Thursday, December 13, 2012

သားသားမီးမီးများ တိုးပွားစေကြောင်း




ကလေးလိုချင်နေတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေ အိမ်ထောင်ရေးမှာ သာယာ ကျေနပ်မှုရရှိပြီး မျိုးအောင်နိုင်စွမ်း မြင့်မားစေမယ့် အစာတွေ ရှိပါတယ်။ ဒီအစာတွေကို နေ့စဉ် ပါဝင်အောင် စားပေးသင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ဗီတာမင်အေများစွာ ပါဝင်တာကြောင့် အမျိုးသမီးတွေရဲ့ သား အိမ်နဲ့ မိန်းမကိုယ်ရှိ Epithiliumတစ် သျှူးတွေ တည်ဆောက်ရေးမှာ အရေးပါ ပါတယ်။ ဗီတာမင်အေဟာ မမျိုးဥ အိမ်ရဲ့ အပူလျှောက်ကူးတဲ့ ပတ်ဝန်းကျင်တည် ဆောက်ရေးမှာ မရှိမဖြစ် အရေးကြီးပါ တယ်။ ဗီတာမင်အေ ပါတဲ့ တခြား အစာ တွေက ကန်စွန်းဥ၊ ရွှေဖရုံသီး၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တို့ ဖြစ်ကြပါတယ်။

ဗာဒံစေ့

မရှိမဖြစ် ဖက်တီးအက်စစ်များစွာ ပါ ဝင်တဲ့ ဗာဒံစေ့ဟာ ဟော်မုန်းအထွက်တိုး စေရေးအတွက် အရေးကြီးတဲ့ အစေ့အ ဆန်ပါ။ ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မရှိမဖြစ်ဖက်တီးအက်စစ်ဟာ မမျိုးဥြွေကဖို့ရာအတွက် အရေးကြီးတဲ့ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်း၊ တက်စ တိုစတီရုန်းနဲ့ FSHဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ မရှိမဖြစ် ဖက်တီးအက် စစ်ပါဝင်တဲ့ တခြားအစာတွေက သံလွင်ဆီ၊ ငါးအဆီ၊ သီဟိုစေ့စတာတွေ ဖြစ်ပြီး ဒီအစာတွေက ရာသီစက်ဝန်းမှန်ဖို့နဲ့ မျိုး အောင်နိုင်စွမ်း ကောင်းမွန်ဖို့ အားပေးပါ တယ်။

စပီရူလိုင်းနားရေညှိ

စပီရူလိုင်းနားရေညှိမှာ ဗီတာမင် B12များစွာ ပါဝင်တဲ့အတွက် မျိုးအောင်နိုင် စွမ်းကို ကောင်းမွန်စေပါတယ်။ ဗီတာမင် B12 နဲ့ ဖောလစ်အက်စစ် နှစ်မျိုးစလုံး ချို့ တဲ့တာက သန္ဓေတည်ဖို့ ခက်ခဲမှုနဲ့ ဆက် စပ်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန် ဆောင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေ အနေနဲ့ ဖောလစ်အက်စစ် ပါဝင်တဲ့ အစာကိုလည်း များများ စားရပါမယ်။ အစိမ်းရောင် ဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ တိရစ္ဆာန်ကလီစာနဲ့ ပဲတွေမှာ ဖောလစ်အက်စစ်ပါဝင်မှု မြင့်မားပါတယ်။

နေကြာစေ့

နေကြာစေ့မှာ အစွမ်းထက်အင်တီ အောက်ဆီးဒင့် ဗီတာမင်အီးပါဝင်တာ ကြောင့် မမျိုးဥထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်အီး ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက် အဆီ၊ အခွံမာသီး၊ အစေ့အဆန်၊ ဂျုံနဲ့ ထောပတ်သီးတွေကလည်း အမျိုးသမီး တွေမှာ မျိုးအောင်နိုင်စွမ်းကို ကောင်းမွန်စေပြီး မျိုးဆက်ပွားစနစ် ကောင်းမွန်ရေး အတွက် လုပ်ဆောင်ပေးပါတယ်။

ဂျုံစေ့

ဂျုံစေ့မှာပါတဲ့ မဂ္ဂနိစ်ဟာ အမျိုးသ မီးဟော်မုန်းအီစထရိုဂျင် တည်ဆောက် ဖြိုခွဲမှုအတွက် အရေးကြီးတဲ့ သတ္တုဓာတ် ပါ။ မဂ္ဂနိစ်ဓာတ်ချို့တဲ့မှုကြောင့် အမျိုးသ မီးတွေရဲ့ မျိုးအောင်နိုင်စွမ်းကို သိသိသာ သာလျော့ကျစေပါတယ်။ ဒါကြောင့် မဂ္ဂ နိစ်ပါဝင်မှုများတဲ့ ဟင်းနုနယ်ရွက်၊ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ၊ ပဲအမျိုးမျိုး နဲ့ အခွံမာသီးတို့ကို စားပေးရပါမယ်။

အုတ်ဂျုံ (Oat)

အုတ်ဂျုံနဲ့ လုပ်ထားတဲ့ မုန့်တွေကို City Martဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါ တယ်။ အုတ်ဂျုံမှာ ဆီလီနီယမ်များစွာ ပါ ဝင်တာကြောင့် ကျန်းမာတဲ့ မျိုးဥထုတ် လုပ်ရေးအတွက် လိုအပ်ပါတယ်။ ဆီလီ နီယမ်များစွာ ပါဝင်တဲ့ အဆီနည်းအသား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ပဲသီးနဲ့ ဆန်လုံးညိုတို့ ကို များများစားပေးရပါမယ်။ ဝဥ၊ ကန်စွန်း ဥလို အစာတွေမှာ ပါတဲ့ ဓာတ်တွေက ပရိုဂျက်စတီရုန်းလို ဓာတ်ကို ပြောင်းစေ ပြီး ဟော်မုန်းမမျှတမှုကို လျော့ကျစေကာ လိင်စိတ်ပြန်လည် ဖြစ်ပေါ်စေပါတယ်။

ချောကလက်

လေ့လာမှုတွေအရ အမည်းရောင် ချောကလက်ကို နေ့စဉ်စားပေးတဲ့ အမျိုးသမီးတွေက အိမ်ထောင်ရေးမှာ ပိုမိုအ ဆင်ပြေသာယာကြောင်း သိရပါတယ်။ အကြောင်းကတော့ ချောကလက်ဟာ စိတ်ကို အနားရအပန်းပြေစေပြီး စိတ် ကြည်နူးမှု ရရှိစေလို့ပါ။ ပဲပိစပ်ကို နေ့စဉ် စားပေးတာကလည်း မိန်းမကိုယ် ချောဆီ ထွက်ရှိမှု ကောင်းမွန်စေပါတယ်။ က ညွတ်ဟာလည်း အမျိုးသမီးတွေကို အိမ် ထောင်ရေး သာယာမှု ရရှိစေတဲ့ တခြား အစာပါ။



from:မြ၀တီ ကျန်းမာရေး

No comments:

Post a Comment