Showing posts with label အော်...ဒီလိုမျိုးတွေလည်း ရှိတယ်တဲ့. Show all posts
Showing posts with label အော်...ဒီလိုမျိုးတွေလည်း ရှိတယ်တဲ့. Show all posts

Friday, June 12, 2015

လိင်တံကို ၂ ကြိမ် အဖြတ် ခံရသူကို အပြာကား ရိုက်ကူးရန် ကမ်းလှမ်း

မစ္စတာဖန်နှင့် မယားငယ် ဂျန်ဟွန်း တို့အား ဆေးရုံ ကုတင်ထက် အတူတကွ တွေ့ရပုံ

အိမ်ထောင်ရေး ဖောက်ပြန်သဖြင့် လိင်တံကို ဖြတ်တောက် ခံခဲ့ရသူကို အပြာကား ထုတ်လုပ်ရေးကုမ္ဗဏီတခုက မင်းသားတင် ရိုက်လိုကြောင်း ကမ်းလှမ်းလိုက်သည်။

အသက် ၃၂နှစ်အရွယ် ကလေး ၅ယောက်ဖခင် ဖန်လွန်းသည် အသက် ၃၀အရွယ် ဇနီးသည် ဖိန်လွန်း၏ လက်ကိုင်ဖုန်းမှတဆင့် တရုတ်နိုင်ငံအလယ်ပိုင်း ဟိုင်နယ်ပြည်နယ်၊ ရှန်ကျုးအရပ်မှ ၎င်း၏ချစ်သူထံ ပေးပို့သည့် ရွှတ်နောက်နောက် အီးမေးလ်းကို မြင်တွေ့သွားရာ ဇနီးဖြစ်သူ ဒေါသပုန်ထ၍ ခင်ပွန်း၏ လိင်တံကို ကတ်ကြေးဖြင့် ဖြတ်တောက်ခဲ့ရာ ဆရာဝန်များက အောင်မြင်စွာပြန်လည် တပ်ဆင်ပေးနိုင်ခဲ့သည်။ ယင်းနောက် အီးမေလ်းအကောင့်မှ အောင်မြင်စွာ မထွက်ရသေးမီ မယားငယ်ထံမှ စာတိုများ ထပ်မံရောက်ရှိလာခဲ့သဖြင့် ဇနီးသည်က ဆေးရုံအဆောင်တွင်းသို့ဝင်ကာ အိပ်ပျော်နေသည့် မစ္စတာဖန်၏ လိင်တံကို ဒုတိယအကြိမ်မြောက် ဖြတ်တောက်ပြီး ပြူတင်းပေါက်မှ လွှင့်ပစ်ခဲ့သည်။

Bang You အမည်ရ အပြာကား ထုတ်လုပ်ရေး ကုမ္ဗဏီ က မစ္စတာဖန်ထံ ဆက်သွယ်၍ ၎င်းနှင့်မယားငယ်ဖြစ်သူ အသက် ၂၁နှစ်အရွယ် ဂျန်ဟွန်းတို့ အတူတကွ သရုပ်ဆောင်ပေးရန်အတွက်
ကမ်းလှမ်းထားသည်။

Bang You ထုတ်လုပ်ရေးက မစ္စတာဖန်၏ ဖြစ်ရပ်အတွက် များစွားဝမ်းနည်းမိပါကြောင်းနှင့် အဆိုပါဇာတ်ကား တခုလုံး၏ ရိုက်ကူး ထုတ်လုပ်ရေး စရိတ်ကို ကျခံပေးမည် ဖြစ်ကြောင်း၊ ရရှိမည့်အမြတ်အစွန်း ၁၀၀ ရာခိုင်နူန်းစလုံးကို မစ္စတာဖန်အား ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ်းလှမ်းထားသည်ဟု The Mirror က သတင်းဖော်ပြသည်။

“ကျွန်တော်တို့ ရည်ရွယ်ချက်က ခင်များဘ၀အတွက် အင်မတန်ခက်ခဲသိမ်မွေ့တဲ့အချိန်မှာ ငွေရေးကြေးရေးအရ အကူအညီပေးသွားဖို့ဖြစ်ပါတယ်၊ ဒါ့အပြင် ခင်များရဲ့ လိင်ပိုင်းဆိုင်ရာ ယုံကြည်မှု ကို ပြန်လည်ထူထောင်ပေးလိုတာကြောင့်လည်း ဖြစ်ပါတယ်”ဟု မစ္စတာဖန်ထံသို့ ပေးပို့သည့် စာတွင် ရေးသားထားသည်။

