Showing posts with label ထူးခြားဆန်းပြား အပင်နှင်.သတ္တ၀ါများ. Show all posts
Showing posts with label ထူးခြားဆန်းပြား အပင်နှင်.သတ္တ၀ါများ. Show all posts

Friday, November 29, 2013

လျှာကို စားတဲ့ ငါး - လျှာယောင်ဆောင်တဲ့ငါး


 ကယ်လီဖိုးနီးယား ပင်လယ်ကွေ့က Cymothoa exigua တွေက ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်တွယ် နေပြီးနောက်မှာ လျှာကို စားပစ်လိုက်ပြီး ငါးရဲ့လျှာ နေရာမှာ သူတို့က အစားထိုး ၀င်နေလိုက် ပါတယ် ။



ဒါက တကယ်.အဖြစ်အပျက်ပါ ။ အဲ့ဒီ Cymothoa exigua  တွေဟာ ငါးရဲ. ပါးစပ်တွေထဲကို ၀င်နေပြီး ပထမ အဲ့ဒီငါးရဲ. လျှာတွေကို စားလိုက်ပါတယ် ။နောက်တော. လျှာနေရာမှာ ၀င်တွယ်ကပ်ပြီး အရင်လျှာလိုပဲအစာတွေ ၀ါးတဲ့အခါမှာ အာခေါင်ထိပ်က သွားသေးသေးလေးတွေနဲ. အတူ အကူအညီပေးပါတယ် ။

သူတို.တွေဟာ အခြားငါးတွေကိုလည်း အလားတူ တိုက်ခိုက်ပေမယ်. ဒီနှင်းဆိရောင် Snapper ငါးမျိုးထံမှာပဲ အစိတ်အပိုင်း တစ်ခုအဖြစ် နေထိုင်နိုင်တာလို. Arizona တက္ကသိုလ်က Marine Biologist ဖြစ်တဲ့ Rick Brusca က ဆိုပါတယ် ။ တစ်ခြား လျှာစား Isopod တွေ ရှိပေမယ်.လည်း ဒီ Cymothoa exigua တွေကသာ အဲ့ဒီလို လုပ်နိုင်တာပါတဲ့ ။

သူတို.မှာနောက်ထပ် စိတ်ဝင်စားဖို.ကောင်းတဲ့ အချက် တစ်ခုရှိနေပြီး တစ်သက်မှာ ၂ဘ၀ နေနိုင်သူတွေလို.ပြောရပါမယ် ။ သူတို.ဟာ အထီးအဖြစ် မွေးဖွားလာကြပြီး ငါး ပါးဟက်ထဲ ရောက်ပြီဆိုတော.မှ ပထမ ၀င်ရောက်တဲ့ အကောင်ဟာ အမအဖြစ် ပြောင်းသွားရပါတယ် ။ ပါးဟပ်ကနေ တစ်ဆင်. လည်ချောင်းထဲကို ၀င်သွားပြီး လျှာမှာ တွယ်ကပ်ကာ အမအဖြစ် ရောက်ရှိပါတယ် ။ သူ.မှာရှိတဲ့ခြေ အစုံတွေ အများကြီးနဲ. တွယ်ကပ်နေပြီး တစ်ခုခြင်းစီမှာ ကင်းမြီးကောက် အဆိပ် ဆူးနဲ.တူတဲ့ အာရုံကြောမကြီးတွေ ရှိပြီး နောက်ထပ်ဝင်လာတဲ့ အကောင်နဲ. မိတ်လိုက်ပြီးချိန်မှာတော. သူ.ဘ၀ကုန်ဆုံးချိန်ထိ အဲ့ဒီ Snapper နဲ.အတူ ပဲ နေထိုင်ပါတော.တယ် ။ 

