Tuesday, June 25, 2013

မာယာများတဲ့ အလင်္ကာ ကိုဒီလိုရှင်းကြပါတယ်

မင်းသားနေမင်းကို ဘိုင်စကုတ်မင်းသားများ အသင်းနှင့် ဂီတသမားများအသင်းတို့ ရန်ပုံငွေ ဘောလုံးပွဲတွင် ဤသို့တွေ့ရသည် (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)

 
မာယာများတဲ့အလင်္ကာ ဇာတ်ကားဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး လူပြောများနေတဲ့အတွက် ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ နေမင်းကို ဧရာဝတီက မေးမြန်းကြည့်တော့ သူက 

 အရင်က ကောင်းခဲ့တဲ့ ကားတွေ၊ သေသေချာချာ လုပ်ပြခဲ့တဲ့ ကားတွေကို ဘာသံမှမကြားရဘဲ ဒီကားကျမှ ဝေဖန်တဲ့ အသံတွေ ထွက်တဲ့အတွက် သူ့ပရိသတ် အစစ်တွေ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူးလို့ ပြောလာပါတယ်။

“ဟိုးအရင်တုန်းကလည်း အနာဂတ် = ကလေးငယ် ဆိုတဲ့ သီချင်းဆိုရင် ကျနော်တို့ လေးရက်ထဲနဲ့ နေ့မအိပ် ညမအိပ် လုပ်ခဲ့ပြီး ကြိုးစားခဲ့တာပဲ။ အဲဒီလို အများကြီး ကြိုးစားတဲ့အထဲမှာမှ ဒီဟာက သေချာ ကြိုးစားပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ ဇာတ်တခုအနေနဲ့ပဲ လုပ်ခဲ့ကြတာပါ။ ဆိုလိုတာကတော့ ပရိသတ် ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး၊ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် ဝေဖန်မှု ပြင်းထန်လွန်းတယ်။ ရှေ့က တခြားသော တင်ပြမှုတွေရဲ့ ပျံ့နှံ့မှုကျတော့ ဒါမျိုး မဟုတ်ဘူး။ အဲဒီတော့ ကျနော့်ကို တကယ်ချစ်တဲ့ ပရိသတ်ရှိသလို၊ နောက်ထပ် တိုးလာတဲ့ ပရိသတ်တွေလည်း ရှိတယ်လေ။ ကျနော့်ရဲ့ ကောင်းခဲ့တာလေး တွေကို အသိအမှတ် ပြုစေချင်တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သိရတာက နောက်နောင် မလုပ်သင့်ဘူးလို့ သိရတဲ့ သဘောပေါ့။ ကျနော် ရိုက်ထားတဲ့ ကားတွေက စိတ်အခြေခံရယ်၊ ကိုယ်ချင်းစာ တရားရယ် ထားတဲ့ ကားတွေများတယ်။ အမှားပြင်ဆင်ချက် အနေနဲ့ ဒီအမှားကို ဖယ်ပြီးတော့ အမှားမပါတဲ့ ဟာတွေကို ကျနော်ကြိုးစားပါမယ်” လို့ နေမင်းက ဆိုပါတယ်။

ဆက်လက်ပြီး နေမင်းက “ကျနော် ဒီကားအရှေ့မှာ ရိုက်ခဲ့တာ အရမ်းရိုင်းတဲ့ ကာရိုက်တာ၊ ရိုင်းတာမှ ကလိမ်ကကျစ်နဲ့ အရမ်းရိုင်းတာ။ အဲဒီကားဆိုရင် အရမ်း ကြိုးစား စိတ်နှစ်ပြီး လုပ်ခဲ့ရတယ်၊ ကြိုးစားပြီး ဆန်းသစ်မှုတခုအနေနဲ့ လုပ်ကြတာပါပဲ။ အခု ဒီကားကျတော့ လုပ်နေကျ အတိုင်း အဆင်ပြေအောင် သရုပ်ဆောင်ခဲ့တာပါပဲ။ ဥပမာ တခုဟြေရရင် သဘောတရား တခုက ခြေလှမ်းတခုကို ပန်းတိုင် ရောက်အောင် လှမ်းတဲ့သဘောပါပဲ၊ အဲဒီထဲမှာခြေလှမ်းတွေလည်း အများကြီး လှမ်းခဲ့ ကြတယ်၊ အဲဒီမှာမှ အားနဲ့အင်နဲ့ အောင်မြင်သွားတဲ့ ခြေလှမ်းရှိတယ်၊ ညှောင့်ဆူးသွားပြီး ခြေထောက်နာသွားတဲ့ ခြေလှမ်း ရှိတယ်၊ မစင်နင်းမိသွားတဲ့ ခြေလှမ်း ရှိတယ်၊ ပရိသတ်တွေ အမြင်ဆန်းအောင် ဆိုပြီး အနုပညာကို ချပြတဲ့သဘောပါပဲ။ အဲဒီအတွက် ပရိသတ်က ဝေဖန်ပေးတဲ့ အတွက် ကျနော် ကျေးဇူးတင်ပါတယ်။ ရုပ်ရှင်လောကထဲမှာ၊ ရုပ်ရှင် အသိုင်းအ၀န်း အချင်းချင်း မညီမျှတဲ့ ကာရိုက်တာမျိုး ဖြစ်တယ်၊ အဲဒီလိုကားမျိုး နောက်ထပ် မဖန်တီးဖို့ သတိပေးခံရတဲ့ အခြေနေမျိုးပေါ့။ အဲဒီတော့ ဖယ်ရမယ့် အထဲမှာ ပါသွားပြီ။ နောက်တခါ ပရိသတ်နဲ့ အဆင်ပြေမယ့် ပုံစံတွေပဲ ကျနော့် အနုပညာကို တင်ဆက်ပါမယ်” လို့ ပြောပါသေးတယ်။