ဆရာဝန်များနှင့် ရဲများက မစ္စတာ၏ ငယ်ပါကို ကြိုးစားရှာဖွေကြသော်လည်း မတွေ့ရှိခဲ့ချေ။ ခွေးလေခွေး လွင့်(သို့)ကြောင်လေကြောင်လွင့်တကောင်ကောင် ချီယူသွားဖြင်းဖြစ်နိုင်ကြောင်း ယူဆကြသည်။

လက်ရှိတွင် မစ္စတာဖန်၏ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိတော့သော်လည်း စိတ်ပိုင်းဆိုင်ရာ အကြီး အကျယ် ထိခိုက်ခံနေရသည်ဟု ဆိုသည်။ မယားငယ် ဂျန်ဟွန်းက မစ္စတာဖန်အားဆေးရုံသို့ လာရောက် အားပေးခဲ့ပြီး လက်ထပ်ယူရန် အစီအစဉ် ရှိကြောင်းလည်း ပြောသည်။

ကလေးမရနိုင်တော့လည်း ပြဿနာမရှိဘူး၊ သူ့မှာ ကလေး ၅ယောက်တောင် ရှိပြီးပြီလေ”ဟုဂျန်ဟွန်းက ပြောသည်။

ဇနီးသည် ဖိန်းသည် ဆေးရုံမှဆင်းသွားပြီဖြစ်ပြီး ခန္ဓာကိုယ်ပြင်းထန်စွာနာကျင်စေမှုဖြင့် ထိန်းသိမ်းခံထားရသည်။

မူရင်းဖော်ပြသူု -   News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Wednesday, October 1, 2014

မြန်မာပြည်က အမျိုးသား လိင်လုပ်သား


တကယ်တမ်းတော.လည်း ဒီကိစ္စမျိုးက လူငယ်ထုကြားထဲ ဟိုးတုန်းတည်းက ပြောနေကြသော အကြောင်းအရာ တစ်ခုဖြစ်သည် ။ မြန်မာနိုင်ငံကဲ့သို. ယဉ်ကျေးမှု နှင်. ဘာသာရေးဆိုင်ရာ အဆုံးအမများ ကြားကြီးပြင်းရသော ၊ မိန်းကလေး ဆိုတာ အသက်နဲ. လူလုပ်တာ မဟုတ်ဘူး ... အရှက်နဲ. လူလုပ်တာ ၊ မိန်းမတို.အိနြေ္ဒ ရွှေပေးလို.မရဆိုသော စကားလုံးများကြီးပြင်းရသော လူ.အသိုက်အ၀န်းကြား ဟုတ်မှဟုတ်ရဲ.လား လို.လည်း သံသယ ရှိကြသည် ။ သို.သော် ကြားဖူးသည်မှာ ကြာပြီဖြစ်သော ......ဈေးရှေ.မှာ သပ်သပ်ရပ်ရပ်လေး ၀တ်ပြီး ရင်ဘတ်မှာ နှင်းဆီပန်းထိုးထားရင် သူ.ဘာသာလာခေါ်လိမ်.မယ်ဟူသော မည်သူစပြောမှန်းမသိသည်. စကားစုအကြား အချို.ကလည်း စိတ်ဝင်စားကြသည် ။ ခုတော. ဒါမျိုးတွေ တကယ်ရှိတာလား ဟု တအံ.တသြ ဖြစ်ရသလို ယခင်က ဟုတ်သယောင်ယောင်ကိစ္စ ခုလိုဆိုတော. ဟုတ်တာသေချာသွားပြီဖြစ်သည် ။  အားလုံးလေ.လာ၍ရရန် ထို သတင်းဆောင်းပါးကို မူရင်းအတိုင်း ဖော်ပြအပ်ပါသည် ။

လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ်ပေါ် မှိန်ပြပြမီးရောင် အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့ သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့် တောက် ပနေသည်။ သူ့မျက်နှာပေါ်တွင် သူမ၏ဆံပင်များ က ဝေ့ဝဲဖုံးအုပ်နေသည်။ မသိမသာမှုတ်ထုတ် မိသော သူ၏သက်ပြင်းခိုးတွင် သူမဆံသားတချို့ လှုပ်ခါသွားသည်။