အကောင်းကြီးလာချိန်မှာ သူမဟာ လျှာကနေသွေးစုပ်ယူရင်း လျှာဟာ ကြွက်သားငုတ်လေးပဲ ကျန်တော.တဲ့အထိ စုပ်ယူစားသောက် ပါတယ် ။ အဲ့ဒီလို
ကြွက်သားငုတ်လေး ကိုခြေသုံး လေးစုံနဲ. ကုပ်ယူပြီး လျှာအဖြစ် အသွင်ယူ နေထိုင်ပါတော.တယ် ။

ဒိနေရာမှာ ရှိနေတဲ့ အယူအဆတွေက တော. သူမဟာ Rose Snapper တွေရဲ.လျှာ ကုန်သွားချိန်အထိ နေပြီး တစ်ချိန်မှာတော. ထွက်ခွာသွားတာကြောင်. လျှာမရှိတဲ့ ငါးရဲ. ဘ၀ဟာ ဘယ်လိုမှ ဇာတ်သိမ်းလှနိုင်မယ် မဟုတ်ပါဘူး ။နောက်တစ်မျိုးကတော. လျှာအဖြစ် အသွင်ယူနေထိုင်ရင်း ကလေးငယ်များအရွယ်ရောက်ချိန်ထိ အိမ်ရှင်ငါးကို အသက်ဆက်ရှင်စေတယ်လို.လည်း ဆိုပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော. Snapper တွေခမျာ သက်တမ်းမစေ.ခင်မှာပဲ ပါးစပ်ဟောင်းလောင်းနဲ.သေရရှာပါတယ် ။

Source ; MYM Club .Net

Monday, June 24, 2013

ဆေးဖက်ဝင် သတ္တ၀ါ အပင် - ရှီးပဒီး

Image Hosted by PicturePush - Photo Sharing
ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်း များစွာ မြင့်မားတဲ့  ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပြီး ဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing

 
ပိုးနွယ်ရှင်ခေါ် ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။ အကောင်မဖြစ်ခင် သန္ဓေ သားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့် မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။ အဲဒီလို ဆောင်းခိုနေတဲ့အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်း    ကပ်ပါမှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၄င်း  ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။  ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ  နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
၎င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေ စုဆောင်း ကောက်ယူ ကြပါတယ်။ တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့  သိခဲ့ကြတာကြောင့်လည်း ၄င်း ပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီး ပိုးကောင်လေးတွေဟာ ဈေးကောင်းလည်း အလွန် ရပါတယ်လို့ သိရပါတယ် ။ ကျွန်မဖတ်မိတဲ့ စာလေးတစ်ခုမှာဆိုရင် အဲဒီ အကောင်လေး တစ်ကောင်ကို မြန်မာငွေ တစ်သောင်းခွဲခန့် ပေးရပြီး တစ်ပိသာကို အမေရိကန် ဒေါ်လာ ၃ဝဝဝဝ လောက် တန်ဖိုး ရှိတယ်လို့ ဆိုပါတယ်။ ပေ တစ်သောင်းကျော်မှာတွေ့ရတဲ့ ပိုးကောင်လေးတွေက ပိုပြီး ဈေးကောင်းရတယ်လို့သိရပါတယ်။ 



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ ပေါ်လာချိန်မှာ လူစုလူဝေးတွေ ရောက်လာပြီး ရှီးပဒီးပိုးနွယ်လေးများကို ရှာဖွေကြစဉ်


ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။
  • အဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း
  • ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း
  • ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊
  • ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း
  • ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း
  • သွေးဥများကို တိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း
  • အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း
  • ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း
  • အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း 
စသဖြင့် အကျိုးများလှတယ်လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက်  ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက်ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။  တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ယခုအခါ ကုန်တိုက်အချို.တွင် ၀ယ်ယူရရှိနိုင်သော ဆေးဖက်ဝင် ကြက်မည်း နှင်. ရှီးပဒီး စွပ်ပြုတ် 


 

မန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း စိတ်ကူးယဉ် အိပ်မက်မိပါတော့တယ်ရှင်။

