Tuesday, June 11, 2013

ကေအေတီ ကိုယ်တိုင်ပြောခဲ့တဲ့ ကေအေတီ အကြောင်း


 ကျွန်တော်က ရန်ကုန်မှာ မွေးရုံတင်မွေးခဲ့ပြီး မုံရွာမှာပဲ ကြီးခဲ့တာပါ
ကျွန်တော်ငယ်ငယ်က ပန်းချီလေးတွေ လျှောက်ဆွဲရာကနေ ပြိုင်ပွဲလေးတစ်ခုကြုံရပါတယ်
ပြိုင်ပွဲက ခေါင်းစဉ်တစ်ခုပေးပြီး ၀င်ပြိုင်ရတာ...ကျွန်တော်က သက်ငယ်တန်း ၄တန်းမှာဝင်ပြိုင်တာ  မှတ်မှတ်ရရပါပဲ...သူတို.ပေးထားတဲ့ခေါင်းစဉ်ကလုပ်အားအလှ...ကျွန်တော်က ဘာပြိုင်ဖြစ်သွားလဲဆိုတော. ချောင်းလေးပေါ်က တံတားလေးဆောက်နေတဲ့ပုံကို  Water Color ပေါ.ရေဆေး ကိုယ်ဆွဲတတ်သလောက်လေး....အဲဒီတုန်းက ဘယ်သူမှသင်မပေးဘူးပေါ. ..ဆွဲတတ်လောက်သလေးဝင်ဆွဲပြီး...၀င်ပြိုင်လိုက်တဲ့အခါ မထင်မှတ်ပဲ သက်ငယ်တန်းမှာဆုရသွားတယ်...ပျော်လည်းပျော်မိတယ်..ကလေးတို.ဘာသာဘာဝ....အဲဒီမှာ ပြိုင်ပွဲကျင်းပရေးကော်မတီက ဘာဆုပေးလည်းဆိုတော. ပန်းချီစုတ်တံလေးတွေရယ်..Water Color ဘူးလေးတွေရယ်ဆုပေးတော. ပိုပြီးရူးသွပ်သွားတယ် .ပန်ချီ စိုက်လိုက်မတ်တတ် ဆက်ဆွဲဖြစ်ခဲ့တယ်..
ပြီးတော. ကျွန်တော်တို.မြို.မှာပဲ နွေရာသီ ကျောင်းပိတ်ရက်ဆို ပန်ချီကို အခြေခံကနေ စသင်ပေးပြီးတော. ပန်ချီ သင်တန်းလေးတွေ တစ်လ နှစ်လ ပေါ. ဖွင်.ဖွင်.ပေးတယ်.....ဒါကိုနှစ်စဉ် တက်ဖြစ်တယ်...တစ်ဆင်.တစ်ဆင်. တက်ရင်းနဲ. အခြေခံကနေ ပန်ချီအကြောင်းကို တော်တော်လေး နားလည်လာပါတယ်...ပန်ချီရဲ. သိမ်မွေ.မှုတွေ နုးညံ.မှုတွေကို ရှာဖွေတွေ.ရှိလာတယ်..အဲဒိတော. ပန်းချီကို ရူးသွပ်လာပြီးတော. တောက်လျှောက် ပန်းချီ ဆွဲဖြစ်ခဲ့ပါတယ်...


 ပန်းချီဆွဲနေရင်းက အနုပညာကဆက်စပ်မှု ရှိတယ်ပြောရမလားမသိဘူး...၆တန်း ၇ တန်းလောက်မှာသိချင်းကို အရမ်းဝါသနာပါတယ်...ဘာဖြစ်လို.၀ါသနာပါသွားလဲဆိုတော. အဓိက အချက်က ဘေးအိမ်မှာ ကက်ဆက်ရှိတယ်...ကက်ဆက်ကမနက်အိပ်ရာထတဲ့အချိန်ဆို သီချင်းတွေဖွင်.တယ်..အဲ.ဒီသီချင်းတွေနားထောင်ရင်းက သီချင်းကို ကြိုက်တတ်လာတယ်...မသိစိတ်ကနေကြိုက်တတ်လာတယ်..ဂီတပိုးလေး ၀င်လာတယ်လို.ပြောရမယ်...၈တန်းနှစ်လောက်မှာ ဂစ်တာကိုစပြီး အိမ်ကမသိအောင်ခိုးသင်တယ်..ဂစ်တာခိုးသင်နေတဲ့အချိန်မှာပဲ ဂိတာကို စိုက်လိုက်မတ်တတ် သင်ဖြစ်တာကတော. ၈တန်းစာမေးပွဲဖြေပြီးတဲ့အချိန်မှာပဲ ၂လလောက်မှာတော်တော်တီးတတ်သွားပြီး သီချင်းလေးဘာလေး တီးနေပြီ ဆိုပေမယ်. စနစ်တကျမဟုတ်ဘူး...ဘားတွေ ဘာတွေခွဲပြီးတော. ၂ယောက် ၃ယောက်တွဲတီးတာမျိုးကတော. ဘယ်အချိန်လောက်မှလဲဆိုတော. ၁၀တန်း ဒုတိယနှစ်လောက်ကျမှပေါ. ...အဲ့လို တီးခဲ့တာပေါ.  ..အဲဒီကျတော. ရပ်ကွက်ထဲက ကိုယ်.ထက်အသက်နည်းနည်းကြီးတဲ့ ကိုဝင်းနိုင်လို. ခေါ်ပါတယ်..သူက အင်္ဂလိပ် သီချင်းတွေပဲဆိုတယ်..အဲဒါတွေပဲတီးတယ်..သူ.ကိုကိုယ်က အရမ်းအားကျတယ်...အားကျပြီးတော. သူ.ကိုသွားပေါင်း..မိတ်ဆွေဖွဲ. ...ပြီးတော.သူ.ဆီမှာသင်လိုက်တော. နောက်တစ်ဆင်.အနေနဲ. ဂစ်တာ ဘားတွေ..တိုင်ပင် တွေနဲ. နုတ်စ်တွေ အတိအကျ စသိရပါတယ်..


