Tuesday, March 8, 2016

ပက်ဂျဆန် အကြောင်း တစ်စေ.တစ်စောင်း ( ၂ )




 ဒီနေရာမှာ တော်ဝင်စစ်သား ဆိုတဲ့ အကောင်.ပိုင်ရှင် ရဲ. Facebook ပေါ်က သုံးသပ်တင်ပြမှုကလည်း စိတ်ဝင်စားစရာပါပဲ ။ သူက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလား၊ဥပဒေမဲ့ စုဖွဲ့အနိုင်ကျင့်ခြင်းလား(သို့မဟုတ်)ပက်ဂျီဆန်၏ သရုပ်အမှန်  ဆိုတဲ့ ခေါင်းစဉ် နဲ. သုံးသပ်တင်ပြလာခြင်း ဖြစ်ပါတယ် ။

သူသုံးသပ်တာကတော.
၂၀၁၅ နှစ်ကုန်ပိုင်းနှင့်၂၀၁၆ နှစ်ဦးပိုင်းကာလများသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ထားသောအပြောင်း
အလဲများနှင့်ကြုံတွေ့နေရသကဲသို့ မျှော်လင့်မထားသော လူမျိုးရေးပဋိပက္ခထောင်ချောက်များနှင့် ပက်ပင်းကြုံခဲ့ရသည်ဟု ဆိုရတော့မည် ဖြစ်ပါသည်။မျှော်လင့်ထားသောအပြောင်းအလဲမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ၏ အထင်ကရ အတိုက်အခံပါတီကြီး တစ်ခုဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တစ်ပြည်လုံးတွင် ရာခိုင်နှုန်း၈၀နီးပါးဖြင့် တောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပြီး ၂၀၁၆ခုနှစ် ဇန်န၀ါရီ လတွင် စတင်ကျင်းပခဲ့သော လွှတ်တော်၌ အနီရောင် လွှမ်းခဲ့ခြင်း သည် ထင်မှတ်ထားသောအပြောင်းအလဲ ဖြစ်သည်ဟု ဆိုကြရပါမည်။ ထိုအပြောင်းအလဲ၏ နောက်ဆက်တွဲ အနေဖြင့် လာမည့် ဧပြီလတွင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခြင်း နှင့် အစိုးရတာဝန် လွှဲပြောင်းပေးအပ်ခြင်းတို့ ဆောင်ရွက်ကြ တော့မည် ဖြစ်ပါသည်။ ရွေးကောက်ပွဲ ရလဒ်အပေါ် လက်ရှိအစိုးရနှင့် တပ်မတော်တို့က ကြည်ဖြူစွာ လက်ခံသဘောတူမှုများကြောင့် အာဏာလွှဲပြောင်းပေးမှုသည် မူလထင်မှတ်ထားသည်ထက်ပိုမိုညင်သာ ချောမွေ့စွာ အေးအေးချမ်းချမ်းပြီးဆုံးသွားမည့် အခြေနေသို့ ရောက်ရှိနေပေသည်။

ထိုသို့ အစိုးရသစ်တစ်ရပ်အား အေးချမ်းစွာ အာဏာလွှဲအပ်လုဆဲဆဲအချိန်တွင် တည်ငြိမ်မှုပျက်ပြားကာ လူမျိုးရေးပဋိပက္ခနှင့် ဒေသတွင်းလုံခြုံရေးကို ကမောက်ကမဖြစ်စေမည့် ဖြစ်စဉ်များက တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် မြန်မာပြည်မြောက်ဖျားဒေသများ၌ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာခဲ့ပါ၏။ထိုဖြစ်စဉ်၏ အဓိကတရားခံမှာ အစိုးရအသိမှတ်ပြု တရားဝင်အဖွဲ့စည်း တစ်ရပ်မဟုတ်ဘဲ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဟု မိမိကိုယ်ကို အမည်ပေးထားသည့် ပက်ဂျီဆန်(Pat jasan)အဖွဲ့ပင်ဖြစ်သည်။

