Monday, December 17, 2012

Ayeyawady United FC ရာသီကြိုပြင်ဆင်မှုများ




 ရှုံးထွက် ဖလား ချန်ပီယံ ဧရာဝတီ ယူနိုက်တက် အသင်းသည် လက်ရှိ အချိန်တွင် စာချုပ် သက်တမ်း ကုန်ဆုံး သွားပြီဖြစ်သည့် အသင်း၏ ပြည်ပ ကစားသမား ၃ ဦးကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုတော့ မည် မဟုတ်ပဲ ရာသီသစ် အတွက် ပြည်ပ ကစားသမားသစ် များအား ထပ်မံခေါ်ယူ အားဖြည်မည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ ယူနိုက်တက် ၏ ပြည်ပ ကစားသမား ၃ ဦးအနက် တိုက်စစ်မှူး ဂျူပီတာနှင့် နောက်ခံလူ ဂျွန်တို့မှာ ပြီးခဲ့သည့် ၂၀၁၁ ဘောလုံး ရာသီ ကတည်းက ပါဝင် ကစားခဲ့ သူများဖြစ်ပြီး ဆလိုဗက်င်္ကီးယား ကွင်းလယ်လူ မီယို မှာမူ ၂၀၁၂ ရာသီ အစတွင် အသင်းသို့ နည်းပြ ဟောင်း ဂျိုးဇက်ဟီရယ်လ် ၏ ခေါ်ယူ မှုကြောင့် ရောက်ရှိ လာခဲ့သူ ဖြစ်သည်။
ကစားသမားသစ်ခေါ်ယူ ရန် ကိစ္စနှင့် ပတ်သတ်၍ အသင်း တာဝန်ရှိသူ တစ်ဦး က “အသင်းမှာ ရှိတဲ့ ပြည်ပ ကစားသမား ၃ ဦးလုံးက စာချုပ်ပြည့် သွားကြ ပါပြီ။ သူတို့ကို စာချုပ် သက်တမ်း လည်း တိုးတော့မှာ မဟုတ် ပါဘူး။ ရာသီသစ် အတွက် ပြည်ပ ကစားသမား သစ်တွေခေါ် ဖို့ အစီအစဉ်ရေးဆွဲ ပြီးပါပြီ။ ထိုင်း လိဂ်မှာ ကစားနေတဲ့ ကစားသမားတွေ ကို သွားလေ့လာဖို့ ရှိပါတယ်။ အဲ့ဒီထဲ ကမှ ခြေစွမ်းနှစ်သက်တဲ့ ကစားသမားတွေ ကို ခေါ်ဖို့ စီစဉ်သွား မှာပါ။ အေးဂျင့်တွေ ကနေ တစ်ဆင့် စမ်းသပ် ခံဖို့ အကြောင်းကြား ထားတဲ့ ကစားသမား အချို့လည်း ရှိနေပါသေးတယ်။ အာရှ ကစားသမား ခေါ်ဖြစ် မဖြစ် ကတော့ မဆုံးဖြတ် ရသေး ပါဘူး ” ဟု ဆိုသည်။
ဧရာဝတီ ယူနိုက်တက် အသင်းသည် လာမည့် ၂၀၁၃ ဘောလုံး ရာသီတွင် AFC Cup ပြိုင်ပွဲကို ဒုတိယ အကြိမ်မြောက် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရထားသည့် အသင်း ဖြစ်ပြီး ယမန်နှစ်က ကဲ့သို့ အုပ်စု အဆင့်မှ မထွက်ခွာ ရစေရန် ပြင်ဆင်မှု ကောင်းကောင်း ပြုလုပ်ရန် စီစဉ်နေ ခြင်းလည်း ဖြစ်သည်။