 .ဒါဖြတ်ပြောလိုက်တာပါ...တကယ်တမ်းကျတော. ဂစ်တာတီးလိုက်တဲ့အချိန်မှာပဲ
စာအရမ်းပဲ ဖတ်နေပါပြီ...စာဖတ်ဖြစ်သွားတာက ကျွန်တော်တို. ငယ်ငယ်တုန်းက ကလေးတွေ ဘာသာဘာဝ ရုံးဝင်းထဲမှာဆော.ကြတာပေါ....ကျွန်တော်.အမေကလူတစ်မျိုးဗျ....သူများတွေလိုပေးမကစားဘူးဗျ...
ဘာဖြစ်လို.လည်းဆိုတော.ခိုက်မိမှာအရမ်းစိုးတော. ဘာလုပ်လည်းဆိုတော. ကျွန်တော်တို.ကို အိမ်ပေါ်မှာ စာအုပ်တွေ ၀ယ်ပေးထားတယ်..တိုင်းရင်းမေတို.  ရွှေသွေးတို.  စာအုပ်တွေအများကြီး ၀ယ်ပေးထားတော. စာပဲထိုင်ဖတ်နေရတယ်...စဖတ်တော. စာဖတ်ချင်လို.ဖတ်တာ မဟုတ်ဘူး..ပျင်းလို.ဖတ်တာ...ပျင်းလို.ဖတ်ရင်းက ကြိုက်လာတာ..ကြိုက်လို.ဖတ်ရင်း ၈တန်းနှစ်လောက်မှာ ဂစ်တာ တီးနေချိန်မှာ စာဖတ်တာ 
အရမ်းဝါသနာပါသွားပြီ...၉တန်းလောက်ကျတော.ကျွန်တော.ဆရာဖြစ်လာမယ်. ကိုသန်းထွန်းပေါ.  ..ကိုသန်းထွန်းဆိုတာ ကျွန်တော်တို.မြို.ရဲ. နာမည်ကြီးတဲ့ လဘက်ရည်ဆိုင်ပေါ. ...အဲဒိဆိုင်က အနုပညာသမားတွေ နိုင်ငံရေးသမားတွေထိုင်ကြတဲ့ဆိုင်ပေါ. ...သူတို. ကဖွင်.ရင်လည်း ပေါ်ပြူလာဖြစ်တဲ့ သီချင်းတွေဖွင်.တာမဟုတ်ပဲ အနုပညာဆန်တဲ့ သီချင်းတွေပဲ ဖွင်.တယ်...ညဘက်ကျမှဖွင်.တဲ့ဆိုင်ပေါ. ..သူ.ဆီမှာစာအုပ်တွေ အများကြီးရှိတယ်ဆိုတာ သတင်း၇တော. ပေါင်းရတယ်ပေါ.   ပေါင်းဖြစ်သွားတယ်သူနဲ. စကားတွေဝင်ဝင်ပြောတယ်...ပြောရင်းနဲ. သူနဲ.ကျွန်တော်နဲ. ရှေးရေစက်လို.ပြောရမလား မသိဘူး....သူကကျွန်တော်.ကို ကြည်.ရလာတယ်ပေါ. ...ခင်လာပြီးအနုပညာစကားတွေပြောလာတယ်..သူ.ဆီကစာအုပ်တွေငှားဖို.ကျွန်တော်ကြိုးစားတာပေါ. ...သူကပေးငှားတယ်..တစ်အုပ်ပြီးတစ်အုပ်ပေါ. မသိတာလေးတွေပြန်မေး..သူကရှင်းပြတယ်..သူကတကယ်တော.ကျွန်တော.အတွက် စာပေဟင်းလေးအိုးကြီးပါပဲ...သူဖတ်ထားတဲ့စာတွေအားလုံး ခေါင်းထဲမှာသူကအလွတ်၇တယ်..မရှင်းလို
.မေးရင် အလွတ်ပြောနိုင်တယ်...သူကကျွန်တော်.ကို စာဖတ်တာကိုလည်း စနစ်တကျ ပေးဖတ်ခဲ့တယ်..ဘာဖြစ်လာလည်းဆိုတော. အချိန်တိုတို ခဏလေးအတွင်းမှာပဲ ဖတ်တဲ့စာအုပ်တွေနည်းပေမယ်. Focus ပြတ်လာတယ်..နားလည်လာတယ်..ပြတ်ပြတ်သားသားမြင်လာတယ်..နောက်တစ်ခုက နားမလည်တာရှိရင် ချက်ချင်းမေး ချက်ချင်းဖြေပေးတဲ့ အထောက်အပံ.ကြီးတစ်ခုပါပဲ...သူနဲ.ကျွန်တော်ပေါင်းလာရင်း အတန်းကြီးလာလေ အနုပညာ ဘာလဲဆိုတာ ပိုပိုသိလာတယ်..တကယ်တမ်းပြောရင် သူဟာကျွန်တော်.ရဲ. ဆရာပါပဲ...အဲဒီအချိန်မှာပဲ သူ.