ထိုအဖွဲ့ကို သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တရားဝင်ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ၂၀၁၄ခုနှစ် ဇူလိုင်လထဲတွင် ဒေသခံ ကချင်လူမျိုး သင်းအုပ်ဆရာ ဦးဂန်အောင်က ဥက္ကဌအဖြစ် လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် သင်းအုပ်ဆရာ ဦးတန်ဂွမ်းကလည်းကောင်း အသီးသီး တာဝန်ယူကာ အဖွဲ့ဝင် ၂၀ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ထိုအဖွဲ့ကို ခရစ်ယာန်ဘာသာရေးဆရာများက ဦးဆောင်ကာ ဖားကန့်ဒေသ အတွင်းရှိ မြို့နယ်/ကျေးရွာများရှိ ဒေသခံဂျိမ်းဖောကချင်လူမျိုးများကို ဘာသာရေး နည်းလမ်းဖြင့် အဓိကထား စည်းရုံးဖွဲ့စည်းထားခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန်ရှိပါက မဖြစ်မနေ အလှည့်ကျ လိုက်ပါစေကြောင်း သိရှိရပါသည်။ယင်းအဖွဲ့သည် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အချိန်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအ၀င် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း မပြုဘဲ ဖမ်းဆီးရမိသောတရားခံများ၊ သက်သေခံပစ္စည်းများနှင့် ငွေကြေးများကို ယင်းတို့သဘောဆန္ဒအလျှောက် ထိန်းချုပ်စီမံခန့်ခွဲပြီး အာဏာပိုင်အဖွဲ့စည်းတစ်ရပ်သဖွယ် လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ထိုသို့ ရှာဖွေဖမ်းဆီးရာတွင်လည်း ဂျိမ်းဖောမဟုတ်သော ကချင်မျိုးနွယ်စုများဖြစ်သည့် ရ၀မ်၊လော်ပေါ်၊လာချိဒ်နှင့် ရှမ်းနီများကို ဦးတည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ ကြားသိရပါသည်။



ထိုပြဿနာများ စတင်မဖြစ်ပွားမီက ဘိန်းခင်းများဖျက်ဆီးရန်ဟူသော ကြွေးကြော်သံဖြင့် ပက်ဂျီဆန်အဖွဲ့သည် ကချင်အထူးဒေသ(၁)ဆီ ဦးတည်၍ ချီတက်လှုပ်ရှားမည့်အစီအမံများကို ချမှတ်ခဲ့ကြသည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များသည် ၂၀၁၆ခုနှစ်အတွက် ဘိန်းခင်းများ ဖျက်ဆီးခြင်း လုပ်ငန်းကို ဇန်န၀ါရီလ ၉ရက်နေ့မှ စတင်၍ ဆဒုံ၊ကန်ပိုက်တီး မြောက်ခြမ်းနှင့် တောင်ခြမ်းဒေသများတွင် ဆောင်ရွက်လျက်ရှိရာ ၄င်းတို့အနေဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ဇန်န၀ါရီလ ၁၄ရက်နေ့မှသာ ၄င်းတို့၏အစီအမံကို ဆောင်ရွက်ရန် ကြိုးစားလာခဲ့သည်။တပ်မတော်အနေဖြင့် ၄င်းတို့အားလက်ခံကြိုဆိုခဲ့ပြီး ဇန်န၀ါရီလ(၂၇)ရက်နေ့တွင် နည်းဗျူဟာ(၁)ခုနှင့် စစ်ကြောင်း(၂)ကြောင်း ၊ အင်အား(၁၀၀)ခန့်ဖြင့် ဘိန်းခင်းများဖျက်ဆီးရေးလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ မော်စီတုံးနယ်မြေတွင် တိုက်ပွဲများကြုံခဲ့ရပြီး လုံခြုံရေးအရ သေနတ်ပစ်ဖောက်လူစုခွဲပေးခဲ့ရသည်။ထိုအခြေနေကြောင့် ပက်ဂျီဆန်အဖွဲ့များ မြစ်ကြီးနားသို့ ပြန်သွားခဲ့ပြီး အင်အားပြန်လည်စုစည်းခဲ့ကြသည်။

ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ဆဒုံး၊ကန်ပိုက်တီး နယ်မြေဘက်ခြမ်းသို့ ဦးတည်လှုပ်ရှားရန် လူအင်အား သုံးထောင်ကျော်ခန့် စုဆောင်းထွက်ခွာလာခဲ့ရာ နယ်မြေခံရဲတပ်ဖွဲ့နှင့် စစ်ကြောင်းများက ယခင်ဖြစ်စဉ်များအရ လုံခြုံရေး စိတ်ချရမှုမရှိခြင်း၊ နှစ်ဘက် အဖွဲ့အစည်းများအကြား ပဋိပက္ခများဖြစ်ပွားလာစေနိုင်ခြင်းတို့ကြောင့် ဖေဖော်ဝါရီလ၂၂ရက်နေ့၌ ၀ိုင်းမော်၊ဆဒုံ-ချီဖွေလမ်းခွဲတွင် မေတ္တာရပ်ခံတားဆီးခဲ့သည်။ သို့သော်လည်း လက်ရှိဘိန်းခင်းများ ဖျက်ဆီးနေသည့် စစ်ကြောင်းများတွင် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလိုပါက လိုက်ပါနိုင်ကြောင်း၊ မှတ်တမ်ဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးနိုင်ကြောင်း၊ယခုကဲ့သို့ လူအုပ်ကြီးဖြင့် ၀င်ရောက်ပါက ပဋိပက္ခများ ယခင်ကထက် ပိုမိုပြင်းထန်စွာ ဖြစ်ပွားနိုင်ကြောင်း ဖြောင်းဖျပြောကြားခဲ့သည်။

သို့သော်လည်း ထိုတရားမ၀င် လူစုလူဝေးကြီးသည် ပြန်လည် ဆုတ်ခွာခြင်းမရှိဘဲ ၄င်းတို့ရည်မှန်းချက်သို့ ဆက်လက်ချီတက်ရန် ရပ်တန့်စောင့်ဆိုင်း နေခဲ့ကြပါသည်။ ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ၀ိုင်းမောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလကမ်ဇကျုံးက လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များအား ကာကွယ်စောင့်ရှောက်ပေးရန် အရေးကြီးအဆိုကို လွှတ်တော်၌ မဲခွဲတင်ပြခဲ့ရာ လွှတ်တော်ကသဘောတူ ဆုံးဖြတ်ခဲ့သည်။သို့သော် ကချင်ပြည်နယ်အစိုးရနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ပက်ဂျီဆန်အဖွဲ့သည် တရားဝင်အဖွဲ့အစည်း တစ်ရပ် မဟုတ်သည့်အပြင် အင်အားများပြားလွန်းသဖြင့် အားလုံးအတွက် လုံလောက်သော လုံခြုံရေးအား ဆောင်ရွက်ပေးရန် မဖြစ်နိုင်ကြောင်း၊ ဘိန်းခင်းများ တည်ရှိရာနေရာ များသို့ ကိုယ်စားလှယ်များသာ လိုက်ပါ စေလိုကြောင်း၊ဌာနပေါင်းစုံမှ တရားဝင်တာဝန်ပေးအပ်ထားသူများဖြင့်သာ ဘိန်းခင်းများ ဖျက်ဆီးရန် လုပ်ဆောင်သင့်ကြောင်း ပြန်ကြားခဲ့ပြီး တားဆီးထားသည့် အဖွဲ့အစည်းများကိုမူ ပြန်လည် ရုပ်သိမ်းပေးခဲ့သည်။ ၄င်းအဖွဲ့သည် ကန်ပိုက်တီး ဆဒုံလမ်းအတိုင်း ဆက်လက်ထွက်ခွာလာခဲ့ရာ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် စင်ကျိုင်ဒေသ၌ ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး နှစ်ဘက်လုံးမှ ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
လို.သုံးသပ်တင်ပြထားတာပါပဲ



အဲ့ဒီလိုပဋိပက္ခတွေကြောင်. မြစ်ကြီးနားမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှာမတ် ၁ ရက်မှ စပြီး စုံခုံဖွဲ့ စစ်ဆေးနေကြောင်း နဲ.အဲ့ဒီ စစ်ဆေးနေမှုကို ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီးက ဦးဆောင်ပြီး မီးသတ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနတို့ စုပေါင်းကာ ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (ပက်ဂျဆန်) နှင့် ဘိန်းခင်းစိုက်သူများကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အမှန် ပေါ်ပေါက်နိုင်ရေးအတွက် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရပါတယ် ။

ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ပထမတန်း ရဲမှူးကြီး မြင့်ထူးက “အခု ပက်ဂျဆန်က ခေါင်းဆောင်တွေဖြစ်တဲ့ လူကိုးဦးကို ခေါ်ယူမေးမြန်း နေပါတယ်။ အရေးယူဖို့ မဟုတ်ပါဘူး။ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးပါ။ စစ်ဆေးရမှာက ရွာသားဘက်က မျက်မြင်သက်သေတွေ၊ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေ၊ နောက်ပြီး ပြည်သူစစ် အဖွဲ့ဝင်တွေလည်း ပါပါတယ်။ ပြည်သူ့စစ်တွေကို စစ်ဆေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ခွင့်ပြုချက် တောင်းထားပါတယ်” လို.ဆိုပါတယ် ။

အဲ့ဒိနေ. စစ်ဆေးမှုမှာပက်ဂျဆန် အဖွဲ့ဝင်များဖြစ်တဲ့ခေါင်းဆောင် လေးဦးကို စစ်ဆေးခဲ့ပြီး ကချင်လူထု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင် ဦးဆိုင်းလီက “ဝေမိုးကျေးရွာမှာဖြစ်တဲ့ ပြဿနာကို ပါဝင်တဲ့ ခေါင်းဆောင်တွေ အားလုံးကို ခေါ်စစ်တာပါ။ ဒီနေ့မှာ လေးဦး လာပါတယ်။ မနက်ပိုင်း တိုက်ခိုက်ခံရတာက ရိုက်နှက်ခံရသူတွေပဲ ရှိတယ်။ ကူညီိတဲ့ အဖွဲ့တွေက လမ်းမှာကို ခဲတွေ၊ သေနတ်တွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်ခံရတာပါ” လို.ပြောခဲ့ပါတယ် ။

ဖေဖော်ဝါရီ ၂၅ ရက်မှာ ပက်ဂျဆန် အဖွဲ့နဲ. ဒေသခံများက ပဋိပက္ခဖြစ်ပွားရာမှာ  နံနက်ပိုင်းမှာဒဏ်ရာ မရရှိကြပေမယ့် နေလယ်ပိုင်းအဲ့ဒိနေရာကို ကူညီရန် သွားရောက်တဲ့ ပက်ဂျဆန်အဖွဲ့ရဲ.ကားတွေ ကန်ပိုက်တီး လမ်းမပေါ်ရှိ ဝေမိုးကျေးရွာ အနီးတွင် တိုက်ခိုက်ခံရပြီး လူ ၃၀ ဒဏ်ရာ ရခဲ့တယ်ဆို.ဆိုပါတယ် ။ ညနေပိုင်း ကန်ပိုက်တီး လမ်းမပေါ်ရှိ ဝေမိုးကျေးရွာ မှာ  ပြန်ရောက်လာတဲ့ ပက်ဂျဆန်အဖွဲ့နှင့် နောက်ထပ်ရောက်လာတဲ့ ပက်ဂျဆန် အဖွဲ့ဝင်တွေရယ် ဒေသခံတွေရယ် ပဋိပက္ခအသွင် ဖြစ်ပွားခဲံ့ပြီး နှစ်ဖက် ပစ်ခတ်မှုများမှာနေအိမ်တစ်လုံး၊ ကားလေးစီး၊ ဆိုင်ကယ်ငါးစီး မီးလောင်ပြီး ဆိုင်ကယ် အစီး ၂၀ ဖျက်ဆီးခံရတယ်လို.ဆိုပါတယ် ။

အဲ့ဒီဖြစ်စဉ် နဲ.ပတ်သက်ပြီး ပက်ဂျီဆန်  အဖွဲ့က မိုင်းခွဲတိုက်ခိုက် ဒဏ်ရာ ရရှိမှု၊ လူစုလူဝေးဖြင့် ခြိမ်းခြောက် ရိုက်နှက်မှု၊ ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ မီးရှို့ဖျက်ဆီးမှု စတဲ့ အမှုသုံးမှု နဲ.အမှုဖွင့်ထားပြီး ဒေသခံများက ပက်ဂျဆန် အဖွဲ့အား နေအိမ်မီးရှို့မှု၊ ပြည်သူ့စစ် အဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရိုက်နှက်မှု အမှုနှစ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ် ။



