Friday, June 14, 2013

ဖတ်မိသမျှ မလေးရှား အခြေအနေ



 မလေးရှားနိုင်ငံ၊ ဆလာရန်းမြို့တွင် လူစုလူဝေးဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာ အလုပ်သမားများ သေဆုံးဒဏ်ရာရရှိမှုများ ရှိနေ၍ အလားတူမှုခင်းများ ထပ်မံမဖြစ် ပွားရန်ဇွန်လ ၄ ရက်ေ မြန်မာနိုင် ငံဆိုင်ရာ မလေးရှားသံအမတ် အား နိုင်ငံခြားရေးဝန်ကြီးဌာ နက ခေါ်ယူ သတိပေးလိုက်သည်။

ဒုတိယဝန်ကြီး ဦးဇင်ယော် က ဇွန်လ ၄ ရက်နေ့လည်တွင် သံအမတ် Mr.Ahmad Faisal Bin Muhamad အား နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးသို့ ဖိတ်ခေါ်၍ သတိပေးစာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတိပေးစာတွင် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန် မလေးရှားအစိုး ရမှ ဆောင်ရွက်ပေး ရန်အပြင် ပြစ်မှု ကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူပေးရန်နှင့် မလေးရှားနိုင်ငံ ရှိ မြန်မာနိုင် ငံသားများ၏ လုံခြုံရေးအတွက် လိုအပ်သည့် ကာကွယ် စောင့်ရှောက် မှုများ ဆောင်ရွက်ပေးရန်တို့ ပါရှိသည်။

ဆလာရန်းမြို့အနီးတွင် လူတစု၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာ တဦး   သေဆုံးပြီး   နှစ်ဦးမှာ ဆေးရုံတင်ထားရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်လတ်နှင့် အင်တာဗျူး ကို နိုင်ငံပိုင်ရုပ်သံမှ ဇွန်လ ၂ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။ 


“မေ ၃ဝ မှာ ဆာလာရန်း ဟင်းသီးဟင်းရွက် အရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာ ကလေး တယောက် အလုပ်ခွင်က အပြန်လမ်းမှာ အမည်မသိ ဆိုင်ကယ်သမားတစုက ဝိုင်းပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဆလာရန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတာ ရှိပါတယ်။ ၃၁ ရက် ည ဆယ်နာရီလောက်မှာလည်း ဆလာရန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတဦး အလုပ်ခွင်က အပြန်မှာ အမည်မသိလူတစုရဲ့ အကြမ်းဖက်တိုက်ခိုက် မှုကြောင့် ဆာလာရန်းမှာ ဆေးကုသမှု ခံယူနေပါတယ်။ ၃၁ ရက်မှာပဲ ဆာလာရမ်း အနောက်ဘက်မှာ နေထိုင်တဲ့ မြန်မာတဦးကို သတ်ဖြတ်သွားတာ ရှိပါတယ်” ဟု ဦးတင်လတ် က ပြောသည်။

ဇွန်လ ၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင်မူ လက်ရှိဆလာရန်းဆေးရုံတွင် မြန်မာ အလုပ်သမား များ ဖြစ်ကြ သည့် ထွန်းမော်သိန်း၊ ကိုကိုမောင်နှင့် စောဘာဘလူးဂေးတို့ ၃ ဦးမှာ အကြမ်းဖက်ခံရ မှုကြောင့် ဆေးကုသမှုခံနေရပြီး စိုးရိမ်ဖွယ်အခြေအနေ မရှိကြောင်း ဖော်ပြထားသည်။



 မလေးရှားနိုင်ငံတွင် ဇွန် ၈ ရက် အထိ သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး ရှိသွားပြီဖြစ်ပြီး မလေးရှားရှိ ဆေးရုံများတွင် အတွင်းလူနာ ၁၂ ဦးအထိ တင်ပို့ကုသ ထားရကြောင်း မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။
သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး၏ ရုပ်အလောင်းများကို ဇွန် ၉ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီခွဲအထိ သင်္ဂြိုဟ်ခွင့် မရသေးဘဲ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာပြည်မှ ထွက်လာကတည်းက စာရွက်စာတမ်း မပြည့်စုံမှုနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သင်္ဂြိုဟ်ခွင့် ပြုရန်ဆိုသော အကြောင်းကြားစာ မလေးရှားရှိ မြန်မာသံရုံးသို့ မရောက်ရှိသေးခြင်းကြောင့်ဟု ၎င်းကဆိုသည်။

