Sunday, August 18, 2013

တမ်းတမိသည် ကလေးဘ၀ နေ.ရက်များဆီ (သို.) Reverse to Childhood Amusement Zone of Myoma Street





   
ညဘက် ကျွန်မ အလုပ်က ပြန် လာပြီး နားနားနေနေ နေမယ် ကြံတိုင်း နေ့တိုင်းလိုလို ပါပဲ လမ်းထဲ က ကလေး တွေ ဘောလုံးကန်ကြ ပြေးကြ အော်ကြ ကစားကြတာ တခါတလေ မှာ ဆူညံနေတာပဲလို့ တွေးမိသလို စိတ်လဲတိုမိပါသည်။ ဒါပေမဲ့တခါတခါ ကျတော့လဲ ကျွန်မ ငယ် ဘဝတွေ ကိုခုလိုတွေးမိတဲ့အခါ သူတို့ထက် ကျွန်မတို့ငယ်စဉ်က အဆပေါင်းများစွာ ဆိုးပါလားလို့စဉ်းစားလိုက်တော့ လည်း တကယ်ပဲပြုံးမိပါသည်။

ငယ်ငယ်က အတန်းကျောင်းသားဘ၀မှာ နွေရာသီကျောင်းပိတ်ရက်များကို ကျွန်မတို့ မျှော်လင့်ခဲ့ဖူးကြပါသည်။ ကျောင်းပိတ်သည့် သုံးလ မှာ အရမ်းမြန်ပါသည် ။ စာကျက်စရာမလို။ နေ့တိုင်း သူငယ်ချင်းတွေနဲ့ ရေကုန် ရေခန်းကစားကြသည်။ အိမ်အလုပ်တွေ ကူလုပ်ရသည်မှာ သိပ်ပျော်စရာမကောင်းသော်လည်း. . သွားကစားချင်လျှင် အမေခိုင်းတာ ပြီးအောင်လုပ်ရမည် ဆိုသည် ကတော့ ကျွန်မတို့ ရွယ်တူကလေးများ အားလုံ အတွေးထဲ   အလိုအလျောက် အသိပင်. . .တစ်ယောက်က အလုပ်ပြီးရင်လဲ အတူတူ ကစားဖို့ရာ အလုပ်မပြီးသေးတဲ့ သူငယ်ချင်းကို စောင့်ရသည်။ ။ ခုခေတ် ကလေးတွေလို ဖုန်းကိုယ်စီနဲ့ "နင်အလုပ်ပြီးပြီလား။ ။ဘယ်အချိန်ထွက်လာမှာလဲ။ ။ ငါတော့ပြီးပြီ။ နောက် ၅မိနစ်ကြာရင် ကစားမယ်။ထွက်ခဲ့တော့ ဟေ့" လို့ ဆက်ပြောဖို့ နေနေသာသာ အဲဒီအချိန်တွေတုန်းက လက်ကိုင်ဖုန်းမပြောနဲ့ ကြိုးဖုန်းဆိုတာတောင် ရှိတဲ့အိမ်က ထူးဆန်းအံ့ဖွယ် အရာတစ်ခု ရှိနေတဲ့ အိမ်လို တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်တော့ အိမ်ရှေ့ ကဖြတ်လျှောက်တဲ့လူတိုင်းလှည့်ကြည့်တာ ခံရတဲ့ ရေဒီယို လိုင်းကင်းရှင်းဇုန်မှာကျွန်မတို့ငယ်ဘ၀တွေကို ကြီးပြင်းခွင့်ရခဲ့ကြပါတယ်။

