Thursday, June 6, 2013
လူငယ်ဖွံ.ဖြိုးရေး ပရဟိတဂေဟာ (လှေကျင်းရပ်ကွက် - ၀ါးခယ်မ)
လောကတွက်လည်းကောင်း သံသရာတွင်လည်းကောင်း လူတစ်ယောက်၏ ကြုံလာလတ္တံ. သော အနာဂတ်အချိန်များတွင် လည်းကောင်းပညာ သည် ကြီးမားသော အခန်းကဏ္ဍ တစ်ရပ်တွင် ရပ်တည်နေပေသည်.... ပညာအပေါ် သတ်မှတ်သည်. အမြင်များ ကွဲပြားကြမည် ဖြစ်သော်လည်း အတန်းပညာသည်လည်း အမှန်တကယ်လိုအပ်သည်ကိုတော. ၀န်ခံကြရပေမည်... လက်ရှိခောတ်ကို Knowledge Age ဟုခေါ်ကြသည်ထိ ပညာက ရှေ.တန်းရောက်လာနေသည် ပညာကို သင်ယူရမည်မှန်း နားလည်လက်ခံကြသော်လည်း အကြောင်းကြောင်းကြောင်. ထဲထဲဝင်ဝင် အကောင်အထည်ဖော်ရန် ခက်ခဲ နေသူများ(အထူးသဖြင်. မြို.ပြ တို.နဲ.ဝေးလံသီခေါင်စွာဖြစ်တည်လာရသောဘ၀များ)လည်း ရှိတတ်ပါသည်...ထိုအခက်အခဲကိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပရဟိတ ဂေဟာများက တစ်ဖက်တစ်လမ်း ထောက်မပေးနေကြပါသည်.......မန်မာနိုင်ငံတွင်၂၀၁၁-၂၀၁၂ ပညာသင်နှစ် ၌အခြေခံအဆင်.ကျောင်းပေါင်း ၄၀၀၀၀ ကျော် ဖွင်.လှစ်ခဲ့ပြီး ဆရာ/ ဆရာမ ၂၈၀,၀၀၀ က ကျောင်းသားပေါင်း ၈၂၀၀,၀၀၀ ကိုသင်ကြားပေးနေ သည်.အနက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၄၃၁ ကျောင်းများတွင် ကျောင်းသား ၂၁၅ , ၀၀၀ တက်ရောက်ပညာသင်ကြားခဲ့ပါသည်
ပရဟိတကျောင်း မူလဆရာတော် ရဟန်းပျိုဘဝ
ဆရာတော်၏ ဈာပနတွင် တပည်.တစ်ဦးရေးဆွဲပူဇော်သော ပန်ချီကား
ဝါးခယ်မမြို. လှေကျင်းရပ်ကွက် မြူရုံးလမ်းပေါ်တွင် လူငယ်ဖွံ.ဖြိုးရေး ပရဟိတ ဂေဟာတစ်ခု ရှိပါသည်...ထိုကျောင်းကို ၁၉၅၄ ခုနှစ်ခန်.က ဆရာတော် ဦးဝါသ၀ က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်...မဟာဓမ္မိကာရုံ ဘုန်းတော်ကြီးကျောင်းအတွင်း ပူးတွဲ တည်ထောင်ခဲ့ခြင်းဖြစ်သည်...နယ်စပ်ဒေသများမှ မိဘမဲ့များ မိဘရှိသော်လည်း စားဝတ်နေရေး အနိုင်နိုင်ရုန်းကန်နေရသူများ၏ မျိုးဆက်များအား သွားရောက်စည်းရုံးခေါ်ယူကာ ကျွေးမွေးစောင်.ရှောက်ပညာသင်ကြားပေးခြင်းဖြစ်သည်......ဆရာတော် ၁၉၈၈ ပျံလွန်တော် မူချိန် တွင်. ဆရာတော် ဦးဂန္ဓ ကနေ ၁၉၉၈ ထိ ဆက်လက် ထိမ်းသိမ်းခဲ့ပါ သည် ၁၉၉၈ မှ ယခုအချိန်ထိ ဆရာတော်ဦးဥာဏိန္ဓ ကဆက်လက်ထိမ်းသိမ်းစောင်.ရှောက်လာခဲ့ ပါသည်...