"မေ ၃၀ ရက်ကတည်းက မလေးရှားရောက် မြန်မာတွေ အသတ်ခံနေရတာ ဒီနေ့အထိပဲ၊ အဲဒီ အလောင်းတွေ ခုထိ မသင်္ဂြိုဟ်ရသေးဘူး၊ ဆေးရုံ အသီးသီးမှာ ထားတယ်၊ အဲဒီ သေတဲ့သူတွေ က မြန်မာပြည်က ထွက်လာတည်းက အိမ်ထောင်စု စာရင်းတို့၊ မှတ်ပုံတင်တို့ မပြည့်စုံလို့ လို့ပြောတယ်၊ နောက်ပြီး မလေးရှားမှာရှိတဲ့ မြန်မာသံရုံးရဲ့ သတ်မှတ်ချက်မှာကလည်း ခုလိုရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထား ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ၊ သင်္ဂြိုဟ်ခွင့်စာအုပ် ထုတ်ပေးခွင့် မရှိဘူးလို့ ကြားတယ်" ဟု ပြောကြားသည်။

ထို့အတွက် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သင်္ဂြိုဟ်ခွင့် ပြုသည်ဆိုသည့် အကြောင်းကြားစာကို မလေးရှားနိုင်ငံ၊ မြန်မာသံရုံးသို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။ ယင်းနောက် မြန်မာသံရုံးမှ ယခု ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးရန်၊ ကပုန်း နာရေးကူညီမှု အသင်းသို့ ညွှန်ကြားလာပါက ၎င်းတို့မှ ချက်ချင်းသင်္ဂြိုဟ် ပေးမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ကိုဆန်းဝင်းက ဆိုသည်။
 
 
ယခု ခြောက်ဦးမြောက် အသတ်ခံရသူမှာ ခရစ်ယာန် ဘာသာဝင်၊ ကရင်လူမျိုး စောဘာဘလူဂေး (အသက်၂၀နှစ်) (မြန်မာနိုင်ငံ၊ ငပုတောမြို့တွင် နေထိုင်ခဲ့သူ) ဖြစ်ပြီး ၎င်းအပါအ၀င် ကရင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်လေးဦး ဈေးဝယ်ထွက်လာစဉ် မွတ်စလင် အကြမ်းဖက်များ၏ ထိုးကြိတ်ရိုက်နှက်မှုကို ခံရရင်း ဆေးရုံ၌ ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သိရသည်။

"သူတို့ လေးဦးက ဇွန် ၇ ရက်နေ့မှာ အကြမ်းဖက် ခံလိုက်ရတာ၊ နှစ်ဦးက ဆေးရုံမှာ အရေးပေါ် လူနာဌာနမှာ တင်ထားရတယ်၊ အဲဒီနှစ်ဦးအနက် စောဘာဘလူဂေး (အသက် ၂၀)နှစ်က ဇွန် ၈ ရက် (စနေနေ့) (မလေးရှားစံတော်ချိန်) မွန်းလွဲ ၁ နာရီမှာ သေဆုံးသွားတာ ဖြစ်တယ်။ သူက မလေးရှားမှာ တရားဝင် စာရွက်စာတမ်းနဲ့ ရောက်လာတာ လေးရက်ပဲ ရှိသေးတယ်။ ခုလို အကြမ်းဖက်မှုတွေ ဖြစ်နေ တုန်းကို ရောက်လာတာ" ဟု ကိုဆန်းဝင်းက ဆိုသည်။

ထို့ကြောင့် မလေးရှားရောက် မြန်မာလူမျိုးများ အသတ်ခံနေရမှုမှာ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သည့် မေ ၃၀ ရက်တွင် တစ်ဦး၊ မေ ၃၁ ရက်တွင် တစ်ဦး၊ ဇွန် ၂ ရက်တွင် တစ်ဦး၊ ဇွန် ၇ ရက်တွင် တစ်ဦး၊ ဇွန် ၈ ရက်တွင် နှစ်ဦးနှင့် စုစုပေါင်း ခြောက်ဦးရှိသွားပြီ ဖြစ်သည်။

