Sunday, December 16, 2012

၂၀၁၂ အတွင်း ရေးသားခဲ့သော ၀ါးခယ်မ စက်မှုဇုံ ဆိုင်ရာ ဆက်စပ် သတင်းများ


ဒီသတင်းကိုပထမဆုံး 7 day news မှာဒီနှစ်ဆန်းပိုင်းက ပထမဆုံး စရေးတာပါ ရေးထားတာကတော. 


 ပုသိမ်တွင် ပြည်တွင်းပြည်ပကုမ္ပဏီခုနစ်ခုပူးပေါင်း၍ အထူးစီးပွားရေးဇုန်ဖော်ထုတ်မည်
ရန်ကုန်၊ ဇန်န၀ါရီ - ၁၂
အတွဲ (၁၀)၊ အမှတ်(၄၄)
နိုင်ငံရပ်ခြားကုမ္ပဏီလေးခုနှင့် ပြည်တွင်းကုမ္ပဏီကြီးသုံးခုတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးတွင် Myanmar Super Axis အမည်ရှိ အထူးစီးပွားရေးဇုန်စီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၅၅၀၀ ခန့် ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်သွားရန် စီစဉ်နေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
စက်မှုဇုန်များ၊ ရေနက်ဆိပ် ကမ်းနှင့် မြစ်ကူးတံတား၊ ကားလမ်း၊ ရထားလမ်းများ ပါဝင်သောစီမံကိန်းတွင် ရန်ကုန်မှ မအူပင်-ရွှေတောင်မှော်-၀ါးခယ်မ-မြောင်းမြ-ပုသိမ်နှင့် ရေနက်ဆိပ်ကမ်းသို့ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်သည် မြေဧက ၇၅၀၀ ကျယ်ဝန်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ကုမ္ပဏီ နှစ်ခု၊ ဟောင်ကောင်မှ ကုမ္ပဏီတစ်ခုနှင့် အင်ဒိုနီးရှားမှ ကုမ္ပဏီ တစ်ခုတို့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် စီမံကိန်းတွင် ပြည်တွင်းကုမ္ပဏီများဖြစ်သော ရွှေသံလွင်ကုမ္ပဏီ၊ ထူးထရေးဒင်းကုမ္ပဏီနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအစုအဖွဲ့ကုမ္ပဏီ (IGD)တို့ ပါဝင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
“ဒီပရောဂျက်က ဧရာဝတီတိုင်းဒေသကြီးအတွက် အလွန်ကြီးမားတဲ့စီမံကိန်းဖြစ်ပါတယ်။ ဒီလိုပရောဂျက်မျိုးတစ်နိုင်ငံလုံးမှာ မရှိသေးပါဘူး။ ဒီမှာ ရေနက်ဆိပ်ကမ်းတစ်ခုပါ ပါတယ်။ ရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်ပြီးတော့ အထူးစီးပွားရေးဇုန်တစ်ခုပါပါတယ်။ ပြီးရင် အီကိုတိုးရစ်ဇင်ပါပါတယ်။ပြီးရင် စက်မှုဇုန်သုံးဇုန်ပါပါတယ်။ မအူပင်ဒေသမှာ စက်မှုဇုန်တစ်ခု၊ ၀ါးခယ်မ မြောက်ဘက်ဒေသမှာ စက်မှုဇုန်တစ်ခုနဲ့ ပုသိမ်မှာ စက်မှုဇုန်တစ်ခု အကြမ်းဖျင်းလျာထားပါတယ်။ ရန်ကုန်ကနေ ပုသိမ်ကိုဖြတ်ပြီး မြေပြန့်ဒေသထိ မီးရထားလမ်း၊ ကားလမ်းတွေ ပါပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံချက်တွေ၊ မြစ်ကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ အင်မတန်ကြီးမားတဲ့ ရင်းနှီး မြှုပ်နှံမှုဖြစ်ပါတယ်။ ဆွေးနွေးပွဲမှတ်တမ်းတွေ တရားဝင်လက်မှတ် ရေးထိုးပြီးပါပြီ။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုလည်း တင်ပြထားပါပြီ။နိုင်ငံတော်သမ္မတကိုလည်း ဒီပရောဂျက်ကို ပြသပြီးပါပြီ။ နိုင်ငံတော်သမ္မတကိုယ်တိုင်လည်း သဘောတူညီထားပြီးပါပြီ။ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက် ထားပြီဖြစ်ပါတယ်”ဟု တိုင်းဒေသ ကြီး ၀န်ကြီးချုပ်ကပြောသည်။
အဆိုပါစီမံကိန်း၏ ပထမအဆင့်လုပ်ငန်းများကို ၂၀၁၃ခုနှစ်တွင် စတင်ဆောင်ရွက်သွားရန် စီစဉ်ထားပြီး စီမံကိန်းအားလုံး အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြီးစီးအောင်မြင်ရန် ခန့်မှန်းထားကြောင်းသိရသည်။
 