ဒုတိယမြောက်ဆရာတော်
. လက်ရှိဆရာတော် ကျောင်းထိုင်အဖြစ်လည်းကောင် ပရဟိတဂေဟာ၏ တာဝန်ခံဆရာတော် အဖြစ် စတင်တာဝန်ယူချိန်ကလည်းကောင် ဆရာတော်၏ သက်တော်မှာ ၂၈ နှစ်သာရှိပါသေးသည်....မန္တလေးတွင် စာဝါလိုက်နေခိုက် ဆရာတော်ကြီး၏ ပြန်လည်မှာယူခြင်းကြောင်. ကိုရင်ဝတ်ဖြင်. စတင်ခဲ့ရသော ကျောင်း၏ တာဝန်တို.ကိုပြန်လည်ဆက်ခံ စောင်.ရှောက်ခဲ့ရပါသည်......ဆရာတော်သည် အိမ္မဲဇာတိဖြစ်ပြီး ၁၉၈၆ တွင်ကိုရင်စတင်ဝတ်ခဲ့ခြင်းဖြစ်သည်...ယခုအခါကျောင်းတွင်ကျောင်းသား နှစ်စဉ် ၅၀ ခန်.ကိုတာဝန်ယူကျွေးမွေးစောင်.ရှောက် ပညာသင်ကြားပေးနေခြင်းဖြစ်ပါသည် ယခင်က ရှမ်းပြည်နယ်မှ ကလေးများအဓိက တာဝန်ယူထားသော်လည်း ယခုနောက်ပိုင်း ထိုဒေသများတွင်လည်း ပရဟိတဂေဟာများ အထိုက်အလျှောက်ပေါ်ပေါက်လာသောကြောင်. အမျန်တကယ်အခက်ခဲဖြစ်နေသော ကယားပြည်နယ် ချင်းပြည်နယ်မှ ကျောင်းသားများကို အဓိကထား တာဝန်ယူပေးနေပါသည်..စာသင်ကြားခြင်းကိုတော. သက်ဆိုင်ရာ မူလတန်း အလည်တန်း အထက်တန်းကျောင်းများသို. ပို.လွှတိသင်ကြားစေပြီး ကျောင်းဝတ်စုံ စာရေးကိရိယာ အစားအသောက် ကျန်းမာရေး ကျုရှင်ခ စသည်တို.ကိုလူမှု ၀န်ထမ်းဦးစီးဌာန ရဲ. အသိအမှတ်ပြု ခံကျောင်းတစ်ကျောင်း ဖြစ်သောကြောင်. နိုင်ငံတော်၏ ထောက်ပံ.ငွေ (ယခင်ကတစ်နှစ် လျှင် ၂သိန်းခွဲခန်.ယခုနှစ်မှစ၍ထောက်ပံ.ငွေပိုမိုရှရှိသည်ဟုသိရပါသည်)...
ဝါးခယ်မအသင်းဥက္ကဌ မှမတည်၍ ရေသန်.စက်လှုဒါန်းစဉ် ..အသင်းဥက္ကဋ္ဌ...ဆရာတော်နှင်. ကျောင်းမှကလေးငယ်များ
ကျောင်းတက်စ နေ.ရက်များ
ဤကျောင်းလေးတွင် ကျောင်းအကျိုးတော်ဆောင် အဖွဲ.တစ်ခုဖွဲ.ထားပြီး ကျောင်းအတွက် လိုအပ်သည်များကို ဆရာတော်နှင်. တိုင်ပင် ဆောင်ရွက်လျှက်ရှိပါသည်...လူမှု ၀န်ထမ်းဦးစီးဌာန ၏အသိအမှတ်ပြု ခံကျောင်းတစ်ကျောင်း ဖြစ်သောကြောင်. နိုင်ငံတော်၏ ထောက်ပံ.ငွေ (ယခင်ကတစ်နှစ် လျှင် ၂သိန်းခွဲခန်.ယခုနှစ်မှစ၍ ထောက်ပံ.ငွေ ပိုမိုရရှိသည်ဟုသိရပါသည်..)...၀ါးခယ်မအသင်း(ရန်ကုန်) ဥက္ကဌ မတည်လှုဒါန်းငွေ အလှုရှင်တို. ပူးပေါင်းကူညီ ပံ.ပိုးမှုများဖြင်. ရပ်တည်နေရခြင်းဖြစ်ပါသည်.....