Image Hosted by PicturePush - Photo Sharing
ယခု ပိုးကောင်လေးများအကြောင်းကို ယခက်တင်ထားဖူးသော်လည်း ပိုမိုပြည်.စုံစွာဖြင်. ချော (အစိမ်းရောင်လွင်ပြင်)က http://www.missgreenlady.com/ တွင်ရေးသားထားသည်ကို ဖတ်ရသောကြောင်.ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်

မူရင်း Post Link ;http://www.missgreenlady.com/2012/09/blog-post_12.html

Thursday, March 21, 2013

လူခြောက် ဆိုတာ

ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ ဒဏ္ဍာရီလာ သတ္တ၀ါ ဆိုတာ အတော်များများရှိကြပါတယ်
ရုပ်ရှင်တွေထဲမှာကတော. ပိုတောင်ဆိုးပါတယ်
0Z လို ကားမျိုး ဟယ်ရီပေါ်တာလို ကားမျိုးတွေထဲမှာဆိုလည်း ဘာမှန်းတောင်မသိနိုင်တဲ့ သတ္တ၀ါ တွေတွေ.၇တတ်ပါတယ်...အချို.ကတော. လုံးဝစိတ်ကူးယဉ်သက်သက်...အချို.ကတော. ရှိပြီးသားအကောင်တွေကိုပုံစံပြောင်း ..အချို.ကတော. တကယ်ရှိသလို..မရှိသလို အကောင်တွေပါ

မြန်မာနိုင်ငံမှာလည်း ဒဏ္ဍာရီလာ သတ္တ၀ါတွေ ရှိနေတာပါပဲ...ပြင်ပမှာ လုံးဝမရှိနိုင်တဲ့ တိုးနယားလိုမျိုး...ပဉ္စရူပ လိုမျိုးအကောင်တွေရှိသလို ရှိ/မရှိ သေချာမသိ၇တဲ့ ဘီလူး..နဂါး..ဂဋ္ဌုန် စတာတွေကလည်း မျိုးပဲပြတ်သွားတာလား ...ဆိုတာမသိရပါဘူး

ဒီထဲမှာမှ အတော်များများရှိတယ်လို.လက်ခံထားပြီး သေချာမတွေ.ဘူးကြတာကတော. လူခြောက် ပဲ ဖြစ်ပါတယ်....သူနဲ.ပတ်သက်လို. ဘာသာရေးဆိုင်ရာအမြင် တစ်ခုကတော.

Photo by Mg Kyaw @ Facebook
 လူခြောက်-ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘ၀၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း
အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
... အမြှုပ် တစ်သတ္တာဟ။
သားတစ် တစ်သတ္တာဟ။a
အခဲ တစ်သတ္တာဟ။
ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍
၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။
၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘ၀ ကောင်မှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)

အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။
ထိုအခါ၌ ၄င်းလူသားလောင်းကလေးမှ ဘ၀ပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၄င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။
အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။

လို.  ဆိုပါတယ် 

 ဒါနဲ.ပတ်သက်လို. ဆရာဝန် တစ်ယောက်လည်းဖြစ် ..ဘာသာရေးဗဟုသုတ လည်းရှိသူတစ်ဦးကတော.ဒီလိုပြောပါတယ်

လူခြောက်ဆိုတာ Intra Uterine Foetal Death ခေါ်တဲ့ သားအိမ်တွင်းမှာ အင်္ဂါစုံပြီးမှ သေသွားတဲ့ ကလေးပါ။နဂိုက အသားနည်းပါးတဲ့ထဲမှာ calcium များနေတဲ့အခါ မပုပ်မသိုးလေးရှိနေတတ်ပါတယ်။
အိပ်မက်ပေးတယ် ပစ္စည်းခိုးပေးတယ် ဆိုတာတွေကတော့ အဲဒီ အလောင်းကောင်လေးမှာ တွယ်နေတဲ့ ဝေမာနိက ပြိတ္တာ ဘ၀ပါ။
သူ့မှာ ကမ္မဇိဒ္ဓိခေါ်တဲ့ ကံကြောင့်ရတဲ့ အစွမ်းလေးရှိခဲ့ရင် အိပ်မက်ပေးတာပစ္စည်းခိုးတာ လုပ်တတ်ပါတယ်။
ကျမတို့ အမျိုး ပုသိမ်က မိသားစု တစ်စုမှာ လူခြောက်လေး ၂ ယောက် မွေးထားတာ ကိုယ်တိုင် တွေ့ဖူးပါတယ်။
 