"ဇွန် ၇ ရက် (သောကြာနေ့)မှာ ကလန်းအူထာမ အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရတယ်။ သတ်ပြီးတော့ အမှိုက်ပုံမှာ လာပစ်ထားပုံ ရတယ်။ လည်ပင်းကို ဓားနဲ့လှီးထားတာ တွေ့ရတယ်" ဟု ဦးဆန်းဝင်းက ဆိုသည်။
 
 
 "မြန်မာတွေကို ဖမ်းတယ်။ အဖမ်းခံထားရတဲ့ မြန်မာတွေကိုင်တဲ့ အိုင်ဖုန်း၊ ဂလက်ဆီ ဖုန်းတို့ကို ရဲတွေက သိမ်းတယ်။ ပြန်မပေးဘူး။ ဖုန်းသိမ်းလို့ မရတဲ့ မြန်မာတွေဆီက မလေးရင်းဂစ် ၂၀-၂၅ တောင်းတယ်။ ရင်းဂစ် ၂၀-၂၅ ဆိုတာ မလေးရှားမှာ မြန်မာအလုပ်သမား တစ်ယောက်ရဲ့ တစ်နေ့လုပ်အားခ ရှိတယ်" ဟု မလေးရှားမှ  မြန်မာအလုပ်သမား တစ်ဦးက ဆိုသည်။

၎င်းကပင် "အရင်ကဆိုရင် မြန်မာအလုပ်သမားတွေ အထောက်အထား ပြည့်စုံရင် ပြန်လွှတ်ပေးတယ်။ အခု အင်္ဂါနေ့ ဇွန် ၃ ရက် ကတည်းကစပြီး အထောက်အထား ပြည့်စုံလည်း ချက်ချင်းပြန်လွှတ် မပေးဘူး၊ သုံးပတ်ကြာမှ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံ သူဌေးတွေက အာမခံပြီး ပြန်လာထုတ်ရတယ်" ဟု ဆိုသည်။

ထို့ပြင် လက်ရှိတွင် မလေးရှားနိုင်ငံရှိ ဆေးရုံအသီးသီးတွင် မြန်မာအလုပ်သမား ၁၂ ဦး အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရပြီး ၎င်းတို့ အခြေအနေမှာလည်း စိုးရိမ်စရာ ရှိနေကြောင်း၊ မလေးရှားနိုင်ငံ ဆေးရုံ များ၏ လုံခြုံရေးအရ မြန်မာအလုပ်သမားများ တက်ရောက် ကုသ နေရသော ဆေးရုံ အမည်များကို လျှို့ဝှက်ထားရကြောင်း ကပုန်း 
နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ကိုဆန်းဦးက  ပြောကြား သည်။
 
မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သူ ကိုမင်းမင်းက “ကျွန်တော်တို့တွေက သူများနိုင်ငံမှာ ပျော်လို့နေနေတာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် မရှိဘူး။ ရှိတဲ့ အလုပ်ကလည်း လစာက မလောက်မငနဲ့။ ဒါကြောင့်လည်း မလေးလို နေရာမှာ အလုပ်လာလုပ် ကြရတာပါ။ အခုတော့ ကျွန်တော်တို့ ဘယ်ကိုမှ မထွက်ရဲဘူး။ ညလည်း ကောင်းကောင်း မအိပ်ရဘူး။ ကင်းစောင့်နေကြ ရတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်နေကြရတယ်။ ဒီမှာက လူအယောက် ၃၀ လောက်ရှိတဲ့ လူအုပ်စုက ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လိုက်နေတာ။ သူတို့တွေ ပြောတာက မြန်မာမှန်ရင် သတ်ပစ်မယ် တဲ့။ ဆလာရန်းကတော့ အရင်ကတည်းက မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ များပါတယ်။ အမ်ပန်း မှာ မြန်မာပြည်ကလာတဲ့ မွတ်စလင် ဆရာဝန် တစ်ယောက်က မြန်မာမွတ်စလင်တွေ အပေါ်မှာ သြဇာကြီး ပါတယ်။ ဘယ်သူဘယ်ဝါ သတ်တာလဲ သေချာမသိပေမယ့် သတ်ခါနီး ဘာလူမျိုးလဲ မေးပြီးမှ သတ်တာ ဆိုတော့ မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ ဖြစ်ပုံရပါတယ်။ နောက်ကွယ်မှာတော့ မလေး လူမျိုးတွေ ပါမယ်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
မလေးရှားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းကြောင့် မလေးရှား ရဲတပ်ဖွဲ့အား ဖိအားပေးနေချိန်တွင် ဆလန်ဂေါ ရဲတပ်ဖွဲ့က ဧပြီလအတွင်း မြန်မာနိုင်ငံသားများ အသတ်ခံရမှုတွင် သံသယရှိသော မြန်မာ လူမျိုး နှစ်ဦးနှင့် အင်ဒိုနီးရှား နိုင်ငံသူတစ်ဦး အသတ်ခံရမှုအတွက် အင်ဒိုနီးရှား အမျိုးသားတစ်ဦးအား သံသယရှိကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဖြစ်စဉ်များသည် ပြီးခဲ့သည့် ဧပြီလ အတွင်းက ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်အချို့ ပါဝင်ပြီး မေလကုန်နှင့် ဇွန်လဆန်းတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် အသတ်ခံရမှု ဖြစ်စဉ်အတွက် တရားခံများအား ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
 
