Monday, June 17, 2013

မြန်မာကားတွေ ဒီလိုရိုက်မှ လူကြည်.တော.မှာလား

ကိုယ်တွေ လူမျိုးကို သူများလုပ်တာ လိုက်လုပ်တာလောက်တတ်တာ....
ကိုယ်တိုင်က ဦးဆောင်တီထွင် စွန်.စားလိုစိတ်မရှိ.........
ငါးပွက်ရာ ငါးစာချ ရေတိုအတွက်သာတွက်လုပ်နေတာ လိုမျိုးပြောကြတော. မခံချင်.........
သို.သော်လည်း သူများဒါရောင်းလို. အောင်မြင်ရင် ဒါလိုက်ရောင်း.............
သူများ ဒါလုပ်လို. အောင်မြင်ရင် လိုက်လုပ်  စတာတွေမြင်လာရပြန်တော.လည်း...........



မြန်မာ.ရုပ်ရှင်..မြန်မာ. Video လောက ဟိုးးးး အစပိုင်းကတော. ဘာတစ်ခုခုကသာ ပေါက်နေတယ်ဆိုတာမျိုးတော.မဟုတ်  အချို.ကတော်လှန်ရေးကားတွေတောက်လျှောက်ရိုက်နေချိန်မှာ
အချို.က ရာဇ၀င်ကားတွေ ဆက်တိုက် ...အချို.က ဖိုက်တင်တွေ ၇ိုက်နေချိန်မှာ...အချို.က  ဟာသ
အချို.က Fancy လေးင်္တေ မရိုးအောင် ထုတ်လုပ်နေချိန် အချို.ကတော. Drama နှင်. မိဘမေတ္တာဘွဲ.များ
ကြည်.သူများကလည်း ကိုယ်သန်ရာသန်ရာ

သို.သော် နောက်ပိုင်း သတိထားမိလာချိန်မှာ ဘယ်နေရာ..ဘယ်အချိန်ကြည်.ကြည်. ဟာသကားများ
နာမည်ကြီး မင်းသား..မင်းသမီး..ဒါရိုက်တာတို.လည်း  ဟာသကား...
နာမည်သိပ်မရှိ..မြေစမ်းခရမ်းပျိုး အနုပညာရှင်တို.လည်း ဟာသကား
နောက်ဆုံး လူကြမ်းများက အစ ဟာသသရုပ်ဆောင်ဖြစ်ကုန်ကြ၇တော.သည်

ထို.နောက်တော. ဆင်ဆာကင်းလွတ်မှု အစဦးပိုင်း ဦးဆောင်လာသည်က သရဲကား
ကိုယ်တိုင်ရိုက်ကား...မှီငြမ်းကား...ဖြတ်ကပ်ညုပ်ကား များနှင်.အပြိုင် ဖြစ်ရပ်မှန် ဆိုသော ကားများ...
နေ.ခင်းကြောင်တောင် ၃၅ လမ်းထဲ သရဲခြောက်ခံရခြင်းဆိုသော ဆောင်းပါးလိုမျိုးများ ထွက်လာသည်အထိ.....ရီစရာသရဲ...ကြော က်စရာသရဲ...သရဲအချစ်ကား စသည်ဖြင်.အတော်စုံလင်လှသည်

ထို.နောက်တွင်တော. ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးသော
ဘယ်တုန်းကမှ မကြည်.ခဲ့ကြရဖူးသော
အနောက်တိုင်း ဆန်ဆန် လိင်ပိုင်းဆိုင်ရာ ရိုက်ချက်များကို တစ်စတစ်စ သွေးတိုးစမ်းရိုက်လာကြသော ဇာတ်ကားအချို. ...တစ်ချိန်က.ပြောကြသည် မြန်မာမိန်းကလေးတို.ကား ကမ္ဘာပေါ်တွင် အရှက်တရားကို အသက်နှင်.တောင် လဲရဲသည်.လူမျိုး........ မောင်နှင်.နှစ်မ သားနှင်.အမိ တောင်မှ လိုက်နာရန် စည်းကမ်းများ တင်းကြပ်လွန်းသည်. လူမျိုး ....သိမ်မွေ.လွန်းသည်.လူမျိုး ဆိုသော စကားများ ဒဏ္ဍာရီထဲ ပို.ထားရတော.မလားတောင် တွေးလာရတော.သည်...