သူရိုက်ခဲ့တဲ့ဇာတ်လမ်း တည်ဆောက်မှု ပုံစံတွေက ဇာတ်ရုပ်နဲ့ တူအောင်ပဲ လုပ်ခဲ့တာချည်းပဲ၊ ပရိသတ် ကြိုက်ခြင်း၊ မကြိုက်ခြင်း ဆိုတာထက် ပရိသတ်ကို ကြည့်စေချင်လို့ တင်ပြတာ၊ အဲဒီအပေါ်မှာ ကောင်းခြင်း၊ ဆိုးခြင်းကို တင်ပြပြီးတော့ပဲ လုပ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။

နေမင်းက “သဘောက ၀တ်ပြီးသားအင်္ကျီကို ထပ်မ၀တ်ချင်တဲ့ သဘောပါပဲ။ တင်ပြမှုမှာလည်း ကျဉ်းမြောင်းတဲ့ ဘောင်ထဲက ကိုယ်နိုင်သလောက်၊ သိသလောက်၊ တတ်သလောက်၊ ကိုယ်လေ့လာမိသလောက် ကြိုးစားတင်ပြတဲ့ သဘောပါပဲ။ အမှန်၊အမှား၊ ညှောင့်ထိုး၊ အနံ့နံတာတွေအားလုံးကို ဖယ်ပြီးတော့ အားနဲ့အင်နဲ့ တင်ပြတာမျိုးကို ကြည့်ချင်ကြတဲ့ ပရိသတ်တွေ ဖြစ်အောင် ကြိုးစားရဦးမှာပါ” လို့ ဧရာဝတီကို ပြောသွားပါတယ်။

(ဧရာဝတီ ဘလော.တွင်ဖော်ပြထားသည်.အတိုင်း ကူးယူဖော်ပြအပ်ပါသည် 
မူရင်း Link ;  http://burma.irrawaddy.org/archives/42803 )