ဒါကတော. လူခြောက်မွေးဖွားခဲ့ကြောင်း သတင်းလေးတစ်ပုဒ်ပါ


 သူနဲ.ပတ်သက်လို. ကောင်းသည် ဆိုးသည် ဝေဖန်မှုတွေ ရှိသည်/မရှိပါ ငြင်းခုန်မှုတွေကတော.အတော်များများ ရှိနေပေမယ်. မြင်ဖူးသူတွေက မြင်ဖူးကြသလို  ရှိနေသူတွေကလည်း သိုသိုဝှက်ဝှက် ဂရုတစိုက် ထားကြတာကြောင်.ကောင်းတာတွေရှိတယ်လို.ပဲယူဆရပါမယ်
ကျွန်တော်ကိုယ်တိုင်ကတော. ၁၉၉၃ လောက်ကတွေ.ဖူးပါတယ် ဆိုင်လေးတစ်ဆိုင်ဆီကို အရောင်းအ၀ယ်ကောင်းအောင်ခဏ ပေးလိုက်လို. လူတစ်ယောက်ကယူလာတာပါ ..ကျေးဇူးလည်းရှိ မကင်းရာမကင်းကြောင်းမို. တစ်ရက်ပေးလိုက်တာပါ...သစ်သားသေတ္တာ အပြားလေးထဲကို ကတ္တီပါ အနီစလေးခင်းထားပြီး ပေါင်ဒါမှုန်.တွေဖြူးထားတဲ့ တကယ်.လူပုံစံ တမိုက်သာသာ လေးပါ ..ခုပြန်စဉ်းစားကြည်.တော. ပုံဖော်လို.တော.မရတော.ပါဘူး...


ကျွန်တော.အမြင်ကတော. အသုံးပြုသူပေါ်မှာပဲ ကောင်းခြင်း မကောင်းခြင်းက မူတည်ပါလိမ်.မယ်...

Source ; လူခြောက်အကြောင်းသိကောင်းစရာ @ www.shwemyotaw.com
လူခြောက်လေးမွေးဖွား @ mandalaygazette.com


Monday, March 11, 2013

ခေါင်းမပါတဲ့ကြက် ဘယ်လောက်အသက်ဆက် ရှင်နိုင်မလဲ

လောကမှာ ဘယ်သတ္တ၀ါမှ ခေါင်းမပါပဲ အသက်မ၇ှင်နိုင်ဘူးလို. သိထားပေမယ်. Miracle Mike လို့အမည်ပေးထားတဲ့ ကြက်က ဒါဟာ ထာဝရ မမှန်နိုင်ကြောင်းသက်သေပြသွား ပါတယ်။ ခေါင်းမပါပဲနဲ့ တစ်နှစ်ခွဲတိတိ အသက်ရှင်လျက် ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်သွားပါတယ်။ 

ထူးခြားအံ့သြစွာပါပဲ။ ဘယ်သူမှ မယုံဘူးလို့ဆိုတဲ့ အတွက် ဆေး တက္ကသိုလ်တွေထိတောင် သယ်ဆောင်ပြီး သက်သေကပြခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလက Colorado ပြည်နယ်Fruita မြို့  က လယ်ခင်းတစ်ခု မှာ မွေးဖွားပါတယ်။ တစ်နေ့တော့ ပိုင်ရှင်ဖြစ်သူက ခေါင်းဖြတ်လိုက်ချိန်မှာ ပုဆိန်သွားအနည်းငယ် လွဲပြီး ဦးနှောက် Sterm နဲ့ နားတစ်ဖက်က ကျန်ခဲ့ ပါတယ်။ ဒါကြောင့် အခြားကြက်တွေလို ချက်ချင်းမသေပဲ ပုံမှန်အတိုင်း ခပ်ကြာကြာ ရုန်းနေတဲ့အတွက် ပိုင်ရှင် ဖြစ်သူက အံ့သြခဲ့ပါတယ်။ 