ဆီကနေကျွန်တော် ဘာကိုဆည်းပူးလဲဆိုတော. ကဗျာကို ဆည်းပူးတယ်...သီချင်းကို စိတ်ဝင်စားနေသလို တစ်ပြိုင်တည်းမှာပဲ ကဗျာကိုလည်း စိတ်ဝင်စားနေပြီ..ဆယ်တန်းဒုတိယနှစ်မှာ ရှပ်ရှင်အောင်လံ မဂ္ဂဇင်းမှာ ပထမဆုံးကဗျာလေး ပါလာတယ်..အဲဒီတုန်းက မောင်မောင်လွမ်းအောင်ဆိုတဲ့ နာမည်နဲ.ရေးပါတယ်...အဲ့လိုကဗျာတွေရေးရင်း ပါလာတော. ကဗျာ ပိုး ပိုဝင်သွားရင်း သီချင်းဘက်ထက် ကဗျာဘက် ရောက်သွားပြန်ရော..အဲ့ဒီအချိန်မှာ ပန်းချီလည်း ဆွဲဖြစ်နေတယ်..ဆယ်တန်း ဒုတိယ နှစ်မှာပဲ မုံရွာ အထက ၃ မဂ္ဂဇင်းလုပ်တယ်..ကျွန်တော်တို.သရုပ်ဖော်ပုံတွေ..ကာတွန်းတွေ ..ကဗျာတွေ ရေးဆွဲရင်း အနုပညာပိုးက ပိုသန်လာတယ်..


 ဒါပေမယ်. အဲ့အချိန် သီချင်းမရေးဖြစ်သေးဘူး..အဲ့ဒီစာမေးပွဲဖြေပြီးတော. အဖေနဲ.စိတ်ဆိုးပြီး မော်လမြိုင်မှာ အဖွားရှိတာကိုး....အဖွားဆီထွက်လာခဲ့တယ်...မော်လမြိုင်မှာ အရမ်းပျင်း နေ၇ထိုင်ရတာလည်း အပေါင်းအသင်းက သိပ်မရှိတော. ကျွန်တော်.ဘ၀မှာ ပထမဆုံးဖြစ်လာမယ်. ကိုယ်ပိုင်သံစဉ် သီချင်းလေး တစ်ပုဒ် ရေးဖြစ်လာတယ်...နာမည်က လွမ်းကြောင်းပြောပေးပါ ဆိုတဲ့ သီချင်းလေး..အဲဒီကနေအရှိန်တက်လာပြီး မန္တလေး တက္ကသိုလ် ရောက်သွားတော. ခုနာမည်ကြီး အဆိုတော်တွေ ဖြစ်နေကြတဲ့ လေးဖြူတို. အငဲတို. ၀ိုင်ဝိုင်းတို.နဲ့ အပေါင်းအသင်းဖြစ်သွားပါပြီ...သူတို.တွေဆီကကျွန်တော် ပညာတွေ ရခဲ့ပါတယ်..သူတို.တွေက ၁၇ နှစ် ၁၈ နှစ်အရွယ်ထဲက အခြေခံ
 အရမ်းကောင်းနေကြပါပြီ..ဂိတနဲ.ပတ်သက်လို.အခြေခံအ၇မ်းကောင်းနေပြီ...သူတို.ဆီက Notes တွေပြန်သင် ခုနာမည်ကြီးနေတဲ့ DHH လှိုင်ဝင်းဦး ပေါ. ဂီတမိတ်မှာ ဂစ်တာဆရာလုပ်ပါတယ်...သူနဲ.လည်းပေါင်းဖြစ်ပါတယ်...သူကအတန်းကြီးတယ်..ဒါပေမယ်. တစ်တန်း တစ်တန်း ကျကျနေတဲ့ အခါကျတော. ကျွန်တော်နဲ.ကျောင်းအတူပြီးတာပေါ.  သူ.ဆီကနေ  ဂစ်တာ Notes တွေ သေချာသင်ဖြစ်ပါတယ်...ပညာပိုရတာပေါ. ..ဂိတဘက်ကို ပိုရောက်လာပြီလို.ပြောလို.ရပါတယ်..ကဗျာ ရေးနေပေမယ်. ကဗျာစာအုပ်ထုတ်  လက်ရေးမူလေး ထုတ်နေပေမယ်.သိချင်းဘက်ပို ရောက်နေပြီလို.ပြောလို.၇တယ်...ကျောင်းအဆောင်ကျောင်းသားဘ၀နဲ. ကိုယ်ပိုင်သံစဉ်သီချင်းအပုဒ် ၅၀ လောက်ရှိမယ်..ရေးဖြစ်ခဲ့ပါတယ်...အဲ့လိုရေးခဲ့တယ်ဆိုတာလည်း ဘာရည်ရွယ်ချက်မှ  ဖြစ်ချင်လို. မဟုတ်ဘူး..သီချင်းရေးကျင်.တဲ့ သဘောမျိုးပေါ. ...အဲ့လိုရေးနေချိန် Finalနှစ်မှာ မန္တလေး တက္ကသိလ်ကို ရန်ကုန်က အဆိုတော် တစ်ယောက်ရောက်လာခဲ့တယ်...သူကနာမည်ကြီးတေးရေးဆရာတွေကိုလည်းအပ်ထားတယ်..နယ်