 
 
 ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် မှ ရောက် လာသူ ကိုခင်မောင်ဝင်း ဟာ မလေးရှား ထီးစက်ရုံ မှ အလုပ်သမား တယောက် ဖြစ် ပါတယ်။ မလေးရှား ရောက်တာ ၉ လ မျှ ရှိပါသေးတယ်။ဇွန်လ ၈ ရက် မနက်စောစော ၃ နာရီ ခန့် မှာ ရခိုင် အလုပ်သမား ၆ ယောက် အိပ်နေစဉ် သစ်သားအိမ် ရဲ့ အိမ်နံရံ သွပ်ပြား လက်တဝါးခန့် အပေါက် မှ စပရေးဗူး နဲ့ ဖျန်းရာ၊ အလုပ်သမား တွေ ဟာ မျက်စိစပ်၊ အသက်ရှူ မွန်းလာတဲ့ အတွက် အိမ်တံခါး ကို ဖွင့်လိုက်ကြပါတယ်။ ဒီအခါ မှာ မျက်နှာဖုံး တပ်ထားတဲ့ လူခြောက်ယောက် ဟာ ဓါး ကိုယ်စီ ကိုင်ဆောင် ထားပြီး အလုပ်သမားတွေ ကို ခုတ်ပါတယ်။ လေးယောက် က ထွက်ပြေး လွတ်မြောက် သွားကြပါတယ်။ကိုခင်မောင်ဝင်း နဲ့ အခြား အလုပ်သမား တယောက် ကတော့ တိုက်ခိုက်ခံရပါတယ်။ ကိုခင်မောင်ဝင်း ဟာ လက်၊ နှာခေါင်း နဲ့ ခေါင်း တွေမှာ ဒဏ်ရာရပြီး မေ့မျော သွားတဲ့ အတွက် မိတ်ဆွေ တွေက ဆေးရုံတင်တဲ့ အကြောင်း ဘီဘီစီ ကိုပြောပြပါတယ်။ သူတို့ကို တိုက်ခိုက်သူတွေ ဟာ ကိုယ်လုံး ကိုယ်ထည် ထွားကျိုင်းပြီး၊ မလေး စကား ပြောကြပေမယ့်၊ ပီသခြင်း မရှိ၊ မြန်မာလိုတော့ မပြော တဲ့ အတွက် အိန္ဒိယ မှ မွတ်စလင် တွေ ဟု ထင်မြင်ကြောင်း၊ သူ တို့ အလုပ်လုပ်တဲ့ ထီးစက်ရုံ မှာ အဆိုပါ လူမျိုးတွေ များ ကြောင်း ဘီဘီစီ ကို ကိုခင်မောင်ဝင်း က ရှင်းပြပါတယ်။ဒီအခင်းဖြစ်မှု မတိုင်မီ၊ ပြီးခဲ့တဲ့ ရက်ကလည်း မြန်မာ လူမျိုး သုံးယောက် တိုက်ခိုက်ခံ ရတဲ့ အခါမှာ နှစ်ယောက်ဟာ နေရာတင် ပွဲချင်းပြီး သေဆုံးသလို၊ ကျန်တယောက် က ဆေးရုံ အရောက် မှာ သေဆုံးတဲ့ အကြောင်း မလေးရှားဒေသခံ တယောက် က ဘီဘီစီ ကို ပြောပါတယ်..
 
