Friday, January 31, 2014
မီးအိမ်ရှင် ၊ အိမ်မက်ဆုံရာ ၊ ၀ါးခယ်မ ပရဟိတ ဂေဟာ
Created by မိုးစက်
၂၀၁၀ ၀န်းကျင်မှစ၍ လူငယ်ထုကြား ပျံ.နှံ.လာသော ဓလေ.ကောင်း တို.အနက် ပရဟိတ လုပ်ငန်းများ ကား ထင်ရှားသော ခေါင်းစဉ်တစ်ခုဖြစ်ခဲ့သည် ။ ဝေးလံခေါင်သီသော တိုင်းရင်းသားဒေသများမှ မိဘမဲ့ ၊ ချို.တဲ့ ကလေးငယ်များအား သွားရောက်စုဆောင်း ခေါ်ယူ ကျွေးမွေး သင်ကြား စောင်.ရှောက်ပေးနေသော  မြို.လေးရှိ လူငယ်ဖွံ.ဖြိုးရေး ပရဟိတ ဂေဟာ သို. လူငယ်လေးများ ဖြင်. ဖွဲ.စည်းတည်ထောင် လုပ်ကိုင်နေသော တောင်ဒဂုံ အခြေပြု မီးအိမ်ရှင် ပရဟိတ  အသင်း၏ ဒါန လုပ်ငန်းတစ်ခု ယခုနှစ်ဦးက ပြုလုပ်ခဲ့ပါသည် ။ 
၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ.တွင် စတင်ဖွဲ.တည်ခဲ့သော ထိုအဖွဲ.လေးသည် ကျောင်းပြီးကာစလူငယ်လေး ၁၁ ဦး ဖြင်. စတင်တည်ထောင်ခဲ့ပြီး . တောင်ဒဂုံ ၂၀ ရပ်ကွက် တွင်ရှိသော အောင်ဗောဓိ ဆုတောင်းပြည်.စေတီတော်မြတ် ၀င်းအတွင်း တည်ရှိနေခဲ့ခြင်းဖြစ်ပါသည် ။ မူလက ဒေသတွင်း အခြေပြု လုပ်ငန်းများသာ လုပ်ကိုင်ခဲ့ပြီး လူငယ်များစုကာ ဘုရားတွင် စနေနေ.တိုင်း သန်.ရှင်းရေး လုပ်ခြင်း သီတင်းကျွတ် ၊ တန်ဆောင်တိုင် ကာလများတွင် ဆီမီး  ၁၁၁၁ ခွက်ဖြင်.ဘုရားရှင်ကို ပူဇော်ခြင်း စသည်. လုပ်ငန်းများဖြင်. စတင်ခဲ့ခြင်းဖြစ်သည် ။ပထမဆုံးအနေဖြင်. မွန်မြတ်မေတ္တာ သွေးလှုရှင်  အဖွဲ. နှင်. ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယ အကြိမ်အဖြစ် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံတွင် သွားရောက်လှုဒါန်းခဲ့ခြင်းဖြစ်သည် ။ ယခု  တတိယ မြောက် အစီအစဉ် အဖြစ် ၇ နှစ်မြောက်  ကာလတွင် ပရဟိတ ဒါန အစီအစဉ်များရေးဆွဲရင်း ၀ါးခယ်မ ပရဟိတ ကျောင်း ၊ပဲခူးမှခရစ်စယာန် ကျောင်းတစ်ကျောင်း ၊ လှည်းကူးရှိ ခရစ်စယာန် မိဘမဲ့ကျောင်း တို.ရွေးချယ်ဖြစ်ခဲ့ကြောင်း  သိရသည် ။
ဒီခရီးစဉ် ဖြစ်တာကတော. နေရာရွေးတဲ့အခါမှာ On Line ပေါ်မှာ ကျွန်တော်နဲ. ရင်းနှီးတဲ့  ဒီကဒေသခံ အေးချမ်းဆိုတာ တစ်ယောက်ရှိတယ် ။ ကျွန်တော်က ဒီအကြောင်းပြောဖြစ်တယ် ။သူက ဒီကျောင်းလေးအကြောင်း နဲ. ပုံတွေ ပြတယ် ။ ကျွန်တော်တို.ကလည်း စိတ်ဝင်စားတယ် ။ ၂၀၁၃ ဒီဇင်ဘာ လ၀က်လောက်မှာ ၀ါးခယ်မကို ကျွန်တော်လာပြီး  ဆရာတော်နဲ. တွေ.တယ် ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးနဲ.တွေ.တယ် ။ အဲ့ဒီလိုတွေ.တဲ့အခါမှာ ခံစားချက် အရမ်းကောင်းတယ် ။တအားလှိုက်လှိုက်လှဲလှဲ ရှိတယ် ။ ကျွန်တော်တို.ကေ၇ှ.ပြေးရောက်နှင်. လုပ်နှင်. တဲ့အခါ နောက်ကလိုက်လာမယ်.သူတွေအတွက် အဆင်ပြေပြေ မ ဖြစ်ရင်မကောင်းဘူး ၊ ခုကတော.အရမ်းအဆင်ပြေတယ် ။ဒါကြောင်.ေ၇ွးလိုက်တာ ၊ပြီးတော. ဒီကျောင်းက ကျောင်းသားအင်အားလည်း ပိုများတယ် ဟုပြောကြားခဲ့သည် ။
 သူ.အနေဖြင်. ဇန်န၀ါရီ လဆန်းတွင် ဒုတိယအကြိမ်ထပ်မံလာရောက်ကာ ချက်ပြုတ်လှုဒါန်းမှုတို.အတွက် အသေးစိပ် ညှိုနှိုင်းပြီး အလှုခရီးစဉ်အတွက်ကိုမူ သူနှင်. အဖွဲ.၀င် ၄ ဦး ဇန်န၀ါရီ ၁၀ ရက်နေ.တွင် ကြိုတင် ရောက်ရှိပြီး လိုအပ်သည်များထပ်မံစီမံကာ မီးအိမ်ရှင် အဖွဲ.၀င် ၂၀ ဦး ဇန်န၀ါရီ ၁၁ ရက်နေ.မနက် စောစော ရောက်ရှိပြီးချိန်တွင်တော.ဆရာတော်ထံ အားဆေး ၊ ဓါတ်ဆားထုပ်များ ၊ ချောင်းဆိုးပျောက်ဆေးတို.ကို လှုဒါန်းပြီး ဆရာတော်အား နေ.ဆွမ်းဆက်ကပ်လှုဒါန်းပါသည် ။ ထို.နောက် ကျောင်းသား ကလေးငယ်တို. အတွက် ကြက်သားဟင်း ၊ ပဲဟင်း ၊ သီးစုံကြော်တို.ဖြင်. မနက်စာ ၊ ညစာ ကျွေးမွေး လှုဒါန်းကြပါသည် ။