 ဧရာဝတီ ယူနိုက်တက်ဘောလုံး အသင်းသည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနေရှင်နယ် လိဂ် ဘောလုံး ရာသီ အတွက် ပြင်ဆင မှုများ အဖြစ် လူငယ် အသင်း မှ ကစားသမား ၆ ဦးဖြစ်သော ချမ်းငြိမ်းကျော် (ဂိုး)၊ ကျော်နိုင်မြင့် (နောက်တန်း)၊ သိန်းဇော် (နောက်တန်း)၊ ပြေထွန်း (နောက်တန်း)၊ ကောင်းမြတ်ဟန် (အလယ်တန်း) နှင့် စောဆေးအိုင် (ရှေ့တန်း) တို့ကို အသင်းကြီး သို့ ခေါ်ယူ ခဲ့သည်။
၎င်း ကစားသမား (၆) ဦးထဲမှ ချမ်းငြိမ်းကျော် (ဂိုး) အား ဧရာဝတီ ယူနိုက်တက် တွင် (၅) နှစ်စာချုပ် ချုပ်ဆို ခဲ့ပြီး ဖြစ်ကာ အဆိုပါ ကစားသမားကို ရခိုင် ယူနိုက်တက် အသင်းသို့ (၁)နှစ် အငှားဖြင့် သွားရောက် ကစားစေ ခဲ့သည်။ ထို့အပြင် ဧရာဝတီ ယူနိုက်တက် လူငယ် အသင်း၏ အသင်းခေါင်းဆောင် ကျော်နိုင်မြင့်နှင့်၊ အသင်းကြီးမှ ညာတောင်ပံ ကစားသမား နိုင်နိုင်လင်း အားလည်း ရခိုင်ယူနိုက်တက် အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် သွားရောက် ကစားစေ ခဲ့ပြီဖြစ်သည်။ အဆိုပါ ကစားသမား (၃) ဦးစလုံးနှင့် ပတ်သက်သော အငှား စာချုပ်၊ ရောင်းချခြင်း စာချုပ်များ အား ၅.၁၂.၂၀၁၂ နေ့တွင် ဧရာဝတီ ယူနိုက်တက်ဘောလုံး အသင်း၏ အစည်း အဝေး ခန်းမတွင် နှစ်ဖက် အသင်း တာဝန် ရှိသူများက သဘောတူ စာချုပ်များ လက်မှတ်ရေး ထိုးခဲ့ကြသည်။
ကစားသမား အသစ်ခေါ်ယူမှု အနေဖြင့် မနောမြေ အက်ဖ်စီ၏ အသင်းခေါင်းဆောင်ဟောင်း နောက်တန်း ကစားသမား ထူးကျော်နှင့် ညာတောင်ပံ ကစားသမား ညီညီမင်း တို့အား ၅.၁၁.၂၀၁၂ နေ့က ခေါ်ယူ စာချုပ်ချုပ် ဆိုခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ခြေစွမ်း ထက်သည့် ကစားသမားများ ကိုလည်း ထပ်မံခေါ် ယူရန် သက်ဆိုင်ရာ ကလပ် အသင်းများနှင့် တရားဝင် ညှိနှိုင်းမှုများ ပြုလုပ်လျှုက် ရှိပါသည်။


် ရာသီသစ်အတွက် နိုင်ငံခြား ကစားသမား စမ်းသပ်မှုများ ပြုလုပ်လျှက် ရှိရာ ယခင်က မြန်မာနေရှင်နယ်လိဂ်တွင် အများဆုံး လာရောက် ကစားခဲ့သည့် အာဖရိကန် ကစားသမားများထက် အရှေ့ဥရောပသား များကို အဓိကထား စမ်းသပ်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဧရာဝတီ ယူနိုက်တက်သည် ဒေါမနစ်နှင့် နီကိုလပ်စ် အမည်ရှိ ကစားသမား နှစ်ဦးကို ခေါ်ယူစမ်းသပ်လျက် ရှိနေသည်။ အဆိုပါ ကစားသမား နှစ်ဦးအနက် ဒေါမနစ်မှာ ဆလိုဗက်ကီးယား နွယ်ဖွား ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးဖြစ်ပြီး နီကိုလပ်စ်မှာ မက်ဆီဒိုးနီးယန်း နောက်ခံလူ တစ်ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါ ကစားသမား (၂)ဦး၏ ခြေစွမ်းကို ဧရာဝတီ ယူနိုက်တက်၏ နည်းပြအဖွဲ့နှင့် အုပ်ချုပ်သူ များမှ သေချာစောင့်ကြည့်လျှက်ရှိပြီး ခြေစမ်းပွဲများ ကစားစေပြီးမှသာ အပြီးသတ် ဆုံးဖြတ်ချက် ချသွားမည် ဖြစ်ကြောင်း သိရသည်။