 ဒီဖြစ်စဉ်တွေဖြစ်ပွားနေချိန်မှာပဲ    ကချင် အမျိုးသား အားလုံးသည် သီးခြား ကချင် နိုင်ငံတော် ထူထောင်ရေး နိုင်ငံရေး လမ်းစဉ်ကို တည်ဆောက် သွားရမည် ဖြစ်ကြောင်း ဆိုပြီး ထိုင်းနိုင်ငံ ကချင် အမျိုးသားများမှ ကချင်ဘာသာဖြင်. ၂၀၁၆ မတ် (၃) ရက်နေ.မှာသဘောထား ထုတ်ပြန်ခဲ့ပါတယ်

ကချင် အမျိုးသား အစည်းအရုံး KNO-Thailand မှ ဦးဆောင်မှု နဲ.ဗုဒ္ဓဟူးနေ့ည ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ကချင်လူထုရဲ. လက်ရှိ မြန်မာ နိုင်ငံရေး သုံးသပ် ဆွေးနွေးပွဲမှ သဘောတူညီချက်များကို ထုတ်ပြန် လိုက်ခြင်း ဖြစ်တယ်လို.ဆိုပါတယ် ။ကချင်အမျိုးသား အနေဖြင့် လက်ရှိ မြန်မာအစိုးရမှ လုပ်ဆောင်နေသော နိုင်ငံရေးလမ်းစဉ်များမှာ ပါဝင် ပတ်သက်မှု မပြုလုပ်ရန် လည်းအဆိုပါထုတ်ပြန်ချက်မှာ သတိပေးထားပါတယ် ။

ဒါ့အပြင် သီးခြား လွတ်လပ်သော ကချင်နိုင်ငံတော် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲပြီး ယင်းကို ကချင်အမျိုးသားများ အားလုံး ရှင်းရှင်းလင်းလင်း သိရှိ နားလည်းစေရန် ဖြန့်ဝေပေးခြင်းနှင့် ကချင် နိုင်ငံရေး အဖွဲ့အစည်းများ အားလုံး လိုက်နာသွားရန်လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ။

သီးခြား လွတ်လပ်သော ကချင် နိုင်ငံတော် တည်ဆောက်ရေး ပန်းတိုင်အတွက် လက်ရှိ ကချင် လက်နက်ကိုင်အဖွဲ့များ အားလုံး၊ နိုင်ငံရေးအဖွဲ့များ အားလုံးနှင့် ကချင်မျိုးနွယ်စုများ အားလုံး စည်းလုံး ညီညွတ်ရေး တည်ဆောက်ရန် တိုက်တွန်းထားပါတယ် ။

အဲ့ဒီအစည်းအဝေးကို ၁၉၇၅ ခုနှစ် ထိုင်းနိုင်ငံတွင် လုပ်ကြံခံရသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထူထောင်သူ GOC Lahtaw Zau Seng ခေတ် စစ်မှု ထမ်းဟောင်းများ၊ ကချင်အသင်းတော် ခေါင်းဆောင်များနှင့် KNO ခေါင်းဆောင်များ ပါဝင် ဆွေးနွေးခဲ့ကြတယ်လို. သိရပါတယ်

၁၉၆၁ ခုနှစ်မှ ၁၉၇၅ နှစ်ထိ KIOဟာသီးခြား လွတ်လပ်သော ကချင် နိုင်ငံတော် ထူထောင်ရေး လမ်းစဉ်မှာ ရပ်တည်နေခဲ့ပါတယ် ။ အဲ့ဒီနောက် ယခုချိန်ထိ KIO အဖွဲ့၏ နိုင်ငံရေး လမ်းစဉ်မှာ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု အောက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ် ရရှိရေးမူ ဖြစ်ပြီးKIOအနေနဲ.မတ်လ ၃၀ ရက်နေ့ တက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ်နှင့် နိုင်ငံရေး ဆွေးနွေးရန် ပြင်ဆင်နေချိန် ယခု ထုတ်ပြန်ချက် ထွက်ပေါ် လာခြင်းဖြစ်တယ်လို.သိရပါတယ်



