ရေတမာ၊ပန်းကျောင်းတို့ကိုဖန်တီးသူ ဆရာမင်းလူအား ကွယ်လွန်ပြီဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိေ စရ
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ”
အလိုဗျာ...
ဘာတွေဖြစ်ကုန်ကြပြီလဲ...။
အထက်ပါကဗျာကို ၁၉၈၉ ခုနှစ်တွင် ရေးသားခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦးအ
စာပေလက်ရာဖွဲ့နွဲ့ရေးသားမှုတ
ထို့ကြောင့် ဆရာမင်းလူသည် လူသေသော်လည်း အမည်မသေ။ လူထဲမှ လူတစ်ဦးဖြစ်သည့် ဆရာမင်းလူသည် စာပေ၀တ္ထုများ ရေးဖွဲ့ရာတွင် အခြေခံလူတန်းစားဘ၀များကို ပီပြင်စွာသရုပ်ဖော်နိုင်သကဲ
“ဆရာမင်းလူကို လူတွေ နှစ်သက်ကြတယ်ဆိုတာကလည်း ပြည်သူတွေရဲ့ ခံစားချက်ကို ထင်ဟပ်ပေးနိုင်တာကြောင့်လည်
“တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ...”
(မင်းလူ-တကယ်မသေပါနဲ့ ကဗျာမှ)
ဆရာမင်းလူသည် အချစ်ကဗျာလေးများကိုလည်း နှလုံးသားလှပစွာဖြင့် ဖွဲ့နွဲ့ရေးသားခဲ့သည်။ ဒဿနဆန်ဆန် ကဗျာလေးများကိုလည်း လေးနက်စွာ ရေးဖွဲ့ခဲ့သည်။
သူသည် တစ်ခေတ်တစ်ယောက်ထွန်းသည့် စာရေးဆရာများထဲတွင် အပါအ၀င်ဖြစ်သည်။ဆရာမင်းလူ ကွယ်လွန်ခြင်းအတွက် စာဖတ်ပရိသတ်ပေါင်းများစွာက ၀မ်းနည်းကြေကွဲခဲ့ကြသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင
“တန်ဖိုးရှိတဲ့ စာရေးဆရာဆိုတာ မြေကြီးအောက်ရောက်သွားရင်လည
အထက(၆) ဗိုလ်တထောင် (စိန်ပေါလ်)၊ သင်္ဃန်းကျွန်း အထ က(၁)ကျောင်းတို့တွင် အခြေခံပညာသင်ကြားခဲ့ပြီး ထိုစဉ်ကတည်းကပင် ဆရာမင်းလူသည် စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွ
၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားရင်း တက္ကသိုလ်ကျောင်းသားဘ၀၌ ကျင်လည်ခဲ့သည်။ ထိုအငွေ့အသက်တို့က ဆရာမင်းလူ၏၀တ္ထုများအတွက် နောက်ခံပန်းချီကားချပ်များ ဖြစ်ခဲ့သည်။ တက္ကသိုလ်နံရံကပ်စာစောင် နှင့် နှစ်ပတ်လည်မဂ္ဂဇင်းများတွင် ကဗျာများ ရေးသားလက်စွမ်းပြခဲ့ပြီး ဆရာ့၏အချစ်ကဗျာလေးများမှာ ရေပန်းစားခဲ့သည်။
ထိုစဉ်က ဆရာမင်းလူ၏ ကလောင်အမည်မှာ တောကျောင်းဘုန်းကြီးဖြစ်ပြီ
ဆရာသည် ဒဿနိကဘာသာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။အိမ်သူသက်ထားဖြစ
ရုပ်ရှင်နယ်ပယ်တွင်လည်း ဆရာမင်းလူသည် ဇာတ်ညွှန်းများရေးသားခြင်းကိ
