ဝါးခယ်မမြို.လေး၏ အဖြစ်အပျက် ၊အကြောင်းအရာ ၊သမိုင်းများကို လေ.လာသိရှိနိုင်စေရန် ၊ ဂုဏ်ယူနိုင်စေရန် ရှာဖွေစုဆောင်း တင်ပြထားခြင်းဖြစ်ပြီး အခြား စိတ်ဝင်စားဖွယ် ၊ ဗဟုသုတ ရဖွယ်ရာများ ကိုဖတ်ရှုနိုင်ရန်အတွက်လည်းကောင်း ၊ဤ ဘလော.မှတစ်ဆင်. အခြားဘလော.များ သတင်းဋ္ဌာနများကို အလွယ်တကူသွားရောက်လေ.လာနိုင်ရန်အတွက်လည်းကောင်း တရားဝင် မြူနီစပယ် မြို.အဖြစ်ရပ်တည်ခွင်.ရသည်.မြို.လေး၏ ၁၀၆ နှစ်ပြည်.မွေးနေ. ဖြစ်သော၁-၁၀-၂၀၁၂ တွင်ဝါးခယ်မ ဘလော.ကို စတင်ဖွဲ.တည်ပြိး ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် အပြီးသတ်လွှင်.တင်သည်
Showing posts with label ၀ါးခယ်မ မြို. ရှိ ဘုရားစေတီများနှင်. သမိုင်းအကျဉ်း. Show all posts
Showing posts with label ၀ါးခယ်မ မြို. ရှိ ဘုရားစေတီများနှင်. သမိုင်းအကျဉ်း. Show all posts
Wednesday, June 18, 2014
ဝါးခယ်မ ဘုရားကြီး တန်ဆောင်း မူလအလှုရှင်များ သိစေ၇န်ပါ
ဖော်ပြထားသောပုံများမှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့ရှိ မြို့နယ်ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီးအတွင်း၌ သက္ကရာဇ် (၁၂၅၂) ခုနှစ်တွင် အလှူ့ရှင် ဦးကြင်ငန်း + ဒေါ်သာရေး - သားသ္မီးတစု မှ လှူဒါန်းထားသော တန်ဆောင်းပုံ ဖြစ်ပါသည်။
သက္ကရာဇ် (၁၂၉၁) ခုနှစ်တွင် ယခင်အလှူ့ရှင်များ၏ သားမက်ဖြစ်သူ တံ ရွှေကြူး - သ္မီး မပိုက် တို့မှ ပြုပြင်မွန်းမံ၍ ရေစက်ချ လှူဒါန်းခဲ့ကြပါသည်။
ယ္ခုအခါတွင် ဘုရားကြီးအတွင်း အမိုးများပြုပြင်မွမ်းမံခြင်းများ ပြုလုပ်လျက်ရှိရာ တစ်ဆက်တည်းဖြစ်သော ထို တန်ဆောင်းအမိုးများကိုလဲ ပြုပြင်ရန် လိုအပ်လာပြီ ဖြစ်ပါသောကြောင့် ယခင်မူလ အလှူ့ရှင်များဖြစ်ကြသော တံရွှေကြူး + မပိုက် (ကဗျည်းပါအတိုင်း) သားသမီး မြေးမြစ် မိသားစုများအား အသိပေး အကြောင်းကြားလိုခြင်း ဖြစ်ပါသည်။
မူလ အလှူ့ရှင်များအနေဖြင့် ဘုရားကြီး ဂေါပကအဖွဲ့ နှင့် အမြန်ဆုံး ဆက်သွယ် ပေးပါရန် အသိပေး ပန်ကြားအပ်ပါသည်။