အနွေးဓာတ်မပါသော သူ့ အနမ်းတွင် သူမ၏နှုတ်ခမ်းများ ပွင့်ဟလှုပ်ရှား သွားသည်။ မကြာမီမှာပင် သူအကြိမ်ကြိမ်မှားခဲ့ ဖူးပြီး မနှစ်မြို့သော ခရီးဆုံးကိုရောက်ချေဦးတော့ မည်။ သည်လိုနှင့်ပင် ခါးသီးသောညထဲ၌ သူ့ ဘဝသည် စုံးစုံးမြုပ်ခဲ့ရလေသည်။

*****

ဆယ်တန်းစာမေးပွဲကျကာ အိမ်ပေါ် မှ ဆင်းလာပြီးနောက် နားခိုစရာအဖြစ် သူငယ် ချင်းတစ်ဦး၏ အခွေဆိုင်တွင်နေရသော သူ့ဘဝ နောက်ကြောင်းကို ကိုဇင်(အမည်လွှဲ)က ပြန်ပြော ပြခဲ့သည်။

''ကျွန်တော် အဲဒီတုန်းက နေစရာမရှိ တော့ သူငယ်ချင်းကိုပြောပြီးနေခဲ့ရတာ။ အခွေ ဆိုင်က တစ်နေကုန်ဖွင့်တော့ ညဘက်ကျတော့ ကျွန်တော်ညအိပ်ဖို့အတွက် အဆင်ပြေတယ်လေ။ အခွေဆိုင်ဆိုပေမယ့်လဲ မြောင်းပေါ်ခွတင်ဖွင့် ထားတာ။ ဆိုင်က လူတစ်ကိုယ်စာ အိပ်ရုံလေး တော့ရတာပေါ့ဗျာ'' ဟု ကိုဇင်ကပြောပြခဲ့ခြင်းဖြစ် သည်။

သူ့အနေဖြင့် နားခိုရာဗီဒီယိုဆိုင်လေး သို့ ညအိပ်ချိန်လေးပဲပြန်လာပြီး နေ့ပိုင်းအချိန် များတွင် ငွေရပေါက်လမ်းတချို့ကို ရှာဖွေလုပ် ခဲ့ရသည်။

''အိမ်ကဆင်းလာတာဆိုတော့ ငွေက ဘယ်ကရှာရမှန်းလဲမသိဘူး။ အိမ်ပေါ်ကဆင်း ခါစတုန်းက ကြို့ကုန်းဘက်မှာ ပီနံအိတ်တွေကို ဓားနဲ့ခုတ်ဖြတ်ရတဲ့အလုပ်လဲ လုပ်ခဲ့ရတယ်။ အဲ အလုပ်က သုံးဖို့စွဲဖို့တော့ ရတယ်ဆိုပေမယ့်လဲ ကျွန်တော် ဆယ်တန်းပြန်ဖြေဖို့ စုဖို့ဆောင်းဖို့ အတွက် မလောက်ဘူးလေ''ဟုပြောသည်။

တစ်နေကုန်တစ်နေခန်း ပီနံအိတ်များ ကို ဓားနှင့်ခုတ်ရခြင်းအပေါ် ကြာတော့ ကျန်းမာ ရေးထိခိုက်နိုင်သည့်အတွက် ယင်းအလုပ်မှထွက် လိုက်သည်။ ယင်းနောက်ပိုင်းတွင် သူငယ်ချင်း ချိတ်ပေးသည့်အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်ခဲ့ သည်။

*****

လိုအပ်နေသည့် အမျိုးသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့်အလုပ်ဖြစ် သည်။ သူတို့အခေါ် 'ဂျေဂလို'ဖြစ်သည်။