ဒီလိုနဲ့ ရက်အနည်းငယ် စောင့်ကြည့်တော့ ကျန်းကျန်းမာမာပဲ အသက်ရှင်နေတာကို မြင်တွေ့ရပါတယ်။ ခေါင်းမပါတာတောင် မြေပြင်မှ ဆန်ဖွဲကောက်ဖို့ လည်ပင်းနဲ့ ဆိုက်ပါတယ်။ ဒါကြောင့် သခင် ဖြစ်သူက အစားအသောက်များကို အရည်ဖျော်ပြီး မျက်လုံးပေါက်ထဲ ကို ဖျော်ထည့်ပေးပါတယ်။ ယင်းအစာကျွေးနည်းနဲ့ပဲ ကျွေး ထားလိုက်တော အသက်ရှင်တော့ မြို့ မှာ နာမည်ကြီးလာပြီး အမေရိကန်နိုင်ငံအနှံ့ မြို့ တွေမှာ လိုက်လံ ပြသပါတယ်။

ခေါင်းပြတ်နေသည့်တိုင် ခပ်မြင့်မြင့်အတန်းပေါ် ခုံပျတ်တက်တဲ့ အကျင့် မပျက်ပါဘူး။ ညနေတိုင်း တွန်ဖို့ သူကြိုးစားပါတယ်။ သို့ပေမယ့် သာမန် ကြက်တစ်ကောင် တွန်သလို ဘာအသံမှထွက်မလာပါဘူး။  ဒီလိုနဲ့ တစ်နှစ်ခွဲ (၁၈လကြာ) အသက်ရှင်ပြီးမှ အစာကျွေးဖို့ နောက်ကျတဲ့အတွက် ၁၉၄၇ ခုနှစ် မတ်လက သေဆုံး သွားခဲ့ပါတယ်။ 

ခေါင်းပြတ်ပေမယ့် ဦးနှောက် အစိတ်အပိုင်းအချို့  ကျန်ရှိခဲ့တဲ့အတွက် သူ့အနေနဲ့ အသက်ရှင်ခြင်း ဖြစ်ပြီး အခြားသာ သူများလည်း အသက်ရှင် လိုရှင်ငြား စမ်းသပ်ခဲ့ကြပါတယ်။ တစ်ရက် နှစ်ရက်ထက်တော့ ပိုအသက် မရှင်ကြပါဘူး။ Miracle Mike ကတော့ သမိုင်းတစ်လျှောက် မှာ ခေါင်းပြတ်ပေမယ့် အကြာဆုံး အသက်ရှင်ကျန်တဲ့ ကြက် အဖြစ် သမိုင်းတွင်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

ဒါကတော. အဲ့ဒီကြက် အကြောင်း Youtube က Video File လေးပါ
 http://www.youtube.com/watch?v=ATz3AdbjyRI