ဟိုခောတ်က မီးအိမ် တစ်လုံး
 ဒီနေ့ခေတ် Green activity, Earth hour တွေ လုပ်ကြတယ်ဆိုတာ ကျွန်မတို့ ငယ်ငယ် ကဖြတ်သန်းခဲ့ရတဲ့ Green days တွေလောက်ဘယ်အရာရောက်လိမ့်မလဲ။ တစ်နေ့ ကို သုံးနာရီထက်ပိုပြီး လျှပ်စစ်မီးမလာပါဘူး။ လမ်းထဲက လမ်းမီးတိုင်တွေဆိုတာ မှိန်မှိန်လေးတွေပါပဲ။ ညဘက်ဆို မှန်အိမ်မီးတွေအိမ်တိုင်းထွန်းကြရပါတယ်။ ဖယောင်းတိုင်ဆိုတာ  ကျွန်မတို.လိုနယ်မြို့တွေရဲ့ အလင်းရောင်ပါပဲ။ ။ မှန်မီးအိမ် ဆိုတာ ဒီနေ့ခေတ် ကလေးတွေ သိပ်မြင်ဖူးကြတော့မယ်မထင်ဘူး။ ရေနံဆီ ထည့်တဲ့ ဖန်အိုးအခံမှာ မီးဇာပါတဲ့ အရစ်ဖုံးနဲ့ အစ နဲနဲပဲထုတ်ထားပြီး ကျန်တဲ့ မီးစာ အရှည်ကို ရေနံဆီထဲမှာ နှစ်ထားရတယ်။ ပြီးတော့ အပေါ်ကနေ ထိပ်ပွင့် မှန်အိမ်ပြောင်း ကို တပ်လိုက်ရတယ်။ အပေါ်မှာ သံပြားအဖုံးဝိုင်းလေးနဲ့ အလင်းရောင်ကို လိုတဲ့နေရာကျအောင် အုပ်ထားတယ်။ မှန်အိမ်ပြောင်း ကို နေ့တိုင်းပြောင်နေအောင်သာသုတ်ပေး။ တော်ရုံကျယ်တဲ့အိမ်လောက်ကတော့ လင်းထိန်နေတာပဲ။ ။ ကျောင်းပိတ်ရက်တွေမှာ ဆို စာကျက်ရတဲ့ အလုပ်မရှိတော့ ကလေးတွေ အိမ်ထဲသိပ်မနေကြဘူး။ ညဘက်ဆို လမ်းပေါ်ထွက်ဆော့ကြတယ်။ ။ မှိန်ကုပ်ကုပ်မီးရောင်အောက်မှာဆော.ကြသလို  မီးပျက်တဲ့ ညတွေဆို ထိန်လင်းနေတဲ့ လရောင်အောက်မှာ ကစားနည်းမျိုးစုံကို မနားတမ်းဆော့ကြပါတယ်။ ။

လျှပ်စစ်မီးလာလျှင် "ဟေး... မီးလာပြီ" ဟု ကလေး တွေ သံပြိုင်အော်ကြ . မီးပျက်လျှင်တော့ "ဟား. . ဟင်." ဟု  အော်ရုံလောက်က လွဲပြီး လျှပ်စစ်မီးလာ ခြင်းမလာခြင်းက ကျွန်မတို့အတွက် ကိုရီးယားဇာတ်လမ်းတွဲ ကြည့်ရသလောက်ပင် စိတ်လှုပ်ရှားစရာမကောင်းပါ။ ။ အဘယ့်ကြောင့်ဆိုသော် လျှပ်စစ်မီးမှရသော အကျိုးကျေးဇူးမှာသိပ်မရှိလှသောကြောင့်ပင်။ မြင်သာအောင်ပြောရသော် မီးလာသည်ကို အားကိုးပြီး ထမင်းချက်ကြည့်ပါ။ မိနစ် ၂၀ အကြာမှာပြန်ပျက်သော မီး ကြောင့် ဆန်ပြုတ်သောက်ရမည်။ မီးပူတိုက်ကြည့်ပါ။ မရှက်တတ်ရင် ခပ်ကြေ ကြေ အကျီိလေးတွေတော့ ၀တ်ရမည်မှာ သေချာသည်။ ကလေးတွေအတွက်အဆိုးဆုံးနှင့် ဒေါသတနုံ့နုံ့ဖြစ်စရာအကောင်းဆုံးကတော့ ရုပ်ရှင် တကားကို တစ်နေ့ မိနစ် ၂၀-၂၅ ဖြင့် နှစ်ရက်လောက် ကြည့်ယူရသော ပြသနာပင်ဖြစ်သည်။ အဲ့ဒီတုန်းက ဗွီဒီယို တိတ်ခွေကြီးတွေ ကြည့်ရခြင်းဖြစ်ပြီး မီးလာလိုက် ပျက်လိုက်နဲ့ ရုပ်ရှင်တကား ကို Intermission ပေါင်းမြောက်များစွာဖြင့် နားနားပြီး ကြည့်ရခြင်းဖြစ်သည်။ စိတ်တွေ တို ကြ ၊ ညဉ်းညူကြပေါ့။ ဒါပေမဲ့ တခုတော့အကောင်းသား။ မီးပျက်သွားတဲ့ အချိန်အတွင်းမှာ ကြည့်ပြီးတဲ့အထိ ဇာတ်လမ်းကို ပြန်ပြီး ဆွေးနွေးကြ။ ငြင်းကြနဲ့ ရုပ်ရှင်ကြည့်ခြင်းဆိုင်ရာ အနုပညာ၊ အတွေးအခေါ် ၊ အယူအဆ တွေ တော့တိုးတက်လာသလိုပင်…….