တက္ကသိုလ်က အဆောင်သီချင်းတွေကို လိုချင်လို. လိုက်ရှာနေတဲ့ သူတစ်ယောက်ပေါ. ...သတင်းရပြီး ကျွန်တော်က သီချင်းလေးတွေအများကြီးပြဖြစ်တယ်ပေါ. ..သီချင်းတစ်ပုဒ် ကြိုက်လို.ဆိုပြီး ၀ယ်သွားတယ်...၂၀၀ ရပါတယ်...ပြောရရင် စရောင်းတည်းက အလကားမပေးခဲ့ရပါဘူး..အဲဒီတုန်းက ၂၀၀ ဆိုတာလည်းတော်တော်များပါတယ်..ဒါပေမယ်.အဲဒီအခွေက သွင်းပြီးတဲ့အလခါကျမှ မထွက်ဖြစ်ခဲ့ပါဘူး...အဲ.ဒီအဆိုတော်က နိုင်ငံခြား သင်္ဘောလိုက်သွားတယ်..အဲ့ဒီလိုမျိုးနဲ.ကျွန်တော်က သိချင်းဘက်ကို ရူးသွပ်ဖြစ်ခဲ့ပါတယ်..

  .၁၉၈၇မှာ ကျောင်းပြီးသွားပြီး ၁၉၈၉မှာ အလုပ်လုပ်မယ်ဆိုတော. ဘာလုပ်ရမလဲ စဉ်းစားတော.အခြားစီးပွားရေးတွေစိတ်မ၀င်စားဘူး..ကိုယ်ဝါသနာပါတာပဲလုပ်မယ်ဆိုပြီးကျွန်တော.
အိမ်ရှေ.မှာ တိုက်ခန်းလေး တစ်ခန်းဆောက်ပြီး Recording ဆိုင်လေးတစ်ဆိုင်ဖွင်.ခဲ့ပါတယ်..၁နှစ်ခွဲလောက်ပြီးတော. ဆိုင်ကိုဖြုတ်လိုက်ရပါတယ်..ဘာလို.ဖြုတ်လိုက်ရလည်းဆိုတော. ရောင်းဖို. ကူးဖို. ၀ယ်ထားတဲ့အခွေတွေက ကြိုက်လို.နောက်ထဲ ဖယ်ရင်းဖယ်ရင်းနဲ. ရှေ.မှာရောင်းစရာ ကူးစရာ မရှိတော.ဘူး..မရှိတော.ဆိုင်ကိုဖြုတ်လိုက်ပြီး အခွေတွေသိမ်းလိုက်တယ်...ကျွန်တော် ဘွဲ.သွားယူချိန်မှာ လေးဖြူနဲ.ပြန်တွေ.တယ်...သူကမုံရွာမှာ လာအလုပ်လုပ်မယ်ဆိုတော. ကျွန်တော်ခေါ်လာပြီး အိမ်မှာပဲ အတူတူ နေပါတယ်..ကန္တာရ လမင်းလုပ်မယ်ဆိုတဲ့ အချိန်ကျတော. ကျွန်တော. စုထားတဲ့ ညအခွေထဲက သီချင်းလေးတွေပဲ ၀ိုင်းရွေးကြပြီးတော. ၁၉၉၀ မှာရန်ကုန်ကိုရောက်ရှိခဲ့ပါတယ်...အဲ့အခွေမလုပ်ဖြစ်ခင် တက္ကသိုလ်ကနေ ကျောင်းပြီးလို.ပြန်လာတော. ကမန်တော်တို.မြို.မှာ အဆိုတော် သျှိုင်းအောင်ဆိုတာရှိတယ်...ကိယ်ပိုင်သံစဉ်သီချင်းတွေပဲ ရေးတာက ကိုသားထွေးတို.ကိုရာပြည်.တို.ကိုနေ၀င်းတို. ကိုရဲလွင်တို. ရေးတာများတယ်..ရေးကြတယ်..သူကဒုတိယခွေလုပ်မယ်ပြောတယ်..ကျွန်တော.်ဆီမှာသီချ
င်းတွေရှိတယ်ပြောလိုက်တယ်..သူ.ညီက ကျွန်တော်နဲ. ကျောင်းနေဘက်ဗျ...Own Tuneတွေ ရှိတယ်  သွားနားထောင်ကြည်.ပါလားဆိုပြီး...ပြတော. ၃ပုဒ်ပြတာ သူတစ်ပုဒ်ကြိုက်သွားတယ်...အားနည်းချက်နဲ. လူဆိုတဲ့ ကိုယ်ပိုင်သံစဉ်လေးသူယူသွားတယ်...အဲ့အခွေလေးထွက်ခဲ့ပါတယ်..အဲ့ဒိတုန်းက ၅၀၀ ရပါတယ်..အမှတ်တရဖြစ်ပါတယ်...ကိုယ်ရေးခဲ့တဲ့ သီချင်းလေးကို ကိုယ်.နားနဲ.ဆတ်ဆတ် ပြန်ကြားခွင်.ရခဲ့လို.ပါ..