အစောပိုင်းအခြေအနေတွေအ၇ ဒီဖြစ်စဉ်ဟာ မလေးတွေက တိုက်ခိုက်နေတာလိုသိကြရပေမယ်.နောက်ပိုင်းမှာတော. ဒါတွေဟာ မြန်မိုင်ငံက ရောက်နေသူတစ်ချို.ရဲ. လုပ်ဆောင်မှုပဲလို.သိလာရပါတယ်. ဒါနဲ.ပတ်သက်လို.မလေးဘက်ကတရားဝင်ထုတ်ပြန်ရာမှာလည်း 
 
 
 မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ပြင်မှာ မြန်မာနိုင်ငံကလာတဲ့ လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် တစ်ဖွဲ့နဲတစ်ဖွဲ့ကြား တိုက်ခိုက်မှုတွေရပ်တန့်ဖို့ မလေးရှား အစိုးရ က မြန်မာနိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ သ တင်း ပတ် နှစ်ပတ် အတွင်း မြန်မာနိုင်ငံကလာတဲ့ လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခက အနည်းဆုံး ၇ ကြိမ်ရှိခဲ့ပြီး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

သေဆုံးသူတွေက မွတ်စလင်လူမျိုးတွေ မဟုတ်ဘူးဆိုတာကိုလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးက အတည်ပြု ပြောဆိုခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကို မလေးရှားနိုင်ငံအထိ သယ်ဆောင်လာကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံက ဒုဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ မလေးရှားပြည်ထဲရေးရာ ဝန်ကြီးက ပြောပါတယ်။ အဲဒီမတိုင်ခင် မြန်မာနိုင်ငံ မှာ ဖြစ်ခဲ့တဲ့ ပြဿနာကို မြန်မာနိုင်ငံထဲမှာပဲ ထားရှိဖို့ သတိပေးပြောဆိုခဲ့ဖူးပါတယ်။


မလေးရှားနိုင်ငံ အစိုးရနဲ့တွေ့ဆုံခဲ့တဲ့ မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်ကလည်း မလေးရှားနိုင်ငံ မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘာသာရေးပဋိပက္ခကြောင့်ဖြစ်တာမဟုတ်ပဲ မြန်မာနိုင်ငံက လူဆိုး ဂိုဏ်းတွေအကြား ဖြစ်ခဲ့တဲ့ ပြဿနာဖြစ်တယ်လို့ ပြောကြောင်း ကျိုဒိုးသတင်းမှာ ဖော်ပြထားပါတယ်။


ဒီလို အခြေအနေကြောင့် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာဝန်ကြီးက မလေးရှားဝန်ကြီးကို တောင်းဆိုထားပြီး မြန်မာနိုင်ငံ သားတချို့ ပြည်တော်ပြန်ဖို့ ဆန္ဒရှိတဲ့အတွက် အမြန်ဆုံးပြန်နိုင်အောင် စီစဉ်ပေးနိုင်မယ်လို့လည်း ဦးဇင်ယော် က ပြောပါတယ်။


မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခကြောင့် မလေးရှားအစိုးရက ဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ခဲ့ပြီး တရားဝင်နေ ထိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကို ထိန်းသိမ်းထားပါတယ်။ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေ တဲ့ မြန်မာနိုင်ငံသား နှစ်သိန်းခွဲကျော်ရှိပြီး အဲဒီထဲက တစ်ဝက်လောက်ဟာ တရား မဝင်နေထိုင် သူတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။


ကုလသမဂ္ဂရဲ့အဆိုအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည်ဦးရေ တစ်သိန်းကျော်ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ကိုးသောင်းကျော် ပါဝင်တယ်လို့ ဆိုပါတယ်။


ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ သုံးသောင်းကျော်က ချင်းလူမျိုး၊ သုံးသောင်းနီးပါးက ရိုဟင်ဂျာတွေဖြစ်ကြပြီး တစ်သောင်းကျော်ကတော့ မြန်မာ မွတ်စလင်တွေ ဖြစ်ပါတယ်။


အဲဒါ့အပြင် ရခိုင်ဒုက္ခသည်တွေက ခုနှစ်ထောင်ကျော်ရှိပြီး မွန်လူမျိုးက ၃၄၀၀ ကျော်နဲ့ တခြားလူမျိုး အနည်း ငယ်စီ ပါဝင်တယ်လို့လည်း သိရပါတယ် လို.
 radioaustralia.net ကဆိုပါတယ်..
 