မြို.မလမ်း (အောင်ဇေယျလမ်း ဘက်ထိပ်)
 
ဒီလိုဆိုတော့ မီးမလာတဲ့ရက်တွေမှာဘာလုပ်ကြသလဲ.ရှင်းပါသည် လမ်းမထွက်ဆော့ရုံ မှလွဲ ၍ တခြားလုပ်စရာမရှိ။
နွေ ရက်တွေမှာ မိုးချုပ်တာကလဲ နောက်ကျလိုက်တာဟု စိတ်အလိုမကျဖြစ်တာ လမ်းထွက်ဆော့ရမဲ့ ကလေး တိုင်းရဲ့အတွေးပါ။ အကြောင်းကတော. လမ်းသွားလမ်းလာ စက်ဘီး ဆိုက်ကား တွေကို ရှောင်နေရတဲ့အတွက့် မိုးမချုပ်သေးသရွေ့ ထုတ်စည်းတိုးတမ်း
. ရန်ကုန်ကင်း. အရူးမကြီးမစာဥ စသည့် အင်မတန်မှပျော်စရာကောင်းသော ကစားနည်းများကို ကောင်းကောင်းဆော့၍မရ။
မိုးချုပ်ပြီဆိုရင်တော့ တိုင်ပင်ထားစရာမလိုလောက်အောင် အချိန်လေးစားကြ သော ကျွန်မတို့ရွယ်တူ သူငယ်ချင်းတစုတို့မှာ ကျွန်မတို့ အိမ်ရှေ့ မှာ လာရောက်စုစည်းကြသည်။ အိမ်ထဲကနေ ခေါက်တုံ့ခေါက်ပြန်ဖြတ်လျှောက်နေရင်း သူငယ်ချင်းတွေကိုတွေ့ပြီဆိုသည်နှင့် လမ်းပေါ်ကို ဘယ်လိုနည်းနဲ့ထွက်ရမယ်ဆိုသည်ကလွဲပြီး ကျန်တာအားလုံး ခေါင်းထဲ မထည်.တော. ။ ။ 



ကျွန်မတို့ ' မြို့မ' လမ်းသည် ပြောရလျှင် ရွယ်တူကလေးအရေအတွက် အတော်များသည် ဆိုရမည်။ ထုတ်စည်းတိုးပြီဆိုရင် တစ်သင်းကို အနည်းဆုံး ခုနှစ်ယောက်လောက် ရှိသည်။
စ ကစားပြီဆိုတာနဲ့ အော် ကြ ဟစ်ကြ ငြင်းကြ နဲ့ အနီးနားအိမ်များအတွက် အထူးသဖြင့် ကလေး မရှိတဲ့ အိမ်တွေ အတွက်ကတော့ တကယ်ကို နေလို့မရအောင်ကို နားပူရပါသည်။ နောက်ဆုံးတော့ အိမ်ထဲမနေနိုင် တဲ့ သူက အိမ်ရှေ့ ထွက်ပြီး ကစားပွဲ ကို ထွက်အားပေးရုံ ကလွဲ ၍ တခြားရွေးချယ်စရာမရှိတော့။ နောက်တော့ ဖြစ်ပုံ က ထွက်ကြည့်တဲ့ အမေတွေ အိမ်နီးနားချင်းတွေက ကလေးတွေထက်ပိုအသံကျယ် လာကြပါတော.သည်။ ကြည့်ရင်းနဲ့အားမရတော့ ' ဟဲ့ ဟိုဘက်ကပြေးလေ။ လွတ်နေတဲ့ဟာကို ။ ဟိုကောင်လေး ။ ဟဲ့ ထမင်းရည်ပူလောင်မယ်။ အော် ဟဲ့ ဟဲ့ အနောက်မှာပြန်လာနေပြီ။ ' စသည်ဖြင့် အားပေးသံတွေ ဆူညံပါပြီ။ 