အနယ်နယ် အရပ်ရပ်မှ ဝါးခယ်မ နွယ်ဖွားများ အနေဖြင့်လည်း ဖေါ်ပြပါ အလှူ့ရှင်များနှင့် သိကျွမ်းမှူရှိပါက ကူညီ၍ အကြောင်းကြားပေးပါရန်နှင့် မြို့နယ် ကျက်သရေဆောင် ဘုရားကြီးပြုပြင်မှုတွင် ပါဝင် ကုသိုလ်ယူ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဆက်သွယ်ရန်
ဦးကြည်မြင့် ၀၉၄၉၇၆၄၃၀၇
ဆရာဦးလှခင် ၀၉၃၁၀၅၅၉၂၂
ဆရာဦးလှကြွယ် ၀၉၈၅၃၇၁၁၅
ဒေါက်တာသက်ရှည် ၀၉၈၆၀၀၃၇၂
တို့ထံတွင် ဆက်သွယ် အကြောင်းကြား လှူဒါန်းနိုင်ကြပါသည်။
မူရင်း သတင်း .... သကျမဟာသီ၇ိ ဘုရားကြီး Page @ Facebook
Friday, December 27, 2013
Heaven Gate , မွန်စစ်သူကြီး နှင်. တပို.တွဲညများ
![]() |
| ယမန်နှစ်က တပို.တွဲလ တရားပွဲ |
ဤနိုင်ငံသည်ကား
ထေရ၀ါဒ ထွန်းကားရာနိုင်ငံမို. နေရာအတော်များများတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများကျင်းပ၇န်
ဓမ္မာရုံ များရှိတတ်ကြသည် ။အချို.ရပ်ကွက်အလိုက် ၊အချို.မြို.နယ်အလိုက် သို.သော် ရန်ကုန်လို
အရှေ.တောင်အာရှ၏ ဈေးအမြင်.ဆုံးမြေနေရာ( မြို.လည်ကောင်မြေကွက်များဆိုလျှင် အမေရိကန်မြို.ကြီးများထက်ပင်
နှာတစ်ဖျား သာချင်ချင် ) ဒေသများတွင်တော. နေရာခပ်ကျဉ်းကျဉ်း ဓမ္မာရုံ များကို အကျယ်အ၀န်းတိုးချဲ.ဖို.
၊ အရေအတွက် တိုးချဲ.ဖို.တို.ထက် ရှိပြီးသားနေရာများတွင် ကျားကန်ရပ်တည်နေရသော သဘောရှိသည်
။
ဘာသာရေးဆိုင်ရာအခမ်းအနားများတွင်
နာမည်ကျော်ဆရာတော်များ ပါလျှင် ပါသလို နေရာအကျယ်အ၀န်းများစွာလိုသော တရားပွဲများတွင်တော.
ထိုဓမ္မာရုံများ ၏ Capicity နှင်. ဘယ်လိုမျှ သဟဇာတမဖြစ်တော. ။ မြို.သစ်လို ၊ဆင်ဖြေဖုံး
လိုနေရာများတွင်တော.မြေကွက်လပ်ကျယ်များ ရှိတတ်သော်လည်း မြို.တွင်းပွဲများတွင်တော. လမ်းများကို
တစ်ဖက်ပိတ်၍ ၊ တစ်ခြမ်းပိတ်၍ လုပ်ကြရတော.သည် ။ ရန်ကုန်လိုမြို.များတွင် ကျယ်ဝန်းသော
ဓမ္မာရုံ အများစုက ရွှေတိဂုံ ဘုရား ပတ်ဝန်းကျင်တွင်သာ ၀န်းရံတည်ရှိနေပြီး တရားပွဲများအတွက်
သီးသန်.တည်ဆောက်ထားသလို တစ်နှစ်လုံးနီးပါး တရားပွဲမပြတ် ရှိနေတတ်သော ဓမ္မာရုံ ဟူ၍ မြောက်ဥက္ကလာထိပ်
လမ်းဝမှတ်တိုင် ( န၀ဒေးရုပ်ရှင်ရုံ ဘေး.လမ်းခြားလျှက် ) ရှိ ဇဗ္မူသီရိ ဗိမာန်တော် တစ်ခုသာရှိသည် ။
![]() |
