Monday, December 10, 2012
မြို.လေးက အကျိုးပြု အဆောက်အဦးများဖွင်.ပွဲ
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက် (အမျိုးသားနေ. ) မနက် ၉ နာရီ မှာ ၀ါးခယ်မမြို.အထက၂ ဘုရင်.နောင် ခန်းမအတွင်းမှာ အကျိုးပြု ဖွံ.ဖြိုးမှုလုပ်ငန်းအဆောက်အအုံများ ဖွင်.လှစ်ပွဲ
အခမ်းအနား ကျင်းပခဲ့ပါတယ်....
စစချင်းအခမ်းအနားဖွင်.လှစ်ကြောင်း ကြေညာပြီး နေ
ာက်မှာ ကလေးငယ်တွေက သီချင်းနဲ.သီဆိုဂုဏ်ပြုပြီးဝါးခယ်မမြို.နယ်အသင်း ဥက္ကဠ ဗိုလ်မှုးကြီး အံ.ကျော် (ငြိမ်း)က ၀ါးခယ်မမြို.နယ်အသင်းရဲ. လုပ်ဆောင်ခဲ့တာတွေ ရှေ.ဆက်လုပ်ဆောင်မှာတွေကို ပြောကြားခဲ့ပါတယ်....ပြုလုပ်ခဲ့တာတွေထဲမှာ ဆေးရုံဆောက်ပေးတာ..ဆရာဝန်ကြီးအိမ်..ဆရာဝန်တွေအိမ်တွေ ဆောက်လုပ်ပေးခဲ့တာ...ဘောလုံးကွင်းပြုပြင်ခဲ့တာ..ကျောင်းကြီးမျက်နှာကြက်တွေပြင်ပေးခဲ.တာ......၀ါးခယ်မရုံးခွဲတည်ဆောက်ခဲ့တာ..ခန်းမပြုပြင်ပေးခဲ့တာ...ဘုန်းတော်ကြီးကျောင်းတွေဆောက်လုပ်ပြုပြင်ပေးတာ..အခမဲ့ဆေးဝါးကုသရေးလုပ်ငန်းများ...ပညာရေးထောက်ပံ.မှုအစီအစဉ်များ..အထက်တန်းအောင်ချက်မြင်.မားရေးကြိုးပမ်းမှုများ...သံကြိုးတိုင်မူလတန်းကျောင်းဆောက်လုပ်ပေးခြင်း...သော်ကဘုရားဘက်စုံမွမ်းမံခြင်း..အာရောဂျတံခွန်ဆေးခန်း...အတိုးနည်းချေးငွေနဲ.တည်ထောင်ပေးနေတဲ့ ကြက်..ငုံးမွေးမြူရေး စသည်ဖြင်. လုပ်ဆောင်ခဲ့တာအတော်များများပြန်ပြောပြခဲ့ပါတယ်....ဘောလုံးကွင်း ကိုအရှေ.ပိုင်းမှာတစ်ကွင်းထပ်ဆောက်ဖို. 
..ဘာကြောင်.လဲဆိုတော.စာကြည်.တိုက်ဆောက်ဖို.သဲဖို.ထားချိန်မှာ ဘောလုံးကစားသူတွေ အဲ့ဒီကွင်းမှာ အမြဲပြည်.နေကြောင်း.အနောက်ပိုင်းကွင်းဟာအတော်ဝေးဝေးမှာရှိနေတာကြောင်...အရှေ.ပိုင်းက လူတွေအလွယ်တကူကစားနိုင်အောင်ထပ်လုပ်ပေးလိုကြောင်း...အဝေးပြေးဝင်းကို ဆီမီးပတ်ကား အဆောက်အဦးလေးတွေလောက်နဲ.တော. ဖြစ်အောင်ဆောက်ဖို. ခုက ကားတွေကို တံတားအောက်မှာရပ်နားနေရပြီး နားခိုစရာမရှိ.သန်.ရှင်းမှုမရှိ..ဖြစ်နေတာကြောင်.အဲ.ဒီအဝေးပြေးဝင်းကိုအမြန်ပြီးအောင်လုပ်ချင်ကြောင်း...မီးမမှန်ချိန်က ၂ ရပ်ကွက် မီးစက်တစ်လုံးစီစဉ်ပေးခဲ့တာ..မြို.မှာမီးမှန်နေပြီ ဖြစ်တာကြောင်. မီးစက်တွေကို 