နောက်တစ်ခါ တင်ပြသုံးသပ်မှုကတော. သံတမန် ၊ဘာသာရေး ၊ လူမျိုးရေး စတာတွေနဲ. ပတ်သက်နေနိုင်ကြောင်း ခုလိုသုံးသပ်တင်ပြထားပုံလေးကို လေ.လာကြည်.နိုင်ပါတယ် ။ ပြီးတော.သူက ခုလိုထိပ်တိုက်ပဋိပက္ခတွေ ပေါ်မလာခင်တည်းက ကြိုတင်သုံးသပ်တင်ပြထားတာလေးပါ

လွန်ခဲ့တဲ့နှစ်က.အမေရီကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့အဖွဲ့ကချင်ပြည်နယ်တခွင်က ဘာသာရေးဆရာတွေနဲ့ခဏခဏသွားရောက်တွေ့ဆုံခဲ့တာမှတ်မိကြဦးမယ်ထင်ပါတယ်။ဒီနေ့
ကချင်ပြည်နယ်မှာပေါ်ပေါက်
လာတဲ့ပတ်ဂျီဆန်အဖွဲ့ဆိုတာဦးဆောင်သူတွေကဘာသာရေးဆရာတွေပါ။ဘိန်းခင်းဖျက်ဆီးရေး
အကြောင်းပြပြီးအုံကြွမှုကြီးတစ်ခုဖြစ်အောင်လုပ်နေတာပဲဖြစ်ပါတယ်။သူတို့ဖျက်မယ်ဆိုတဲ့ဘိန်း
ခင်းတွေကလဲKIA ရဲ့မဟာရန်သူတော် ဦးစခုန်တိမ်ယိမ်းတို့ နယ်မြေထဲက ဘိန်းခင်းတွေရယ်၊ဂျိမ်းဖော မဟုတ်တဲ့ အခြားသောလီဆူး၊ ရဝမ်၊ ရှမ်းနီ စတဲ့ တိုင်းရင်းသားတွေရဲ့ ဘိန်းခင်းတွေပဲဖြစ်ပါတယ်။အစိုးရကလည်းနှစ်ပေါင်းများစွာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေလုပ်နေပေမယ့် အချို့သောတိုင်းရင်းသားဒေသတွေမှာ မိရိုးဖလာစိုက်ပျိုးရေးအဖြစ်ဘိန်းတစ်မျိုးပဲ စားဝတ်နေရေးအတွက်စိုက်ပျိုးနေကြတာတွေရှိပါတယ်။သူတို့ကို ဘိန်းမစိုက်ပျိုးအောင်အမြစ်ပြတ် လုပ်လို့မဖြစ်တာတွေရှိပါတယ်။သူတို့ဘဝတွေပျက်ဆီးကုန်ပါမယ်။တဖြည်းဖြည်းချင်းနဲ့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး တွေနဲ့ဆောင်ရွက်နေပါတယ်။

ယနေ့ဖြစ်ပေါ်လာတဲ့ KIAတွေပါဝင်တဲ့ပတ်ဂျီဆန်အဖွဲ့ တွေဟာသူတို့ ဂျိမ်းဖော တွေ ရဲ့ ဘိန်းခင်းတွေကိုမဖျက်ဆီးပါဘူး။အထူးသဖြင့်KIAကိုအခွန်မပေးတဲ့တခြားတိုင်းရင်းသားတွေ
ကိုပဲဒုက္ခပေးနေတာဖြစ်ပါတယ်။
ဒီတော့ပြန်ကောက်ရရင်အမေရီကန်သံအမတ်ကြီး အခါတော်ပေးသွားတဲ့ နည်းလမ်းတွေအတိုင်းဘာသာရေးခေါင်းဆောင်တွေကဒီအရေးကိုဦးဆောင်လာပါတယ်။
ယနေ့ဖြစ်နေတာတွေကတော့သူတို့နယ်မြေထဲကို ဘိန်းခင်းလာဖျက်ရင်ဦးစခုန်တိမ်ယိမ်းတို့အဖွဲ့နဲ့လူမျိုးရေးပြဿ နာတွေ သေချာပေါက်ဖြစ်လာပါမယ်။ပစ်ကြခတ်ကြ ထိုးခုတ်သတ်ပုတ်ကြပါတော့မယ်။ဒါတွေ ဖြစ်လာမှာသိတဲ့အစိုရနဲ့တပ်မတော်ကတော့ ပြဿ နာမကြီးအောင် တားမြစ်ထားပါတယ်။အဲလိုတားမြစ်တာကိုပဲပတ်ဂျီဆန်အဖွဲ့နဲ့ထောက်ခံသူတွေကတပ်မတော်ကို အပုပ်ချအပြစ်ပြောလာကြပါပြီ။သိပ်မကြာခင်မှာ အနောက်အုပ်စုနဲ့အနောက်မီဒီယာတွေ၊ လူ့အခွင့်အရေးဆိုသူတွေက အော်လာကြပါလိမ့်မယ်။