| တံတားလေး လမ်းဝ သာသနာ.ဗိမ္မာန်တော် |
မြို.လေးတွင်
လည်း မြေကွက်လပ်များ ၊ မြေကွက်ကျယ်များ ရှိသော်လည်း သူ.သတ်မှတ်ချက်နှင်.သူ ၊အနောက်ပိုင်း
ဘောလုံးကွင်းဆိုလျှင် ဘောလုံးကန်ခြင်း ၊ Stage Show ပွဲများပြုလုပ်ခြင်း ၊ဟိုးယခင်က
ဝါဒဖြန်.ချိရေး ရုပ်ရှင်များ ပိတ်ကားထောင်ပြသခြင်း ။ ယခုမရှိတော.ပြီဖြစ်သော ကျောက်တိုင်ကွင်း
၊မီးသတ်ရုံကွင်းတို.ဆိုလျှင် ဇာတ်ပွဲ ၊ Stage Show များကသောကွင်း ၊ ဆေးရုံရှေ.ကွင်းဆိုလျှင်
ဦးရှင်ကြီးပွဲ ၊ တရုပ်ပွဲ များ ကရာကွင်း စသည်ဖြင်. သတ်မှတ်ပြုလုပ်ကြသည် ။
ထိုမြေကွက်လပ်များအနက်
ဧရာဝတီ သဘောင်္ဆိပ်နှင်. ရှစ်မျက်နှာ ဘုရားအကြား ကွက်လပ်ကား ယခင်ကဘောလုံးအားကစား လေ.ကျင်.ရာ
အဖြစ်သုံးကြ့ပီး တရားပွဲများကျင်းပရာ အဓိကနေရာအဖြစ် သတ်မှတ်ကြသည် ။ နှစ်စဉ် တပို.တွဲလခန်.တွင်
တရားပွဲကျင်းပနေကျနေရာ ဖြစ်သည် .။ တရားပွဲရာသီိဆိုလျှင် ကြူဖျာများမိုး ၊ခင်းပြီး ယာယီတရားပွဲရုံဆောက်ကာ
စည်စည်ကားကားကျင်းပနေမြဲဖြစ်သည် ။ယခင်က ဧရာဝတီ သင်္ဘောများကာ အဓိကထားသွားလာနေကြရသလို
သင်္ဘောများကလည်း ညဘက်မှရှိသဖြင်. ညတိုင်းစည်ကားနေတတ်သော ထိုနေရာတွင် ကျင်းပသော တရားပွဲမို.
အချို.ဆို သင်္ဘောစောင်.ရင်း တရားနာကြသည် ။ နာမည်ကျော် ဆရာတော်များဆိုလျှင် (ထိုစဉ်ကတော.
ဝါးခယ်မဇာတိ ကြာညိုကန်-ခုနောက်ပိုင်းကြာနီကန် ဆရာတော်လို မျိုး) လမ်းမပေါ်တွင်ပါ လူများပြည်.ကြပ်နေတတ်သည်
။
ထို.နေရာတွင်
တရားပွဲမှလွဲ၍ မဏ္ဍပ်ထိုး ခဲ့ခြင်းမျိုးဆိုလျှင် ၁၉၈၆ ခုနှစ် မတ်လ က ၀ါးခယ်မတစ်ဖက်ကမ်း တရုပ်တန်း
ရပ်ကွက်တွင် ကျင်းပသော ပြည်သူ.စစ်အောင်ပွဲ ကျင်းပခိုက် စစ်သားများ ၊လက်နက်ပစ္စည်းများ
အပြည်.နေကြခြင်းမျိုးသာရှိသည် ။ထိုစဉ်က တကယ်.သေနတ်အစစ်များကို ရာနှင်.ချီ၍ ပထမဆုံးတွေ.ဖူးခြင်းဖြစ်သည်
။ G3 ဟုခေါ်ကြသော BA-63 ၊ကာဘိုင်၊ .303ရိုင်ဖယ်၊ဟိုးးယခင်ကတည်းက ပင်သုံးစွဲကြသောဗထက်ချိုင်.ဟုခေါ်သော ပြောင်းကျယ်သေနတ်များ
၊ နေ၀င်းစတင်း (သို.) စတင်းဂန်းဟုခေါ်ကြသော BA-52သေနတ် ၊ လောင်ချာများ ၊မော်တာများ..စက်လတ်များ စသည်တို.အပြင် ကုန်းပေါ်တင်ထားသော ဂျွန်ဆင်ဟုခေါ်ကြသည်.