လိင်ပိုင်းဆိုင်ရာ မည်သည်.ရိုက်ချက်မျိုးမှ မပါပါဘဲ တစ်ကမ္ဘာလုံး နာမည်ကျော်သည်. ကားများကို အာရှတိုက်နိုင်ငံအချို.က ဂုဏ်ယူဝင်.ကြွားစွာ ရိုက်ကူးထုတ်လုပ်နေကြချိန်....
မိမိတို.နိုင်ငံ၏ ယဉ်ကျေးမှု...၇ိုးရာအစားအစာတို.ကို ဦးစားပေး ရိုက်ကွက်ဖော်ပြီး ကမ္ဘာကျော် ဇာတ်လမ်းတွဲများ ...အနိမ်.ဆုံး အဆင်. အာရှတိုက်ကို ကိုင်လှုပ်နေသော ဇာတ်ကားများ သိက္ခာရှိရှိ ထုတ်လုပ်နေကြချိန် ... မြန်မာနိုင်ငံတွင် သွေးတိုးစမ်း ထုတ်လုပ်နေကြသည်က လိင်ပြကွက်ကို ရသလောက်ထုတ်ဖော် ရိုက်ကူးရင်း ဈေးကွက်ကိုမြူဆွယ်နေကြရသည်.အခြေအနေ...

၇ိုက်ရဲသော ဒါရိုက်တာ...အရိုက်ခံရဲသော သရုပ်ဆောင်တို. ချီးတောင်ချီးကျုးရမလားမသိ
ဒီလိုပြကွက်တွေထည်.မှ မိမိဇာတ်ကား လူကြည်.မည်ဟုများတွေးထင်နေကြလေသလားမသိ
အဖေရှိသော.. အကို..မောင်တို.ရှိသော မိန်းကလေး သရုပ်ဆောင်များ..
အမေရှိသော..ညီမ..အမတို.ရှိသော ဒါရိုက်တာများ၏ ဖန်တီးရဲသော သတ္တိ ...
မည်သို.ချီးကျုးရမည်ဟုပင်မတွေးမိ
မင်းညီမရိုက်ထားတဲ့ကား...မင်းအမရိုက်ထားတဲ့ကား....ခင်ဗျားသမီးရိုက်ထားတဲ့ကား ဟုချီးကျုးခံကြ၇မည်. မိသားစုဝင်တို. အစား .............

လွတ်လပ်ခွင်.ပြုပေးလာသော ဆင်ဆာစဉ်းမျဉ်းများ ကို ဤလမ်းဘက်မှဖောက်ထွက်ကြကုန်သော သူအပေါင်းတို.အား မည်သို.ဂုဏ်ပြု၇မည်ပင်မသိ....ထိုဇာတ်ကားမျိုးကို ပါဝင်ပတ်သက်ကြသူများ မိမိကိုယ်ကို မည်သို.ဂုဏ်ယူကြသနည်းဟုတော.သိချင်မိသည်....မိမိတို.ကြည်.ချင်သည်က ထိုဇာတ်လမ်းမျိုး...ထိုဖန်တီးမှုမျိုးမဟုတ်....ထိုအခန်းတစ်ခန်း ၂ခန်းခန်.ထည်.ပြီး လူကြည်.များအောင်ဆွဲဆောင်မည်ဆိုလျှင်တော. ပ၇ိသတ်ကို အထင်သေးလွန်းရာ ကျပေလိမ်.မည်...