ဆရာမင်းလူသည် တက္ကသိုလ်နောက်ခံ အချစ်နှင့်ဘ၀သရုပ်ဖော်ဝတ္ထုလ
ငှက်ကလေး၊ ခိုးခိုးခစ်ခစ်၊ အတွေ့လေးရယ်တဲ့ အိုအကြုံ၊ အော်ဆွေး၊ ပန်းကျောင်း၊ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိေ
ပန်းကျောင်းသည် ဆရာ့၏ ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည
ဆရာမင်းလူသည် ၀တ္ထုတိုပေါင်း ၉၀ ကျော် ရေးသားခဲ့သည်။ စာရေးဆရာမင်းလူသည် ၀တ္ထုရေးသားခြင်းဖြင့် နာမည်ကျော်သော်လည်း ကဗျာဆရာအဖြစ်ကို ပိုမိုမြတ်နိုးသည်ဟုဆိုခဲ့သ
စာပေလေလံပွဲ၊ စာပေကယ်ရီကေးချား စသည့် ၀တ္ထုတိုစုစည်းမှုများတွင် သူ၏မိတ်ဆွေ စာရေးဆရာပေါင်းမြောက်မြားစွ
ဆရာမင်းလူသည် အနုပညာမျိုးရိုးမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မိသားစုသည် အနုပညာရှင်များအဖြစ် အသက်ထက်ဆုံး ရပ်တည်ခဲ့ကြသူများ ဖြစ်သည်။ ဦးသာဓုမှသည် မောင်ဝဏ္ဏ၊ သုမောင်၊ ရူပ၊ မင်းလူမှသည် ဖိုးသောကြာ၊ သူမ၊ ယုယ စသည့် မျိုးဆက်သစ်များအထိ ရုပ်ရှင်၊ ဂီတနှင့် စာပေလောကသားများအဖြစ် ရှင်သန်ကြသူများဖြစ်သည်။
“ဆရာမင်းလူကို ဆုံးရှုံးတာ စာပေလောကအတွက် ဒေါက်တိုင်တစ်တိုင် ကျိုးသွားသလိုပါပဲ။ ဆရာ့စာတွေက လူငယ်တွေအတွက် အတိတ်ကို လှည့်ကြည့်လို့ ရစေသလို အနာဂတ်ကိုလည်း မျှော်ကြည့်လို့ရတဲ့စာတွေပါ
“ဘ၀မှာ တော်တော်များများကို ကျွန်တော် သိပ်မလေးစားတတ်ဘူးဗျ။ သူကတော့တကယ့်ကို ရှားရှားပါးပါး ကျွန်တော်လေးစားတဲ့ အထင်လည်းကြီးတဲ့ လူတစ်ယောက်ပါ။ ထုတ်ဝေသူတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် သူ့နေပုံထိုင်ပုံက အင်မတန်ရှင်းတယ်။ ဘယ်တော့မှ ထုတ်ဝေသူတွေမျက်နှာကို မကြည့်ဘူး။ စာဖတ်ပရိသတ်မျက်နှာပဲ သူကြည့်တယ်။ သူ့သမိုင်းတစ်လျှောက်မှာ ရိုက်စားလုပ်ခဲ့တယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး”ဟု ငါတို့စာပေမှ ထုတ်ဝေသူတစ်ဦးဖြစ်ပြီး စာရေးဆရာလည်းဖြစ်သော မြေမှုန်လွင်က ဆရာမင်းလူနှင့်ပတ်သက်၍ ပြောပြသည်။
၂၀၁၃ သြဂုတ်လသည် သတင်းစာဆရာ၊ စာရေးဆရာမောင်ဝံသကို တမလွန်သို့ ခေါ်ငင်သွားခဲ့ပြီး ၀ိတိုရိယဆေးရုံကြီးတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည့် ဆရာမောင်ဝံသ၏ ဈာပနမြေချမည့်ရက်မတိုင်မီည