အမြန်ပြေး အပေါ.စား ရေယာဉ်ငယ်အခွံများ ၊ အလုံးလိုက်ဖြုတ်ချိတ်ထားသော ပန်ကာ၃လုံးနှင်.
ဂျွန်ဆင် အင်ဂျင်များ ကို ထိုနေရာတွင် တစ်ပြုံတည်း တွေ.ဖူးခြင်းပင် ။
![]() |
| ( Photo by Ashin Zawana ) |
ထိုကွက်လပ်ဘေးရှိ
ရှစ်မျက်နှာစေတီတော်မြတ်သည် ကောဇာဿက္ကရာဇ် ၁၂၅၅ ခုနှစ် ( ခရစ်နှစ် ၁၈၉၀-၉၁ ခန်.) တွင်မြို.သို.ရောက်ရှိသော
မွန်စစ်သူကြီး က ၀ါးခယ်မမြို.မြစ်ကမ်းဘေး (ယခုဈေးဦးဘုန်းတော်ကြီးကျောင်း နား) တွင်
ကိုးတောင်ပြည်.စေတီတော် တစ်ဆူအဖြစ် စတင် တည်ထားခဲ့ခြင်းဖြစ်သည် ။ထိုမှနေ၍ နှစ်ကာလကြာမြင်.သောအခါ
မြစ်ကမ်းပါးများပြိုကျပြီး စေတီတော်ပါ ထိခိုက်ပြိုပျက်ရန်အခြေအနေမျိုးကြုံ လာရသဖြင်.
ဘုရားဒါယကာ ဦးဘိုးသက် နှင်. မြို.မိ မြို.ဖများ တိုင်ပင်ပြီး ယခုတည်ထားသော ကမ်းနားလမ်း
မင်းပိုင်း ရပ်ကွက်သို.ပြောင်းရွှေ.တည်ထားခဲ့ခြင်းဖြစ်သည် ။ တရားပွဲကျင်းပလျှင် တရားဟော
ဆရာတော်များသည် များသောအားဖြင်. ဤ ရှစ်မျက်နှာ စေတီတော် အတွင်းသာ အနားယူကြပြီး (ထိုစဉ်က
နာမည်ကျော် ) ဒေါ်ကျင်စော ၏ တရားတောင်း ပင်.ဖိတ်လွှာ ရွတ်ဆိုပြီးမှသာ တရားဟော ပလ္လင်ထက်
ကြွရောက်ကြမြဲဖြစ်သည် ။
![]() |
| ယမန်နှစ်က တပို.တွဲလ တရားပွဲကာလ |
ထိုမှနေ၍ အခြားသော
မြို.များတွင် တည်ရှိသကဲ့သို. ခန်.ထည်သော တရားဟော ဓမ္မာရုံ (သို.) သာသနာ. ဗိမ္မာန်တော်
တစ်ခုဖြစ်တည်လာစေရန် ၀ိုင်းဝန်းကြိုးပမ်း အားထုတ်ကြရင်း မြန်မာသက္ကရာဇ် ၁၃၆၂ ခုနှစ်
ပြာသိုလဆန်း ၁၁ ရက် (၄-၁-၂၀၀၁ ) နေ.တွင် စတင်၍ ပန္နက်တော်တင် အခမ်းအနား ပြုလုပ်နိုင်ခဲ့သည်
။ အလျှား ပေ ၈၀ အနံ ပေ၄၀ သံကူကွန်ကရစ် (အပေါ်ပိုင်း Steel Structure ) ဖြင်. ၁၃၆၄ ပြာသိုလပြည်.ကျော်
၁၁ ရက် ( ၂၈-၁-၂၀၀၃ ) နေ.တွင် အပြီးတည်ဆောက်နိုင်ခဲ့ပြီး ကုန်ကျစရိတ် သိန်း ၂၃၀ ကုန်ကျခဲ့ပါသည်
။ ၁၇ ရက် ၂ လ ၂၀၁၃ ရက်နေ.တွင်မူ( ထိုစဉ်ကတိုင်းမှုး ) ဗိုလ်ချုပ်ဋ္ဌေးဦး လာရောက်ဖွင်.လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်
။
![]() |
| မွေးရပ်မြေ ကျေးဇူးဆပ် ဓမ္မသဘင် ( Photo by Ashin Zawana ) |
ထိုသာသနာ.ဗိမ္မာန်အတွင်း
ပုံမှန်ပြုလုပ်နေကျ နှစ်စဉ် တရားပွဲများအပြင် ရံဖန်ရံခါ ကျင်းပသော တရားပွဲများလည်း
ပြုလုပ်ပါသည် ။ပြီးခဲ့သော
ကို ဒီဇင်ဘာ ၂၂ မှ ၂၆ ရက် အထိ ၅ ရက်ကြာ တရားပွဲတစ်ခုကျင်းပခဲ့ပါသည် ။ တရားပွဲအလှုရှင်အဖြစ်
ကွယ်လွန်သူ ဦးချွန်စိန် အားရည်စူး၍ဒေါ်ညွန်.ရင် နှင်.