 ပြီးခဲ့သည့် ရာသီက အသင်းနှင့် လက်တွဲခဲ့သည့် နိုင်ငံခြားသား ကစားသမား (၃)ဦးစလုံးနှင့် လမ်းခွဲခဲ့သည့် ဧရာဝတီ ယူနိုက်တက်သည် လာမည့်ရာသီအတွက် သတ်မှတ်ထားသည့် အတိုင်း နိုင်ငံခြားသား (၄)ဦးစလုံးကို ခေါ်ယူဖြည့်တင်းမည် ဖြစ်ကြောင်း သိရသည်။ တိုက်စစ်မှူး၊ ကွင်းလယ် တိုက်စစ်နှင့် ဗဟိုခံစစ်မှူး တစ်ဦးစီ ခေါ်ယူရန် ဆန္ဒရှိနေသည့် အပြင် ဘယ်သန် နောက်ခံအစွန်လူ တစ်ဦးကိုလည်း ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။ "ကျန်တဲ့ နေရာတွေ အတွက် သတ်မှတ်ချက် မရှိပေမယ့် နောက်တန်း ဘယ်အစွန်မှာ သုံးဖို့အတွက် မွေးရာပါ ဘယ်သန် နောက်ခံလူ တစ်ယောက်ကို ခေါ်ချင်ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ အားအနည်းဆုံး နေရာဖြစ်တဲ့ ဘယ်အစွန်ခံစစ် အတွက်ပါ"ဟု ဧရာဝတီ ယူနိုက်တက် အသင်း အုပ်ချုပ်သူ ဦးမောင်မောင်က ဖွင့်ဟခဲ့သည်။ ဧရာဝတီသည် အသင်း၏ ဘယ်ခြမ်းခံစစ်တွင် အသုံးပြုရန်အတွက် ပြီးခဲ့သည့် ရာသီက ရန်ကုန်ယူနိုက်တက်မှ ဇင်မင်းဦးကို ခေါ်ယူခဲ့သော်လည်း အဆင်မပြေ ခဲ့ပေ။ ထို့အပြင် ပွဲထွက်ကစားသမား အဖြစ် အမြဲလို အသုံးပြုခဲ့သည့် နောက်ခံဘယ်အစွန်လူ ထွန်းလင်းအောင်မှာလည်း ဒဏ်ရာ ခွဲစိတ်မှု ပြုလုပ်ထားသောကြောင့် (၆)လခန့် အနားယူရဦးမည် ဖြစ်ရာ နိုင်ငံခြားသား တစ်ဦးဖြင့် အစားထိုးရန် ရှာဖွေနေခြင်း ဖြစ်သည်။ 

ဧရာဝတီသည် မဖြစ်မနေ ခေါ်ယူရန် လိုအပ်နေသည့် အာရှကစားသမား နေရာအတွက်ကိုမူ ဂျပန် ကစားသမားများထဲမှ ခေါ်ယူသွားမည် ဖြစ်ပြီး ကွင်းလယ် တိုက်စစ်ပိုင်းအတွက် အဓိက အသုံးပြုဖွယ် ရှိနေကြောင်း သိရသည်။ ဧရာဝတီ အသင်း အုပ်ချုပ်သူများကမူ အဆိုပါ ဂျပန်ကစားသမားကို ခေါ်ယူရာတွင် ခြေစွမ်းမြင့် ကစားသမားကောင်းကို ခေါ်ယူမိရေးမှာ အဓိက စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း ၀န်ခံခဲ့သည်။ 

Source ;soccermyanmar ,myanmarstriker & AUFC Page


No comments:

Post a Comment