 ထိုဇာတ်ကား၏ သရုပ်ဆောင် သဉ္ဖာ နွယ်ဝင်းကလည်း ပေါ်ပြူလာ  ဂျာနယ်သို.ပြောကြားရာတွင်

"တချို့ ပရိသတ်တွေကျတော့ ဒီကားကို ဇာတ်ဝင်ခန်း အရ သရုပ်ဆောင် တာကို နားလည် လက်ခံပေးကြတယ်။ တချို့ ပရိသတ်တွေ ကျတော့ သူတို့ မျက်လုံးထဲမှာ အမြင် နည်းနည်း ရိုင်းတယ် ဆိုတဲ့ ပုံစံမျိုးလေးတွေ ပြောတာ ရှိတယ်။ သဉ္ဇာတို့ အနုပညာသမားတွေက ကိုယ်ကျ ရာဇာတ်ရုပ်ကို အပီပြင် ဆုံး နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ရတယ်။ အခု ဒီ တစ်ကားလုံးမှာဆို ကိုယ်တတ်နိုင် သလောက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ တခြားဇာတ်ကား တွေနဲ့ မတူဘဲ ဒီကားကို ဇာတ်လမ်း အရ ရိုက်တာ ဖြစ်တဲ့ အတွက်ကြောင့် ပရိသတ်တွေကို နားလည်ပေးပါလို့ တောင်းပန် ချင်ပါ တယ်။ နောက်ထပ်လည်း ဒီလို ဆင်းန်ပုံစံမျိုးကို သင်ဇာ ရိုက်ကူးဖို့မရှိပါဘူး။ ဒီကားကို ရိုက်ပြီး ကတည်းက နောက်ထပ် လာပြောတဲ့ ကားတွေမှာ ဒီလိုဆင်းန်မျိုးပါ၊ မပါကို သေချာမေးပြီးမှ လက်ခံ ရိုက်ကူးတော့တယ်။ အခု ဒီကားရိုက်တုန်းက ဇာတ်ညွှန်းတွေ အရတော့ ဒီကားရဲ့ ကာရိုက်တာ ကိုပြင်ဆင်တယ်။ Love ဆင်းန် တစ်ခုပါမယ်ပြော တယ်။ သဉ္ဇာရဲ့ လုပ်သက် ဝါနု သေးတာလည်း ပါတော့ သေသေ ချာချာ မမေးမိဘူး။ ရှုတင် ပေါ် ရောက်မှ ဒီလိုမျိုးဆိုတော့ လက်ခံပြီးသား အလုပ်တစ်ခု ကို ဖြစ် အောင် လုပ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း နဲ့ ဒီဇာတ်ဝင်ခန်း ကို ရိုက်ခဲ့ တာပါ။ ဒီကားရိုက်ကူးတဲ့ သူတွေ အကုန်လုံး ကလည်း အနုပညာ ကိုပြချင်တဲ့ စိတ် တစ်ခုက လွဲရင် ဘာမှမရှိပါဘူး။ ဒီပုံစံ ရိုက်မယ် ဆိုတာ သေချာ မသိဘဲ လက်ခံခဲ့တဲ့ အတွက် သဉ္ဇာ့ အမှားလည်းပါတယ်။ ဒီကားရိုက် ပြီးကတည်းက ပရိသတ်တွေကို တောင်းပန်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော် သွားပြီ။ သဉ္ဇာ ရိုက်ခဲ့တဲ့ ကားတွေ အကုန်လုံး ကို အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားရိုက်ကူး ထားပါတယ်" လို့ပြောပြပါတယ်။
ဟုမေမွန်မောင်က မေးမြန်းရေးသားခဲ့ပါသည်

ထိုဇာတ်ကားကို ရိုက်ကူးဖန်တီးခဲ့သော ဒါရိုက်တာ ၏ အမြင်နှင်. ပတ်သက်၍ လင်းအက္ခရာ က ပေါ်ပြူလာ ဂျာနယ် အတွက် မေးမြန်းရေးသားခဲ့ရာတွင်


ဒါရိုက်တာ သီဟတင်သန်း ရိုက်ကူးပြီး နေမင်းနဲ့ သဉ္ဇာနွယ်ဝင်း တို့ အဓိက ပါဝင် သရုပ်ဆောင်ထား ကြတဲ့ "မာယာများတဲ့ အလင်္ကာ" ဗီဒီယို ဇာတ်ကား မှ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်ပြီး အွန်လိုင်းမှ ပရိသတ် တွေက အဆိုပါ ဇာတ်ဝင်ခန်းသည် မြန်မာ့ ယဉ်ကျေးမှု နဲ့ မလျော်ညီတဲ့ ဇာတ်ဝင်ခန်း ဖြစ် တယ်လို့ ဝေဖန်ခဲ့ ကြပါတယ်။ အဲဒီ့ ဝေဖန်မှု နဲ့ ပတ်သက်ပြီး ဒါရိုက်တာ သီဟတင်သန်း က သူ့ရဲ့ဖေ့စ်ဘုတ် အွန်လိုင်း စာမျက်နှာပေါ်မှာ အဆိုပါ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်ပြီး တောင်းပန်ကြောင်း ပြန်လည်ရေး သား ဖော်ပြခဲ့ပါတယ်။

"မာယာများတဲ့ အလင်္ကာ" ဇာတ်ကား ကို မန္တလေးမှာ ဖြန့်ချိနေပြီ ဖြစ်ပြီး ရန်ကုန်မှာတော့ မကြာခင်ရက်ပိုင်း အတွင်း ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ လည်း ဖြစ်တဲ့ ဒါရိုက်တာ သီဟတင်သန်းက ပရိသတ်တွေရဲ့ ဝေဖန်မှု ခံခဲ့ရတဲ့ ဇာတ်ဝင်ခန်း နဲ့ပတ် သက်ပြီး..