ကျန်ရစ်သူမိသားစုများက မတည်ကျင်းပသော မွေးရပ်မြေ ကျေးဇူးဆပ် ဓမ္မသဘင် တွင် ရွာလယ်ကျောင်းသစ်ဆရာတော် ၊ မြောင်းမြ ရိုးကူးရပ် ပညာဇေယျုံကျောင်းဆရာတော် နှင်. ၀ါးခယ်မ ဆရာတော် (ဇီးကျွန်း- ဆရာတော် )တို.က တရားဒေသနာတော်များဟောကြားပြသ ဆုံး ခဲ့ပြီး ထိုတရားပွဲ သည်လည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။
.နှစ်စဉ်ကျင်းပမြဲဖြစ်သော ရက်ရှည် တရားပွဲများကတော. လာမည်. တပို.တွဲလဆန်း ၉ ရက်တွင်
စတင်ကျင်းပတော.မည်ဖြစ်ပါသည် ။
Tuesday, June 18, 2013
တဘောင်နှင်. အညီ ဖြစ်တည်လာခဲ့သည် မြို.လေးက ကိုးတောင်ပြည်.စေတီ
ကိုးတောင်ပြည်.တည် (တယ်)
ငယ်သာငယ် ကယ်ဆယ်မည်. ဘုရား
ဓါတ်ကောလီ နယ်မကူးခင်
ဖူးကြအများ
ဤ တဘောင်သည် မြန်မာ သက္ကရာဇ် ၁၂၉၆ ခုနှစ် (ခရစ်နှစ် ၁၉၃၄/၃၅ ) ခန်.က ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်.....မြန်မာသက္ကရာဇ် ၁၂၉၆ ခုနှစ်သည် မြန်မာဗေဒင်ကိန်းခန်းအရ ကောလီဓါတ် ဆန်းသောနှစ် ဖြစ်သည်...ပြည်စန်းနက္ခတ် ပြိုသော နှစ်ဖြစ်သည်...
သတ္တဗီဒ ကျေသော နှစ်ဖြစ်သည်
ကောလီဓါတ် စတင်ဆန်းသောနှစ်
တြင်းကျေ န၀င်းကျေသောနှစ်
ထို.ကြောင်.မြန်မာ ပြည်ကြီးကောင်းစားတော.မည်..အေးချမ်းသာယာတော.မည်..
ရွှေမိုးငွေမိုးရွာတော.မည်
ထို.အတွက် ကိုးလက်သစ် ကိုးမိုက် ကိုးထွာ ကိုးတောင် ရှိ ကိုးန၀င်းစေတီများ တည်ကြပါဟု
ဗေဒ ပညာရှင်များ အောင်မင်းခေါင်ကဲ့သို. ၀ိဇ္ဖာပညာရှင်များ ကတိုက်တွန်းကြသဖြင်. မြန်မာပြည်နှင်. အ၀ှမ်းတွင် ထိုအချိန်က ကိုးတောင်ပြည်.စေတီများ အများအပြားတည်ထားကိုးကွယ်ကြသောကြောင်. မြန်မာသက္ကရာဇ် ၁၂၉၆ သည် ကိုးန၀င်းစေတီများ စတင်တည်ထားကြရာ နှစ်ဟု ဆိုရမည်ဖြစ်သည်...