 အဲဒါပြီးတော. လေးဖြူရဲ. ကန္တာရ လမင်း သီချင်းလေးလုပ်ပါတယ်...ကော်ပီ ၇ပုဒ်ရေးဖြစ်ပါတယ်..အဲ့အချိန်က ကျွန်တော်တို.ဘာဖြစ်နေလဲဆိုတော. Rock ဂိတ တအားရူးသွပ်နေပါပြီ...သီချင်းအားလုံး Rock သီချင်းတွေပါပဲ...လေးဖြူနဲ.အတူ ၇န်ကုန် ဆင်းလာပြီး၃၅ လမ်းက သူငယ်ချင်း တစ်ယောက်တိုက်ခန်းမှာ အတူနေဖြစ်ပါတယ်...နေရင်း လင်းစတူဒိယိုမှာ သွင်းပါတယ်..ထွက်လာတော. ကန္တာရလမင်း အောင်မြင်ပါတယ်...အဲ့ဒီအချိန်မှာ ကျွန်တော် ကန်တော်လေးမှာ တိုက်ခန်းငှားပြီး နေဖြစ်ပါတယ်...ဘယ်သူနဲ.နေလည်းဆိုတော. ကိုအရိုင်း...မီမီဝင်းဖေရဲ. အကို  (ခုတော.ဆုံးသွားပါပြီ) ကိုအောင်ကျော်ဆန်းရယ်...နေပါတယ်..ဒိဇိုင်းမျိုးဆွေသန်း လည်းပါပါတယ်..၄ယောက်စုပြီးငှားနေပါတယ်..ကျွန်တော် အခြေချတော.မယ်ဆိုတဲ့ သဘောနဲ့ စုနေပြီး အငဲတို. ဘိုဘိုတို.ရောက်လာကြပြီး သူတို.ကလည်း စီးရီး လုပ်မယ်ဆိုပြီး ကျွန်တော်နဲ. အတူလာနေပါတယ်...နောက်ပိုင်း ဇော်သက်ထွေး က ကိုအရိုင်းနဲ. ပတ်သက်ပြီးရောက်လာပါတယ်...အတူနေရင်း သရဖူက အမှတ်တရ တစ်ခုလောက်ရေးပေးပါလားပြောလာတော. ကျွန်တော်တို. ၃ယောက်က ထူးထူးဆန်းဆန်းလေးလည်းဖြစ်သွားအောင် ရသဇာတ်လမ်းလေးရေးရအောင်ဆိုပြီး ဘယ်သူက ဘာရေးမယ်ပြောမထားကြေး ကြိုက်သလောက်ကို ရေးထားပြီး တစ်ယောက်က ဆက်ရေးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ. တစ်ယောက်ရေးတာကို တစ်ယောက်ဆက်ရေးတာပါ...ကျွန်တော်ရယ်.ကိုအရိုင်းရယ်..ဇော်သက်ထွေးရယ်.အမှတ်တရရေးဖူးပါတယ်.
.ဘ၀မှာရေးဖူးတဲ့ရသစာတမ်း တစ်ခုပဲရှိပါတယ်...အဲဒါရေးပြီးချိန်မှာပဲ  ကဗျာစာအုပ်လေး ကျွန်တော်ရယ်
ကျွန်တော်.ဆရာ ကိုသန်းထွန်းရယ် ကိုအောင်ပွင်.ရယ် အောင်ဘညိုရယ် ၄ယောက်ပေါင်းပြီး ကဗျာစာအုပ်လေး ထုတ်ခဲ့ပြီး တော်တော်အောင်မြင်ခဲ့ပါတယ်...အဲဒီစာအုပ်ကို ထုတ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော. ကျွန်တော်.ဆရာကိုသန်းထွန်းရဲ. ကျေးဇူးကို ဆပ်ချင်တာနဲ. ကိုသန်းထွန်းကဗျာ တွေကို ဇွတ်ယူလာပြီး သူကသူ.ကဗျာတွေ ကိုရေးသာရေးတာ ဘယ်မှ မပို.ဘူး  အတင်းယူချလာပြီး စာအုပ်လေး လုပ်ပေးတာပါ....

