Wednesday, June 12, 2013

ဝါးခယ်မ ပရဟိတကျောင်း တည်ဆောက် မှုများ


ကျောင်းဝင်းအတွင်းတွင် ယခင်က ပင်မကျောင်းဆောင် - ဓမ္မာရုံ တစ်ခု - သိမ် စသည်တို. ရှိနေပြီး ပင်မကျောင်းဆောင်တွင် မူလတန်း ကလေးငယ် များကို ထပ်ခိုးတွင်လည်းကောင်း အရှေ.ဘက် အခန်း ကျဉ်းလေးတွင် လည်းကောင်း ထားရပြီး ထမင်းစားဆောင် ဘုရားဝတ်ပြုဆောင် မီးဖိုချောင်တို. တွဲဆက် ထားရှိပါသည် ...
ဓမ္မာရုံတွင် အလယ်တန်းကလေးငယ်များ ထားရှိပြီး သိမ်အတွင်း အထက်တန်းကျောင်းသားကြီးများထားရှိရပါသည်...



သို.သော် ကျောင်းသားများနေထိုင်နိုင်၇န် အဆောင်တစ်ခုကို အလှုရှင်ဖြစ်သော မိခင်ဖခင်တို.အားရည်စူး၍ သားဦးအံ.ကျော်-ဒေါ်ညွန်.ချင်
သမီးဒေါ်မွှေးမွှေး (နီနီဝင်း ငါးဖယ်မုန်.) သားသမီး မြေး မြစ် တစ်စုတို.က အလျှား ပေ ၅၀ အနံ ပေ ၂၀ ရှိ ကျောင်းသား ၃၅ ယောက်ဆန်. အဆောင်တစ်ခုကို ၂၀၁၂ အောက်တိုဘာ ၃၀ ရက် (၁၃၇၄ခု သိတင်းကျွတ်လပြည်.နေ.) တွင် ပန္နက် ချကာ တစ်လကျော်ခန်.အတွင်း အပြီးတည်ဆောက်ပြီး ၂၀၁၂ ဒီဇင်ဘာ ၁၆ ( ၁၃၇၄ နတ်တော်လဆန်း ၃ရက်)နေ.တွင် ရေစက်ချ လှုဒါန်း ခဲ့ပါသည်.....ထိုအဆောင်ကို ပင်မကျောင်းဆောင်မှ ရှာဒိုး ကြမ်းခင်းပြားများ ခင်းပြီး မူလတန်းမှ ၈တန်းထိ ကလေးငယ်များ နေထိုင်ရန် ပြုလုပ်ပေးထားပါသည်...



ထို.အပြင် ပင်မကျောင်းဆောင်ကို ၂၀၁၃ ဖေဖော်ဝါရီလ ၂၂ ရက် (၁၃၇၄ ပြာသိုလဆန်း ၁၂ )ရက်တွင် ပန္နက်ချကာ အလျှား ပေ၈၀ အနံ ပေ၄၀ ရှိအဆောက်အဦးအဖြစ် ပြန်လည်တည်ဆောက်လျှက်ရှိပါသည်...ခန်.မှန်း ကုန်ကျငွေတန်ဖိုး သိန်း၆၀၀ ခန်.ရှိနိုင်ပြီး ယခုလက်ရှိ ရရှိထားသော အလှုငွေ စုစုပေါင်းမှာ သိန်း ၃၅၀ ခန်.ရှိသည်ဟု သိရပါသည်...



ထိုအဆောင်ပြီးစီးသွားပါက ကျောင်းသားများ စာကျက်ရန်...ကျောင်းသားများအတွက် တစ်နှစ်စာ လိုအပ်သော ကျောင်းသုံးပစ္စည်းကိရိယာများ သိမ်းဆည်း၇န်...ဘုရားဝတ်တက်ရန်...ကျောင်းသားကြီးများ နေထိုင်ရန် တို.အတွက် လတ်တလောစီစဉ်ထားသည်ဟုသိရပါသည်...


ဆက်စပ်ဖတ်ရှုရန် -  လူငယ်ဖွံ.ဖြိုးရေး ပရဟိတဂေဟာ (လှေကျင်းရပ်ကွက် - ၀ါးခယ်မ)

No comments:

Post a Comment