''ကျွန်တော်တို့ကတော့ ဒီလိုလုပ်စား တဲ့လူတွေကို ဂျေဂလိုလို့ခေါ်တာပဲ။ သေချာ တော့မသိဘူး။ ကျွန်တော်သူငယ်ချင်းက အမျိုး သမီးတချို့နဲ့ မိတ်ဆက်ပေးတယ်။ သူတို့နဲ့လိုက် နေပေးရတဲ့အလုပ်ပေါ့။ ပထမဆုံးကြုံတဲ့အမျိုး သမီးက အိမ်ထောင်သည်အမျိုးသမီးဗျ။ ကလေး တစ်ယောက်လဲရှိတယ်။ ကလေးက နှစ်နှစ်လောက် တော့ရှိမယ်။ သူ့ယောက်ျားက သင်္ဘောသား၊ နိုင်ငံခြားသွားနေရတော့ သူ့ယောက်ျားမရှိတဲ့အချိန် မှာ ကျွန်တော်က သူ့အလိုကိုဖြည့်ဆည်းပေးရတာ လေ''ဟု ဂျေဂလိုဘဝ (သို့မဟုတ်) Sex worker တစ်ဦးအဖြစ် ပထမဦးဆုံးဖြတ်သန်းခဲ့ရသည့်အချိန်ကို ပြန်ပြောပြသည်။

''အဲအမျိုးသမီးက ကလေးရှိတော့ အ ရင်ဆုံး သူ့ကိုသိပ်ရတာပေါ့။ နှစ်နှစ်ဆိုတော့ ဘာ မှမသိသေးတဲ့ အရွယ်ဆိုပေမယ့် ခုတင်တစ်ခု တည်းမှာ လင်မယားလိုနေရမှာဆိုတော့ ကလေး ကို အရင်သိပ်ရတယ်လေ။ တစ်ခါတလေဆိုရင် အဲ့ကလေးကို အိမ်ရှေ့ဧည့်ခန်းမှာ ထားသိပ်ရတာ မျိုးလဲ ရှိခဲ့တယ်''ဟု ပြောသည်။

ထို့အပြင် သူ့အနေနှင့် Sex worker အနေဖြင့် ဘဝကိုရှင်သန်ရင်း ထူးထူးခြားခြားဖြတ် သန်းခဲ့ရမှုများလည်း ရှိခဲ့သည်။ ထူးခြားသော် လည်း ထွက်ပြေးချင်လောက်အောင်လည်း စိတ် ပေါက်ခဲ့သည်ဟု ရင်ဖွင့်ခဲ့သည်။

''လှိုင်သာယာက Beauty Salon ဖွင့် ထားတဲ့ အမျိုးသမီးသုံးဦးရဲ့အိမ်မှာ သူတို့ကိုဖျော် ဖြေပေးရတာ။ သူတို့က ယောက်ျားခွန်အားတိုး ဆေးတွေ ပြီးတော့ ဘလက်လေဘယ်တွေကအစ ဝယ်ပေးထားတာ။ အိမ်ထဲကနေ မထွက်ရဘူး။ သူတို့နဲ့အလှည့်ကျနေပေးခဲ့ရတာလေ။ အဲဒီသုံး ဦးက အမျိုးတွေဗျ။ တစ်ဦးက ဆိုင်ဖွင့်နေရင် အိမ် ကိုပြန်လာ၊ တစ်ဦးက အိမ်ထဲမှာ ထမင်းဟင်း ချက်နေရင် တခြားတစ်ဦးနဲ့အတူနေရတာ။ ပြီး တော့ အဲဒီသုံးဦးနဲ့က နေ့စဉ် အဆက်မပြတ်သလို ဆိုတော့ ကျွန်တော် မခံနိုင်တော့ဘူး။ နိမ့်နိမ့် လေးရှိတဲ့ လှေကား လေးထစ်လောက်ကိုတောင် ကျွန်တော် လေးဖက်ထောက်တက်နေရတာ။ အဲဒီ တော့ သူတို့လစ်တဲ့အချိန် ထွက်လာခဲ့တယ်'' ဟု ပြောသည်။

ထိုအမျိုးသမီးသုံးဦး နေအိမ်တွင်ရှိ သော ကြိုးဖုန်းဖြင့် အမျိုးသမီးများနှင့်ချိတ်ဆက် ပေးသည့် သူငယ်ချင်းဆီဖုန်းဆက်ကာ အမြန်လာ ခေါ်ရန် ဆက်သွယ်ခဲ့ရကြောင်းပြောပြသည်။

ယင်းကဲ့သို့ အမျိုးသမီးများနှင့်သာမက ဘဲသူ့အနေဖြင့် အခြားသောအမျိုးသမီးများစွာ နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