မြို.လေးတွင်လည်း ထိုအချိန်က ထိုတဘောင်အရ ဘုရားတည်ရန် မြို.မိ မြို.ဘ များ တိုင်ပင်ညှိုနှိုင်းကြပြီး မြို.၏ တေဇ ကျရာ အရပ်တွင် ဘုရားတည်ရန် သဘောတူဆုံးဖြတ်ကြပါသည်....ထိုသို.ဆုံးဖြတ်ရာတွင် လူအများစုက တာဝတိသာ ဘုရားဝင်း (ယခုမြို.မကျောင်းဝင်း) အတွင်းနေရာကို ရွေး၍ အရှေ.ပိုင်း လူစုများက ကွင်းကျောင်း (ယခုပရဟိတကျောင်း) နေရာတွင် တည်ထားကြပါသည်.....
ယခု ပုံ တို.သည် တာဝတိံသာကျောင်း ၀င်း (ယခုမြို.မကျောင်းဝင်း) အတွင်းရှိ ကိုးတောင်ပြည်.စေတီဖြစ်ပါသည်...ယခင်ကတော. ထုံးသင်္ကန်းဖြူဖြူ နှင်.သာ ကြည်ညိုနေရပြီး ယခုတော. ရွှေသင်္ကန်း ကပ်လှုထားပြီးဖြစ်ပါသည်....
ကျမ်းကိုး ; ဒေါ်အေးကြော. - ၀ါးခယ်မအကြောင်း ရှေးဟောင်းနှောင်းဖြစ် @ ရွှေရတု မဂ္ဂဇင်း
ထီလာ မောင်လှဝေ -ဓာတ်ကောလီ ဆောင်းပါး
မောင်ညှိုမှိုင်း သံလျှင် - ကိုးန၀င်း မိုးလင်းလျှင် သိကြမယ်
Tuesday, May 14, 2013
မြသိန်းတန် စေတီတော် ဘက်စုံ မွမ်းမံခြင်း ဓါတ်ပုံ မှတ်တမ်းများ
ဝါးခယ်မမြို.အရှေ.ပိုင်း မြသိန်းတန် ရပ်ကွက် ရှိ သမိုင်းဝင် မြသိန်းတန် စေတီတော်မြတ် ကြီးကို ယခုအခါ ဘက်စုံမွမ်းမံလျှက်ရှိပါသည် ။ယခင်တည်ရှိခဲ့ပုံများနှင်. ယခုအခြေအနေ တို.ကို မှတ်တမ်း တစ်ခုအနေဖြင်. စုစည်းပေးထားခြင်းဖြစ်ပါသည် .
စေတီတော်မြတ် ၀င်းအတွင်း ကမ်းနားဘက် မ္မာရုံ တွင် သိတင်းသုံးသော ဆင်းတုတော်ကြီးများ ၏ မူလ တည်ရှိပုံနှင်. ယခု အခြေအနေ
စေတီတော်မြတ် ၀င်းအတွင်း အသစ်တည်ထားကိုးကွယ်တော်မူသော နဂါးရုံ ဆင်းတုတော် တည်ထားပုံ အဆင်.ဆင်. ဖြစ်ပါသည်
ဆက်စပ်ဖတ်ရှု၇န်များ -သဒ္ဓါ တရား အတွက် နှိုးဆော် ချက် လေးပါ- မြသိန်းတန် စေတီတော်
မြို.ဦး မြသိန်းတန် စေတီတော်မြတ်
![]() |
| ၂၀၁၁ နိုဝင်ဘာလ မြင်ကွင်း |
![]() | |
| ၂၀၁၂ ဒီဇင်ဘာလ စတင်မွမ်းမံစဉ် |
![]() |
| ၂၀၁၃ ဖေဖော်ဝါရီလ |
![]() | |
| ၂၀၁၃ မေလ ဆန်းပိုင်း |
စေတီတော်မြတ် ၀င်းအတွင်း ကမ်းနားဘက် မ္မာရုံ တွင် သိတင်းသုံးသော ဆင်းတုတော်ကြီးများ ၏ မူလ တည်ရှိပုံနှင်. ယခု အခြေအနေ
![]() | |
| ၂၀၁၂ ဧပြီလ |