မီးမရသေးတဲ့ရွာတွေ..ဘုန်းတော်ကြီးကျောင်းတွေကိုပို.ဖို. ကိစ္စရပ်တွေလည်း ရှင်းပြခဲ့ပါတယ်...မြို.ရဲ. Down Town Center ဟာအရှေ.ဘက်ကို ရွှေ.လာနေပြီဖြစ်တာမို. တံတားနေရာဝန်းကျင်ဟာ မြို.လည်ကောင်လောက်ဖြစ်လာမှာ ဖြစ်ပြီး မော်ကျွန်းကားလမ်း ပြီးသွားရင်လည်း ပိုစည်ကားလာမှာဖြစ်ကြောင်း ဘက်စုံပြောသွားခဲ့ပါတယ်....ပြီးတော. တက္ကသိုလ်ဝင်တန်းအောင်ချက်အတွက်ဘာသာစုံဂုဏ်ထူးရှင်တွေ.. 1 to 6 ၀င်ထားသူတွေကိုခေါ်လာပြိး တက္ကသိုလ်ဝင်တန်းဖြေမယ်.ကျောင်းသားတွေကို ဟောပြောစေတာမျိုး...သင်ကြားရေးအတွက်အထောက်အကူပြုအစီအစဉ်တွေ စီစဉ်ပေးနေမှုတွေဟာ ခုထိမထိရောက်သေးကြောင်းလည်းပြောသွားခဲ့ပါတယ်.. ...၀ါးခယ်မ မြို.သား ဖြစ်တဲ. မြန်မာနိုင်ငံရဲ. ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူ ..ဗိုလ်ချုပ် လုပ်ကြံခံရချိန်မှာ နိုင်ငံ.လွတ်လပ်ရေးအတွက် နု-အက်တလီ စာချုပ်အပါအ၀င် နိုင်ငံ.လွတ်လပ်ရေး..တည်ဆောက်ရေးအတွက် ရှေ.တန်းမှ ဆောင်ရွက်ခဲ့သူ..ဒီမိုကရေစီ ထွန်းကားပြန်.ပွားရေးအတွက် လမ်းခင်းပေးခဲ့သူ.. ဘန်ဒေါင်းညီလာခံ...ကိုလံဘို ညီလာခံစတဲ. နာမည်ကျော် နိုင်ငံတကာ ညီလာခံကြီးတွေ ကျင်းပနိုင်ရန် ဦးဆောင်နိုင်ခဲ့သူ...၁၉၅၄ မှာဆဠသံဃာယနာ တင်ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့သူ ဦးနုကို ဂုဏ်ပြုပြီး ဒီစာကြည်.တိုက်..ကိုတည်ထောင်တာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်. 
ဆိုပြီးပြောသွားပါတယ်...ဒိနေ.လုပ်ရပ်တွေအတွက် အထူးကြည်နူးမိကြောင်း..တိုင်းဒေသအစိုးရရဲ.တာဝန်တွေကို ၀ါးခယ်မအသင်းဥက္ကဠ ကြီးနဲ.အဖွဲ.တွေ မျှဝေထမ်းဆောင်ပေးတာအလွန် ကျေးဇူးတင်ကြောင်း...လူ.ဘ၀ရဲ.အလိုအပ်ဆုံး၃ချက် ကိုဖြည်.ဆည်းပေးတယ်ခံစားရကြောင်း....ပညာရေးနဲ.ပတ်သက်လို.တိုင်းအနေနဲ့.ဂရုစိုက်ပြန်လည်ကြိုးစားခဲ့တာကြောင်. ပြီးခဲ့တဲ့နှစ် တစ်နိုင်ငံလုံးဝိဇ္ဇာထူးချွန် ၁၀ ဦး(အမှတ်တူတဲ့အတွက် ၁၂ ယောက်)မှာ တိုင်းက ၁၀ယောက်ပါဝင်ကြောင်း..တိုင်းအစိုးရအဖွဲ. Policy ချချိန်မှာ ပညာရေးကို ပထမဦးစားပေး..ထားခဲ့ကြောင်း..မနှစ်က တိုင်းက ထူးချွန်.ကျောင်းသား၁၀ ဦးကို စင်္ကာပူ လေ.လာရေးပို.ပေးခဲ့ပြီး ဒီနှစ် ကိုရီးယားပို.ဖို.စီစဉ်ထားကြောင်း....တိုင်းအတွင်းလုပ်မယ်. ၀ါးခယ်မဒေသပါတဲ့ စက်မှုဇုန်ကို ပဏာမလေ.လာဆန်းစစ်ပြိး MIC ကိုတင်ထားပြီးဖြစ်ကြောင်း...ဦးနု...၀ါးခယ်မရဲမောင်တို.ကဲ့သို. ထူးချွန်သူဝါးခယ်မသားများ ပေါ်ထွက်ပါစေကြောင်းပြောကြားခဲ့ပါတယ်....
