Tuesday, December 18, 2012

ဦးနု စာကြည်.တိုက် နှင်. လူငယ်ဖွံ.ဖြိုးရေး စင်တာ (YDC)


နိုင်ငံတော်၏ ပထမဆုံး ၀န်ကြီးချုပ်..ဗိုလ်ချုပ် လုပ်ကြံခံရချိန်မှာ နု-အက်တလီ စာချုပ်နဲ. နိုင်ငံ.လွတ်လပ်ရေးအတွက် ဆက်ကြိုးစားခဲ့သူ....ဒီမိုကရေစီထွန်းကားပြန်.ပွားရေးအတွက် လမ်းခင်းပေးခဲ့သူ....နိုင
်ငံတကာ ညီလာခံများဖြစ်သော ကိုလံဘိုညီလာခံ..ဘန်ဒေါင်းညီလာခံ တို.ကို ကျင်းပနိုင်ရန်ဦးဆောင်ပေးခဲ့သူ...ဆဌသဂါင်္ယနာ ဒါယကာ ဖြစ်သော ၀ါးခယ်မမြို.သားကြီးဦးနု ကိုဂုဏ်ပြုသော အားဖြင်. တည်ဆောက်ခဲ့သော ဦးနု စာကြည်.တိုက်နှင်. လူငယ်ဖွံ.ဖြိုးရေး စင်တာတို.ကို ၈ ရက် ၁၂ လ ၂၀၁၂ နေ.က အဆောက်အဦးတည်ရှိရာ ၀ါးခယ်မ တံတား အဆင်း နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်....နောင်တွင် မြို.လည် ကောင် .....မော်ကျွန်းသို.သွားရာကားလမ်းထိပ်...အဝေးပြေးဝင်းအနီး စသည်. နေရာဖြစ်လာမည်. ဤ နေရာတွင် ရွေးချယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်.....ထို.နေ.ကဖွင်.ပွဲသို. တိုင်းဝန်ကြီးချုပ်....၀ါးခယ်မအသင်းဥက္ကဋ္ဌ ...ဦးနု၏ သမီး၂ ဥိး တို.တက်ရောက်ဖွင်.လှစ်ခဲ့ကြသည်......

ထိုအဆောက်အဦးသည် ၃၃ပေx၃၄ပေ ၂ထပ်အဆောက်အဦးဖြစ်ပြီး ၂၀၁၂ နှစ်ဦးတွင် စတင် တည်ဆောက်ကာ အောက်တိုဘာ လဆန်းတွင် ပြီးစီးခဲ့ပြီး ၂၀၁၂ အောက်တိုဘာ ၂၀ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့ပါသည်....အောက်ထပ်ကို စာကြည်.တိုက်အဖြစ် အသုံးပြုပြီးအပေါ်ထပ်ကို လူငယ်ဖွံ.ဖြိုးရေး စင်တာအဖြစ်အသုံးပြုထားပါသည်.....အောက်ထပ်ဝင်ပေါက်နှင်. တည်.တည်.တွင် ဦးနု၏ ကိုယ်တစ်ပိုင်းရုပ်တု...ကိုယ်ရေးအကျဉ်း..နှင်.ဓါတ်ပုံတို.ရှိနေပြီး ဘယ်ဘက်တွင် စာအုပ်များ..ညာဘက်တွင် ရည်ညွှန်းစာအုပ်ဗီရို များ..စာဖတ်ရန်နေရာများ ရှိနေပြီး နု-အက်တလိစာချုပ်ချုပ်ဆိုနေပုံသမိုင်းဝင်ဓါတ်ပုံကားချပ်တစ်ခုရှိနေပါသည်...အပေါ်ထပ်တွင် Keyboard တစ်လုံး..ကွန်ပြူတာ ၆စုံ...မြန်မာစစ်တုရင်...အင်္ဂလိပ်စာလုံးဆက်ကစားနည်း စသည်များထားရှိပေးထားပါသည်....ထိုနေရာသည် လူငယ်များအတွက် တိုးတက်ရာတိုးတက်ကြောင်း သင်တန်းများ ဖွင်.လှစ်ရန်လည်း ရည်ရွယ်ထားသည်ဟုသိရပါသည်...