သြဂုတ်လသည် လွန်ခဲ့သည့် ခြောက်နှစ်၊ သြဂုတ် ၅ ရက်ကလည်း နိုင်ငံကျော်စာရေးဆရာ၊ ကဗျာဆရာ တာရာမင်းဝေကို ခေါ်ဆောင်သွားခဲ့ဖူးသည်။ ယခုတော့ ဆရာမင်းလူသည် သူချစ်သောပရိသတ်ကို နှုတ်ဆက်သွားလေပြီ။ သြဂုတ် ၁၄ ရက် ည ၁၁ နာရီခွဲအချိန်တွင် ကိုယ်ထည်သေးသေး၊ နဖူးပြောင်ပြောင်နှင့် ပြည်သူချစ်သော စာပေသမားကြီးသည် ကမ္ဘာမြေပေါ်မှ ပျောက်ဆုံးသွားပြီဖြစ်သော်လ
ရေးသားသူ- ဥက္ကာကိုကို @ 7Day News Journal
မောင်ဝံသ နှင်. မင်းလူ Photo from Yu Ya |
မင်းလူအလွမ်းပြေ
အကုန်သိတဲ့မင်းလူမယုံမရှိနဲ့သူသေတော့မယ်ဆိုတာကိုတောင် တရက်ကြိုတင်သိနေသေး
ဆေးရုံပေါ်မှာရက်ရှည်နေရတဲ့လူနာတွေ ကြွက်သား၊ အရိုးအဆစ်တွေ သန်စွမ်းဖို့
ကိုယ်ခန္ဓာလေ့ကျင့်ခန်းလုပ်ပေးတဲ့နပ်စ်တွေရှိပါတယ်
သူတို့တွေအခန်းထဲဝင်လာရင်အလွန်ကိုသာယာနာပျော်ဖွယ်အသံလေးတွေနဲ့ ဦးမင်းလူ လေ့ကျင့်ခန်းလုပ်မလားဆိုပြီးမးလေ့ရှိပါတယ်။
၁၃ ရက် သြဂုတ်လ ၂၀၁၃ မကွယ်လွန်မီတရက်အလိုမှာထုံးစံအတိုင်း လေ့ကျင့်ခန်းလုပ်ဦးမလားဆိုတော့
အင်းအဲမလုပ်ပါဘူး။လ့ကျင့်ခန်းမလုပ်ဖြစ်ပဲ ပြန်သွားကြတယ်။
သူတို့တွေအပြင်ထွက်သွားပြီးမှမင်းလူက သူ့မလေးမေကိုပြောလိုက်ပါတယ်
"လူကဖြင့်သေတော့မယ် လေ့ကျင့်ခန်းလုပ်......" (တကယ်ကိုဒီလောက်ပဲပြောနိုင်တော့တာပါ)
ကိုင်းမင်းလူတို့သိပုံများ အံဘွယ်။
မှတ်ချက်။ ။ "လူ"ကဖြင့်ဆိုတာ မင်းလူ ကိုအဖျားဆွတ်နာမ်စားပြုလိုက်သလားဆိုတာကတော့
သူ့ရဲ့ မလေးမေသာ သိပါလိမ့်မယ်။
အဆင်မပြေတာတွေတွေ့ရင် သေခါနီးကာလတိုင်အောင်တုန့်ပြန်တတ်တဲ့သူ မင်းလူ
အကုန်သိတဲ့မင်းလူမယုံမရှိနဲ့သူသေတော့မယ်ဆိုတာကိုတောင် တရက်ကြိုတင်သိနေသေး
ဆေးရုံပေါ်မှာရက်ရှည်နေရတဲ့လူနာတွေ ကြွက်သား၊ အရိုးအဆစ်တွေ သန်စွမ်းဖို့
ကိုယ်ခန္ဓာလေ့ကျင့်ခန်းလုပ်ပေးတဲ့နပ်စ်တွေရှိပါတယ်
သူတို့တွေအခန်းထဲဝင်လာရင်အလွန်ကိုသာယာနာပျော်ဖွယ်အသံလေးတွေနဲ့ ဦးမင်းလူ လေ့ကျင့်ခန်းလုပ်မလားဆိုပြီးမးလေ့ရှိပါတယ်။
၁၃ ရက် သြဂုတ်လ ၂၀၁၃ မကွယ်လွန်မီတရက်အလိုမှာထုံးစံအတိုင်း လေ့ကျင့်ခန်းလုပ်ဦးမလားဆိုတော့
အင်းအဲမလုပ်ပါဘူး။လ့ကျင့်ခန်းမလုပ်ဖြစ်ပဲ ပြန်သွားကြတယ်။
သူတို့တွေအပြင်ထွက်သွားပြီးမှမင်းလူက သူ့မလေးမေကိုပြောလိုက်ပါတယ်
"လူကဖြင့်သေတော့မယ် လေ့ကျင့်ခန်းလုပ်......" (တကယ်ကိုဒီလောက်ပဲပြောနိုင်တော့တာပါ)