ပြီးတဲ.နောက်မှာ စာကြည်.တိုက်ကော်မတီ ဥက္ကဠ ဒေါက်တာသက်ရှည်က စာကြည်.တိုက်အကြောင်းအချက်အလက်တွေ..ရည်ရွယ်ချက်တွေ..လုပ်ဆောင်ခဲ့ပုံတွေကိုရှင်းလင်းပြောကြား ခဲ့ပြီး ၀ါးခယ်မသားတို.အဖို.တိုးတက်ဖို.လှေကားထစ်လေးများသဖွယ် ဖြစ်အောင် ဒို.ခောတ်တွင်မှ ညံ.ကြတော.မှာလားဟု ကော်မတိအနေနှင်.ခံယူလုပ်ဆောင်လျှက်ရှိကြောင်း ပြောကြားရင်းအဆုံးသတ်ခဲ့ပါတယ်...
နောက်မူကြိုကျောင်းကော်မတီဥက္ကဠ ဒေါက်တာမောင်မောင်ကြိုင်က ကော်မတီအနေနဲ. ၁၅ ဦးပါဝင်ကြောင်း..ဒီမူကြိုနဲ.ပတ်သက်လို.ဆရာမတွေ..ကော်မတီဝင်တွေကိုပါ ရန်ကုန်နာမည်ကြီးကျောင်းတွေလေ.လာဖို.ဥက္ကဠ ကစီစဉ်ပေးခဲ့ပုံ..ရေရှည်ရန်ပုံငွေအတွက် စီစဉ်ထားပုံ စတဲ့သူနဲ.သက်ဆိုင်တဲ့အပိုင်းတွေကို ရှင်းလင်းပြောကြားပါတယ်...
အဲ့ဒိနောက် ကျန်းမာရေးကော်မတီမှ ဒေါက်တာ ဒေါ်ခင်အေးရီက ယခုဖွင်.ပွဲလုပ်မယ်.အဆောက်အဦးလေးဖြစ်ပေါ်လာရပုံကို အကျဉ်းပဲရှင်းပြခဲ့ပါတယ်
အဲဒါတွေအပြီးမှာတော. ဦးနုရဲ.သမီး ဒေါ်သန်းသန်းနုက ဒီလိုနေ.မျိုးရောက်ဖို.အိမ်မက်မက်ခဲ့တာ ကြာပြီဖြစ်ပေမယ်. ကိုယ်တိုင်ကမတတ်နိုင်လို.၀ါးခယ်မအသင်းဥက္ကဠတို.ကြောင်.ခုမှဒီလိုနေ.ရောက်ရကြောင်း....တိုင်းဝန်ကြီးချုပ်ရဲ. ဖေဖေ.ကိုချောတယ်ပြောလို.၀မ်းသာကြောင်းကျွန်မအတတ်နိုင်ဆုံးအလှပြင်လာခဲ့ပေမယ်. မလှဘူးပြောလို.တော. စိတ်မကောင်းဖြစ်ရကြောင်း အစချီရင်း ရင်းရင်းနှီးနှီးပဲ ပြောဆိုသွားခဲ့ပါတယ်..ရုပ်တုလှုခဲ့သူတွေကိုကျေးဇူးတင်သလို ၂၀၀၇ ခုနှစ် ဖေဖေ နှစ်၁၀၀ ပြည်.မှာ ဆွမ်းကပ်ဖို.ငွေပဲပို.ပေးနိုင်ခဲ့ပြီး ဒီဘက်ကနေအစစအရာရာဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာသန်းလွင်နဲ. မပြုံးတို.ကို ကျေးဇူးတင်ကြောင်း...စာအုပ်လှုဒါန်းပေးခဲ့သောစာအုပ်တိုက်များကို (နာမည်ပါထုတ်ဖော်လျှက်) ကျေးဇူးတင်ကြောင်း....စာအုပ်တွေလာငှားဖို...ဖတ်ဖို.ဖိတ်ခေါ်ကြောင်းတွေပြောကြားခဲ့ပြီး နောက်မှာတော. 
အလှုငွေပေးအပ်ပွဲ ...ဂုဏ်ပြုလက်မှတ်ချီးမြှင်.ခြင်းတွေနဲ. ကလေးငယ်တို.ရဲ.တေးသီချင်းသီဆိုမှုအပြီး ၁၁ နာရီနီးပါးမှာအခမ်းအနားပြီးဆုံးခဲ့ပါတယ်....
No comments:
Post a Comment