  ယမန်နှစ်က Secluded Serene Avenue of WKA Group ပညာရေးထောက်ပံ.မှုအလှုတွင် ဆရာတော် ..ကျောင်းအကျိုးတော်ဆောင်အဖွဲ.၀င်အချို.နှင်. SS Avenue's Collector အချို. စုပေါင်းရိုက်ကူးထားသော ပုံ
ကျောင်းအကျိုးတော်ဆောင် အဖွဲ.အနေဖြင်.
ဦးကျော်လွင်
ဥက္ကဋ္ဌ
Dr
သက်ရှည် ဒု-ဥက္ကဋ္ဌ
Dr
မောင်မောင်ကြိုင် အတွင်းရေးမှုး
ဦးကြင်ရီ
အတွင်းရေးမှုး-
Dr
ဝင်းဇော် ဘဏ္ဍာရေးမှုး
ကိုမောင်ဦး
ဘဏ္ဍာရေးမှုး
စသည်တို.
ပါဝင်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးများ ဒေသခံ ရပ်မိရပ်ဖများဖြင်. ဖွဲ.စည်း ထားခြင်းဖြစ်ပါသည်.........
ကလေးငယ်များ နေထိုင်ရာ ယခင်ပင်မကျောင်းထပ်ခိုး
ကျောင်းတက်နေသော ကလေးငယ်များအနေဖြင်. မူလတန်းမှ ၁၀ တန်းထိ ပါဝင်ပြီး ယခုနှစ်တွင် ဆယ်တန်း ဦး မှာ အထက တွင် တက်ရောက်လျှက်ရှိပါသည်....မူလတန်းကလေးငယ်အားလုံး မဟာဓမ္မိကာရုံ မူလတန်းကျောင်းတွင်တက်ရောက်ကြရပြီး အလယ်တန်းမှ အထက်တန်းထိ ကျောင်းသားအားလုံး အထက တွင် တက်ရောက်သင်ကြားကြရပါသည်...
ကျောင်းသားလတ် တို.အတွက် ဓမ္မာရုံ
 တိုင်းရင်းသား ကလေးငယ်များအနေဖြင်. ထိုပရဟိတကျောင်းတွင် စည်းကမ်းတကျနေထိုင် ပညာသင်ကြားနိုင်ရန် ဆရာတော်မှ အချိန်နှင်. သတ်မှတ်ပေးထားပါသည်
ညနေ ထမင်းစားချိန်
 ကျောင်းတက်ရက်များတွင် မနက် နာရီထ ကိုယ်လက်သန်.စင်
၆း၃၀
မှ ၇း၃၀ ထိ စာကျက်
၇း၃၀
မှ ၈း၀၀ ထိ ရေချိုး
၈း၀၀
မနက်စာစား (ထမင်းကြော်..သို.မဟုတ် ထမင်းကြမ်းနှင်.အကြော်...သို.ထမင်းနှင်.ပဲပြုတ်)..ကျောင်းသွား
နေ.
လည်ကျောင်းဆင်း ထမင်းစား
အနားယူ
ကျောင်းပြန်သွား
ညနေ
ကျောင်းဆင်း မှ ၅း၀၀ နာရီထိ အားလပ်ချိန် အပန်းဖြေချိန် ဆော.ကစားချိန်
၅း၀၀
မှ ၅း၃၀ ထိ ကျောင်းသန်.ရှင်းရေး
၅း၃၀
မှ ၆း၀၀ ထိ ရေချိုး
၆း၀၀
ညစာစား
၇း၀၀
ဘုရားဝတ်တက်
ပြီးသည်မှ
၉း၀၀ ထိ စာကျက် (အတန်းငယ်များ ၉နာရီအိပ်ရန် နှင်. အတန်းကြီးများ လိုအပ်သည်.အချိန်ထိ ကျက်မှတ်ရန်)
သတ်မှတ်ထားပြီး
ဘုရားဝတ်တက်ချိန်
ပိတ်ရက် TV ကြည်.ချိန်
 စနေတစ်ရက် ကျောင်းသန်.ရှင်းရေး မိမိ အ၀တိအစား လွယ်အိတ် စောင် ခြင်ထောင် လျှော်ဖွပ်သန်.ရှင်းရေး လုပ်ရန်သတ်မှတ်ထားပါသည်.....
ကျောင်းပိတ်ရက်တွင်
ညဘက် ဘုရားဝတ်ပြုပြီးချိန်မှ ၉နာရီအထိ TV ကြည်.ခွင်.ပြုထားပါသည်.....
No comments:
Post a Comment