Saturday, February 23, 2013

မရဏ သက်တန်. ဖား


အမေရိကတိုက် အလယ်ပိုင်း ကော်စတာရီကာနိုင်ငံနဲ့ ပနားမားတို့မှာ သာ တွေ့ရတဲ့ ဖားများ ဖြစ်ပါတယ်။
အသဲစားဘုရင်လိုခေါ်ရတဲ့ အကြောင်းကလော့ အရောင်လှသလောက် ဒုက္ခ ကြီးကြီးပေးတတ်တဲ့ဖားများမို့လို့ ဖြစ်ပါတယ်။ Atelopus varius လို့ခေါ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အရောင်အသွေးစုံပါတယ်။ မျိုးစိတ်ထပ်ကွဲပြိး အဝါရောင်၊အနက်ရောင်ရော၊ ခရမ်းရောင်၊နက်ရောင်ရော၊ ပန်းရောင်၊ စိမ်းရောင် အစရှိသဖြင့် အရောင်အသွေး စုံစုံလင်လင်ကို ရှိ ပါတယ်။ ဆေးခြယ်ထားတဲ့ အတိုင်းကို လှပတဲ့ဖားများ ဖြစ်ပါတယ်။ clow frog လို့လည်း ခေါ်ပါတယ်။
သို့ပေမယ့် ကမ္ဘာ့ အဆိပ်အပြင်းဆုံး ဖားစာရင်းထဲမှာပါပါတယ်။ သူ့အဆိပ်က အရည်အပြားထိလိုက်တာနဲ့ကို သက်ရောက်ပါတယ်။ သက်ရှိ တော်တော် များများ သေပါတယ်။ လူကိုလည်း စေတဲ့ ဖြေဆေးရှား ဖားဆိပ်တစ်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဘယ်တိရစ္ဆာန်မှာ မထိရဲပါဘူး။ ဖားဘုရင်တစ်မျိုးပါပဲ။ ကမ္ဘာ့ရှားပါးမျိုးစိတ်ထဲမှာလည်း ပါဝင်တဲ့ ဖားများ ဖြစ်ကြောင်း သိရပါတယ်။ 

Ref: wiki
Post by  yoyarlay.com

Friday, February 1, 2013

သွေးထွက်မှို


သွေးတော့မဟုတ်ပါဘူး။ သို့ပေမယ့် သူရဲ့  ကိုယ်ကနေ သွေးကဲ့သို့ အရောင် ရှိတဲ့ အရည်/အဆီများ တဆိမ့်ဆိမ့်နဲ့ ထွက်ရှိနေလို့ သွေး ထွက်သော မှိုလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အမည်ရင်းကတော့ Hydnellum peckii ဖြစ်ပြီး မြောက်အမေရိက၊ ဥရောပ၊ ကိုရီးယားကျွန်းဆွယ်တို့လို နေရာမှာ ရှင်သန် ပေါက်ဖွားပါတယ်။ အရွယ် အစား ကလည်း ၁ လက်မ မှ ၃ လက်မ၊ ၆ လက်မ ပတ်လည်မက လည်း ရှိတတ်ပြီး အစုလိုက်လည်း ပေါက်တတ်တဲ့အတွက် အကြီးကြီးလို့လည်း ထင်ရနိုင်ပါတယ်။

အနီရောင်ရည်ကတော့ စတော်ဘယ်ရီရည်လို၊ သွေးရည်လို ဖြစ်ပြီး Sport လို့ခေါ်တဲ့မျိုးမှုန်များလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပင်ပေါက်ပြီး ရင် နောက်တစ်ပင်က ယင်းနေရာပတ်ဝန်း ကျင်မှာ ပြန်ပေါက်ဖို့ လွယ်ကူ ပါတယ်။ အပင်က ကြည့်ရတာ မနှစ်မြှို့ ဖွယ်ရာစရာပဲ အလိုအလျောက် ပဲ သွေးကဲ့သို့ အရည်များ ထွက်နေတဲ့အတွက် Devil's mouth လို့လည်း ခေါ်ဆိုကြောင်း သိရပါတယ်။

--
Ref: wiki .....Post of  International news for myanmar

Saturday, January 26, 2013

ရေခဲတောင်ပိုး (သို.) ရှီးပဒီး

 ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင် မှုတွေက တော်တော် ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ် ကာ ရောင်းချတတ်ကြပါတယ်။အဟာရဓာတ် ပါဝင်မှု များပြားတဲ့ အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း

ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင် တာများ ချောမွေ့စေခြင်းဓာတ်မတည့်ခြင်းကို သက် သာစေခြင်း၊

ချောင်း ဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်းကင်ဆာဖြစ် ပွားခြင်း ကို လျော့နည်းစေခြင်းသွေးဥများကို တိုးပွားစေခြင်း သွေး ရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန် အတိုင်း ဖြစ်စေနိုင်ခြင်းအမျိုးသားများ အတွက် ခွန်အား တိုးပွားစေခြင်း

ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများ ကို ကောင်း မွန်စေခြင်းအမျိုးသမီးများ ဓမ္မတာကောင်း မွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေး အကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း စသဖြင့် အကျိုးများ ရရှိတယ်လို့ သိရှိရပါတယ်။

ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှ ပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါ တယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယား စသည့် နိုင် ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန် အတွက် ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက် ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက် လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှ တဲ့ ရေခဲတောင်တွေ ထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက် ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်း ကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း တိုက်တွန်းလိုက်ရပါသည်ခင်ဗျာ။


Written by လမင်းမောင် @
Myawady News

Monday, December 10, 2012

ကမ္ဘာ.အဆိပ် အပြင်းဆုံး သစ်ပင်


ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။

သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။ အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။

အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထားပါတယ်။

မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်ထားပါတယ်။
ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။
Written By Thet Ko Oo
 www.MyanmarExpress.net

Saturday, November 17, 2012

နဂါးနှင့် တူသော သင်းခွေချပ်

                           

 



 မြန်မာခေါ် သင်းခွေချပ် ( Golden Armadillo Lizard ) ကို တောင်အာဖရိက မှာပဲ အတွေ့များတယ်လို့ နိုင်ငံတကာက ဖော်ပြကြပါတယ်။

အမှန်တော့ သင်းခွေချပ်ဟာ မြန်မာပြည်ရဲ့ ရေမြေတောတောင်မှာ လည်း နေထိုင်ကျက်စားနေသေးတဲ့ သတ္တဝါ ဖြစ်ပါတယ်။ ၆.၅ ကနေ ၈.၅ လက်မ အထိ အရှည်ရှိနိုင်တယ်ဆိုပေမယ့် အရှည်ဆုံး ၁၂ လက်မ အထိလည်း တွေ့မြင်ရတတ်ပါတယ်။

တောထဲသွားရင် နာမည်မခေါ်ရ ဆိုပြီး မြန်မာဓလေ့ထဲမှာ ရှိခဲ့ဖူးပါတယ်။ နာမည်ခေါ်ရင် သင်းခွေချပ်က လိုက်လံ တုယောင်တတ်ပြီး အန္တရယ်ပေး တတ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အခုထိလည်း အချို့ တောရွာတွေထဲ မှာ ယုံကြည်နေပါသေးတယ်။

တောင်းထဲမှာ အဖုံးပိတ်ထည့်ထားပေမယ့် နောက်နေ့မနက် ဖွင့်ကြည့်တဲ့အခါ ရှိမနေတတ်ပဲ အပြင်ထွက်နေတတ်တယ်လို့ လည်း ရှေးလူကြီးများက ဆိုပါတယ်။ ပုံမှာမြင်တွေ့ရတဲ့ အခွံမာများ ပါရှိပြီး တစ်နေရာမှ တစ်နေရာ ပြေးလွှားတဲ့အခါ အခုလို လုံးထွေးပြီး ပြေးတတ်တယ်လို့ သိရပါတယ်။

သင်းခွေချပ်ဟာ မြန်မာပြည်မှာတင်မကပဲ ကမ္ဘာ့ပေါ်မှာလည်း ရှားပါး တိရစ္ဆာန် တစ်မျိုး ဖြစ်ပါတယ်။ အံ့မခန်း ဆေးစွမ်းရှိတယ်လို့ သိထားကြတဲ့ အတွက် တောလိုက်ဖမ်းဆီး သတ်ဖြတ်ကြပါတယ်။ ဒါကြောင့် Golden Armadillo အကောင်အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာပြီး ထိန်းသိမ်းရမယ့် တိရစ္ဆာန် စာရင်းထဲမှာ ပါဝင်လာတယ်လို့ သိရပါတယ်။
----
Ref:wikipedia
http://innewsmyanmar.blogspot.com/2012/10/blog-post_1355.html

