Tuesday, June 18, 2013

တဘောင်နှင်. အညီ ဖြစ်တည်လာခဲ့သည် မြို.လေးက ကိုးတောင်ပြည်.စေတီ


 ဘုရားလေးငယ်ငယ်
ကိုးတောင်ပြည်.တည် (တယ်)
ငယ်သာငယ် ကယ်ဆယ်မည်. ဘုရား
ဓါတ်ကောလီ နယ်မကူးခင်
ဖူးကြအများ

ဤ တဘောင်သည် မြန်မာ သက္ကရာဇ် ၁၂၉၆ ခုနှစ် (ခရစ်နှစ် ၁၉၃၄/၃၅ ) ခန်.က ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်.....မြန်မာသက္ကရာဇ် ၁၂၉၆ ခုနှစ်သည် မြန်မာဗေဒင်ကိန်းခန်းအရ ကောလီဓါတ် ဆန်းသောနှစ် ဖြစ်သည်...ပြည်စန်းနက္ခတ် ပြိုသော နှစ်ဖြစ်သည်...
သတ္တဗီဒ ကျေသော နှစ်ဖြစ်သည်
ကောလီဓါတ် စတင်ဆန်းသောနှစ် 
တြင်းကျေ န၀င်းကျေသောနှစ် 


ထို.ကြောင်.မြန်မာ ပြည်ကြီးကောင်းစားတော.မည်..အေးချမ်းသာယာတော.မည်..
ရွှေမိုးငွေမိုးရွာတော.မည်
ထို.အတွက် ကိုးလက်သစ်  ကိုးမိုက် ကိုးထွာ  ကိုးတောင်  ရှိ ကိုးန၀င်းစေတီများ တည်ကြပါဟု 
ဗေဒ ပညာရှင်များ အောင်မင်းခေါင်ကဲ့သို. ၀ိဇ္ဖာပညာရှင်များ ကတိုက်တွန်းကြသဖြင်. မြန်မာပြည်နှင်. အ၀ှမ်းတွင် ထိုအချိန်က ကိုးတောင်ပြည်.စေတီများ အများအပြားတည်ထားကိုးကွယ်ကြသောကြောင်. မြန်မာသက္ကရာဇ် ၁၂၉၆ သည် ကိုးန၀င်းစေတီများ စတင်တည်ထားကြရာ နှစ်ဟု ဆိုရမည်ဖြစ်သည်...

မြို.လေးတွင်လည်း ထိုအချိန်က ထိုတဘောင်အရ ဘုရားတည်ရန် မြို.မိ မြို.ဘ များ တိုင်ပင်ညှိုနှိုင်းကြပြီး မြို.၏ တေဇ ကျရာ အရပ်တွင် ဘုရားတည်ရန် သဘောတူဆုံးဖြတ်ကြပါသည်....ထိုသို.ဆုံးဖြတ်ရာတွင် လူအများစုက တာဝတိသာ ဘုရားဝင်း (ယခုမြို.မကျောင်းဝင်း) အတွင်းနေရာကို ရွေး၍ အရှေ.ပိုင်း လူစုများက ကွင်းကျောင်း (ယခုပရဟိတကျောင်း) နေရာတွင် တည်ထားကြပါသည်.....



ယခု  ပုံ တို.သည် တာဝတိံသာကျောင်း ၀င်း (ယခုမြို.မကျောင်းဝင်း) အတွင်းရှိ ကိုးတောင်ပြည်.စေတီဖြစ်ပါသည်...ယခင်ကတော. ထုံးသင်္ကန်းဖြူဖြူ နှင်.သာ ကြည်ညိုနေရပြီး ယခုတော. ရွှေသင်္ကန်း ကပ်လှုထားပြီးဖြစ်ပါသည်....

ကျမ်းကိုး ; ဒေါ်အေးကြော. - ၀ါးခယ်မအကြောင်း ရှေးဟောင်းနှောင်းဖြစ် @ ရွှေရတု မဂ္ဂဇင်း
ထီလာ မောင်လှဝေ -ဓာတ်ကောလီ ဆောင်းပါး
မောင်ညှိုမှိုင်း  သံလျှင် - ကိုးန၀င်း မိုးလင်းလျှင် သိကြမယ်

No comments:

Post a Comment