ကိုင်းမင်းလူတို့သိပုံများ အံဘွယ်။
မှတ်ချက်။ ။ "လူ"ကဖြင့်ဆိုတာ မင်းလူ ကိုအဖျားဆွတ်နာမ်စားပြုလိုက်သလားဆိုတာကတော့
သူ့ရဲ့ မလေးမေသာ သိပါလိမ့်မယ်။
အဆင်မပြေတာတွေတွေ့ရင် သေခါနီးကာလတိုင်အောင်တုန့်ပြန်တတ်တဲ့သူ မင်းလူ
By Nay Ye @ Facebook
မနေ့ညကဆရာဆုံးပါးသွားပြီဆိုတာသိကတည်းကစိတ်ထဲတော်တော်လေးမကောင်းဖြစ်နေခဲ့တာအခုထိပဲ။ဆရာဟာကျွန်မအလေးစားရဆုံးနဲ့အနှစ်သက်ဆုံးစာရေးဆရာတယောက်ပါ။ဆရာ့စာအုပ်တွေကိုစဖတ်ဖူးတာ၉တန်းလောက်က။ပထမဆုံးဖတ်ဖူးတာ"ပြောတိုင်းယုံတဲ့ပုတ်သင်ညို"တဲ့။ဆရာ့စာအုပ်တွေဟာဘယ်နှစ်ကြိမ်ပြန်ဖတ်ဖတ်မဆိုစလောက်လေးတောင်ရိုးသွားတယ်ဆိုတာမရှိခဲ့ပါဘူး။ဘယ်စာအုပ်ကိုအကြိုက်ဆုံးလဲတောင်ပြောမပြတတ်လောက်အောင်စာအုပ်တိုင်းလိုလိုကြိုက်ခဲ့တာပါ။တွေ့တိုင်းဝယ်ဖြစ်တဲ့အရာတွေထဲမှာဆရာ့စာအုပ်တွေကထိပ်ဆုံးပေါ့။တခါတလေဆိုင်တွေမှာမရှိတော့တဲ့စာအုပ်တွေကိုစာအုပ်အဟောင်းတန်းတွေမှာတွေ့ရင်ပျာပျာသလဲဝယ်ခဲ့ရတဲ့အထိ။အဲလောက်ထိလေးစားချစ်ခင်ခဲ့ရတဲ့ဆရာ့ကိုအပြင်မှာတွေ့ပြီးမိတ်ဆက်ခွင့်စကားပြောခွင့်ရတော့စိတ်ထဲမှာအရမ်းပျော်မိခဲ့တာ။တပြိုင်နက်အရမ်းလည်းစိတ်မကောင်းမိခဲ့တာပါ။တွေ့ဆုံတာကဆရာကကျွန်မအလုပ်လုပ်ခဲ့တဲ့ဆေးရုံမှာဆေးခန်းလာပြရင်းလေ။ဆရာတော်တော်နေမကောင်းပါလားလို့သိလိုက်ရတော့စိတ်ထဲတကယ်ဝမ်းနည်းမိခဲ့ပါတယ်။ဆရာ့ကိုကျွန်မကဆရာ့စာအုပ်တွေထဲကဇာတ်ကောင်တွေ
ကျွန်မအနှစ်သက်ရဆုံးဝတ္ထုထဲကစာသားတွေကိုတတွတ်တွတ်ရွတ်ပြနေတာကိုဆရာကပြုံးရယ်နေပြီးကျွန်မဝယ်လို့မရတဲ့
ကျွန်မဆီမှာမရှိသေးတဲ့စာအုပ်တွေပြောပါတဲ့။နောက်အပတ်သူဆေးခန်းလာရင်ယူခဲ့ပေးမယ်တဲ့။တကယ်ကိုနောက်အပတ်သူဆေးခန်းလာတော့ကျွန်မဆီစာအုပ်ကလေးတအုပ်လက်ဆောင်ပေးခဲ့ပါတယ်။စာအုပ်ကလေးနာမည်က"ဘာမှမတတ်နိုင်ဘူး"တဲ့။အမှတ်တရအနေနဲ့ဆရာကလက်မှတ်ထိုးပေးခဲ့သေးတယ်။ဒါပေမယ့်တော်တော်ခက်ခက်ခဲခဲထိုးပေးခဲ့ရတာပါ။ဆရာ့လက်တွေကထုံနေခဲ့ရှာတယ်။မျက်လုံးလည်းဝါးနေပြီတဲ့။ပိုအမှတ်တရဖြစ်တာပေါ့သမီးရယ်လို့ဆရာကပြုံးပြုံးလေးနဲ့ပြောခဲ့တာ။
ခုတော့.............
ဆရာကောင်းရာမွန်ရာဘုံဘဝမှာထာဝစဉ်အေးအေးချမ်းချမ်းလေးအနားယူပါဆရာ။ဆရာမရှိတော့ပေမယ့်ဆရာ့ပရိသတ်တွေရင်ထဲမှာဆရာ့စာပေတွေဆရာ့ဇာတ်ကောင်တွေကဘယ်တော့မှမှေးမှိန်ပျောက်ကွယ်သွားမှာမဟုတ်တာအသေအချာပါဆရာ..
