Friday, June 28, 2013

Secluded Serene Avenue of WKA ( SS Avenue of WKA ) ၏ သဲကွင်းကျောင်းသို. အလှု

အလှုရှင်များကိုယ်စား ကျောင်းအုပ်ကြီးမှ ကလေးငယ်များသို. လှုဒါန်းပေးစဉ်
Secluded Serene Avenue of WKA ( SS Avenue of WKA ) ၏ Educational Supporting Program 2013 အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ၀ါးခယ်မမြို. ဆေးရုံရပ်ကွက် သဲကွင်း မူလတန်း ကျောင်းရှိ အမှန်တကယ် နွမ်းပါးချို.တဲ့သော ကျောင်းသားငယ်လေးများအတွက် ကျောင်းဝတ်စုံ..ကျောပိုးအိတ်..လွယ်အိတ်..ထီး..ခဲတံ စသည်တို.ထောက်ပံ.လှုဒါန်းခြင်းအခမ်းအနားကို ၂၀၁၃ ဇွန်လ ၂၂ ရက် နေ.လယ် ၁၂း၃၀ တွင် ထိုကျောင်း စာသင်ခန်းမလေးအတွင်း ပြုလုပ်ခဲ့ပါသည်.
.
ကျောင်းဝတ်စုံများ
ပရဟိတ ကျောင်းမှ ၁၂နာရီပြန်ထွက်လာကြပြီး သဲကွင်းကျောင်းအတွက် လိုအပ်သော လှုဒါန်းရန် ပစ္စည်းတို.ကိုပြန်ယူခိုက် ကျောင်းတွင် SS Avenue of WKA ၏ Member အချို.က ကျောင်းတွင် လိုအပ်သည်တို.ကြိုတင်ပြင်ဆင်ထားနှင်.ကြသည်....ကျောင်းရောက်တော. ကျောင်းသားများတွင်သာမက မိဘများကိုပါ ကျောင်းဝင်းနှင်.အပြည်.နီးပါး တွေ.လိုက်ရသည်...ကျောင်းအုပ်ကြီးနှင်. ဆရာမများက ရုံးခန်းသို.ခေါ်ဆောင်ကာ ကော်ဖီနှင်. ဧည်.ခံကြသည်ကိုသောက်သုံးရင်း ကြိုတင်ပေးပို.ထားသော စာရင်းပြီးညှိုနှိုင်းကြသည်...ထို.နောက် အခမ်းအနား ကျင်းပမည်.ပုံစံကိုညှိုနှိုင်းပြီး ၁၅ မိနစ်ခန်.အတွင်း အခမ်းအနား စခဲ့ကြသည်...


အခမ်းအနား စစချင်း SS Avenue of WKA Group ကိုယ်စား Collector တစ်ဦးမှ စကားပြောကြားခွင်.ရခဲ့သည်...ကလေးများမို. စကားရှည်ရှည်ဝေးဝေး ပြောကြားမနေပဲ မိမိတို. ယခုအလှုသည် ချမ်းသာလွန်း၍ ငွေကြေးများပိုလျှံနေ၍ လှုဒါန်းခြင်းမျိုးမဟုတ်ပဲ နေရာဒေသအနှံ. ရှိ ၀ါးခယ်မသားများ/၀ါးခယ်မနွယ်ဖွားများ က On Line တွင် စုဖွဲ.ပြီး သူတို.၏ မိတ်ဆွေအပေါင်းအသင်းများ အကူအညီကိုပါ ရယူ၍ မြို.လေးအကျိုးတတ်နိုင်သမျှ သယ်ပိုး၇န် ဆုံးဖြတ်ထားချက်အရ မိမိတို. ၀င်ငွေ..အသုံးစရိတ် စသည်တို.မှ စုဆောင်းလှုဒါန်းခြင်းဖြစ်ကြောင်း...ယခုမိမိတို.လှုဒါန်းမှုများအတွက် ကလေးငယ်တို. ပျော်ရွှင်ကျေနပ်ကြရသလို ကလေးငယ်တို. အရွယ်ရောက်လာလျှင်လည်း မိမိတို. ကဲ့သို.ပင် ကိုယ်.မြို.လေးအကျိုး သယ်ပိုးရန် ...မိမိတို. သူများလှုဒါန်းမှုကြောင်.ပျော်ရွှင်ခဲ့ရသလို အခြားသူများကိုလည်း မိမိတို.လှုဒါန်းမှုကြောင်.ပျော်ရွှင်အောင်ကြိုးစားပေးရမည်  ....ဟူ၍ အဓိက ၂ချက်သာပြောကြားခဲ့သည်...


