Monday, December 17, 2012

အမှတ်တရ ရေစည်လှည်းလေး များ


ဟိုးအရင်က ၀ါးခယ်မမှာ သောက်ရေဆိုရင် မိုးတွင်းဘက် ရွာသမျှ ရေကို စဉ်.အိုးကြီးတွေ စည်ပိုင်းတွေ တတ်နိုင်သူတွေက အုတ်ရေလှောင်ကန်တွေနဲ. တစ်နှစ်စာ သိုလှောင်သုံးစွဲကြပါတယ် မသိုလှောင်နိုင်သူတွေ ကတော. ရသလောက်လေး သိုမှီး ကုန်ပြီဆိုရင်တော. မြစ်ရေပဲ သောက်ကြရပါတယ် သုံးရေကတော. ၀ါးခယ်မတံတားမဆောက်ခင်က အရှေ.ပိုင်း အိမ်အားလုံးလိုလို ရဲ.ရှေ.မှာ မြစ်ရေနဲ. ဆက်နေတဲ့ ချောင်းလေးတွေ ရှိပြီးအဲဒီကနေပ
ဲ သုံးကြပါတယ် တစ်ချို.တွေကတော. အနားမှာ အများသုံးရေကန်တွေရှိပြီး အဲဒီကန်ရေတွေကိုပဲ သုံးကြပါတယ် သောက်ရေအတွက်ကတော. မြစ်ရေ ပေးတဲ. ရေစက်တွေ ရှိပါတယ် ဥပမာ ပန်းခြံ ကရေစက်ဆို မြို.အလည်ပိုင်း အိမ်တွေလောက်ကို ပေးဝေပါတယ် အရင်ကတော. သံပိုက်လုံးတွေပဲ သုံးပြီး နောက်တော. PVC ပိုက်တွေပေါ. နောက် ယုဝတီရေ စက်လိုမျိုးကျတော. ဘုန်းကြီးကျောင်း စတာတွေအတွက် အဓိက ဖြစ်ပြီး အဲဒီပိုက်လိုင်း သင်.တဲ့နေရာတွေတော. ရေပေးဝေပါတယ် ၁၉၉၀ ၀န်းကျင်မှာ မြို.ရေပေးဝေရေးအတွက် ရေစစ်ကန်တွေ လုပ်ခဲ့သေးပေမယ်. ခုတော. အပြည်.အ၀ အသုံးချနိုင်ပုံ မရပါဘူး.... ခုနောက်ပိုင်းတော. တံတားဆောက်အပြီး အရှေ.ပိုင်းမှာလည်း ချောင်းလေးတွေ တော်တော်များများ ပိတ်ကုန်တော. သုံးရေ ရော သောက်ရေရော မြစ်ရေသုံးကြရပါတယ် အနောက်ပိုင်းမှာတော. စည်ပင်ရေ စင် ရှိပြီး ပိုက်ခေါင်းတရားဝင်တပ်ခွင်.လျှောက် အဲဒီကနေရေပေးဝေပါတယ်.... အရှေ.ပိုင်း အချို.နေရာတွေ မှာတော. ပုဂ္ဂလိက ရေစက်လေးတွေ ကိုယ်ပိုင်ဆောက်ပြီး ပိုက်လိုင်းကို အိမ်အထိဆင်ပေးပြီး လစဉ်ကြေးနဲ. ပေးဝေနေပါတယ်...သောက်ရေကို ခုတော.မြို.မှာ ရေသန်.သောက်တဲ.စနစ်တော်တော်လေး များလာပါပြီ မြို.မှာ ရေသန်.စက်ရုံ ၂ ခုခန်.ရှိပြီး ရန်ကုန်လိုပဲ ၂၀ လီတာ ဗူးတွေ ဖုန်းဆက်မှာလို.ရပါတယ်...မြို.မှာ တစ်ခုဆိုးတာက မြေအောက်ရေ သုံးလို.မရတာပါပဲ အ၀ီစိတွင်း တူးလို.ရတဲ.ရေက သောက်ရေအဖြစ်သုံးလို.မရဘူးလို.ပြောပါတယ်..... မြစ်ရေကို သုံးရေအတွက် လိုသူတွေ ခုထိ မြစ်ရေ သောက်နေကြသေးသူတွေ ပိုက်လိုင်းမရှိတဲ.ဘက်တွေကတော. ဒီရေစည်လှည်းတွေကို အားကိုးနေရတုန်းပါပဲ...နွေဘက်ဆို အရင်က သူတို.လည်း ဘုရင်တွေပါပဲ ကိုယ်.အိမ်ရောက်ဖို.မနည်းအလှည်.ကျအောင် စောင်.ရပါတယ်...ငယ်ငယ်ထဲက ဒီလှည်းလေးတွေနဲ. ရင်းနှီးခဲ့ကြရာက ခုထိ အသုံးဝင်နေဆဲပါပဲ ဟိုးအရင်ကဆို သက်ြန်တောင် ဒီလိုလှည်းတွေကို ရေအပြည်.ထည်. ပိတောက်ပန်တွေဆင် တစ်မြို.လုံး လိုက်တွန်းပြီး ရေလိုက်လောင်းလေ.ရှိကြပါတယ်..လှည်းပုံစံလေးတွေကတော. အရင်ထက်နဲနဲပြောင်းလာပါတယ် အရင်ကတော.လှည်းကလည်း ထုထည်ကြိး ပြီးတော. ပေပါထူထူလှည်းဘီးကြီးကြီးကနေ တဖြေးဖြေးကျုံ.လာတဲ.သဘောတော.ရှိပါတယ်...တစ်ချိန်တော. သူတို.တွေ ပျောက်ကောင်းပျောက်သွားမှာပေမယ်. တော်တော်နဲ.တော. မဖြစ်နိုင်သေးပါဘူး

No comments:

Post a Comment