ထို.နောက်.နေ.ပိုင်းတွင်ရောက်ရှိလာသော  အိမ်မက်ဆုံရာ Season 4 အဖွဲ.သားများ ရောက်ရှိလာချိန်တွင်တော. မီးအိမ်ရှင် အဖွဲ.သားများ ၊ အိမ်မက်ဆုံရာ အဖွဲ.သားများ ၊ ကလေးငယ်များတက်ရောက်ကြသော ရေစက်ချ အလှုပွဲကို ပရဟိတကျောင်းဖွင်.လှစ်ထားသော မဟာဓမ္မိကာရုံ ကျောင်းတွင်း ကျင်းပခဲ့ပါသည် ။ ထိုအခမ်းအနားတွင် အခြားလှုဖွယ်များအပြင် ငွေသား ၅သိန်းခွဲ လည်း လှုဒါန်းခဲ့ကြပါသည် ။ကလေးငယ်တို.အတွက် အဟာရအလှု ၊ ကျန်ဆေးဝါးပစ္စည်း အလှုတန်ဘိုးမှာလည်း ၅ သိန်းခန်. ရှိပါသည် ။
သူတို.မီးအိမ်ရှင် အဖွဲ.နှင်. အိမ်မက်ဆုံရာ ဆက်စပ်မိမှု နှင်.ငွေကြေး စုဆောင်းလုပ်ကိုင်မှုများ ကို ကိုအောင်အာင်ကပင် ဆက်လက်ပြောပြရာ
အိမ်မက်ဆုံရာ က Admin တစ်ယောက်နဲ. ကျွန်တော်တို.Admin တစ်ယောက် (သူတို.က အလုပ်အတူတူလုပ်ကြတာဆိုတော. ) တိုင်ပင်ဖြစ်ကြရာက အိမ်မက်ဆုံရာ Season  4 ကို ဟန်ထူးဈာန် နဲ. သူ.အိမ်မှာတွေ.ဆုံအစည်းအဝေးလေးလုပ်ပြီး စီစဉ်ဖြစ်တာပါ ။ သူတို.အတွက်  သွားလာစားသောက်မှု ပဲ တာဝန်ယူပေးရပြီး သူတို.က စေတနာသက်သက် နဲ. ပူးပေါင်း ကူညီတာပါ ။ကျွန်တော်တို.က  အမြဲတစ်စေ အဖွဲ.တစ်ခုတည်းနဲ. လက်တွဲနေမှာ မျိုးတော. မဟုတ်ပဲ ကျွန်တော်တို.ကို လာပူးပေါင်းတဲ့ ဘယ်အဖွဲ.မဆို ကျွန်တော်တို. Style နဲ. ပူးပေါင်းသွားမှာ မျိုးပါ ။ ကျွန်တော်တို.   စလုပ်တော. Fund မရှာပါဘူး ၊ ရှိတာလေးတွေ နဲ.ပဲ လုပ်ကြတာပါ ။နောက်ပိုင်းကျတော. Fund မရှာရင် ၊ ၀င်ငွေ မရှိရင် ဘယ်လိုမှကို ရပ်တည်လို.မရဘူး။ကျွန်တော်တို. စတည်ထောင်တော. Member ၁၁ ယောက်ရှိပါတယ် ။ တစ်ယောက်ကတော. မနှစ်ကပဲ ဆုံးသွားပါတယ် ။ ၆လတစ်ကြိမ် ၅၀၀၀ ထည်.ပါတယ် ။ဥပမာ ဆီမီးတစ်ကြိမ်ထွန်းတယ်ဆိုရင်
 ၃၀၀ , ၀၀၀ လောက်ကုန်ပါတယ် ။ အဲဒါကို ကျွန်တော်တို. ၁၁ ယောက် ဝေပုံကျ ။တတ်နိုင်လို.မဟုတ်ပေမယ်. ကျွန်တော်တို. အားလုံး အလုပ်လုပ်ကြတယ်လေ ။    တစ်ခုခုလုပ်ဖို.လိုပြီဆို ကျွန်တော်တို. ဘောင်ချာစာအုပ်လုပ်တယ် ။ ဘုရားမှာဆိုလည်းခွင်.ပြုချက်တောင်းတယ် ။ ပြီးရင် On Line တင်တယ် ။ အရင်က ကျွန်တော်တို. Fan Page လုပ်မထားဘူး။ လုပ်ထားတာတော. သိပ်မကြာသေးဘူး ၊ ခုနောက်ပိုင်းတော. ပုံစံပြောင်းလိုက်တယ် ။ အဓိက Member တွေ က တစ်လကိုတစ်ယောက် ၃၀၀၀ ထည်. ။ကျွန်တော်တို.မှာ ၃၀ ကျော်ရှိတယ် အဓိက Member ။ပြီးတော. သူတို.အနေနဲ. ရိုးရိုး Member ရှာပေး ။ အဲ့ဒီ ရိုးရိုး Member တွေကတော. တစ်လ တစ်ထောင်ထည်.။ ခုလိုခ၇ီး   ထွက်ရတာမျိုးဆို အဲ့ဒီရိုးရိုး Member တွေက ထပ်ထည်.ရပါတယ်။  
 ထိုနေ.ညက အိမ်မက်ဆုံရာ အဖွဲ.သားတို.က နှလုံးသားနဲ.ရေးတဲ့ သမိုင်း ဟူသောဖျော်ဖြေပွဲကို ၀ါးခယ်မ လွတ်လပ်ရေး ကျောက်တိုင်ရှေ.တွင် ကျင်းပခဲ့ပါသည် ။ အခမဲ့ ပွဲဖြစ်ပြီး ပရဟိတ ကျောင်းအတွက် အလှုငွေသာ လက်ခံခဲ့သော ပွဲလည်းဖြစ်သည် ။ ဟန်ထူးဈာန် ၊ ဂျုဂျုးစံ ၊ ထန်ခေး ၊ ဈာန်ဝေယံထူး စသည်တို.အပြင် Dancer များလည်း ပါဝင်ခဲ့ကာ ပရိသတ်လည်း အတော်များခဲ့သည်.ပွဲဖြစ်ပြီး အလှုငွေ ၁၀ သိန်းကျော် ရရှိခဲ့သည် ။ ထိုငွေအားလုံးအား ပရဟိတ ကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအတွက် လှုဒါန်းခဲ့ကြသည် ။
ကိုအောင်အောင် က ယခုခရီးစဉ် နှင်. ပတ်သက်၍ သူ၏ ပီတိ ကိုပြောကြားရာတွင်
  " ကျွန်တော်တို. လူငယ်အဖွဲ. လေးဟာ ကိုယ်.ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှအလင်းရောင်လေးတွေ ရပါစေဆိုပြီး ပရဟိတ လုပ်ငန်းလေးတွေ လုပ်ဆောင်နေတာပါ ။ ခုက နယ်ကျော်လုပ်တာဖြစ်ပြီး အချို.တွေရဲ. အမြင်တစ်မျိုးဖြစ်မှာ စိုးပေမယ်.  ဒေသခံတွေရဲ. နွေးထွေးမှု ကြောင်. အထူးကျေနပ်မိပါတယ် ။ ဒီပွဲလေးဟာ ကျွန်တော်တို. အဖွဲ. နယ်ဝေးထွက်ပြီး ပထမဆုံး လုပ်တဲ့ အလှုဖြစ်သလို  ပမာဏ လည်း ထိုက်သင်.သလောက်လုပ်နိုင်ခဲ့တဲ့ ပွဲမို. အမှတ်တရပါ ။ခုခရီးစဉ်အတွက် လိုလေသေးမရှိ စီစဉ်ပေးခဲ့တဲ့ ပရဟိတ ကျောင်းဆရာတော် ဘုရား နဲ.၀ါးခယ်မ ဘက်က ကူညီပေးကြသူတွေ ၊ လှုဒါန်းပေးကြသူတွေ နဲ. မြို.သူ/သားတွေ ၊ ဟန်ထူးဈာန်နဲ. အိမ်မက်ဆုံရာ အဖွဲ.သားတွေ အားလုံးကို မီးအိမ်ရှင် ပရဟိတ အဖွဲ. ကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ် " ဟုပြောကြားခဲ့သည် ။