ဆရာကောင်းရာမွန်ရာဘုံဘဝမှာထာဝစဉ်အေးအေးချမ်းချမ်းလေးအနားယူပါဆရာ။ဆရာမရှိတော့ပေမယ့်ဆရာ့ပရိသတ်တွေရင်ထဲမှာဆရာ့စာပေတွေဆရာ့ဇာတ်ကောင်တွေကဘယ်တော့မှမှေးမှိန်ပျောက်ကွယ်သွားမှာမဟုတ်တာအသေအချာပါဆရာ..
By ThePwint Phyu @ Facebook
“ဆရာမင်းလူအတွက်ပန်းချီမင်းကျော်ခိုင်ရဲ့ အလွမ်း”
သြော်....ခင်စရာကောင်းတဲ့ ကိုဥာဏ်ပေါ် (ကိုမင်းလူ)လည်းဆုံးသွားရှာပြီ.
တိုက်ပုံရယ်၊ ဆေးပေါ့လိပ်ရယ်၊ လွယ်အိပ်ရယ် အမြဲတတွဲတွဲရှိတဲ့သူ၊
ကျနော်တက္ကသိုလ်ပန်းချီခန်းမအဝင်
ကျနော်တို့ကျောင်းသားလူငယ်ဘာဝ ကျောင်းဝင်းထဲမှာရော၊ မိန်းခလေးအဆောင်တွေကကျောင်းသူတေ
ကျနော်တို့က အဲဒီဓလေ့ကိုတော်လှန်ပစ်လိုက်တယ်
ကျနော်တို့ ညီငယ်တွေအပေါ် အမြဲ အလိုလိုက်တဲ့အပြင် သူတို့ကျောင်းသားဘဝက ဇာတ်လမ်းတွေလည်းပြန်ပြန်ပြောပြတ
ကောင်းမွန်ရာဘုံဘဝမှာ စာတွေကဗျာတွေဆက်ရေးနိုင်ပါစေကို
လွမ်းတမ်းတလျက်..
(မင်းကျော်ခိုင်)Min Kyaw Khine
မင်းလူ
ကင်ဆာဆဲလ်တွေ ဦးနှောက်ဆီကိုပြန့်နေပြီဆိုလို့
၁၀ ရက်တိုင်တိုင်ပင်လုံဆေးရုံကြီးမှာဓါတ်ကင်ရတယ်။
၁၀ ရက်မြောက်နောက်ဆုံးနေ့မှာ
သူ့စာဖတ်ပရိတ်သတ်တွေထဲမှာပါတဲ့
ဓါတ်ရောင်ခြည်ကျွှမ်းကျင်သူဆရာမလေးက
ဆရာနဲ့တွဲပြီးဓါတ်ပုံရိုက်ပါရစေဆိုတော့
ဓါတ်ပုံအတူအရိုက်ခံပြီး
"တကယ်လို့မနက်ဖန်မှာသေသွားခဲ့ရင်ဒီဓါတ်ပုံလေးကနောက်ဆုံးပုံဖြစ်မှာ၊ သေချာသိမ်းထားတဲ့"
အနေရဲသလို အသေလည်းရဲတဲ့သူငယ်ချင်းမင်းလူ
ဒီနေ့ ၁၄.၈.၂၀၁၃ ည ၁၁း၃၀ မှာ ကွယ်လွန်သွားခဲ့ပါပြီ။
ဟိုးအရင်ကတည်းကသေခြင်းကိုမကြောက်မရွံ့နောက်မတွန့်တတ်တဲ့ စိတ်အခံနဲ့ရေးခဲ့ဘူးတဲ့
သူ့ရဲ့ကဗျာလေးပါ
ညနေကပဲတွေ့ကြ ရှာကြံပြီးစကားတွေနှိုက်ပြောပြောခဲ့သေးတယ်
သန်းကောင်မတိုင်မှီထွက်ခွါသွားခဲ့ပြီ
သူငယ်ချင်းကောင်းရာသုဂတိရောက်မယ်လို့ယုံကြည်တယ်။
ပြောရရင်တော့စောသေးတယ်ကွာ။
အမိန့် စာပြန်ခြင်း
ကွယ်လွန်သူ မောင်မင်းလူ နာခံလော့
ကျွန်ုပ်၏ အပြုံး
ကျွန်ုပ်၏ အမဲ့ 
ကျွန်ုပ်၏ အကြည့်
ကျွန်ုပ်၏ မျက်စောင်း