အမျိုးသမီးများက ယောက်ျားက နိုင်ငံ ခြားသွားနေလို့၊ ယောက်ျားနဲ့ကွဲနေလို့၊ ယောက်ျား မရှိပေမယ့် ခဏအပျော်ထားချင်တာတို့၊ စပွန် ဆာပေးထားတဲ့ လူမရှိတဲ့အချိန် ထိုမိန်းကလေး နှင့်နေပေးရသည်မှာSex worker တို့ အများဆုံး ကြုံရသည့်ဘဝဖြစ်သည်။

''ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတာက အ သက်အကြီးဆုံးက ၄၁နှစ်ရှိပြီ။ သူက အပျိုကြီး။ နောက်ထပ်မှတ်မှတ်ရရအတွေ့အကြုံက အသက် ခုနစ်နှစ်လောက်ရှိတဲ့ မိန်းကလေးတစ်ဦးမွေးထား တဲ့ မိန်းကလေးတစ်ဦးနဲ့လဲ ကျွန်တော်နေပေး ခဲ့ရသေးတယ်။ ကျွန်တော်တို့နေထိုင်တာကို သူ့ သမီးမြင်သွားတယ်လို့ ကျွန်တော် သံသယရှိမိ တယ်''ဟု ပြန်ပြောပြသည်။

******

စားပွဲတွင်တင်ထားသည့် ဘီယာခွက် ကို စိုက်ကြည့်ရင်း ''ကျွန်တော် သေချာတယ်။ နောက်ဘဝမှာ လူဖြစ်မှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော် လူမဆန်တဲ့လုပ်ရပ်တွေ အများကြီးကျူးလွန်ခဲ့မိတယ်။ အဲဒီလူမဆန်တဲ့ ကိစ္စတွေက အရမ်းကိုဆိုးရွားတယ်။ ဒါကြောင့် ကျွန်တော်သေရင် နောက်ဘဝ လူပြန်ဖြစ်မှာ မဟုတ်ဘူး။ ငရဲကြီးရှစ်ထပ်မှာ အောက်ဆုံးထပ် ကို ကျမယ့်ကောင်။ ကျွန်တော့်အနေနဲ့ ဘဝမှာ ကျူးလွန်ခဲ့တဲ့ ဒီအဆိုးရွားဆုံးကိစ္စကို ဘယ်သူ့ကို မှ မသိစေချင်ဘူး''ဟု ထပ်ပြောသည်။

စကားဝိုင်းလေးက ခေတ္တရပ်ဆိုင်း သွားသည်။ ထိုအချိန်တွင် စင်တင်စားသောက် ဆိုင်တစ်ခုမှ အမျိုးသမီးငယ်လေးများ၏ ကြည် နူးဖွယ် သီဆိုသံများက တိတ်ဆိတ်သွားသည့် စားပွဲဝိုင်းထဲ တိုးဝင်လာသည်။

သီချင်းဆိုရင်း စားပွဲဝိုင်းတစ်ခုသို့ ရောက်လာသည့် မိန်းကလေးတစ်ဦးကိုကြည့်ရင်း ကိုဇင်က ''ကျွန်တော် ဒီဘဝရောက်သွားခဲ့ရတာ က တကယ့်ကို ဘယ်လိုမှ မတတ်သာလွန်းလို့ မတတ်နိုင်လို့ရောက်ခဲ့ရတာ။ နေစရာကလဲမရှိ ဘူး။ အိမ်ကလဲဆင်းလာတာ။ ၁ဝ တန်းကလဲ ကျနဲ့။ အဲဒီအခြေအနေမှာ မထူးတဲ့ဘဝကိုလုပ်ခဲ့ ရတာ။ စင်တင်မှာဆိုနေတဲ့ မိန်းကလေးတွေ၊ ပြီး တော့ တခြား Sex worker မိန်းကလေးတွေဆို ရင်လဲ သူတို့ဘဝမှာ မတတ်သာလို့ ဒီဘဝကိုရောက် သွားခဲ့ကြရတာလို့ထင်တယ်။ ဒါမျိုး ဘယ်သူက လုပ်ချင်မှာလဲ''ဟု Sex worker ဘဝများသို့ ရောက်နေခဲ့သည့် ဘဝများအပေါ် စာနာစွာဖြင့် ပြောပြသည်။