 

အဲ ဒီမှာ စတာပါပဲ ။ နေမကောင်းတဲ့သက်ကြီးရွယ်အို ရှိတဲ့အိမ်က
ထွက်လာပြီး ကစားပွဲရပ်ပေးဖို့ပြောပါပြီ။ ကလေးတွေကတော်တော် လူကြီးတွေက ပိုဆိုးတယ် ဘာတယ်တွေပါလာပါပြီ။ ပွဲ ရပ်လိုက်ဖို့ဆိုတာတော့ မဖြစ်နိုင် တော. ။ အဲ့ဒီခေတ်က ဆယ်အိမ်ခေါင်းခောတ်။ အဲ့ ဦးလေြး
ကီးကိုယ်တိုင်လာားပေးနေတာလေ။ နဂိုကထက်အသံနည်းနည်းတိုးသွားတာကလွဲ ရင် ပွဲကတော့ရပ်မသွား။ ချွေးတလုံးလုံးနဲ့ မိုးလဲအရမ်းချုပ်လာ တော့ ပြိုင်ပွဲ ဝင်တွေကို အမေတွေ က ကိုယ်စီပြန်ခေါ်သွား တဲ့အခါမှာတော. လူတယောက်မှမရှိတော့တဲ့ လမ်းမီးမှိန်မှိန်အောက်က လမ်းကလေးကတော. တိတ်ဆိတ်စွာ …………


  ဤသို့သော ကလေးတို့ ၏ ငယ်ဘဝသည် ဘတ်စ်ကား ကိုယ်ပိုင်ကား လူကူးမျဉ်းကျား မီးပွိုင့်မရှိသော နယ်မြို့လေးများတွင် ပို၍ပျော်စရာကောင်းကြသည်။ ကလေးများအနေဖြင်. ဆင်းရဲ ချမ်းသာ စည်းစိမ မခွဲခြားပဲ သူငယ်ချင်းစိတ်ဓာတ် အသင်းအဖွဲ့စိတ်ဓာတ် ကို အမှန်တကယ် လေ့ကျင့်ပျိုးထောင် ခွင့်ရခဲ့ကြသည်။ ပွင့်လင်းသည် ။ ရိုးသားသည် ။ ကူညီတတ်သည်။ ငါ့သူငယ်ချင်းဆိုသည့်စိတ်ဓာတ်ကလွဲ၍ နင် ကတော.ချမ်းသာတယ် ……သူ ကတော့ ကျောင်းကိုဘာနဲ့လာတယ် သူ့အဖေ ကတော့ ဘာသူဌေး သူ့အမေ ကတော့ ဘာ ကြီးစသည်တို.သည်  နှိုင်းယှဉ်ပြောစရာ စရာမလိုသောအကြောင်းအရာ များအဖြစ် သာထားတတ်ကြသောမိဘ တော်တော်များများ၏ အဆုံးအမသည်  လောဘကင်းနေကြဆဲအတ္တအရောင်အဆင်း အတော်ပင်ဖြူစင်ကြဆဲပင်... .. ကျွန်မ၏ မိဘများကတော.  စာကလွဲ၍ ကျန်သည်.ကိစ္စများကို ကလေးငယ်များအဖို. ပြိုင်စရာမဟုတ်ဟု စံသတ်မှတ်ဆုံးမချက်များသည် ယနေ့ခေတ်နှင့်ယှဉ်လျှင်တော. အတော်လေးထူးဆန်းအံ.သြဖွယ်ဖြစ်နေနိုင်ပါသည်။ 

