Saturday, June 1, 2013

HIV/AIDS and Natural Environment ပါတ်ဝန်းကျင်ကနေ HIV ကူးသလား


HIV ရှိတဲ့သူသုံးထားတဲ့ သွေးပေချင်လည်း ပေဘူးထားမဲ့ အရာတွေကို နောက်လူက ကိုင်ရင်ကူးလားဆရာ။ HIV ပိုးရှိတဲ့သူ သုံးနေကျဓါးကို သုံးမိပါတယ်၊ လက်လည်းရှသွားပြီးတော့ သွေးလည်းထွက်ပါတယ်၊ ကူးနိုင်လားဆရာ။ သူရှဘူးလားတော့ မသိပါဘူးဆရာ။ HIV ပိုးက လေထဲမှာ ကြာကြာအသက်မရှင်ဘူးဆိုဆရာ။
How Long Can HIV Live Outside the Body? ကိုယ်ခန္ဓာအပြင်ဘက်မှာ HIV ဗိုင်းရပ်စ်ဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ Transmission ကူးစက်နည်းလမ်း
ပိုးရှိနေသူရဲ့ Blood သွေး၊ Semen ယောက်ျားသုက်ရည်၊ Vaginal fluid မိန်းမဗဂျိုင်းနားအရည်၊ Breast milk နို့ရည်၊ Saliva တံတွေး၊ သွားရည်၊ Tears မျက်ရည် (ရှားရှားပါးပါး) တွေထဲမှာ ပိုးပါနေနိုင်တယ်။ ဒီအရည်အမျိုးမျိုးဟာ အဖက်လူရဲ့ ကိုယ်ခန္ဓာအရည်တမျိုးမျိုး (အထူးသဖြင့် သွေး) နဲ့ ထိစပ်မှုဖြစ်မှသာ ကူးစက်တယ်။

Viral Reproduction ဗိုင်းရပ်စ် မျိုးပွါးခြင်း
HIV ပိုးဟာ သက်ရှိလူရဲ့ ကိုယ်ခန္ဓာထဲမှာသာ မျိုးပွါးခြင်းဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာအပြင်ရောက်သွားရင် မျိုးပွါးနိုင်စွမ်း နဲ့ ကူးစက်နိုင်စွမ်းဟာ မိနစ် အနည်းငယ်သာရှိတယ်။

Survival Factors အသက်ရှင်နိုင်စွမ်းကိုသက်ရောက်စေတဲ့ အကြောင်းအချက်တွေ
အပြင်မှာ ဘယ်လောက်ကြာကြာ ရှင်မလဲဆိုတာ ပိုးရောက်နေတဲ့နေရာရဲ့ အပူချိန် နဲ့ အောက်စီဂျင် အပေါ်မှာ မူတည်တယ်။ ပိုးအရေအတွက် အနည်း-အများပေါ်လဲ မူတည်သေးတယ်။ ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့အခါ ၁၅ ရက်ထက် ပိုပြီး မရှင်ကြတာတွေ့ရတယ်။ ဒီလိုစမ်းသပ်တာဟာ ပိုးတွေကို လူ့ကိုယ်ထဲကအခြေအနေမျိုးတွေနဲ့ အတိအကျရှိအောင် စီမံထာတာ ဖြစ်တယ်။ တကယ်တန်း ကိုယ်ခန္ဓာအပြင်ဘက်မှာ အဲလိုအခြေအနေမျိုးဆိုတာ ဘယ်နေရာမှာ မရှိပါ။ ဒါကြောင့် ၁၅ ရက်အထိ လုံးဝ မရှင်နိုင်ကြပါ။

Needles ဆေးထိုးအပ်
ဆေးထိုးပိုက်နဲ့ ဆေးထိုးအပ်တွေထဲမှာ ကြာကြာနေနိုင်ကြတယ်။ ရက်အနည်းငယ်လို့ ပြောနိုင်တယ်။ သွေးက ချက်ချင်း ခြောက်သွေ့သွားတာ မဟုတ်လို့ဖြစ်တယ်။

Environmental Contraction ပတ်ဝန်းကျင်အခြေအနေ
ဓါတ်ခွဲခန်းထဲမှာ ပိုးတွေချည်းသပ်သပ်ထားတယ်။ ပါတ်ဝန်းကျင်သဘာဝအခြေအနေမှာ ဒီလိုထားတာတွေက ၉ဝ-၉၉% ဟာ နာရီများစွာကြာရင် ခြောက်သွားတယ်။ ဒါကြောင့် လူ့ကိုယ်အပြင်ဘက် ပါတ်ဝန်းကျင်ကနေ ကူးစက်တယ်ဆိုတာ သုည လို့ပြောနိုင်တယ်။ ပိုးတွေဟာ ရိုးရိုး ရေနဲ့ ဆပ်ပြာသုံးဆေးကြောတာ၊ အရက်ပြန်နဲ့သုတ်တာနဲ့ သေကုန်တယ်။

Misconceptions အယူအဆမှားများ
HIV ပိုးဟာ tears မျက်ရည်၊ saliva သွားရည်-တံတွေး၊ sweat ချွေး၊ urine ဆီး၊ feces ဝမ်း နဲ့ vomit အန်ဖတ်တွေကနေ (သွေးပါမနေရင်) မကူးပါ။

Considerations သိထားပါ
HIV ပိုးဟာ အနာ-အဆာ၊ ထိခိုက်ဒဏ်ရာ၊ ကုပ်ခြစ်တာ မရှိတဲ့ အရေပြားအကောင်းထဲကို ဖေါက်ပြီးဝင်မလာနိုင်ပါ။

ဒေါက်တာတင့်ဆွေ @ dts-medicaleducation-adult.blogspot
၆-၅-၂ဝ၁၃

No comments:

Post a Comment