Friday, October 19, 2012

ကမ္ဘာ့ အသန်မာဆုံး တိရစ္ဆာန် (မသေတတ်သော သတ္တဝါ)

 

 ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်ကတော့ ရေဝက်ဝံ (Water Bear) အမည်ရ ပိုးကောင် ဖြစ်ပါတယ်။ သူ့ကို Tardigrade လို့လည်း ခေါ်ပါတယ်။

အရွယ်အစားကတော့ မီလီမီတာ အတိုင်းအတာသာရှိပြီး အလွန်သေး ငယ်ပါတယ်။ ထူးခြားချက်ကတော့ သေပြီးရင် ပြန် ရှင်နိုင်ပါတယ်။ အသက်ရှင်ရန် ခက်ခဲ ကြမ်းတမ်းပါတယ် ဆိုတဲ့ နေရာဒေသတွေမှာတောင် အသက်ရှင် နေထိုင်နိုင်ပါတယ်။

အပူချိန် သုည ဒီဂရီမှာလည်း နေထိုင်နိုင်သလို ရေနွေးပွက်ပွက်ဆူ ထဲမှာလည်း အသက်ရှင်နိုင်ပါတယ်။ လူသားတွေထက်လည်း ဓာတ်ရောင်ခြည် အဆ ၁ထောင်မက ခံနိုင်ရည်ရှိ ပါတယ်။ ရေမသောက် ပဲနဲ့လည်း ဆယ်စုနှစ် တစ်ခုမက နေနိုင်ပါတယ်။ အနက်ဆုံး သမုဒ္ဒရာ ကြမ်းပြင်အောက်က ဖိအား ထက် ၆ ဆ များနဲ့ Pressure တောင် ခံနိုင်ရည် ရှိပါတယ်။ အာကာသမှာလည်း အသက်ရှင်နိုင်ပါတယ်။

ပတ်ဝန်းကျင်အခြေအနေဆိုးတစ်ခုကြောင့် သေသွားတယ်ဆိုရင်တောင် တကယ်သေတာမဟုတ်ပါဘူး။ ကိုယ်တွင်းက လုပ်ဆောင်ချက်များ ယာယီ ရပ်တန့်သွားခြင်း မျှသာ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါ ပြန်လည် ရှင်သန် ပြီး ယခင် အတိုင်း နေထိုင်နိုင်ပါတယ်။ water bear ဟာ အသေးစား သတ္တဝါမျှ ဖြစ်ပြီး ခြေထောက်၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ အစာအိမ်၊ သွေးကြော အစရှိသဖြင့်တို့ဟာ တကယ်ပဲ သေးငယ်ပါတယ်။

water bear ကို နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်။ ပင်လယ်၊ ရေခဲပြင်အောက်၊ ကန္တာရ၊ ဟိမဝန္တာ- ရာသီစုံ၊ အပူချိန်စုံ ခံနိုင်ရည်ရှိပြီး နေရာအနှံ့မှာ နေထိုင်ပါတယ်။ ရေညှိမှာလည်း စုဖွဲ့ပြီး နေတတ်ပါတယ်။

ဒါတောင် ပုံမှန်အတိုင်းဆိုရင် သေစရာ အကြောင်းမရှိပဲ အမြဲ စွမ်းအင် ပြန် လည် ပြည့်ဖြိုးနေတဲ့အတွက် ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်တို့ ကမ္ဘာက အသိမှတ်ပြုထားကြပါတယ်။
----
Ref:wikipeida
@ International News for Myanmar bs