မြို.မလမ်း (ဆေးရုံလမ်းဘက်ခြမ်းထိပ်)
ယနေ့ခေတ်ကလေးများ မှာ ကံကောင်းသည်။ လိုတရသည် ။ မိဘရှာသမျှ သူတို့အတွက်ချည်းသာ။ တိုးတက်လာသည့်နည်းပညာ ကလဲ ထပ်ပေါင်းစရာအကြောင်းတချက်ပေကိုး။
မည်သို့ဆိုစေ လူဆိုသည် ကတော့မပြောင်းလဲ။ အခြေခံ သဘောတရားတွေမှာလဲ အတူတူပါပဲ။
ထိုသို့ဆိုလျှင် ပိုတော်သော ပိုအခွင့်အရေးရသောသူများအနေဖြင့် ပို စွမ်းဆောင်နိုင်ရပေမည်။ ကျွန်မ တို့ ခုံမင် စွာ်ကစားခဲ့သော လရောင်အောက်ကထုတ်စည်းတိုးကစားနည်းသည် ချွေးဒီးဒီးကျ ပင်ပန်းသည်မှာအမှန်ပင်။ သို.သော်ပြေးလွှားဆော.ကစားရသဖြင် .သွက်လက်ဖျတ်လတ်ပြီးကျန်းမာရေး ဘက်ကကြည်.မလား
အစုအဖွဲ.ဖြင်. ရည်မှန်းချက်ရောက်အောင်ကြိုးစားကစားရသဖြင်. စိတ်ဓါတ်ပိုင်းဆိုင်ရာ တိုးတက်မှုဘက်ကကြည်.မလား.သို.သော်ယနေ့ခေတ်ကလေးတွေအမြင်မှာတော.ပင်ပန်းလိုက်တာလို.များပြောလေမလားသူတို.အဖို.ကတော့ လျှပ်စစ်မီးအောက်မှာ နောက်ဆုံးပေါ် နည်းပညာတွေကိုသုံးထားသောစကားပြောကိရိယာအမျိုးမျိုးနှင်.………..ချွေးထွက်စရာမလို မပင်မပန်းငြိမ် ငြိမ်လေးထိုင်ဆော့ လို့ရသော game တွေ ကို ကစားနိုင်ပြီ။  ဥာဏ်ရည်ဘက်ကကြည်.လျှင်တော.ကောင်းပါသည်။ယခုခောတ်၏သဘောကိုက သူတို.အဖို. ရွေးချယ်စရာအခွင့်အရေးတွေက ပေါမှပေါ ။ မှန်ကန်စွာရွေးချယ်ဖို့အသိသာလိုသည်။

ကျွန်မတို.တုန်းကတော.နွေရာသီကျောင်းပိတ်ရက်များစွာကို  ခုလိုပျော်ရွှင်ကျေနပ်ဖွယ်ဖြတ်သန်းခဲ့ကြရသဖြင်. ကျောင်းဖွင့်ရက်များကို ပြန်လည်ရောက်ရှိလာတော့လဲ ဘဝ အတွက်စာသင်ရက်တွေကလွတ်လပ်ပေါ.ပါးကျန်းမာစွာ ဖြတ်သန်းနိုင်ခဲ့ကြရသည်။ 

Unicef
 ကျွန်မ အတွေး စပြတ်တော့ ကောင်းကင်ပြင်ဆီ ပြတင်းမှတစ်ဆင်. လှမ်းကြည့်လိုက်မိသည်။ ။ ။မိုးစက် မိုးပေါက်တို.က တစ်ဖွဲဖွဲမှသည် တစ်သဲသဲ ဆီသို.  ………..
အော်…………ကျောင်းဖွင်.ရာသီ မိုးဦးရက်များပါလား………


Written by Su Wai Phyo

 

No comments:

Post a Comment