 ကျွန်တော်.ဘ၀မှာ ကလောင်နာမည်တွေကတော. အများကြီးပဲ..စစချင်းရေးတော. မောင်မောင်လွမ်းအောင်...မန္တလေး တက္ကသိုလ်တက်နေတော.လူ.၀န် (လူတစ်ယောက်ရဲ.တာဝန်ပေါ.) အဲဒါပြီးတော.မှ ကျော်အောင်သစ်ဆိုတဲ့ နာမည်ကို ခံယူလိုက်တယ်...ဘာလို.လည်းဆိုတော. ကျွန်တော်.နာမည် အရင်းက ကျော်အောင် ...ကျွန်တော်.နာမည် အရင်းကို အရမ်းကြိုက်ပါတယ်..အဖေအမေ ပေးထားတဲ့နာမည်လေး အရမ်းကြိုက်ပါတယ်..အနုပညာတွေ လုပ်ဖြစ်နေပြီဆိုတော. နာမည်တစ်ခုအသေပေးဖို.လိုလာပြီ ကျော်အောင်ပဲပေးချင်ပေမယ်. ကိုယ်.အရှေ.မှာ ရွှေမန်း ဦးကျော်အောင်ဆိုတာလည်း အထင်ကရ တအားနာမည်ကြီးတယ်..စာရေးဆရာကျော်အောင်ဆိုတာလည်း ကိုယ်အရမ်းလေးစားပြီး အရမ်းကြိုက်ခဲ့တဲ့ ဆရာဖြစ်တယ်....ကျော်အောင်နာမည်ကိုလည်း မပစ်ရက်ဘူး...ဟိုဆရာတွေကိုလည်း မစော်ကားချင်ဘူး အဲဒါကြောင်. အသစ်ဖြစ်တဲ့ကျော်အောင် တစ်ယောက်အနေနဲ.သွားမယ်ဆိုပြီး ကျော်အောင်သစ်ဆိုတဲ့ နာမည် ခံယူခဲ့တယ်...နောက်ပိုင်းကဗျာရေးရင် ကျော်အောင်သစ်ဆိုတဲ့ နာမည်နဲ.ပဲရေးပါတယ်...သျှိုင်းအောင်ရဲ. သဇင်မင်းအခွေမှာပါတဲ့ အားနည်းချက်နဲ.လူဆိုတဲ့ သီချင်းမှာလည်းကျော်အောင်သစ် နဲ.ပဲရေးပါတယ်...အဲ့လိုရေးရင်း ကန္တာရလမင်း လုပ်တော. နာမည်နဲ.ပဲရေးဖို.ပါပဲ...ဒါပေမယ်.လေးဖြူက ကျော်အောင်သစ် ကိုကဗျာအတွက်ပဲ ထားပါလားတဲ့...Rock သီချင်းတွေဖြစ်နေတဲ့အတွက် .Rockလိုင်းနဲ.ပဲသွားမှာဆိုတော. မင်းနာမည်လေးပြောင်းပါလားတဲ့ ပြောင်းမယ်လို.ရည်ရွယ်တယ် မစဉ်းစားတတ်ဘူး... အဲဒီမှာ.လေးဖြူက ဟေ.ကောင်တဲ့ မင်း ကေအေတီ(ကျော်အောင်သစ်) လို.ပေးလိုက်ပါလားတဲ့ ဆိုတော. အေးဟုတ်ပြီ ကေအေတီမှာ အဓိပ္ပါယ်တော. ရှိမှဖြစ်မယ်..အဓိပ္ပါယ်မရှိရင်တော. ငါမပေးချင်ဘူးဆိုတော. သူနဲ.ကျွန်တော် ၂ယောက် ညတွင်းချင်း Dictionary တွေလှန်ကြတာပေါ.  ..လှန်တော. ဂျာမန် ဘာသာစကားမှာ ကြောင်ကို သုံးတာ   ကြောင်မှ ကြောင်စုန်း ကိုသုံးတာ...သင်းကွဲကြောင်ပေါ. ..အဓိပ္ပါယ်ကိုကြိုက်သွားတယ်...အေးပေးမယ်ကွာဆိုပြီးဆုံးဖြတ်ချက်ချလိုက်တယ်..