ကျွန်ုပ်၏ ဖိတ်ခေါ်မှု
ကျွန်ုပ်၏ လမ်းခွဲမှု
ကျွန်ုပ်၏ ယုယမှု
ကျွန်ုပ်၏ ရက်စက်မှု
စသည် ... စသည်တို့ ကြောင့်
သင်သည်
စိတ္တဇဝေဒနာကို
အလူးအလဲခံစားပြီးနောက်
သင်၏နှလုံးသားသည်
အတွင်းကြေကြေလျက်
နာတာရှည်လူငယ်ရောဂါဖြင့်
ကွယ်လွန်သွားခဲ့ပါသည်။
ထို့ ကြောင့် ..ယနေ့ မှစ -
သင့်အား ...ဘေးမဲ့ပေးလိုက်သည်။
သင်သွားလိုရာသို့ သွားနိုင်ပြီ။
သင်ကောင်းရာသုဂတိလားပါစေသော်ဝ်။
ပုံ - မမနွေမိုးဆောင်း
ကင်ဆာဆဲလ်တွေ ဦးနှောက်ဆီကိုပြန့်နေပြီဆိုလို့
၁၀ ရက်တိုင်တိုင်ပင်လုံဆေးရုံကြီးမှာဓါတ်ကင်ရတယ်။
၁၀ ရက်မြောက်နောက်ဆုံးနေ့မှာ
သူ့စာဖတ်ပရိတ်သတ်တွေထဲမှာပါတဲ့
ဓါတ်ရောင်ခြည်ကျွှမ်းကျင်သူဆရာမလေးက
ဆရာနဲ့တွဲပြီးဓါတ်ပုံရိုက်ပါရစေဆိုတော့
ဓါတ်ပုံအတူအရိုက်ခံပြီး
"တကယ်လို့မနက်ဖန်မှာသေသွားခဲ့ရင်ဒီဓါတ်ပုံလေးကနောက်ဆုံးပုံဖြစ်မှာ၊ သေချာသိမ်းထားတဲ့"
အနေရဲသလို အသေလည်းရဲတဲ့သူငယ်ချင်းမင်းလူ
ဒီနေ့ ၁၄.၈.၂၀၁၃ ည ၁၁း၃၀ မှာ ကွယ်လွန်သွားခဲ့ပါပြီ။
ဟိုးအရင်ကတည်းကသေခြင်းကိုမကြောက်မရွံ့နောက်မတွန့်တတ်တဲ့ စိတ်အခံနဲ့ရေးခဲ့ဘူးတဲ့
သူ့ရဲ့ကဗျာလေးပါ
ညနေကပဲတွေ့ကြ ရှာကြံပြီးစကားတွေနှိုက်ပြောပြောခဲ့သေးတယ်
သန်းကောင်မတိုင်မှီထွက်ခွါသွားခဲ့ပြီ
သူငယ်ချင်းကောင်းရာသုဂတိရောက်မယ်လို့ယုံကြည်တယ်။
ပြောရရင်တော့စောသေးတယ်ကွာ။
အမိန့် စာပြန်ခြင်း
ကွယ်လွန်သူ မောင်မင်းလူ နာခံလော့
ကျွန်ုပ်၏ အပြုံး
ကျွန်ုပ်၏ အမဲ့ 
ကျွန်ုပ်၏ အကြည့်
ကျွန်ုပ်၏ မျက်စောင်း
ကျွန်ုပ်၏ ဖိတ်ခေါ်မှု
ကျွန်ုပ်၏ လမ်းခွဲမှု
ကျွန်ုပ်၏ ယုယမှု
ကျွန်ုပ်၏ ရက်စက်မှု
စသည် ... စသည်တို့ ကြောင့်
သင်သည်
စိတ္တဇဝေဒနာကို
အလူးအလဲခံစားပြီးနောက်
သင်၏နှလုံးသားသည်
အတွင်းကြေကြေလျက်
နာတာရှည်လူငယ်ရောဂါဖြင့်
ကွယ်လွန်သွားခဲ့ပါသည်။
ထို့ ကြောင့် ..ယနေ့ မှစ -
သင့်အား ...ဘေးမဲ့ပေးလိုက်သည်။
သင်သွားလိုရာသို့ သွားနိုင်ပြီ။
သင်ကောင်းရာသုဂတိလားပါစေသော်ဝ်။
ပုံ - မမနွေမိုးဆောင်း
No comments:
Post a Comment