ထို.နောက် ရရှိထားသော စာရင်းအရ ပထမဆုံး ကျောပိုးအိတ်..လွယ်အိတ် ...ထို.နောက် ကျောင်းဝတ်စုံ..နောက်   ထီး...နောက်ဆုံး ခဲတံ စသည်တို.ကို SS Avenue Collector များ Member အချို. Red Waves Member (WKA) နှင်. ဆရာမများ..ကျောင်းအုပ်ကြီးတို.က ကျောင်းသားများထံ တိုက်ရိုက်ပေးလှုခဲ့ပြီး ရောက်ရှိမလာနိုင်သော ကျောင်းသားများအတွက်လည်း စာရင်းဖြင်. အပ်နှံထားခဲ့ကြသည်....ထို.နောက်ကျောင်းသား/ကျောင်းသူ လေးများက အလှုရှင် အားလုံးကို ဆုတောင်းမေတ္တာပို.သပြီး နေ.လယ် ၁း၃၀ ခန်.တွင် အခမ်းအနားပြီးဆုံးခဲ့သည်...

Red Waves (၀ါးခယ်မ) Member တစ်ဦးမှ ကူညီလှုဒါန်းစဉ်
အတန်းကြီးများအတွက် စာရင်းတာဝန်ယူထားသော ဆရာမတစ်ယောက် ရောက်မလာနိုင်သဖြင်. အနည်းငယ်အခက်အခဲရှိခဲ့သည်မှအပ အစစ အဆင်ပြေခဲ့သည်...ကလေးငယ်များက ကျောင်းပတ်ဝန်းကျင်တွင်သာ နေထိုင်သူများသောကြောင်. စာရင်းမပါသော ကလေးငယ်များပါ လာရောက်နေသဖြင်. နားလည်သဘောပေါက်အောင် ရှင်းပြရခြင်း တော.ရှိခဲ့သည်..ကလေးဆိုသည်ကတော. ဆင်းရဲသည် ချမ်းသာသည်ထက်  သူများရလျှင် မိမိလည်း လိုချင်သော သဘောရှိသဖြင်. နောက်ဆုံး ခဲတံ လေးများ လက်ဆောင်ပေးလိုက်တော. ကျေနပ်သွားကြသည်....


ကျောပိုးအိတ် အသစ်စက်စက်လေးများ...ထီးရောင်စုံများ..ကျောင်းဝတ်စုံအသစ်လေးများကို ပိုက်ရင်း ကျေနပ်နေကြသော ကလေးငယ်များ...မိမိတို.သားသမီးများ၏ အပျော်ကို အခန်းပြတင်းပေါက်များမှ တစ်ဆင်. မျှဝေနေကြသော မိခင်များ...မိမိတို.တပည်.များ ၏ ရွှင်မြူးကျေနပ်နေမှုများကို ပီတိဖြစ်နေကြသည်. ဆရာ/ဆရာမများ အတွက် မိမိတို. Collector များ Member အားလုံး ပင်ပန်းခံရကျိုး နပ်ခဲ့ကြသည်...

ထိုနေ.က သဲကွင်းကျောင်းရှိ ချို.တဲ့ မူလတန်းကလေးငယ် များအတွက် ကျောပိုးအိတ်..လွယ်အိတ် ၁၁လုံး..ကျောင်းဝတ်စုံ  ကျား ၉   မ  ၁၅  ထီးစုစုပေါင်း ၄၇ လက် ခဲတံဒါဇင် ၄၀ လှုဒါန်းခဲ့ပါသည်..

ပုံများကြည်.ရှုနိုင်ရန်....https://www.facebook.com/media/set/?set=a.489300514480828.1073741879.259181714159377&type=1


No comments:

Post a Comment