စာကြည်.တိုက်တွင် စာအုပ်ငှားရမ်း၇န်အတွက် member form အခမဲ. ရယူဖြည်.သွင်း၇န်လိုအပ်ပြီး စာကြည်.တိုက်ကဒ်ပြား တစ်ခုရမည်ဖြစ်ကာ အခမဲ.ငှားရမ်းဖတ်ရှုနိုင်ပါသည်.....သမိုင်းမှတ်တမ်းစာအုပ်များ....မဂ္ဂဇင်းများ..ဂျာနယ်များ..၀တ္တုများ (up date စာအုပ်များ)...သုတ..ရသ စာအုပ်ပေါင်း ၁၀၀၀၀ ကျော်ရှိနေပြီး တန်ဖိုးကြီး ရှားပါး ရည်ညွှန်းစာအုပ်ကြိးများလည်း ရှိပါသည်....လက်ရှိအသင်းဝင် ၄၀၀ ခန်.ရှိနေပြီး နေယစဉ်ငှားရမ်းသူ ၂၀၀ ခန်. လာရောက်ဖတ်ရှုသူ ၁၀၀ ခန်.ရှိနေသည် ဆိုသည်.အတွက် အောင်မြင်နေသော စာကြည်.တိုက်တစ်ခုဟုပြောရမည် ဖြစ်သည်...ပြန်ကြားရေးဝန်ကြီးဌာန ၏ စာကြည်.တိုက် ရှိနေသော်လည်း ဝေးလံသော အနောက်ပိုင်းတွင် တည်ရှိနေခြင်း...ကတ်တလောက်စနစ်သုံးရှာဖွေမှုကို မကျွမ်းဝင် အားမရခြင်း...ဘုရားကြီးအတွင်းရှိ စာကြည်.တိုက်တွင်တော. up date စာအုပ်နည်းပါးခြင်းတို ရှိသော်လည်းဤစာကြည်.တိုက်တွင်တော. စာအုပ်ရွေးချယ်ရာတွင်စင်တင်စနစ်ဖြစ်သည်ကြောင်. လူပိုစိတ်ဝင်စား အားရခြင်း...သွာရေးလာရေး ပိုမိုလွယ်ကူခြင်း...ပြင်ပစာအုပ်ဆိုင်များတွင် ငှား၇မ်းဖတ်ရှု ၇သောစာအုပ်များရနိုင်ခြင်း...အ-ထ-က ၂ နှင်.နီးသဖြင်. ကလေးငယ်များ နေ.လည်ကျောင်းဆင်းလျှင် လာရောက်ဖတ်၇ှုနိုင်ခြင်း..ညနေအပြန်စာအုပ်ငှားသွားနိုင်ခြင်း တို.က အားသာချက်များဖြစ်နေသည်...

ဤစာကြည်.တိုက်တွင် ဦးနု..ဒေါ်မြရီတို.၏ ရက်ချုပ်ဇာတာ...သမိုင်းကြောင်း..ဦးနုရေးသားခဲ့သောစာအုပ်များ...ဦးနုအကြောင်း အခြားစာရေးဆရာများ ရေးသားထားသော စာအုပ်များလည်း စုဆောင်းထားပြီး ဦးနုပြတိုက်သဖွယ်လည်း ပြုလုပ်ထားပါသည်....ထိုနေ.က ရွှေခယ်သီ၇ိ ခန်းမတွင် ပြုလုပ်ခဲ့သော စာပေဟောပြောပွဲတွင် စာရေးဆရာ တစ်ဦးက နိုင်ငံ.ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ များ၏ ဇာတိတိုင်းတွင် သူတို.၏ ပြတိုက်..စာကြည်.တိုက်စသည်တို.မရှိသော်လည်း ၀ါးခယ်မမြို.တွင်မူ ဦးနု စာကြည်.တိုက်ရှိသည်.အတွက် ချီးကျုးဖွယ်ဖြစ်ကြောင်း ထည်.သွင်းပြောကြားခဲ့သည်.....
ထိုစာကြည်.တိုက် ကိုဝါးခယ်မမြို.နယ်အသင်းက တည်ထောင်ခြင်းဖြစ်ပြီး ..ရေရှည်မတည်ငွေအတွက် သိန်း၅၀ မတည်ပေးကာ တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင်. ထိုငွေကို အတိုးနည်း အရင်းမပျောက်လှည်.ပတ်သုံးစွဲ ပြီးရလာသောအညွန်.ဖြင်.၀န်ထမ်းပါခန်.ထားကာ ရေရှည်လည်ပတ်၇န် စိမံထားပါသည်....စာအုပ်များကို ၀ါးခယ်မအသင်းဥက္ကဋ္ဌ.၏လှုဒါန်းမှု..ဦးနု၏သမီးများဖြစ်သောဒေါ်သန်းသန်းနု..ဒေါ်စန်းစန်းနုတို.၏ အဆက်အသွယ်ဖြင်.စာပေတိုက်များ၏ လှုဒါန်းမှု...တို.ကိုအဓိကထားပြီး ကျန်စာပေမြတ်နိုးသူများကလည်း စာအုပ်စာစောင်များပါဝင်လှုဒါန်းပေးခဲ့ကြပါသည်....ထိုနေ.က ၀ါးခယ်မအသင်းဥက္ကဋ္ဌ ပြောကြားခဲ့သော စာကြည်.တိုက်လုပ်ငန်းဟာ အတော်များများလုပ်လေ.ရှိကြောင်း အစပိုင်းအောင်မြင်သော်လည်း ကြာလာလျှင် ကျသွားတတ်ကြောင်း ဆိုတာကတော. တကယ်သတိထားရမည်.အပိုင်းဖြစ်ပါသည်..

No comments:

Post a Comment