ဆက်စပ်ဖတ်ရှု၇န်
Thursday, January 30, 2014
မိုးဟိန်း ဘယ်သူလဲ ဘာလဲ ဘယ်ရောက်သွားလဲ (သို.) သူတို.ပြောတဲ့ မိုးဟိန်း
 မည်သို.ပင်ဆိုစေ ၂၀၀၃ ခုနှစ်၏ အဆုံးသတ်ပိုင်းကာလတို.တွင် Media လောကအတွင်း အငြင်းပွားဖွယ်ရာ ရေးသားတင်ဆက်မှုပုံစံ တို.ကို ဖြစ်ပွားစေခဲ့သူ သိသိသာသာကန်.ကွက်သူ ၊မသိမသာ လက်မခံချင်သူ ပြတ်ပြတ်သားသားထောက်ခံသူ ၊တိုးတိုးတိတ်တိတ် သဘောကျသူ များပေါ်ပေါက်လာစေခဲ့သလို  စီးပွားရေးသမားလား   ?  နိုင်ငံရေးသမားလား ? Media  လောကသားလား ?  ဘယ်သူ.ဘက်က ရပ်တည်နေတာလဲ ? ဘာရည်ရွယ်ချက်နဲ. ရေးသားနေတာတွေလဲ ? ဘယ်သူတွေနဲ. ပတ်သက်တာလဲ  ?  ဘယ်သူတွေကျောထောက်နောက်ခံရှိနေတာလဲ  ? ဘယ်သူလဲ ? ဘာလဲ  ? ဆိုသော မေးခွန်းများစွာ ဖြစ်ပွားစေခဲ့သူ သူကား အမေရိကန် နိုင်ငံသား ခံယူထားသူ သူရိယအလင်း - သူရိယ နေ၀န်းမိုးဟိန်း ပင်ဖြစ်ပါသည် ။ 
CCTV အား စောင်အုပ်ခဲ့သော ထိုညကိစ္စကပင်လျှင် အားလုံးကိုဝေေ၀၀ါးဝါးတော. ဖြစ်စေခဲ့ကြသည် ။ ထိုကိစ္စကို  သူရိယအလင်းအယ်ဒိတာ ချစ်နွေမိုးက သူ၏ လေပြည်နော.ပြီးရင် မုန်တိုင်းအလှည်.ပဲ စာအုပ် တွင် ဤသို.ရေးသားခဲ့သည် ။
ခင်ဗျားကမြန်မာနိုင်ငံသားမဟုတ်ဘူး ၊အမေရိကန်နိုင်ငံသား ခံယူထားတာ ၊ ရေးချင်သလိုရေး ၊ ဖွချင်သလိုဖွပြီး ပြဿနာတက်ရင်  ခါးတောင်းတစ်ခြား ဖင်တခြားနဲ. ပြန်ပြေးမှာ ခါးစည်းပြီးခံရမှာက ကျုပ်တို. အယ်ဒိတာအဖွဲ.ပဲ ။…….ဒီတော. ထုတ်ဝေသူရယ် ၊ ရှယ်ယာရှင်တွေရယ် ၊ ကျုပ်တို. အယ်ဒိတာ အဖွဲ.ရယ် ဆရာစံလမ်းက café SS မှာ တွေ.ဆံဆွေးနွေးပြီး အလုပ်ထွက်ခဲ့တယ် ။ထုတ်ဝေသူကလည်း ပုဂိုလ်ရေးတွေ မရေးဖို. ခင်ဗျားကို ပြောထားရက် ရေးလို.ဆိုပြီး သူရိယ အလင်းဂျာနယ်ကို ဆက်လက်ထုတ်ဝေခြင်းမပြုတော.ပဲ ရပ်နားဖို. ဆုံးဖြတ်လိုက်တယ် ။ ………အောက်တိုဘာ ၁၈ ရက်ညမှာ ထုတ်ဝေသူရဲ.သား ကိုသစ်မင်းဆွေ နဲ.သူငယ်ချင်းအဖွဲ.တစ်ဖွဲ.က ရုံးမှာရှိတဲ့ ကွန်ပြူတာ ၁၄ လုံး နဲ. CCTV ကိုဖြုတ်ယူခဲ့တယ်လို.ကြားလိုက်ရတယ်။ကိုသစ်မင်းဆွေ ဆိုတာ ရုံးမှာ MD ..ခင်ဗျားတို. ရှယ်ယာရှင်ချင်းဖြစ်တဲ့ပြဿနာကို ပုံကြီးချဲ.တယ် ။ ဖိုးလပြည်. အုပ်စုကပဲ အကြမ်းဖက်သလိုလို ပြည်သူတွေကို လှုံ.ဆော်တယ် ။သတင်းစားရှင်းလင်းပွဲမှာသတင်းထောက်တွေကမေးတော. တိကျတဲ့အဖြေမပေးနိုင်လို. ကျုပ်ကို ပုလိပ်စစ် မစစ်ပါနဲ. ဆိုပြီး သတင်းထောက်တွေကိုပြောခဲ့တယ် ။
 ထိုကိစ္စနှင်. ပတ်သက်၍ ထိုစဉ်က mgkyautkhae.blogspot.com/ ကလည်းဤသို.ရေးသား ခဲ့ဖူးသည် ။
ဒီရက်ပိုင်း လူပြောများလာတဲ့ သူရိယအလင်းဂျာနယ် ကိစ္စမှာ စီအီးအို မိုးဟိန်းလွန်သလား ၊ထုတ်ဝေသူ ဦးယုနိုင်လွန်သလား မေးခွန်းတွေ အမြောက်အများပေါ်ပေါက်လာခဲ့ပါတယ်။တစ်ဖန် ပွဲဆူစေချင်သူများကလည်း မီဒီယာ နှိပ်ကွပ်တာ ဆိုတာရော၊ လူကြိုက်များစကားဖြစ်တဲ့ လူကြီးသား နဲ့ခရိုနီတွေရမ်းကား ဆိုတာတွေပါ သုံးနှုန်းလာခဲ့တယ်။ ဒါကလည်း ကိုမိုးဟိန်း အပြောကလည်း နားလေသူကြီးရဲ့ မြေးတော်လေး ဖိုးလပြည့် ပါတယ်လို့ ပြောခဲ့တာကြောင့် ပိုဖွလို့ ကောင်းခဲ့ တာပေါ့။ 
တကယ်တော့ သူတို့ဂျာနယ်မှာ အယ်ဒီတာအဖွဲ့နဲ့ ကိုမိုးဟိန်းတို့ မတည့်တာကြာပါပြီ။ဘာလို့လည်းဆိုတော့ မိုးဟိန်းရေးတဲ့ စာတွေက အဆင့်အတန်းမရှိလို့ဖြစ်ပါတယ်။ကျွန်တော်တို့ အခုအင်တာနက်မှာ တစ်ယောက်နဲ့ တစ်ယောက် ပါဆင်နယ်ဆိုင်ရာ တိုက်ခိုက်ဝေဖန်နေသလိုဖြစ်နေပြီး ဂျာနယ် တစ်စောင်အရည်အချင်းနဲ့ ဘယ်လိုမှ မကိုက်ညီတာကြောင့် ဖြစ်ပါတယ်။ ရန်ကုန်မီဒီယာလောကမှာလည်း မိုးဟိန်းဆိုတာ လူကြမ်း တစ်ယောက်ပါ။ ဘယ်လိုလူကြမ်းဆိုတော့ ကြောက်ရတဲ့ လူကြမ်း မဟုတ်ပါဘူး။ရွှံလို့ရှောင်ရတဲ့ မိုးဟိန်းလို့ နာမည်ကြီးပါတယ်။ ဘော်ဒါ အချင်းချင်းတော့ ခွေးရူးမိုးဟိန်းလို့ လည်းခေါ်ပါတယ်။