.ကန္တာရလမင်း အရမ်းပေါက်သွားတဲ့အခါကျတော.  ကျွန်တော်လည်း Pro တစ်ယောက်အဖြစ်ရပ်တည်သွားနိုင်တယ်...ရန်ကုန်မှာပဲနေဖြစ်သွားပြီ...သီချင်းတွေလည်း လာအပ်ကြပါပြီ  Rock သီချင်းတွေပဲ  များပါတယ်..အဲ့ဒီလိုရေးနေရင်းကပဲ ကျွန်တော်ငယ်ငယ်လေးတည်းက စာတွေဖတ်ရင်း ကိန်းဝပ်နေတဲ့ ဆန္ဒလေး တစ်ခုရှိတယ်..အဲဒါကချစ်သူများနေ.ပေါ. ..ဒါကိုမြန်မာပြည်မှာ အ၇မ်းလူသိစေချင်တယ်..ထွန်းကားစေချင်တယ်...ပွင်.ပွင်.လင်းလင်းပြောရရင် အဲ့အချိန်က အရမ်းဘိုဆန်တဲ့ အ၇မ်း Social ဆန်တဲ့ အသိုင်းအ၀ိုင်းလေးလောက်ပဲ ချစ်သူများနေ.ကို သိပါတယ်...ကျွန်တော်က အဲ့လိုမဟုတ်ဘူး အကုန်လုံးသိစေချင်တယ်..ချစ်သူများနေ.မှာ ဘာတွေ လုပ်ရလဲပေါ..ပျော်စရာကောင်းတဲ့ အချက်အလက်လေးတွေ သိပြီးတော. ထွန်းကားစေချင်တယ်...အဲဒါကိုလုပ်ဖို. သူငယ်ချင်းတွေ ချပြတော. လုံးဝအယုံအကြည်မရှိဘူး..လေးဖြူက မင်း ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး  မင်းအရူးမထနဲ.ပေါ.   ကျွန်တော်ကလည်း လုပ်ကို လုပ်ကြည်.ချင်တယ်..သူမယုံကြည်လို.ပထမအခွေမှာ လေးဖြူ မပါခဲ့တာ....လုပ်တော.လည်း ခက်ခဲပါတယ်...အဲ့တုန်းက သတိထားကြည်.မိရင် သိပါလိမ်.မယ်  နာမည်ကြီးအဆိုတော်အရမ်းနည်းပါတယ်..သိပ်လည်းပိုက်ဆံမပေးရ အဆိုလည်းကောင်း တာရွေးပါတယ်..ကျွန်တော်လုပ်တဲ့ စုံတွဲသီချင်းတွေက ရှေးတုန်းကလို တစ်ယောက် တစ်ကြောင်းဆို၇တာမျိုးမဟုတ်ပဲ တစ်ယောက်က First Notes ဆိုနေချိန် တစ်ယောက်က Second Notes ကိုအပေးအယူမျှမျှနဲ. ဆိုရတာမျိုးပါ...Harmony ဆိုတတ်သူမျိုးလည်းဖြစ်ရမယ်ဆိုတော. ရွေးရပါတယ်..အဆိုတော်ကြီးတွေက Second Notesဆိုတတ်ပေမယ်. မခေါ်နိုင်ပါဘူး..သီချင်းတွေကတော. အများကြီး Copy တွေရှိတယ်..တကယ်တော. ကျွန်တော် သူတို.ဆိုပြီးသွားရင် ဆိုခကိုပေးနိုင်ဖို. တအားစုရပါတယ်...IC ကိုပေးဖို. မနည်းစုပြီး လုပ်ခဲ့ရတာပါ...ယုံကြည်ချက်ရှိလို.သာ ဒါကို စိတ်ဓါတ်မကျပဲ လုပ်နိုင်ခဲ့တာ တကယ်တော. အခက်အခဲတွေ အများကြီး ရှိပါတယ်...ပြီးသွားတော. ကိုယ်.ကိုကိုယ်မယုံဘူးဖြစ်နေတယ်..အခွေမပြီးခင်မှာပဲ Producer ၃/၄ ယောက်က ရောင်းမလားဆိုပြီး လာပြောနေကြတယ်..ကိုယ်.ကိုကိုယ်တောင် အံ.သြသွားတယ်..ငါလုပ်တာမှန်သားပဲပေါ. ..လေးဖြူကလည်း အဲ့အချိန်ကျတော. ယုံကြည်သွားတယ်...နာမည်ကြီးဆိုင်တွေပါပေမယ်. အဲဒါတွေမရွေးပဲ ကျွန်တော်နဲ.အတူတူ သက်တမ်းရှည်လာတဲ့ မာကျုရီဆိုင်ကိုရွေးလိုက်ပါတယ်..အဲ့ဆိုင်ကကျွန်တော်.အခွေနဲ. စပြီးတော. ကိုယ်ပိုင်ခွေ စထုတ်တဲ့ ဆိုင်လေးပါပဲ...၁၉၉၆ မှာပါ...အခွေက တို.ရဲ.ချစ်သူများနေ.ပါ...အ၇မ်းအောင်မြင်ခဲ့ပါတယ်..အဲ့ဒိနောက်မှာ ကျွန်တော် လုပ်ချင်တဲ. ဗယ်လင်တိုင်းဒေး ဆိုတာလေးကလည်း ခောတ်စားလာပါတယ်..ဒိအခွေကို လုပ်တဲ့ရည်ရွယ်ချက်ကိုကလည်း ဘာမှမပေးဖြစ်တောင် ဒီချစ်ခြင်းဖွဲ.တေးများ ဒိအခွေလေး ပေးလိုက်ရင်ကို အဓိပ္ပါယ်ရှိနေပါပြီဆိုပြီး လုပ်ခဲ့တာပါ..