နောက်သတင်းလေးတွေကတော.  ဒီနှစ် ပထမ နှစ်ဝက်ထဲရေးတဲ.သတင်းလေးတွေပါ ကိုယ်တွေမြို.နဲ.တိုက်ရိုက်ပတ်သက်/မပတ်သက်ကတော.မသေချာပါဘူးရေးထားတာကတော.
Myanmar Agribusiness Public Corporation Ltd (MAPCO) နဲ. Vietnam Company တို. USD သန်းတစ်ရာ ရင်းနှီးမြုပ်နှံပြီး ကန်ထရိုက်လယ်ယာလုပ်ဖို. MOU ထိုးပါတယ် ဗီယက်နမ်ကတော. ရန်ကုန်တိုင်းဒေသကြီး အနားပတ်ဝန်းကျင်ကို စိတ်ဝင်စားပြီး MAPCO ကတော. ဧရာဝတီတိုင်းဒေသကြီး ထဲက တစ်နေရာကို အဆိုပြုထားတယ်လို.သိရပါတယ် ..ဘယ်နေရာလို.တော. အတိအကိမသိရသေးပါဘူး....အဲ့ဒီလိုပဲ ဂျပန် Far East Asian စီးပွားရေးလုပ်ငန်းစု က USD Billion 200 ကျော်ထည်.၀င်ပြီး ပြည်တွင်းက Asia Square Power Group နဲ.ပူးပေါင်းပြီး ဧရာဝတီတိုင်းအတွင်း ဖွံ.ဖြိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံဖို. အဆိုတင်သွင်းခဲ့ပါတယ် တိုင်းဝန်ကြီးချုပ်က ခွင်.ပြုပေးထားပြီး ဒီနှစ်အတွင်း လုပ်ငန်းစလည်ပတ်မယ်လို. ယူဆရပါတယ် ၀န်ကြီးချုပ်ကတော. အမြန်ဆုံးအကောင်အထည်ဖော်စေချင်ပြီး ဂျပန်ဘက်ကတော. အနည်းငယ်နှောင်.နှေးနေတယ်လို.သိရပါတယ်..ပုသိမ်ပြင်ပ ငရုတ်ကောင်းဆိပ်ကမ်းကို အဓိကထား လုပ်ဖို.ရှိပြီးရေနက်ဆိပ်ကမ်း နဲ. အထူးစီးပွားရေးဇုံတစ်ခုပါပါတယ်.......ဒါဟာ ၀ါးခယ်မမြောက်ဘက်ခြမ်း ပါတဲ. အထူးစီးပွားရေးဇုံ လုပ်ငန်းကြီးတွေရဲ. အစိတ်အပိုင်း တစ်ခု ဟုတ် မဟုတ် မသိရပေမယ်. ဘာပဲပြောပြော ဧရာဝတီဒေသရဲ. အနာဂတ် ကတော. ပိုမျှော်လင်.လို.ရလာပါပြီ
 
နောက်ဆုံးမြန်မာတိုင်းမ် မှာရေးထားတဲ. စက်မှုဇုန်အတွက် လျှပ်စစ်ပေးဝေရေးကိစ္စကတော. ကိုယ်တွေမြို.နဲ.ဆိုင်နိုင်ပါတယ်သူရေးထားတာကတော.
ဧရာဝတီတိုင်းဒေသကြီးတွင် စက်မှုဇုန်များအတွက် လျှပ်စစ်မီးပေးရန် စီစဉ်ဆောင်ရွက်ထား
ထူးအောင်
အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)

