် ယာဉ်တစ်မျိုး ဖြစ်သွားပြန်ပါလေရော...(ဒါကြောင်.လည်း အဲ့ဒီအချိန်က ချစ်သူစုံတွဲ အချို.က အဲ့လို သဗ္ဗာန်လေးတွေငှားပြီး မြစ်ကြောတစ်လျှောက် ..ဧဒင်ရဲ. သစ်သီးတစ်လုံးရှာပုံတော် ဖွင်.ကြတာပေါ.).ဟိုး အချိန်တွေတုန်းက ဒီလို မြစ်ထဲ အပျော်စီးကြသူတွေ..သူငယ်ချင်း တစ်ချို.နဲ. မြစ်ကြောင်းတစ်လျှောက် သဗ္ဗာန် ညဘက်ငှားပြီး ယမကာ မှီဝဲကြတာ....မယ်ဒလင်တီးကြတာ ဆိုတာတွေလည်း ရှိခဲ့ကြဖူးပေမယ်. ခုတော. ကြားဖူးနားဝတောင် သိပ်မရှိတော.ပါဘူး...

ခုအချိန်မှာတော. ရေကျော် ကမ်းနား ဘုံကျောင်းဆိပ်က သဗ္ဗာန်အစုအဖွဲ.လေးတွေနဲ. ဦးချမ်းအေးဆိပ်နား ..(ယခင် ပါတီယူနစ်ရုံးရှေ. ..ယခုသင်္ဂဟ ထမင်းဆိုင်နောက်နား) က အစုအဖွဲ့လေးတွေကတော. လောကဓံကိုကြံ.ကြံ.ခံ ရပ်တည်နေနိုင်ကြပါသေးတယ်..ပေါင်းမိုး တပ်မထားတဲ့ သဗ္ဗာန်လေးတွေဟာ ပိုလွတ်လပ်သလို ခံစားရပေမယ်. ခရီးနည်းနည်းဝေးဝေးကို နေပူထဲသွား ရရင်တော. ပေါင်းမိုးက သက်သာစေတာပါ...အရင်အချိန်တွေက ပဲ့ထောင်တွေက ဒီလောက်မများ ဈေးကလည်း သက်သာဆိုတော. တော်ရုံတန်ရုံ အနီးအနားရွာတွေဆို ဒီလိုပဲ သဗ္ဗာန် ငှားပြီးသွားလေ.ရှိကြပါတယ်..ခုတော.လည်း သူတို.တွေအစား တံတားတွေ..ကားတွေ..စက်တပ်လှေတွေ..ပဲ.ထောင်တွေ..ဆိုင်ကယ်ကယ်ရီတွေက တစ်ဖြေးဖြေးတိုက်စားရင်း တစ်လွှာချင်းပဲ့ကျနေတဲ့ သူတို.ဘ၀ အချိန်က ဘယ်လောက်ကျန်/မကျန်ကတော. ?

No comments:

Post a Comment