 အခုနာမည်ကြီးလာတဲ့ စစ်သူရဲဗလမင်းထင် ၊ ထောင်သူရဲဗအုပ် ၊ဆိုတာ ပြင်ပ ဆောင်းပါးဆရာ လို့ဆိုပေမယ့် အဲဒါ မိုးဟိန်း(သို့မဟုတ်) နိုင်ဝင်း ကိုယ်တိုင်ပဲဖြစ်ပါတယ်။ဒါကိုတော့ အထူးအထွေပြောစရာ လိုမယ်မထင်ပါဘူး အားလုံးက ကိုမိုးဟိန်းဟာ ၈လေးလုံး အရေးအခင်းကြီးတုန်းက ဗ.က.သ ထဲကနေ လှုပ်ရှားဖူးတယ်။ တကယ်တော့ မိုးဟိန်းဟာ စစ်တက္ကသိုလ် ကို တတ်ခဲ့ဖူးတာ လူသိပ်မသိကြဘူးဗျ။ မှတ်မိသလောက် DSA အပတ်စဉ် ၂၇ ဖြစ်မယ်။ ပထမနှစ်မှာတင် ပင်ပန်းဆင်းရဲလွန်းတဲ့ဒဏ်ကို ခံနိုင်ရည်မရှိလို့ ပြုတ်လာတယ်။ တကယ်တော့ မိုးဟိန်းက တော်ရုံလူမဟုတ်ဘူးဗျနော်။ ရန်ကုန်သားတွေ သိမှာပါ-ဗိုလ်ဆွန်ပက်လမ်းထဲက ဂန္တ၀င်ရွှေပုဂံ (စင်တင်) ဆိုင်ကို မှတ်မိကြမယ် ထင်တယ်။ မြန်မာနိုင်ငံကို ဘီယာဆိုင်မှာ စင်တင်စထည့်ခဲ့တဲ့ မြန်မာ့စင်တင်ဂီတဘီယာဆိုင်ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် လူကြီးပေါ့ဗျာ။
နောက်တော့ နိုင်ငံရေးလုပ်ရင်း ထိုင်းဘက်ကိုပြေးတယ် ။ ထိုင်းမှာ မိုးသီးဇွန်နဲ့ အတူတူနေခဲ့တယ်။ မိုးသီးဇွန် အမေရိကန်ရောက်တော့ သူ့ကို လှမ်းခေါ်တယ်။ဟိုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းပြီးနေခဲ့တယ် -အမေရိကန် နိုင်ငံသား လည်းခံယူထားတယ်။ဟော..နောက်တော့ ဦးသိန်းစိန် အစိုးရခေတ်မှာ ပြည်ဝင်ခွင့် ပေးလိုက်တော့ ပြန်ပါလာတယ် ။နောက်တော့ ဘယ်လိုကနေ ဘယ်နည်းနဲ့ ချိတ်မိသွားတယ် မသိဘူး။ ဂျာနယ်လောကမှာတွေ့လိုက်ရတယ်။
 သူဌေးကြီးတစ်ယောက်က ချိတ်ပေးတယ်လို့တော့ ကိုမိုးသီးတို့ အသိုင်းအ၀ိုင်းကပြောတယ်။ မြန်မာနိုင်ငံ ရောက်ပြီး သူပျောက်နေတာကြာနေတော့ ရုတ်တရက် သူရိယအလင်းမှာတွေ့လိုက်ရတယ်။ ကိုယုနိုင် ရဲ့ဂျာနယ်မှာပါ။ ကိုမိုးဟိန်းမှာ အလာ့ဂျစ်တစ်ခုရှိတယ်ဗျ။အဲဒါက သူ့ထက်သာတယ်ထင်ရင်မနာလိုတဲ့စိတ်။ ဘယ်လောက်တောင် ဆိုးသလဲ ဆိုရင် ရေးစရာမရှိတဲ့အချိန်တောင် ငါတို့ကတော့ အခုဘာစားလို့ ဟိုကောင်တွေကတော့ ဒီအချိန်ဆို ဘာစားနေပြီ..ဆိုပြီး ညည်းပါလေရောဗျာ။ ဘာဆိုင် လို့လည်းဗျာ ဟုတ်တယ်မလား ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ဝယ်စားတာပဲ.။ခရိုနီဆိုတွယ်တယ်။ ဒါပေမယ့်သူ့တွယ်တဲ့ ခရိုနီတွေကလည်း အကုန်မဟုတ်ဘူး။ သူနဲ့အဆင်ပြေတဲ့ ခရိုနီတို့ ထောက်ပံ့ပေးဖူးတဲ့ခရိုနီဆိုရင် အကောင်းပဲ။ လေးစားလွန်းလို့ ထိုင်ရှိခိုးချင်စိတ်ပေါက်အောင်ကိုရေးတာ။သူနဲ့မတည့်တဲ့ ခရိုနီတို့၊ သူကောင်းတယ် ပြောတဲ့ခရိုနီနဲ့မတည့်တဲ့ တခြားခရိုနီတို့ ဆိုရင်တော့ ပိုးစိုးပက်စက်နဲ့ အဲဒီလူလောက်မိုက်ရိုင်းတာမရှိဘူးထင်ရအောင် ကိုရေးတာ။
 အဲဒီတော့ ပြောတဲ့လူကပြောတယ်။ ကိုမိုးဟိန်းရယ် ဘယ်သူတော့ဖြင့်ပိုလုပ်တယ်.အဲဒီလူကိုတွယ်ပါလား ဆိုတော့.. မင်းသောက်ပူပါလား လို့ ပြန်ငေါက် ခံရပါတယ်။ မယုံမရှိပါနဲ့..ပြောခံရတဲ့သူ သင်္ဃန်းကျွန်းမှာ ရှိပါတယ်။ အခုဖြစ်တဲ့ ဂျာနယ်တိုက်ဖြစ်တဲ့ကိစ္စ .ဒါလည်း ကိုယုနိုင် မွေးနေ့ညမှာ အားလုံးက ၀ိုင်းပြောတယ်ပေါ့လေ.ကိုယုနိုင် ခင်ဗျားကောင်ကြီးတော့ အရမ်းတွေလုပ်နေပြီ. ခင်ဗျားခေါ်ထားတဲ့ သတင်းသမားလား အတင်းသမားလား စသည်ဖြင့်ပေါ့နော်.။ကိုယုနိုင်ကလည်း အစကတည်းက ဒီရက်ပိုင်းအတွင်း ပိတ်ဖို့စဉ်းစားပြီးသား။ ကိုမိုးဟိန်းကလည်း မိုးစက်ဝိုင် ကို ဖိုးလပြည့် နဲ့ဘာလိုလိုဆိုပြီးရေးခဲ့တာတွေ ခရိုနီတွေကပဲ မိုးစက်ဝိုင်ကိုထောက်ပံ့နေသလိုလို ၊မြင်းခွါတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် တို့နဲ့လည်း သူက တစ်ရက်ကြိုဖြန့်ထားသေးတယ်။ (ရှင်းရှင်းပြောရရင် ဖိုးလပြည့်တို့က သူ့ကိုတစ်ခုခုပြန် လုပ်မှာလည်း ကြောက်နေတယ်)