တရားခံများအဖြစ် ကြေငြာထားသော မြန်မာနိုင်ငံ နှင်. ဘင်္ဂလားဒေ.ရှ်မှ သူများ
 
ဒီကိစ္စအတွက် ဦးဇင်ယော် ခေါင်းဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ.ဟာ မလေးရှားနိုင်ငံကိုသွားရောက်ပြီး သက်ဆိုင်ရာတွေနဲ.ညှိုနှိုင်းခဲ့ပါတယ်....
ဒါနဲ.ပတ်သက်ပြီးမလေးဘက်က ထုတ်ပြန်ရာမှာ
 
မလေးရှားတွင် လတ်တလော ဖြစ်ပွားခဲ့သော မြန်မာအလုပ်သမားများ သေဆုံးခဲ့မှုများအပေါ် မလေးရှား ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်ပုံနှင့် မြန်မာကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းများအား ကျေနပ်ကြောင်း မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်က ပြောဆိုသည်ဟု မလေးရှားသတင်းစာ The Star က ရေးသားလိုက်သည်။ သတင်းတွင် မလေးရှားနိုင်ငံတွင် နေထိုင်နေသော မြန်မာ”အုပ်စု အချင်းချင်း”အကြား ရိုက်နှက်သတ်ဖြတ်ခြင်းတို့ဖြစ်ပြီး မြန်မာပြည်တွင် ဖြစ်သော ပဋိပက္ခများနှင့် မသက်ဆိုင်ဘဲ နယ်မြေခံ မလေးရှားနိုင်ငံသားများလည်း မပါဝင်ဟု ဦးဇင်ယော်က ပြောဆိုကြောင်း ရေးသားထားသည်။
 
မလေးရှား နိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံနေရမှုနှင့် ပတ်သက်၍ နာမည်ကြီး သတင်းဌာန ဘီဘီစီ အပါအ၀င် နိုင်ငံတကာ သတင်းအေဂျင်စီ အချို့တွင် အကျယ်တ၀ံ့ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရပြီး ဘီဘီစီ သတင်းဌာနတွင် ဇွန် ၉ ရက်က သတင်းတိုတစ်ပုဒ် ထည့်သွင်းထားသည် ကို တွေ့ရသည်။ မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ကိုစံမင်းက  “ကျွန်တော်တို့ ဖြစ်ဖြစ် ချင်းမှာ ပြည်ပက နာမည်ကြီး သတင်းဌာနတွေက ဘာသံမှ မထွက်ပါဘူး။ ဒါကြောင့်လဲ။ တချို့လူတွေက ဘာမှ သိပ်မသိလိုက်တော့ မရှောင်နိုင်လိုက်ကြဘူး။ ရခိုင်ကိစ္စ တုန်းကကျတော့ လူ့အခွင့်အရေး ဆိုပြီး အော်လိုက်ကြတာ ကျွန်တော်တို့ကိုကျတော့ လူ့အခွင့်အရေးနဲ့ ကာကွယ်မပေးကြဘူး” ဟု ရင်ဖွင့် သည်။

မလေးရှားတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက “ကျွန်တော်တို့ မလေးမှာ ဖြစ်ပွားနေတဲ့ အခြေအနေကို သုံး သပ်ကြည့် တော့ မလေးရှားဒေသခံ မွတ်စလင်တွေနဲ့ မြန်မာလူမျိုးတွေနဲ့ ဖြစ်တာ မဟုတ်ဘူး။ မလေးရှား နိုင်ငံထဲကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့ ဖြစ်တာလို့ သိရတယ်။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို ကူညီဆောင်ရွက်ဖို့ မြန်မာအစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေကို အကြံပြုတာ၊ တိုက်တွန်းတာ၊ အချက်အလက် ပေးပို့တာတွေကို လုပ်ပေးပါတယ်။ အဓိက အရေးအကြီးဆုံး နှစ်ချက်က မလေးမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေး၊ အဓိကကတော့ အသက်အန္တရာယ်ပေါ့။ နောက်တစ်ချက်က အရင်လို အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ကိုင် နိုင်ဖို့အတွက် အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး အစိုးရ နှစ်ရပ်လုံးဆီကို အကြံပြုကြဖို့ လိုပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

မလေးတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တစ်ဦးက “အခု မလေးရှားက လူတွေအတွက် တစ်နိုင်ငံလုံးကလူတွေ တွေးပူပေးကြလို့ ဒုက္ခရောက်နေတဲ့ လူတွေ ကိုယ်စား အားလုံးကို ကျေးဇူးတင်ပါ တယ် လို့ ပြောပါရစေ။ အထူးသဖြင့်တော့ ဒီကလူတွေ အိမ်အပြန် ခရီး ချောမွေ့စေ ဖို့နဲ့ ဒဏ်ရာရတဲ့ သူတွေအတွက်ပါ ကူညီကြတဲ့ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်တို့ကို ကျေးဇူးတင်ပါတယ်။ တစ်နိုင်ငံလုံးက ကိုယ့်လူမျိုးတွေကို မေ့မထားဘူးဆိုတာ သိရလို့ မျက်ရည်လည်အောင် ၀မ်းသာမိပါတယ်။ တစ်လက်စတည်း ကျွန်တော်ပြောချင်တာက အခုဒီမှာနေပြီး ဒုက္ခပိုရောက်ကျတာ Over stay တွေပါ။ သူတို့ကို ဦးစားပေးအနေနဲ့ ကူညီစေချင်ပါတယ်။ သူတို့လည်း Over stay  ဖြစ်ချင်လို့ ဖြစ်တာမဟုတ်ပါဘူး။ အခက်အခဲ အမျိုးမျိုးကြောင့်ပါ။ အခု သူတို့က ပိုဒုက္ခ ရောက်ပါတယ်။ ကျွန်တော်အဓိက ပြောချင်တာ Over stay သမားတွေကို ဦးစားပေးပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က “ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံပြီး ကျွန်တော်တို့ လူမျိုးတွေ မလေးရှားမှာ အသတ်ခံနေရတာ မလေးရှား အစိုးရနဲ့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်။ အခုလို ဖြစ်တာတွေက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ၊ လားရှိုးမှာ ဖြစ်တာတွေ ရဲ့ နောက်ဆက်တွဲတွေပါပဲ။ မြန်မာနိုင်ငံ သားတွေကို အခြားနိုင်ငံသားများ နည်းတူ အကာအကွယ် ပေးဖို့ အတွက် ဒီလ ၁၅ ရက်မှာ မလေးရှား သံရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့် တင်ထားပါ တယ်” ဟုဆိုသည်။

မလေးရှား နိုင်ငံအတွင်း အကြမ်းဖက် ခံခဲ့ရသဖြင့် ဒုက္ခရောက်နေသော မြန်မာနိုင်ငံ သားတို့အား မြန်မာ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်၊ ဦးတေဇတို့က ငွေ လှူဒါန်းခြင်း များ ပြုလုပ်ခဲ့ပြီး ပြန်လာလိုသည့် သူများအား လေယာဉ်လက်မှတ် များကိုပါ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ အလှူရှင်များကလည်း မိမိတို့ တတ်နိုင်သ၍ လှူဒါန်းမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။
 
ထူးဖောင်ဒေးရှင်း- ကန်ဒေါ်လာတစ်သိန်း။Air Bagan လေကြောင်းလိုင်း - ပြည်တွင်းနေရပ်ြ ပန်အခမဲ့စီးနင်းခွင့်နှင့် အလုပ်အကိုင်လစ်လပ်နေရာများတွင် ဦးစားပေးခန့်အပ်ရန်စီစဉ်။

 ဦးအောင်ကိုဝင်း-(ဥက္ကဌ-ကမ္ဘောဇဘဏ်)-ကန်ဒေါ်လာငါးသောင်း။

 ဦးဇော်ဇော် (ဥက္ကဌ- မတ်စ်မြန်မာ)- မလေး-မြန်မာ လူတစ်ထောင်စာလေယာဉ်လက်မှတ်နှင့် ခပ်ပုန်းရှိ နာရေးကူညီမှုအသင်းသို့ကန်ဒေါ်လာနှစ်သောင်း။
 
စသည်ဖြင်. ကူညီမှုများ ရှိခဲ့ပါတယ်.. 


အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) က ပျံသန်းပြေးဆွဲနေတဲ့ ရန်ကုန် ကွာလာလမ်ပူ ခရီးစဉ်ကို ယခု ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လိုင်လ ၁၂ ရက်နေ့ထိ အတွင်း လေယာဉ်စီးနင်းခ ဈေးနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးသွားမယ်လို့ သိရပါတယ်။

“၅၀ ရာခိုင်နှုန်းဆိုတာ ပုံမှန်ထက်ကို ထပ်ပြီးလျှော့ပေးထားတဲ့အတွက် အမေရိကန် ဒေါ်လာ ၇၀ နဲ့ ကွာလာလမ်ပူ က နေ ရန်ကုန်ကို ဈေးသက်သက်သာသာ အဆင်ပြေပြေနဲ့ ပြန်လာလို့ရပါတယ်”လို့ MAI ရဲ့ ဈေးကွက်နဲ့ ပြည်သူ ဆက် ဆံရေး မန်နေဂျာ ဒေါ်အေးမြသာ က ကြေးမုံသတင်းစာကို ပြောထားပါ တယ်။

မကြာသေးခင်က မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား တချို့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံရမှုကြောင့် မလေးရှား ရောက် မြန်မာတွေ စိုးရိမ်မှုများဖြစ်လာနေလို့ စာနာထောက်ထားမှုတွေ ပြသကြပြိး မြန်မာနိုင်ငံ က  နာမည်ကျော် လုပ်ငန်းရှင်ကြီးတွေကပါ အမေရိကန်ဒေါ်လာငွေတွေ လှူဒါန်းမှု တွေ လုပ်နေရာမှာ MAI ကလည်း အခုလို အထူးအစီအစဉ်နဲ့ ပါဝင်လာတာ လည်းဖြစ်ပါတယ်။

(MAI) လေကြောင်းလိုင်းဟာ မလေးရှားနိုင်ငံ ခရီးစဉ်ကို တပတ်လျှင် သုံးကြိမ်၊ ပျံသန်းပြေးဆွဲပေးနေ တာဖြစ်ပါတယ်။

မလေးရှားမှာ လတ်တလောဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှု၊ စိုးရိမ်မှုတွေကြောင့် မြန်မာနိုင်ငံကို ပြန်လာ လိုသူ တွေအတွက် ယခုလို အထူးအစီအစဉ်နဲ့ ထက်ဝက်လျှော့ချပြိး ပျံသန်းပြေးဆွဲမှာ ဖြစ်ပါတယ်။

ယခင်က ကွာလာလမ်ပူမှ ရန်ကုန်သို့ ပုံမှန်ဈေးနှုန်းမှာ ဒေါလာ၂၀၀ ကျော် ကျသင့်ခဲ့တာပါ။ အခု MAI ရဲ့ အထူးအစီအစဉ်အရ အရေးပေါ် လိုအပ်လာခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြန်မာသံရုံးနဲ့ ညှိနှိုင်းပြီး စင်းလုံးငှား လေယာဉ်နဲ့လည်း ပြေးဆွဲသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

အခုလို အထူးအစီအစဉ်တွေနဲ့ ပြေးဆွဲသွားနိုင်ဖို့ ကမ္ဘောဇ ဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက မတည်ငွေ အမေရိကန် ဒေါ်လာ ၅၀၀၀ ကနဦး လှူဒါန်းထားကြောင်းလည်း ကြေးမုံသတင်းစာက ဆိုပါတယ်။

မလေးရှားနိုင်ငံက မြန်မာလုပ်သားတွေ မြန်မာနိုင်ငံကို ပြန်လာချင်တယ်ဆိုရင် MAI နဲ့ ဆက်သွယ်ပြန် လာနိုင်ဖို့အတွက် MAI မလေးရှား ရုံးခွဲ ဖုန်းနံပတ် ၆၀၃- ၂၀၇၂၁၂၆၁ ကို ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။
 
Ref ; Myanmar Online News ,shwenaingan.blogspot , 7 Days , irrawaddy ,MEG &  /hlaoo1980.blogspot.com

No comments:

Post a Comment