နောက်ဆုံးတပ်မတော်ကမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုလက်မခံပဲတားဆီးနေပါတယ်.....ဒီထက်ဆိုးရင်...
တပ်မတော်က နောက်ကွယ်မှာမူးယစ်ဆေးဝါး တွေထုတ်လုပ်နေပါတယ်လို့တောင် ကမ္ဘာသိအောင်အပုပ်ချလာနိင်ပါတယ်။ဒါတွေကိုကြိုသိတဲ့ အစိုးရနဲ့တပ်မတော်ဟာအခုပြဿ နာကိုသတိကြီးစွာထားပြီး လိမ္မာပါးနပ်စွာ ထိန်းသိမ်းနေပါတယ်။မူလက ရာဂဏန်းသာရှိတဲ့ပတ်ဂျီဆန် အဖွဲ့ဟာဘာသာရေးဆရာတွေပါဝင်လာပြီးနောက်ပိုင်းမှာ ၃ ထောင်ကျော်အထိများပြားလာပါတယ်။မကြာခင် ကချင်ပြည်နယ်မှာအုံကြွမှုကြီးဖြစ်လာအောင် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

KIA အတွက်တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါ။သူတို့ရဲ့ရန်သူတော် ဦးစခုန်တိမ်ယိမ်းတို့အဖွဲ့လဲ အခက်တွေ့စေ။အစိုးရနဲ့တပ်မတော်ကိုလဲ သိက္ခာကျစေမှာဖြစ်ပါတယ်။ပတ်ဂျီဆန်အဖွဲ့သာ ဒီထက်ပိုပြီးစွန့်စားအကြမ်းဖက်လာခဲ့လို့ထိန်းမရဖြစ်လာရင်........တပ်ကပစ်တာခတ်တာမျိုးသာ လုပ်ခဲ့ရင်....ဘိန်းခင်းဖျက်တဲ့အဖွဲ့ကို တပ်မတော်ကပစ်ခတ်တယ်...လို့ သိက္ခာကျအောင်ကမ္ဘာသိအော်ကြပါလိမ့်မယ်။မကြာခင်မှာ ပတ်ဂျီဆန်အဖွဲ့ဟာ ပြဿ နာ ပိုကြီးအောင် လုပ်ပါလိမ့်မယ်။

အဲဒီအခါကျရင် ၈၈ တုန်းကလိုပဲအနောက်အုပ်စုနဲ့ မီဒီယာတွေကအစိုးရနဲ့တပ်မတော်ကိုသိက္ခာကျအောင်အော်ကြပါလိမ့်မယ်....မသိနားမလည်တဲ့ မိမိတိုင်းရင်းသားတွေကိုရှေ့ဆုံးကနေအသေခံခိုင်းကြဦးမှာပါ။ဘိန်းခင်းဖျက်ဆီးတာကိုအစိုးရနဲ့တပ်မတော်က လုပ်နေတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ဘယ်တုန်းကမှ ဘိန်းခင်းမဖျက်ဘူးတဲ့KIA ရဲ့ ပတ်ဂျီဆန် အဖွဲ့က အခုမှထပြီးဘိန်းခင်းဖျက်ဆီးရေး လို့ ခေါင်းစဉ်တတ်လာတယ်ဆိုတော့....စဉ်းစားကြည့်ကြပါတော့ဗျာ....



ဆက်စပ်ကြည်.ရှုရန်များ








ပက်ဂျဆန် အဖွဲ၏မင်းမဲ့စရိုက်ဆန်မှုကြောင့်
စတေးလိုက်ရသောမိုးဝေရွာ၏အဖြစ်အပျက်များနှင့်
ရွာသားများ၏ရင်ထဲမှစကားများ ဗွီဒီယိုဖိုင်