 ဖြစ်ချင်တော့ ကိုယုနိင်ကြီးကလည်း အေးကွာ..ဒီကောင်မနက်ဖြန် ဂျာနယ်ဖြန့်မှာ ။ တစ်ခါတည်းသိမ်းမယ်ကွာ ဆိုပြီး မွေးနေ့ပွဲပြီးတော့ တစ်လက်စတည်း ရုံးသွားမယ်ဆိုပြီး ခင်ရာမင်ရာတွေခေါ်လာပြီး ပစ္စည်းတွေလာသိမ်းပေါ့..အဲမှာလည်း စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ကိုသူရိန်ဝင်းမြင့် ပါသွားတယ်။ အဲဒီမှာတင် ကိုမိုးဟိန်းက သူရိန်ဝင်းမြင့်ပါလာရင် ဖိုးလပြည့်ပါလာပြီဆိုပြီး ထအော်တာ။ သတင်းစာရှင်းလင်းပွဲလုပ်တော့ ညက တာဝန်ကျတဲ့ လုံခြုံရေးဝန်ထမ်းတွေထုတ်မပေးဘူး ။စီစီတီဗီကိုအ၀တ်နဲ့ အုပ်တယ်ပြောပြီး အဲဒီအ၀တ်မအုပ်ခင်က မှတ်တမ်းလည်း ထုတ်မပေးဘူး။ ရှင်းလင်းပွဲမှာဘာပြောတယ်ထင်တုန်းဗျ။ အခု မီဒီယာသမားတွေက အကုန် ဖော်လံဖား တွေတဲ့ ၊သူ့လို ဘယ်သူမှမရေးရဲကြဘူးတဲ့။ အခင်းဖြစ်တာ ရဲတိုင်ပါလားဆိုတော့ ဝေ့လည်ကြောင်ပတ်နဲ့ မဖြေဘူးဗျ။ ကိုင်း..မခက်လား ။ သူနဲ့မတည့်တဲ့ လူတွေကိုသာ တိုက်ခိုက်ရေးသားတတ်တာပါ ။အရေးခံရသူတွေကို ကြည့်လိုက် အနည်းဆုံးသူနဲ့ သော်လည်းကောင်း ..သူကြည်ညိုတဲ့ လူတစ်ယောက်ယောက်နဲ့ သော်လည်းကောင်း ပုဂ္ဂိုလ်ရေး ငြိဖူးသူတွေပါ။ သူလည်း မက်စင်ဂျာတို့ သံတော်ဆင့်တို့ လို့ နိုင်ငံရေးတစ်ဖက်တည်း တိုက်ခိုက်တတ်တဲ့ ကလောင်သာသာပါ ။ ဟို မက်စင်ဂျာတို့ သံတော်ဆင့်တို့က သူ့ထက်စာရင်တော့ မီဒီယာတန်းဝင်သေးတာပေါ့။ ကိုမိုးဟိန်းရေးတာကလုံးဝကို အဆင့်အတန်းမရှိ၊ ဘောင်မ၀င်တာ။ မီဒီယာဆိုတာ ပြည်သူကြားထုတ်ဝေတဲ့ စာစောင်ဆိုတဲ့ အပေါ်မှာ တင်ရေးစရာမရှိတဲ့ အရေး အသားတွေပါ။အခုတော့ သူရိယအလင်းက သူ့ရဲ့ပုဂ္ဂိုလ် ရေးမုန်းတီးမှူကို ရင်ဖွင့်ပြီး ရေးချတဲ့ဂျာနယ်ဖြစ်သွားတယ် ။ ဒီကိစ္စဟာ တမင်ပွဲဆူအောင် ၊သူနာမည်ကြီးအောင်ထွင်တဲ့ အကွက်ပါပဲ။ ဒါကို ရန်ကုန်မီဒီယာ အသိုင်းအ၀ိုင်းလည်း သိပါတယ်။အခု ကိုယုနိုင်က ပိတ်သွားတော့ သူက သူရိယနေ၀န်း ဆိုတာနဲ့ထပ်ထုတ်မယ်တဲ့ ။ 
သူဌေးမုန်းတီးရေး ၊နိုင်ငံရေးထင်ရှားပုဂ္ဂိုလ်အတွင်းရေးတွေကို နှိုက်ထုတ်ရေးဆိုပြီး ပါဆင်နယ်ဆိုးကွက်တွေကို အပြစ်ကြီးလုပ်တတ်တဲ့ ကိုမိုးဟိန်းရဲ့ နောက် သူရိယနေ၀န်းကလည်း ဟိုတုန်းက ပစ္စည်းမဲ့တော်လှန်ရေးသမားတွေ ရဲ့ အရင်းရှင်ဖြုတ်ချရေး လက်ကမ်း စာစောင်တွေထဲကလို ဘယ်သူဌေးက ဘယ်လို ဘယ်လိုနေထိုင်စားသောက်တာ ဆိုတဲ့ အရေးအသားတွေသာ တွေ့ရပါဥိးမယ်။အင်းပေါ့ဗျာ..မိုးသီးဇွန်ရဲ့တပည့်ပဲ ဒီလောက်တော့ရှိရမပေါ့။ ကျွန်တော်တို့ ခင်ဗျားတို့ကတော့ မြန်မာ့မီဒီယာလောကရဲ့ အဆင့်အတန်းမရှိတဲ့ လူတစ်ယောက်ကို ထိုင်ကြည့်နေရပါဦးမယ်။
Min Bamar Site မှာ ကိုယ်မွေးသည့်မျောက်ကိုယ့်ပြန်ခြောက်ခြင်း ၊ မိုးဟိန်း၏နောက်ကြောင်း  ဆိုပြီး ရေးသားထားတဲ့ အယူအဆကတော. တစ်မျိုးပါ ။ ဘာပဲပြောပြော စဉ်းစားချင်.ချိန် တွေးတော နိုင်ဖို. ဖော်ပြလိုက်ပါတယ် ။
သူငယ်ချင်းဖြစ်သူ ယုနိုင် မှတဆင့် ဦးအောင်သောင်း နှင့် ဆက်သွယ်ခဲ့ကြောင်း။ - (၄)ကြိမ်ခန့်တွေ့ဆုံပြီး ဦးအောင်သောင်း မှ ပြည်ပရောက် ABSDF အဖွဲ့များပြန်လည်ခေါ်ယူရေးအတွက် ငွေကြေး ထောက်ပံ့စေခိုင်းခဲ့ကြောင်း။ - ABSDF အဖွဲ့နှင့် ဆက်ဆံရာတွင် အကြံဥာဏ်တောင်းခံခဲ့ကြောင်း။ - ဦးအောင်သောင်း မှ Media တစ်ခုပြုလုပ်ရန် တာဝန်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် အားငွေကြေး ထောက်ပံ့ပေးရန် တွဲဘက်ပေးခဲ့ကြောင်း၊ ဦးဝင်းမြင့် မှ သားဖြစ်သူ သူရိန်ဝင်းမြင့် အား တာဝန်ပေးအပ်ခဲ့ ကြောင်း။ - သူရိန်ဝင်းမြင့် မှ ရွှေအုန်းပင် အိမ်ရာ တွင်နေရာချပေးခဲ့ကြောင်း။ - ဆရာကျောင်း(ဦးအောင်ကိုဝင်း) မှ ငွေကျပ်သိန်း(၃၅၀၀)ထုတ်ပေးပြီး ကျန်သူများအား နှုတ် Share အဖြစ်သတ် မှတ်ခဲ့ကြောင်း၊ (၅၀%) Share ယူထားပြီး (၂၅%)ဦးအောင်သောင်း ၊ (၂၅%)ဦးဝင်းမြင့် သတ်မှတ်ခဲ့ကြောင်း။ - "ခေတ်မိုး" နေ့စဉ်သတင်းစာထုတ်ဝေရေး ဦးဖိုးသောကြာ နှင့်ဆောင်ရွက်ခဲ့ကြောင်း၊CEO အဖြစ်တာဝန်ယူခဲ့ပြီး တစ်လ USD 1000 နှင့် (၁)နှစ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း။ - ဆရာကျောင်း နှင့်ရင်းနှီးမှုများလာပြီး သူရိယအလင်းဂျာနယ် ထပ်မံထုတ်ရန် ညှိနှိုင်းအောင်မြင်ခဲ့ကြောင်း။ - "ခေတ်မိုး" နေ့စဉ်သတင်းစာ နှင့် ဂျာနယ်ကို ရပ်ဆိုင်းခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ ၊ သူဌေးကြီးများ၏ အတွင်းသတင်းရရှိရေးဆောင်ရွက် ခဲ့ပြီး လူထုသို့ဖွင့်ချရန် ဦးအောင်သောင်း မှ Guideline ပေးခဲ့ကြောင်း။ - ယခုအခါ ပြည်ထောင်စုဝန်ကြီးတစ်ဦး နှင့် ဒေါက်တာ ကံဇော် ထံသို့ဖုန်းဆက်၍ ဓါတ်ပုံအထောက်အထားများ ရှိနေကြောင်း၊ အမျိုးသမီးကိစ္စ များဖြစ်ကြောင်း ပြောဆိုခြိမ်းခြောက်ကာ ငွေတောင်းခံမှုရှိကြောင်းသိရ။ - ၀န်ထမ်းများ နစ်နာကြေးပေးရန် ဦးအောင်ကိုဝင်း ထံမှ ကျပ်သိန်း(၁၀၀၀)တောင်းထားကြောင်းသိရှိရ။ - ၀န်ထမ်းများကိုလျော်ကြေးပေးရာတွင် ကျပ်သိန်း(၁၀၀)ခန့်သာ အသုံးပြုခဲ့ကြောင်း။ - တရုတ် ၁၀၀ အုပ်စု မှ ကျပ်သိန်း(၁၀၀၀)တောင်းခံရရှိခဲ့ကြောင်းသိရှိရ။
ထို.အပြင် ပန်းဘဲတန်း လှကြိုင် (OSC) ရေးသားသော အောက်ပါ ဆောင်းပါး တစ်ပုဒ်ကလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည် ။
ယခုရက်ပိုင်းအပိုင်းအတွင်းတွင် ယခင်သူရိယအလင်းဂျာနယ်တိုက် မှပြဿနာဖြစ်ပြီး ထွက်ခွါလာသည့် ကလောင်အမည်ထောင်သူရဲဗအုပ် (ခေါ်) ဦးမိုးဟိန်း အကြောင်းဟူ၍ ရပ်ကွက်အတွင်း ထောင်သူရဲ နရင်းအုပ် ဟူသော အမည်ဖြင့်ရေးသားထားသော လက်ကမ်းစာစောင်များ အား ဖတ်ရှူမိပါသည် ။ယခင်ကလည်း အင်တာနက်စာ မျက်နှာပေါ် တွင် ကျွန်တော်သိသော သူရိယအလင်းက ကိုမိုးဟိန်ူးသော ဆောင်းပါးတစ်ပုဒ် အားလည်း ရဲဘော် ချစ်မောင်ဟူသောကလောင်ရှင်တစ်ဦးမှ ဦးမိုးဟိန်းအကြောင်း အားဖွင့် ချရေးသားထားသည်ကို တွေ့ရှိဖူးပါသည်။
ယခုပေါ်ထွက်လာသောဦးမိုးဟိန်း၏ ဖုံးကွယ်ထားသည့် ဘ၀သရုပ်အမှန်အား
ထောင်သူရဲ နားရင်းအုပ် ဟူ၍ အမည်ဝှက် သုံးထားသောပြည်တွင်း ဂျာနယ်လစ်တစ်ဦး၏ လက်ကမ်းစာစောင်တွင် သူရိယနေ၀န်း ဂျာနယ် ဦးမိုးဟိန်း အား ကလေးသုံး ယောက်အဖေဖြစ်သောဦးမိုးဟိန်းသည် အကြွေးပြဿနာကြောင့် နိုင်ငံခြားသို့ အသက်မပြည့်သေးသူ ၁၆ နှစ်အရွှယ်မိန်းကလေး တစ်ဦးနှင့်ထွက်ပြေးခဲ့သူဖြစ်ပြီး အမေရိကန်တွင် တက္ကစီမောင်းသောအလုပ်လုပ်သည်ဟု ဖွင့်ချပြောဆိုထားပါသည်။ ဦးမိုးဟိန်းသည် ကမ္ဘောဇဘဏ် တည်ထောင်သူ ဦးအောင်ကိုဝင်း ထံမှငွေကျပ် သိန်းတစ်ထောင် ရယူထားရှိပြီးမီဒီယာလုပ်ငန်းလုပ်ကိုင်ရန် လက်သပ်မွေးခြင်းခံရသူဖြစ်သည်ဟု ဖော်ထုတ်ထားပါသည်။ ယင်းပြောဆိုမှုမှာ ဖြစ်နိုင်ပါသည် ။
အဘယ့်ကြောင့်ဆိုသော်ဦးမိုးဟိန်း၏ လက်ရာဖြစ်သော သူရိယနေ၀န်း ဂျာနယ်သည် သူရိယအလင်း ဟူ၍ စတင်လာစဉ်ကပင်ယခင်စစ်အစိုးရ လူကြီးပိုင်းများနှင့် မိသားစုဝင်များ အကြောင်း ၊ခရိုနီသူဌေးကြီးများ အကြောင်း ဝေဖန်ရေးသားခဲ့သော်လည်း ယခုထိတိုင်ခရိုနီတစ်ဦးဖြစ်သူ ဆရာကျောင်း (သို့်) ဦးအောင်ကိုဝင်း (ကမ္ဘောဇ) ၏ အကြောင်းများ ကိုမူ ပြောဆိုထားခြင်းမရှိခဲ့ပါ ။
ရဲဘော်ချစ်မောင်၏ဆောင်းပါးတွင်လည်း ဦးသိန်းစိန်အစိုးရခေတ်မှာ ပြည်ဝင်ခွင့်ပေးလိုက်တော့ ပြန်ပါလာတယ် ။နောက်တော့ ဘယ်လိုကနေဘယ်နည်းနဲ့ ချိတ်မိသွားတယ်မသိဘူး။ ဂျာနယ်လောကမှာ တွေ့လိုက်ရတယ်။သူဌေးကြီးတစ်ယောက်က ချိတ်ပေးတယ်လို့တော့ ကိုမိုးသီးတို့ အသိုင်းအ၀ိုင်း ကပြောတယ်။မြန်မာ နိုင်ငံရောက်ပြီး သူပျောက်နေတာကြာနေတော့ ရုတ်တရက်သူရိယ အလင်းမှာတွေ့လိုက်ရတယ် ဟုရေးသားခဲ့မှုတို့ကို ထောက်ချင့်ခြင်းအားဖြင့် ယင်းအချက်မှာ ဖြစ်နိုင်ပါသည် ။