![]() |
| ၂၀၁၂ ဒီဇင်ဘာ |
![]() |
| ၂၀၁၂ ဒီဇင်ဘာ |
![]() |
| ၂၀၁၃ ဖေဖော်ဝါရီ |
![]() |
| ၂၀၁၃ ဖေဖော်ဝါရီ |
![]() |
| ၂၀၁၃ မေလ |
![]() |
| ၂၀၁၃ မေလ |
စေတီတော်မြတ် ၀င်းအတွင်း အသစ်တည်ထားကိုးကွယ်တော်မူသော နဂါးရုံ ဆင်းတုတော် တည်ထားပုံ အဆင်.ဆင်. ဖြစ်ပါသည်
![]() |
| ၂၀၁၂ ဒီဇင်ဘာလ |
![]() |
| ၂၀၁၃ ဖေဖော်ဝါရီလ |
![]() |
| ၂၀၁၃ မေလ |
![]() |
| ၂၀၁၃ မေလ |
ဆက်စပ်ဖတ်ရှု၇န်များ -သဒ္ဓါ တရား အတွက် နှိုးဆော် ချက် လေးပါ- မြသိန်းတန် စေတီတော်
မြို.ဦး မြသိန်းတန် စေတီတော်မြတ်
Monday, April 8, 2013
ဝါးခယ်မ မြတ်စွယ်တော် သမိုင်း
ဝါးခယ်မမြို. သကျမဟာသီရိ ဘုရားကြီးအတွင်း မဟာပုည၀တ်အသင်းတန်ဆောင်း ရေကြည်တော် ၀တ်အသင်းတန်ဆောင်း အာရုဏ်ခံ ၀တ်အသင်း တန်ဆောင်း သံတန်ဆောင်း တို. ရှိသည်.အနက် အာရုဏ်ခံ ၀တ်အသင်း တန်ဆောင်းတော်အတွင်းရှိ ရွှေတိဂုံ ပုံတူ စေတီင်္တော် အတွင်း တစ်နှစ်ပတ်လုံး ကိန်းဝပ် တော်မူနေပြီး နှစ်စဉ် တပေါင်းလပြည်.မတိုင်ခင် ၉ ရက်တွင် စွယ်တော် တိုက်ကို ဖွင်.လှစ်ကာ အများပြည်သူတို.ကို အပူဇော်ခံ ပါသည်..
.
လူပြည်တွင် ရှိသော စွယ်တော်
နှစ်ဆူတို.အနက် သီရိလင်္ကာ စွယ်တော်ပွား ဖြစ်သည်.အတွက် ထို.သို.တစ်နှစ်
မှတစ်ကြိမ်သာလျှင် ဖွင်.လှစ်အပူဇော် ခံခြင်း ဖြစ်ဟန်တူသည်......
၁၉၅၃ ခုနှစ်
က ၀ါးခယ် ဇာတိဖွား နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု သီရိလင်္ကာ မှ
ပူဇော်ပင်.ဆောင်လာခဲ့ခြင်း ဖြစ်ပြီး အိမ်တွင်
ပူဇော်ထားခဲ့ခြင်းဖြစ်သည်...၁၃၄၂ ခုနှစ် (၁၉၈၀ ခန်.) တွင် အာရုဏ်ခံ
ဝတ်အသင်းမှ ပုဂံလုံး ဦးအေးမောင် ဦးဆောင်လျှက် ထိုမြတ်စွယ်တော်ကို
မြို.တွင် အပူဇော်ခံ ရန် သွားရောက် ပင်.ဆောင်
ခဲ့ပါသည်...ထို.သို.ပင်.ဆောင်ရာတွင် ဦးနု ၏ ဆန္ဒ အရ ရန်ကုန်မဟာစည်
ပင်မသာသနာ.ရိပ်သာတွင် လိုက်ပါလာသော ( ၇ ) ဦး တို.သည် ၂လ ကျော်
တရားစခန်းဝင် အားထုတ်ခဲ့ကြရပါသည်...၂လ နှင်. ၄ ရက်အကြာတွင် မဟာစည် ဆရာတော်
ဘုရားကြီးအထံတွင် ဥာဏ်စဉ် နာခွင်.ရခဲ့ကြပါသည်....၁၃၄၃ နယုန်လ (၁၉၈၁ ခန်.)