ဧရာဝတီတိုင်းဒေသကြီးတွင် စက်မှုဇုန် သုံးဇုန်တည်ဆောက်ရန်အစီအစဉ်ရှိ ကာ စက်မှုဇုန်များအတွက်လိုအပ်မည့် လျှပ်စစ်မီးပေး ရန်ကိုလည်း စီစဉ်ဆောင် ရွက်ထားကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ယခု လ ၁၇ ရက်နေ့၌ ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ၀ါး ခယ်မ၊ မအူပင်တွင် စက်မှုဇုန်သုံးဇုန် ဆောက်လုပ်ရန် စီစဉ်ထားကာ စက်မှု ဇုန် များအတွက်သာ လျှပ်စစ်မီးပေးရန် အစီ အစဉ်ရှိကြောင်း ဦးသိန်းအောင်က ပြောသည်။

"လောလောဆယ် နိုင်ငံတော်က ၂၃၀ ကေဗွီတစ်လုံး ဆောက်ထားတယ်။ ပုသိမ်ဧရိယာအတွက်ပေါ့။ ပြီးလို့ရှိရင် မအူပင်ဘက် တစ်လိုင်းဆွဲမယ်။ မအူပင် ဘက်မှာလည်း နိုင်ငံတော်ကနေပြီး ၂၃၀ ကေဗွီတစ်လိုင်းဆွဲမယ်။ အဲဒါလော လောဆယ် နိုင်ငံတော် အစီအစဉ်ပေါ့။ ပြီးရင် PTTEP ကုမ္ပဏီက M3 ဆိုတဲ့ ကမ်းလွန်မှာ သဘာဝဓာတ်ငွေ့စီးပွား ဖြစ် တွေ့ထားတယ်။ အဲဒါနဲ့ ပုသိမ် ဧရိယာကို ပိုက်လိုင်းတင်မယ်။ တင်ပြီးရင် ပုသိမ်ဧရိယာလောက်မှာ ဖြစ်ဖြစ်၊ သင့်တော်တဲ့နေရာမှာ ဓာတ်ငွေ့ တာဘိုင် တင်မယ်။ တာဘိုင်တင်ပြီးရင် အဲဒီနေရာ ကနေပြီးတော့ စက်မှုဇုန်တွေကို လုံလောက်အောင်ပေးမယ်။ ပြီးရင် ပိုရင် လျှံရင် မြို့ရွာတွေပေးမှာ ပေါ့လို့ စီမံထား တယ်"ဟု ဦးသိန်းအောင်ကပြောသည်။

ဓာတ်ငွေ့တာဘိုင်များမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို ဧရာဝတီ တိုင်းဒေသကြီးမှ ရာနှုန်းပြည့်ရရှိမည်ဖြစ်သည်ဟုဆိုသည်။

"ဓာတ်ငွေ့ကရတဲ့ လျှပ်စစ်ကို ဧရာဝတီတိုင်းဒေသကြီးအတွက် ၁၀၀ ရာခိုင်နှုန်းပေးမှာပါ။ ပိုမှသာ သူများပေးမှာပါ"ဟု ဦးသိန်းအောင် က ပြောသည်။ ဈေးနှုန်းများမှာမူ နိုင်ငံ တကာဈေးနှုန်းအတိုင်း ဖြစ်မည်ဟု သိရသည်။
 
 
 ထို.အပြင် ဒီဇင်ဘာ ၈ ရက်နေ. မြို.အကျိုးပြု လုပ်ငန်းများ ဖွင်.ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က တိုင်းအတွင်း ရေနက်ဆိပ်ကမ်း နှင်. စက်မှုဇုန်ကိစ္စရပ်များအတွက် ဖြစ်နိုင်ခြေ လေ.လာဆန်းစစ်ခြင်း များပြုလုပ်ပြီး ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို.တင်ထားပြီးဖြစ်ကြောင်း....ထို စီမံကိန်းတွင် ၀ါးခယ်မ စက်မှုဇုန်လည်း ပါဝင်ကြောင်း ..တစ်ဆက်တစ်စပ်တည်း ကားလမ်း ရထားလမ်းကွန်ယက်များ ပါဝင်လာနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ref ; 7 days journal,myanmar time journal

No comments:

Post a Comment