Photo by YUFC |
Photo by YUFC |
ဒိုင်လူကြီးကို ရန်ပြုရန်ကြိုးပမ်းနေသော ပရိသတ်တစ်ဦးကို နေပြည်တော် ကစားသမား ချစ်စမ်းမောင် ဖျောင်းဖျနေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်) |
ယင်းပယ်နယ်တီကို ရန်ကုန်တိုက်စစ်မှူး ဆီဇာက ကန်သွင်းယူခဲ့သောကြောင့် ရန်ကုန်အသင်းက (၁-၀)ဂိုးဖြင့် ဦးဆောင်နေချိန် ပွဲချိန် ၃၇ မိနစ်တွင် နှစ်ဖက်ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအကြား အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပွဲကြည့်စင်ပေါ်မှ နေပြည်တော် ပရိသတ်များက ကွင်းအတွင်း ၀င်ရောက်လာကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည် ။
Photo by YUFC |
ရန်ကုန်အသင်း အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်များနှင့် နေပြည်တော် ကစားသမားများ အချင်းများနေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်) |
"ဆီးဂိမ်းစ်ပြိုင်ပွဲလို နိုင်ငံတကာ အဆင့်ပွဲတွေလုပ်မယ့် ဒီလိုနေရာမျိုးမှာ ဒါမျိုးမဖြစ်သင့်ပါဘူး။ လုံခြုံရေး အခြေအနေကလည်း အရမ်းအားနည်းတယ်။ တခြားပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူခဲ့ကြပေမယ့် ဒီပွဲမှာတော့ ကွင်းလုံခြုံရေးတွေပဲ ရှိတယ်။ ပရိသတ်တွေရဲ့ အလွန်အကျူး အားပေးတဲ့ ပုံစံတွေကလည်း ဆီးဂိမ်းစ်လို နိုင်ငံတကာ ပြိုင်ပွဲတွေ လက်ခံကျင်းပရမယ့် မြန်မာနိုင်ငံအတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်" ဟု ယင်းပွဲကို သွားရောက်သတင်းရယူခဲ့သူ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။
ကွင်းအတွင်းဝင်ရောက်လာသော ပရိသတ်ကို နေပြည်တော်နှင့် ရန်ကုန်အသင်း တာဝန်ရှိသူများ ထိန်းသိမ်းရန်ကြိုးပမ်းနေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်) |
နေပြည်တော် ကစားသမား ကျောနံပါတ် ၁၂ ခိုင်ထူးမှ ရန်ကုန်ကစားသမား ၇န်အောင်ကျော် ကို ခြေ ဖြင်. မျက်နှာကို ပြေးကန်ရာမှ ပဋိပက္ခ များ စတင်ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။
နေပြည်တော် ကစားသမားခိုင်ထူး၏ Freekick (Photo by ထွဋ် ထိပ်) |
Photos by YUFC |
ပရိသတ်များကြောင့် ကွင်းအတွင်းရှိ ထိုင်ခုံများ ပျက်စီးနေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်) |
ယင်းပွဲစဉ်ကို ရန်ကုန်မြို့မှ လိုက်ပါကြည့်ရှုခဲ့သူ ပရိသတ် တစ်ဦးကလည်း "အခုနောက်ပိုင်း နယ်မြို့တွေမှာလုပ်တဲ့ ပွဲတွေကို လိုက်အားပေးရတာ မလုံခြုံဘူး ဖြစ်နေတယ်။ ပွဲတိုင်းလိုလို ပြဿနာ ဖြစ်တယ်ဆိုတဲ့ အသံတွေ ကြားနေရလို့ တာဝန်ရှိသူတွေ အနေနဲ့ လုံခြုံရေးကို ဒီထက်ပိုပြီး တာဝန်ယူပေးသင့်တယ်။ အိမ်ကွင်း၊ အဝေးကွင်း ဖြစ်လာတဲ့အချိန်မှာ လုံခြုံရေး အားနည်းမှုက အဝေးကွင်းပွဲတွေကို လိုက်အားပေးမယ့် ပရိသတ်တွေအတွက် အတားအဆီး ဖြစ်စေပါတယ်" ဟု ပြောကြားခဲ့သည်။
Source by YUFC Page & Eleven Media Group
No comments:
Post a Comment