ယခုအခါသူရိယနေ၀န်းအမည်ဖြင့် ဆက်လက်ထုတ်ဝေနေသောဂျာနယ် မှာလည်း ဦးမိုးဟိန်းကိုယ်တိုင်ရေးသား ထားသော ဆောင်းပါးများသာ ပါဝင်ပြီး နိုင်ငံတကာရုပ်ရှင်အညွှန်းများအား စာမျက်နှာပြည့် ဖော်ပြခြင်း၊ကြေငြာများစွာ ထည့်သွင်းခြင်းဖြင့် ထုတ်ဝေနေပါသည်။ ၀ယ်ယူဖတ်ရှုသူ လွန်စွာနည်းပါးပြီး အများစုမှာ လူပြိန်းကြိုက်စာများဖြစ်ရာဖတ်ပြီးမေ့ပစ်သော အမျိုးအစားဖြစ်သည့် အတွက် ရောင်းအားကျဆင်းနေသောဂျာနယ်လည်းဖြစ်သည်။သို့သော် ယင်းအခြေအနေအား လွန်စွာရောင်းကောင်းသည်ဟု ဆိုကာသူရိယနေ၀န်းဂျာနယ်တွင် ရှယ်ယာများ ပါဝင် နိုင်ကြောင်း ခေါ်ယူခဲ့သည်။
သို့သော်ဦးမိုးဟိန်း၏ ဗီဇာသက်တမ်းမှာ နောက်ထပ် ၅ လသာ ရှိတော့သည်ဟုယခုလက်ကမ်းစာဖြန့်ဝေ သူ ဂျာနယ်လစ်
ထောင်သူရဲ နားရင်းအုပ် မှ ဖော်ထုတ်ပြောဆိုပါသည် ။ သူ၏ အဆိုအရ ဦးမိုးဟိန်းသည်အခြေခံလူ တန်းစားများထံမှ ၅၀၀ ကျပ် ၁၀၀၀ကျပ် စသည်တို့ဖြင့် ရှယ်ယာများစွာ ခေါ်ယူရောင်းချနေပြီး ယင်းသို့ရရှိ လာသောငွေကြေးများနှင့် သူဖော်ထုတ်နေကြ ခရိုနီသူဌေးများ ထံမှ ငွေညှစ်၍ရလာသောငွေကြေးများကိုပါ ယူဆောင်၍ သူနိုင်ငံသား ခံယူထားရာ အမေရိကန်ပြည်ထောင်စုသို့ထွက်ခွါသွားတော့မည်ဟု သတိပေးထားသည်။ထိုသို့ ထွက်ခွါရာ တွင်လည်း မယားငယ်အတွက် မိန်းမငယ်လေးများအားဆွဲဆောင်ခေါ်ယူသွားခြင်းမပြုရန်လည်း ယင်းစာ၌ သတိပေးထား ပြန်ပါသည်။
ဦးမိုးဟိန်းအနေဖြင့်ယခင်ကလည်း မြန်မာနိုင်ငံ၏ပထမဆုံးစင်တင်တေးဂီတ စားသောက်ဆိုင် ဖွင့်လှစ်ခဲ့သူ ဖြစ်ပြီး နိုင်ငံရေးလုပ်ခါစတွင်ထောင်ကျ ခဲ့သည်။ထောင်မှလွတ်ပြီးသည့်အခါတွင် မိုးသီးဇွန်နှင့်ချိတ်ဆက်မိပြီး ထိုင်းနယ်စပ် တွင် စီးပွါးရေးအကျိုးတူလှုပ်ရှားခဲ့ပြန်သည်။ထို့နောက် အမေရိကန်တွင် နိုင်ငံသားအနေနှင့်ခံယူထားလိုက်သည်။မည်သို့ ပင်ဆိုစေ ဦးမိုးဟိန်းသည်အမေရိကန်နိုင်ငံသားဖြစ်သည်။မြန်မာမဟုတ်တော့ပါ ။ မြန်မာနိုင်ငံကိုချစ်သည်မြန်မာပြည်ကို အကျိုးပြုချင် သည်ဟုဆို လျှင် အဘယ့်ကြောင့်အမေရိကန်နိုင်ငံသားတစ်ဦးအဖြစ် ခံယူလိုက်ပါသနည်း။
ဦးမိုးဟိန်းသည် ယခုအခါ အကျိုးအမြတ်မရှိသည့်သူရိယနေ၀န်း ဂျာနယ်အား အခြေခံလူတန်းစားများ၏ ချွေးနဲစာ ငါးရာ တစ်ထောင် ကိုပင် အလွတ်မပေးပဲ မက်လုံးပေးဆွဲဆောင် ရယူနေပြီးဦးခင်မောင်ဝင်းပေး ထားသော ငွေသိန်းတစ်ထောင်အပြင် အခြား လုပ်ငန်းရှင်များထံမှ လည်းငွေညစ်ရယူထားသော ငွေကြေးများအား အမေရိကန်ဒေါ်လာအဖြစ် လဲလှယ်ထားပြီးဖြစ်သည် ဟုသိရသည် ။ခရိုနီဆန့်ကျင်ရေး ဆိုသောဦးမိုးဟိန်း တစ်ယောက်အနေဖြင့် ခရိုနီ ဦးအောင်ကိုဝင်း ထံမှ ငွေကျပ်သိန်းတစ်ထောင်ရယူ ပြီး အခြားသောခရိုနီ မကောင်းကြောင်း ရေးနေသည်မှာ ဦးအောင်ကိုဝင်း၏ လက်ကိုင်တုတ်အဖြစ် မီဒီ ယာကို အသုံးချခြင်းဖြစ်သည်။ပြည်သူကိုအကျိုးမပြုသည့်အပြင် ခရိုနီနှင့်စစ်အစိုးရအပေါ် မကျေနပ်သောအခံစိတ်ဓါတ်ရှိ သော လူထုအကြိုက် ခရိုနီနှင့်စစ်အစိုးရမကောင်းကြောင်းများရေးသား ကာ၎င်းအား အထင်ကြီးစေရန် ဖန်တီးနေပြီး ယင်းအခြေခံ လူတန်းစားများ၏ ချွေးနဲစာကို ရှယ်ယာဟုခေါင်းစဉ်တပ်ကာ ရနိုင်သ၍ဖဲ့ယူနေသော ဦးမိုးဟိန်းအား ယခုကဲ့သို့ သူ၏ သရုပ်အမှန်ဘီလူးခေါင်းပေါ်ထွက်လာစေရန် မီဒီယာလောကသားများမှ ထိန်ဝှက်မထားကြပဲ ပြည်သူလူထုအတွက်တတ်နိုင်သမျှ မြန်ဆန်စွာဖော် ထုတ်ပေးကြပါဟု တောင်းဆိုလိုက်ပါသည် ။
ဤကိစ္စများ၏ အကျိုးဆက်ဟုပြောရမည်လား ၊ သူ.အစီအစဉ်နှင်. သူလား ၊ သို.မဟုတ် ဘယ်သူ.ကြောင်.လဲတော. မသိ ။ သတင်းတစ်ပုဒ်ကတော. ပါလာခဲ့ပါပြီ ။
ရေးသားထားသည်များမှာ ..