နှစ်ပေါင်းများစွာ ထိမ်းသိမ်းလာကြသော မြန်မာ.ယဉ်ကျေးမှု 
အစဉ်လာရှိခဲ့ကြသော အစဉ်အလာကြီးခဲ့ကြသော ယဉ်ကျေးမှု
အရာရာတိုင်းကို ချိုးဖျက်ရဲရုံနှင်. အသစ်အသစ်သောဖန်တီးမှု ဟူ၍တော.ခေါင်းစဉ်တပ်....မရ
ထိုလိင်ပိုင်းဆိုင်ရာ ရိုက်ချက်တို.က နှစ်ပေါင်းများစွာကပင် ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်...ဘာမှအသစ်ဖန်တီးမှုမဟုတ်
ကိုယ်ပိုင်ယဉ်ကျေးမှုစည်းကို တန်ဖိုးထားကြသဖြင်. ယူမသုံးခဲ့သော ဖန်တီးမှုများကို ခုမှ ကိုယ်နာမည်ကြီးရုံ ဖြတ်လမ်းနည်းအဖြစ် အသုံးပြုရဲလာခြင်းသာဖြစ်သည်...ထိုရိုက်ချက်မျိုးအတွက် နာမည်ကြီး ရင်ပြီးရောဆိုသောစိတ်နှင်. . မရှက်တတ်သောစိတ် ရှိသော သရုပ်ဆောင်နှင်. ကိုယ်ဖန်တီး သောကား လူကြည်.များရင်ပြီးရော ဆိုသောစိတ် နှင်. ခက်ခဲသော အနုပညာဖန်တီးမှုအစား ညစ်ညမ်းစွာ မပင်မပန်းဆွဲဆောင် လိုစိတ်ရှိသော ကင်မရာ ကိုင်တတ်သူ တစ်ဦး ရှိရုံနှင်.ပင် အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်သည်...ထိုသူတို.နောက်ပိုင်းတော. မည်သို.ဂုဏ်ယူကြမည်မသိ..နိုင်ငံတကာတွင်.တကယ်.နာမည်ကျော် တို.ပင်လျှင် နုစဉ်အခါ ရိုက်ရပြီးရော ၇ိုက်ကူးခဲ့ကြသဖြင်. တကယ်အနုပညာသိက္ခာရှိရှိ ရပ်တည်ချိန်တွင် ထိုအရိပ်မည်းတို. ကိုပြန်စိုးရွံ.နေကြရချိန် ဒီမှာတော.  သိက္ခာမဲ့စွာ ဖန်တီးမှုတို.ကို ရိုးလာလို. အသစ်ထွင်သည်ဟူသော ခပ်ညံ.ညံ.ခေါင်းစဉ်များဖြင်. .....................

သိက္ခာရှိသောအနုပညာ ဖန်တီးမှုများ..........
အနုပညာအရည်အသွေးစစ်စစ်တို.ဖြင်. ထုံမွှမ်းအပ်သော ဇာတ်ကားကောင်းများ........
ကိုယ်. ကိုကိုယ်လူကြည်.ခံချင်ရုံထက်ပိုသော ... ကိုယ်.အနုပညာစစ်စစ် ကိုတန်ဖိုးထားသော   သရုပ်ဆောင်သူများ...............
အရှက်တရားကို မြတ်နိုးတန်ဖိုးထားသည်. ယဉ်ကျေးသိမ်မွေ.သော မြန်မာအမျိုးသမီးတို.ကို ကိုယ်စားပြုသော ရှက်ရကောင်းမှန်းသိသည်. အမျိုးသမီးသရုပ်ဆောင်များ....
 ပရိသတ်ကို ယုတ်နိမ်.စွာ ဆွဲဆောင်မှုတို.ကို ရွံရှာတတ်ပြီး စစ်မျန်သော အနုပညာ အသစ်ဖန်တီးလိုသော ပညာ၇ှင်များ ပေါ်ပေါက်ပါစေ...........
သို.မှသာ  မြန်မာဇာတ်ကားများ၏ ရှေ.အလားအလာသည် သိက္ခာရှိစွာ ရပ်တည်ရင်း မျှော်လင်.ချက်ကြီးကြီး ထားနိုင်လိမ်.မည်ဟု ထင်ပါသည်...

(ကိုယ်ပိုင် ယူဆချက်ဖြစ်သလို မြန်မာကားပရိသတ် တစ်ဦး၏ အမြင်လည်းဖြစ်သောကြောင်. သဘောထားခြင်း တူသူများရှိမည်ဖြစ်သလို လုံးဝမနှစ်ခြိုက်သူများလည်း ရှိနိုင်ပါသည်...မိမိကိုယ်ကို စေတနာမှန်သည်ဟု ထင်သဖြင်. ကိုယ်.လိပ်ပြာ ကိုယ်လုံပါသည်.....မိမိနှစ်သက်သလို ထင်မြင်ယူဆနိုင်ပါသည်)

ဆက်စပ်ဖတ်ရှုရန်...ရွှေမှုံရတီရဲ့ ဖြေရှင်းချက်နဲ့ “မျက်လုံးလေး ကလယ်ကလယ်” 
ထိုကားမျိုးတော. အားမပေးလိုပါ (မျက်လုံးလေး ကလယ်ကလယ် ) 
မြန်မာကားတွေ ကွဲထွက်အောင် ဒီလိုရိုက်မယ်တဲ့ 


No comments:

Post a Comment