"ရိုက်တဲ့ အချိန်မှာ တစ်ယောက် တစ်ခြမ်းစီ ရိုက်ထားတာပါ။ ကောင်လေး နဲ့ ကောင်မလေးက ထိကို မထိတာပါ။ ကားဆက်လိုက်တဲ့ အခါမှာ ဖြစ်သွား တာပါ။ သေချာ တာ တစ်ခုကတော့ ဒီလင်မယားနှစ်ယောက် အိပ်ရာပေါ်မှာ ဘာလုပ်ကြတယ် ဆိုတာကိုတော့ ကျွန်တော် လုံးဝမပြ သွားပါဘူး။ သို့သော် ပရိသတ်တွေ အမြင်ကျယ်နေတဲ့ အတွက် ဒါဟာ ဘာကိုပြလဲဆိုတာ သူတို့ နားလည်လိုက်ပြီးတော့ တန်းခနဲ သိသွားတယ်။ ကျွန်တော့်မှာ ဖီလင်နှစ်ခု ခံစားလိုက် ရတယ်။ ကြည်နူးတယ်၊ ကြိုက်တယ်။ အဲဒါက ဘာလဲ ဆိုတော့ ကျွန်တော်တို့ ပရိသတ်တွေ တအား တိုးတက်သွားပြီ။ သေသေချာချာ၊ တိတိ ကျကျနဲ့ ပေါ်တင်ကြီး ရိုက်ပြစရာ မလိုတော့ဘူး။ ရှိတဲ့အရုပ် ရဲ့နောက် က မမြင်ရတဲ့ အရုပ်ကို သူတို့မြင်သွား ပြီ။ အဲဒီ အတွက် ကျွန်တော် လုံးဝ ကျေနပ်ပါတယ်" လို့ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

အဆိုပါ ဇာတ်ဝင် ခန်း အပေါ် ပရိ သတ်တွေရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရပါသလဲလို့ ဒါရိုက်တာ သီဟတင်သန်း ကိုမေးတော့...