 .တစ်ခုထပ်ပြောချင်တာ Copy နဲ.ကိုယ်ပိုင်သံစဉ်အကြောင်းပါ...၂ခုလုံးရေးတဲ့သူဆိုတော.  အရေးများတာက Copy ပါ..စတာက ကိုယ်ပိုင်နဲ.ပါ..ကျွန်တော်တို.ဆီမှာ အရင်က Pro တစ်ယောက်မွေးထုတ်ပေးနိုင်တဲ့ ခမ်းခမ်းနားနား အနုပညာကျောင်း..Music ကျောင်းဆိုတာမရှိဘူး...အနောက်နိုင်ငံ သီချင်းတွေပဲ နားထောင်စုတုပြုပြီး ဘယ်လိုလုပ်တယ် ဆိုတာလေ.လာသင်ခဲ့ရတာပါ..Copy တွေရေးရင်းက တစ်ဖြေးဖြေး လေ.လာပြီးအသိတွေတိုးလာပြီးကိုယ်ပိုင်သံစဉ်ဘက်ကိုသွားခဲ့၇တာ...Copy ရေးရင် အခက်အခဲမရှိဘူးလားဆိုတော.  ရှိပါတယ်..မခက်ပါဘူးလို.ပြောကြပေမယ်.ကျွန်တော်.အမြင် ပိုခက်ပါတယ်.. သူ.မှာက ပေးပြီးသား Music ဘောင်ရှိတယ်...သီချင်းအကြောင်းအရာ .. Music Arrangement ရှိပြီးသား...ဒီဘောင်ထဲမှာလောက်ငှတဲ့ စာသားတစ်ပုဒ် ပြီးလည်းပြီးပြည်.စုံ၇မယ်..သူတို.ထွက်တဲ့အသံနဲ.ကျွန်တော်တို.ထွက်တဲ့အသံ ကိုက်ညီဖို.လည်း လိုအပ်တယ်..သူတို.အော်တဲ့အပိုဒ်မှာ ကိုယ်ရေးလိုက်တာကလည်းအော်လို.ကောင်းတဲ့ စာလုံးဖြစ်ဖို.လိုတယ်...မူရင်းအကြောင်းအရာ အတိုင်းဖြစ်ဖို.လည်းလိုလို.ဘောင်အရမ်းကျဉ်းပါတယ်...အောင်မြင်တဲ့သီချင်းပေါ.နော်...အဖြစ်
 ရေးရင်တော.ဖြစ်တာပေါ. ..ကိုယ်ပိုင်သံစဉ်ကျတော.လည်း ခက်ပါတယ်...သူကသံစဉ်ရော စာသားပါ တာဝန်ယူရပါတယ်...အခြားတေးရေးတွေ ဘယ်လိုရေးလည်းတော. မသိပါဘူး..ကျွန်တော်ကတော. သံစဉ်ကိုအရင်မရှာသလို စာသားကိုလည်း အရင်မယူဘူး...တစ်ပြိုင်တည်း ရေးပါတယ်..သီချင်းရေးတာ ညဦးပိုင်းမှာပဲရေးပါတယ်..Copy ဖြစ်ဖြစ်..ကိုယ်ပိုင်သံစဉ် ဖြစ်ဖြစ်..ဒါပေမယ်. ကိုယ်ပိုင်သံစဉ်ရေးရင် ညပိုနက်လေ.ရှိပြီး ညပိုနက်လေ ရေးလို.ပိုကောင်းလေပါပဲ  ကိုယ်ပိုင်သံစဉ်ကျတော. နည်းနည်းတော. အလုပ်ပိုရှုပ်ပါတယ်..ရေးပြီးအဆိုတော်ဆီသွားပြီး Key ချိန် Tempo တွက် Arrangement စဉ်းစား ဆိုတာတွေ လုပ်ပေး  အဆိုတော်ကိုပေးပြီး တီးဝိုင်း Player တွေနဲ. ကိုယ်နဲ. ညှိုရပါတယ်..Copy ကတော.ရေးပြီးတာနဲ. Original ခေါ်ပေးလိုက် အဆိုတော် အိမ်ခေါ် အဖြတ်အတောက်ချပေးပြီး ပြီးပါတယ်...



5 Plus Channel တွင် ကေအေတီ ကိုယ်တိုင်ပြောခဲ့သော စကားလုံးများကို သိရှိခံစားမှတ်သားနိုင်ရန်  စာသားအဖြစ် ပြောင်းလဲ တင်ပြပါသည်..

No comments:

Post a Comment