Friday, December 28, 2012

ကမ္ဘာ. ပထမဆုံး ဂျစ်ကား

ကမ္ဘာ့ပထမဆုံး ဂျစ်ကားကို ၁၉၄၁ခုနှစ်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ တီထွင်ထုတ်လုပ်သူ ကုမ္မဏီကတော့ အမေရိကန်အခြေဆိုက် Willys ကားထုတ်လုပ်ရေး ကုမ္မဏီဖြစ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် လေကားထစ်များပေါ် မောင်းနှင်ပြသခဲ့ပါတယ်။
အမေရိကန်စစ်သားများရှေ့မှာပွဲထုတ်ပြသတဲ့ ယင်းကားကို Jeep လို့အမည်မပေးသေးပါဘူး။ စစ်တပ်သုံးရန်ရည်ရွယ်တဲ့ ယင်းကားများကို အမေရိကန်စစ်သားများက သူတို့သုံးနှုန်းလေ့ရှိတဲ့ စကားလုံး Jeep လို့ အမည်ပေးခေါ်ဝေါ်ခဲ့ပါတယ်။ ရှေးယခင်က အမေရိကန်စစ်တပ်မှာ Jeep ဆိုတဲ့အသုံးအနှုန်းဟာ အသုံးမပြု၊ မစမ်းသပ်ရသေးသော ယာဉ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် Willys ကုမ္မဏီဟာ သူတို့ထုတ်တဲ့ ကားလေးကို ဂျစ်ကား (Jeep) လို့ခေါ်တာမကြိုက်ပါ ဘူး။
သို့ပေမယ့် ၁၉၄၁ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထွက် သတင်းစာတွေ မှာ လေကားပေါ်မောင်းနှင်ပြသ သွားတဲ့ ကားကို Jeep လို့သုံးနှုန်းဖော် ညွန်းပြခဲ့ပါတယ်။ ဒါကြောင့် ကားရဲ့နာမည်ကို Willys မှပေးစရာမလိုပဲ သူ့အလိုလို ဂျစ်ကားကို လူသိများသွားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်တို့ အသံုးပြုဖို့အတွက် ဂျစ်ကားများကို Willys ကုမ္မဏီ တစ်ခုတည်းက ထုတ်လုပ်ခြင်း မဟုတ်ပဲ Ford Motor နဲ့ပူးပေါင်းရပါသေး တယ်။ Willys နဲ့ Ford နဲ့ပူးပေါင်းထုတ်လုပ် တဲ့ Willys MB/Ford GPW ဟာဆိုရင် အောင်မြင်ကျော်ကြားခဲ့ပြီး အစီးရေ ခြောက်သိန်းခွဲနီးပါး ထုတ်လုပ်နိုင်ခဲ့ပါတယ်။
၃.၁လီတာ ဆလင်ဒါခြောက်လုံးတန်းလိုက်တွဲ အင်ဂျင် အမျိုး အစားဖြစ်ပြီး မြင်းကောင်ရေအား ၆၀ ရှိပါတယ်။ ဂီယာ သုံးချက်ထိုးဖြစ်ပြီး Manual အမျိုးအစား ကိုအသုံးပြုထားတဲ့ ယင်း ဂျစ်ကားများကို လူကြိုက် များခဲ့ပါတယ်။

Ford မှထုတ်လုပ်ထားတဲ့ Ford ၁/၂ တန် ထရတ်ကားများကိုလည်း ဂျစ်ကားများရဲ့ ဖခင် (Grandfather of the Jeep) လို့ခေါ်ဆိုသတ်မှတ်သူများ လည်းရှိပါသေးတယ်။စစ်ပြီးခေတ်မှာတော့ စစ်တပ်တစ်ခုတည်း မဟုတ်ပဲ အိမ်သုံးဂျစ်များထုတ်လုပ်ရန် ကုမ္မဏီများ ပေါ်ပေါက်လာပါတယ်။

Ref:Willys
Post from yoyarlay

No comments:

Post a Comment