"အနုပညာနဲ့ ကျွန်တော် ၆ နှစ် ကျော်ကျော်၊ ၇ နှစ်လောက် ဟနေပါ တယ်။ ကျွန်တော် နောက်ဆုံး ရိုက်ခဲ့တာက ၂ဝဝ၅ တုန်းက ဒွေးနဲ့ "ကိုးထဲကတစ်" ဇာတ်ကား ၊ နောက် ရန်အောင် နဲ့သူ့ချစ်သူများ ဆိုတဲ့ပွဲ ရိုက်ခဲ့တယ်။ အဲဒါ ပြီးကတည်းက မရိုက်တော့တာလေ။ အခုအချိန်မှာ ၁၈ နှစ်လောက် ရှိမယ့် ကလေး တစ် ယောက်က အဲဒီ ကားတွေရိုက်တုန်း က ၁၂ နှစ် အရွယ်လောက် ပဲ ရှိဦးမှာ ပါ။ ဘယ်လိုမှ ကျွန်တော့်ကို သိစရာ အကြောင်း မရှိဘူး။ သူတို့တွေက လည်း အွန်လိုင်းပေါ်မှာ ပိုများတယ် လေ။ ဒီကလေးတွေကို ဘယ်လိုပဲ ဖြစ်ဖြစ် Respect တစ်ခု ထားပေး ရမယ် ။ နောက်တစ်ခုက ကျွန်တော့် ကိုသိတဲ့ ပရိသတ် တစ်ယောက်ကို ကျွန်တော့် အနေနဲ့ သူ့ဆီကနေ တစ်ကျပ် စားဖူးတယ် လို့ယူဆတယ်။ အဲဒီတော့ မြန်မာပြည်မှာ သန်း ၆ဝ ရှိတယ် ဆိုရင် တစ်ယောက်ကို တစ် ကျပ်ပဲရဦး၊ ကျွန်တော်သန်း ၆ဝ ရပြီ။ ကျွန်တော် အဲဒီလောက် လုံးဝ မချမ်း သာသေးပါဘူး ။ဒါကြောင့် သန်း ၆ဝ လုံး ကျွန်တော့်ကို မသိသေး တာ သေချာတယ်။ သို့သော် သိနေတဲ့ လူ တွေ အားလုံးအတွက် ကျွန်တော့် မှာ တာဝန်ယူရမယ့် ခေါင်းစဉ်အောက် ကိုရောက်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ဟာ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ် နေတယ်။ အဲဒီအတွက် အွန်လိုင်း မှာ ပရိသတ် ကျေနပ်အောင် တောင်းပန် ပေးတယ်။ သူတို့ကိုလည်း ကျွန်တော် ကတိပေး လိုက်တယ်။ နောက်နောင် ဒါမျိုးရှောင် မယ်။ ရှောင်မယ် ဆိုပေမယ့် အပြတ်အသား ကြီးတော့ မဟုတ်ဘူး။ ဇာတ်အရ သိပ် လိုအပ်လာတယ် ဆိုရင်တော့ အခုလိုပဲ နည်း နည်း တော့ ရိုက်ပါ့မယ်။ အဲဒီလောက်မများ စေရပါဘူးလို့ လုံးဝ ကတိ ပေးပါတယ်။ ကျွန်တော် ပရိသတ်ကို လုံးဝ မစော်ကားပါဘူး။ ဒီအခန်းကို ရိုက်ရ ခြင်း ကလည်း ဇာတ်ရဲ့ လိုအပ်ချက် အရပါပဲ။ ဒါပေမဲ့ ကျွန်တော် နည်း နည်းလေး အတွေးကျော် သွားတာ လည်းဖြစ်ကောင်း ဖြစ်မယ်။ ချွန် ထွက်သွားတာ လည်း ဖြစ်ကောင်းဖြစ် မယ်။ ဒီ ဇာတ်မှာ အဲဒီနေရာလေးက လိုကို လိုသွားပြီ လို့ ကျွန်တော်ယူဆ ခဲ့တယ်။ သို့သော် ကျွန်တော့် စေတနာ နည်းနည်းပို သွားတယ်။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ အတ္တကြီးသွားတာလား။ အနုပညာ လောဘ ကြီးသွားတာ လားမသိဘူး။ ပရိ သတ်တွေပြော ကြတာ မှန်ပါတယ်။ ယဉ်ကျေးမှု ဆိုတဲ့ပေတံ ထဲကနေ နည်းနည်းတော့ တစ်ရွေ့လေး ဘေးရောက်သွားတယ် လို့ ကျွန်တော် ယူဆတယ်။ အမှန်အ တိုင်း ပြောရရင်တော့ ဒေါသ ဖြစ်တာတွေရော၊ ယူကျုံးမရ ဖြစ် တာတွေရော ဖြစ် မိတယ်။ ငါဘာဖြစ်လို့များ ရိုက်မိလိုက် ပါလိမ့်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်မှုတွေ ရှိခဲ့တယ်။ ကျွန်တော် သေသေချာချာလေး စာစီပြီးတော့ ပရိသတ်တွေကို တောင်းပန်ပါတယ် လို့ အွန်လိုင်း မှာတင်ပေး ခဲ့တယ်။ ပရိသတ်တွေ အထင်မှားမှာကို ကျွန်တော် တအားကြောက်ပါတယ်။ ဒီအချိန်မှာ ဆင်ဆာ လွတ်လပ်ခွင့်တွေ ရှိနေလို့ဒါမျိုးတွေ ထည့်ရိုက် ကြတယ်လို့ ပရိသတ်က သတ်မှတ်တယ်။ အဲဒီ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ အဲဒီလို လူမျိုး အဖြစ် ကျွန်တော့်ကို မသတ်မှတ်ပါနဲ့။ ကျွန်တော် အဲဒီ လိုနည်းနဲ့ ပြန်လည် ဝင်ရောက်လာ ခြင်း လုံးဝ မဟုတ်ပါဘူး။ ပရိသတ် တွေအပေါ် မှာစေတနာ ပိုစွာ၊ ကိုယ်ပြ ချင်တာ ကိုယ့်အတ္တ များစွာနဲ့ ရိုက်လိုက်မိ သွားတာပါ။ နောက်ကားတွေ မှာလည်း ဇာတ်က တအားကြီး လိုအပ် လာပြီဆိုရင်တော့ အဲဒီ အပေါ်မှာ နည်း နည်းလေးတော့ လှုပ်ရှားမယ်။ ဒါပေမဲ့ အဲဒီအချိန် ကျရင်တော့ ပရိသတ်ကို တောင်းဆို ပြီးတော့မှ လှုပ်ရှားမယ်။ ပရိသတ်က အိုကေ ရိုက်ပါ ဆိုတော့မှ ရိုက်မယ်။ မရိုက်ခင် ပရိသတ်ရဲ့ သဘောထားကို ယူပြီးတော့မှ ရိုက်မယ်" လို့ ပြောပါတယ်။

"မာယာများတဲ့ အလင်္ကာ" ဇာတ်ကားက အင်္ဂလိပ် ဇာတ်ကား ကောင်း တစ်ကား ကို ပြန်လည်ရိုက် ကူးထားခြင်း ဖြစ်ပြီး ဇာတ်ကွက် ကို တော့ နည်းနည်း ပြောင်းထားကြောင်း ဒါရိုက်တာ သီဟတင်သန်း က ပြောပါ တယ်။



No comments:

Post a Comment