တွင် ၀ါးခယ်မသို. ပင်.ဆောင် ပူဇော်ခွင်.ရခဲ့ပြီး ၁၃၄၃ ပြာသိုလတွင်
အာရုဏ်ခံတန်ဆောင်းအတွင်း ဓါတ်တော်များ ကြွရောက် အပူဇော်ခံနိုင်ရန်အတွက်
ရဟန်း ၁၀၈ ပါးခံကာ ၉ ၇က်အဓိဌာန် ဖြင်. ကြိုးစား
အားထုတ်ခဲ့ကြပါသည်..
![]() |
| စွယ်တော် အပူဇော်ခံစဉ် |
ထိုအဓိဌာန် အားထုတ်မှုတို.ကြောင်. ဓါတ်တော် ၃ ဆူ မှာ
ရောင်ခြည်တော် ကွန်.မြူး၍ အလိုလိုအပူဇော်ခံ ကြွရောက်လာခဲ့ပါသည်....တစ်ဆူကို
စွယ်တော်တွင် ဌာပနာ ပူဇော်ပြီး တစ်ဆူကို စွယ်တော် စေတီတော် ကြုပ်တွံင်း
ဌာပနာ ပူဇော်ခဲ့ပါသည်...နောက်ဆုံးတစ်ဆူကိုမူ မူလကပင် ဂတိထားခဲ့သည်.အတိုင်း
ထိုအဓိဌာန် ၏ ဦးစီးဦးဆောင်ဖြစ်သော ဦးမောင်ဆိုင်-ဒေါ်ဆာဆာ (သော်က ရပ်ကွက် )
တို.ကို ပင်.ဆောင်ပူဇော်ခွင်. ပြုခဲ့ပါသည်....
![]() |
| တစ်နှစ်တာ စွယ်တော်ကိန်းဝပ်ရာ စွယ်တော်တိုက် |
၁၃၄၅ တပေါင်းလ (၁၉၈၄ ) တွင်
ပထမဆုံးအကြိမ် စွယ်တော် ပူဇော်ပွဲ ကို ကျင်းပနိုင်ခဲ့ပြီး
ယခုနှစ်ပွဲတော်သည် ၂၉ ကြိမ်မြောက်ဖြစ်ပါသည်... ပူဇော်ပွဲတော် ၁၂ ကြိမ်မြောက်ခန်. (၁၉၉၆ ခန်.)
မှစ၍ အလှုငွေ ရရှိမှု အနေအထားကြောင်. အခြား ပျော်ပွဲ ရွှင်ပွဲ ပွဲလမ်း
ဇာတ်သဘင်များ ထည်.သွင်းခြင်း မရှိနိုင်ပဲ ယချုနှစ်အထိ ဘုရားပွဲ
သီးသန်.အဖြစ်သာ ကျင်းပနိုင်ခဲ့ပါသည်....စေတနာအပြည်. လှုဒါန်းထောက်ပံ.လိုသော
ပါရမီရှင်များ အတွက် တော. သတင်းကောင်း တစ်ခုဟုပဲ
ဆိုရပါမည်.....
![]() |
| စွယ်တော်ပွဲကျင်းပချိန် ဘုရားကြီးလမ်း |
(စိတ်ရှည်လက်ရှည်ဖြင်. သိလိုသည်များကို
တိုက်ရိုက်ဖြေဆိုပေးသွားနိုင်သော ဂေါပက အဖွဲ. နှင်. ကူညီပေးခဲ.သော ညီလေး LH
ဓါတ်ပုံပေးပိုခဲ.သော Yar Zar00 & Ye Aung တို.အား အထူးကျေးဇူးတင်ရှိပါကြောင်း )
Subscribe to:
Posts (Atom)
