ဂျာနယ်လောကအတွင်း ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများ ဦးစားပေးဖော်ပြနေသည် .သူရိယ နေ၀န်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ( CEO ) ဦးမိုးဟိန်း ၂၀၁၃ ဒီဇင်ဘာ မှစတင်၍ ၄င်းလုပ်ကိုင်သည် .ဂျာနယ်မှ စွန်.ခွာခဲ့ပြီး ယင်းကဲ့သို.စွန်.ခွာမှုသည် ၄င်းတို.ဂျာနယ်မှ အစဉ်တစိုက်ရေးသားတိုက်ခိုက်ခဲ့သည် .ပုဂိုလ်များနှင်. ညျိုနှိုင်းမှု ရယူကာ ထွက်သွားခြင်းဖြစ်ကြောင်း ၄င်းနှင်. နီးစပ်သည်. နိုင်ငံရေး အသိုင်း အ၀ိုင်း မှ ပြောကြားသည် ။
ဦးမိုးဟိန်း .သူရိယ နေ၀န်းဂျာနယ်မှ ထွက်ခွာခြင်းနှင်. ပတ်သက်၍ ၄င်း၏ လက်ကိုင်ဖုန်းအား ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားပြီး ထုတ်ဝေသူ ဦးခင်အေးအား ဆက်လက်မေးမြန်းရာ သူက အမေရိကန်နိုင်ငံသားမို.လို. လွန်ခဲ့တဲ့ လကတည်းက ထုတ်လိုက်တာပါ ။အစကတည်းက ကျွန်တော်တို.သူ.ကို ငှားထားတာပါ ။ကျွန်တော်တို.က အလုပ်ရှင်ပါ ။သူ.ကို လစာပေးပြီး CEO ခန်.ထားတာ။ သူ.ကိုယ်သူ နောက်ဆုတ်သွားတာလည်း ပါတယ် ။မိသားစုရော သံရုံးကပါ ဒီကိစ္စကို ဖိအားပေးလို.ပါ ။နောက် အယ်ဒီတာ အဖွဲ.၀င် တစ်ဦးကလည်း ကိုမိုးဟိန်း ယေ.ာက်က္ခမ ပါ ဟုဖြေကြားခဲ့သည် ။
ဦးတေဇ၏ သားဖြစ်သူ ကိုပြည်.ဖြိုးတေဇအား ဆက်သွယ်မေးမြန်းရာ၎င်း၏ ကိစ္စဖြစ်သော်လည်း ၄ င်းအနေဖြင်. မသိရှိကြောင်း ၄င်း၏ဖခင်  ဦးတေဇ၏ PSO ကိုအောင်ဇော်ထိုက်အား ဆက်သွယ်မေးမြန်းရာ ၄င်းအနေဖြင်. ခရီးဝေးရောက်ရှိနေကြောင်း ၊ ဦးတေဇ နှင်. ဦးမိုးဟိန်းတို.ကိစ္စကို မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည် ။
အဆိုပါ ကိစ္စနှင်. ပတ်သက်၍ သတင်းတပ်ဖွဲ. ( SB ) ၏ အကြီးတန်း ရဲအရာရှိ တစ်ဦးကလည်း ကိုမိုးဟိန်း ဒေါ်လာ ၆သိန်းလောက်ပိုက်ပြီး ထွက်သွားတယ်လို.ကြားတယ် ၊အသေးစိပ်အချက်အလက်တွေတော. မသိသေးဘူး ဟုဆိုသည် ။
သူရိယနေ၀န်း ထုတ်ဝေသူ ဦးခင်အေးက အမေရိကန်သံရုံး၏ ဖိအားပေးမှုကြောင်. ဂျာနယ်မှ ထုတ်ပယ်လိုက်ရသည်ဟု ပြောကြားမှုအပေါ် အမေရိကန် သံရုံးသို. ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ကိုမိုးဟိန်း ကိစ္စနှင်. ပတ်သက်၍ မသိရှိကြောင်း ၊ အမေရိကန် သံရုံးအနေဖြင်.လည်း ယင်းကဲ့သို.ကိစ္စရပ်များအပေါ် ၀င်ရောက် စွက်ဖတ်မှု မရှိကြောင်း အလင်းခောတ် ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည် ။
သူရိယ အလင်းဂျာနယ် ပြဿနာ တက်ပြီးနောက်ပိုင်း သူရိယနေ၀န်း အမည်ဖြင်. ထပ်မံထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ အောက်တိုဘာ ၂၆ ရက်နေ.တွင် စတင်ထုတ်ဝေခဲ့ရာ အတွဲ ၁ အမှတ် ၁၄ အထိ ၁၄ ပတ် ထွက်ရှိခဲ့၍ ၂၀၁၄ ဇန်န၀ါရီ လဆန်းမှ စတင်ကာ အယ်ဒိတာ အဖွဲ.သစ်ဖြင်. ဆက်လက် လည်ပတ်နေကြောင်း ထုတ်ဝေသူကပြောကြားသည် ။
သို.သော် ထိုသတင်းနှင်. ပတ်သက်၍ ဓရာဝတီ ဘလော.က ဖော်ပြရာတွင်မူ 
သူရိယနေ၀န်းဂျာနယ်ရဲ့ CEO ဖြစ်တဲ့ ဦးမိုးဟိန်းဟာ ဂျာနယ်ကနေ နှုတ်ထွက်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာက ...
 ဦးမိုးဟိန်းကို အင်တာဗျူးဖို့ ဖုန်းနဲ့ လှမ်းလှမ်းမေးတာ များလွန်းတဲ့အတွက် အမြင်ကပ်ကပ်နဲ့ ထွက်သွားပြီလို့ ပြောလိုက်ရာကနေ အစပြုတယ်လို့ သိရပါတယ်။ 
“သူ မထွက်ပါဘူးဗျာ။ ကျနော်တို့နဲ့ အတူတူ ဂျာနယ်အတွက် ဆက်လက်လုပ်ကိုင်နေဆဲပါပဲ။
သူက အခုတော့ ဂျာနယ်မှာ CEO အဖြစ်တော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် သင့်တော်တဲ့အလုပ်အတွက် လုပ်နေတုန်းပါပဲ” လို့ ဦးခင်အေးက ဧရာဝတီကို ပြောပြပါတယ်။
 ဟု ရေးသားထားခဲ့သဖြင်. မည်သည်. သတင်းကအမှန်စ်သည် ။ သို.မဟုတ် ထိုသတင်းတို.နောက်ကွယ်တွင် ဘာရှိသည် ဆိုသည်ကတော. .......
  ဆက်စပ်ဖတ်ရှုရန်များ