Sex worker အနေဖြင့် အချိန်အတန် ကြာ ကျင်လည်ခဲ့ပြီး ငွေကြေးအနည်းငယ်စုနိုင် ခဲ့သည့်အချိန်တွင် မိခင်က သတင်းစာမှတစ်ဆင့် လူပျောက်ကြော်ငြာထည့်ကာ ရှာခဲ့သည်။ ယင်း နောက် မိခင်အိမ်ပေါ်သို့ သူတစ်ကျော့ပြန်ရောက် ခဲ့ရသည်။ တစ်ကျော့ပြန်ရောက်တော့ အမေရော အဖေရော ကျန်းမာရေးက ချို့တဲ့နေသည်။

''အဖေက ကိုယ်တစ်ခြမ်း လေဖြတ် သွားတော့ မထနိုင်ဘူး။ အမေကလဲ မျက်လုံးက သိပ်မကောင်းတော့ ဆေးတွေဘာတွေ ကုသဖို့ ငွေလိုနေတယ်။ အဲဒီလိုနေတဲ့အချိန်မှာ ကျွန်တော် ရှာခဲ့ရတဲ့ငွေနဲ့ ဆေးတွေဘာတွေကုခဲ့တယ်။ ဒီ အလုပ်လုပ်ရင်းရှာခဲ့တဲ့ငွေနဲ့ ကျွန်တော် ၁ဝတန်း ပြန်ဖြေနိုင်ခဲ့တယ်။ အောင်လဲအောင်ခဲ့တယ်''ဟု ဘဝကိုအရင်းပြုကာ ရှာဖွေခဲ့သည့်ငွေဖြင့် ပြန် လည်အသုံးချခဲ့သည်ကို ပြန်ပြောသည်။

******

စားသောက်ဆိုင်အတွင်း စားပွဲဝိုင်း များ ပြည့်နှက်လာသည်နှင့်အမျှ သီချင်းသံလေး များက ပြည့်နှက်လာသည်။ စားပွဲဝိုင်းများပြား လာသည်နှင့်အတူ ညဥ့်ကနက်လာသည်။ ကား လမ်းပေါ်မှာ ကားတချို့သွားလာနေဆဲ။ ကိုဇင် တစ်ယောက် လက်ပြနှုတ်ဆက်ရင်း အမှောင်ထု တွင်းတိုးဝင်သွားခဲ့သည်။

ဓာတ်တိုင်မီးရောင်မှိန် ပြပြရှိနေသေး သော်လည်း ထိုသို့သော ကားလမ်းနံဘေးမီး ရောင်အောက်များ၊ Sex worker များနှင့်ပတ် သက်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီးသော သိမ်ကြီး ဈေးတံတားပေါ်နှင့် အနီးတစ်ဝိုက်၊ ပန်းဆိုးတန်း ခုံးကျော်တံတားအောက်ဝန်းကျင်၊ သီရိမင်္ဂလာ ဈေးဟောင်း၊ မင်္ဂလာဈေး၊ တံတားဖြူမှတ်တိုင် အနီးဝန်းကျင်နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ လမ်းနီ၊ ရိပ်သာမှတ်တိုင် စသည့်နေရာအချို့ မှာ Sex worker တို့၏ ဈေးကွက်နေရာများပင် ဖြစ် ကာ ပြည့်တန်ဆာအချို့က သူတို့ကိုလာခေါ်ကြ မည့်သူများကို ညဥ့်နက်နက်အချိန်များအထိ စောင့်ဆိုင်းနေကြရဆဲဖြစ်သည်


Flower News မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည် ။

Wednesday, February 5, 2014

အမေကို သတ်ပြီး အစိမ်းလိုက် စားခဲ့ကြတာ လား



ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုသုံးယောက်ဟာ သူတို့ ရဲ့ မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့ ဖိလစ်ပိုင်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုဟာ ရိုးရာဓလေ့ထုံးတမ်း တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ အမ်ပါတူယန်မြို့ အပိုင် ကျေးရွာတစ်ခုရဲ့ အိမ်မှာ အသက် ၅၆ နှစ်အရွယ်၊ မူဆာလာအမီးလ် ရဲ့ ရုပ်အလောင်းကို ရှာမတွေ့ မီ ရက်အနည်းငယ်က အဲဒီ့မိသားစုအိမ်ကနေ ထူးဆန်းတဲ့ဆူညံသံတစ်ချို့  ကြားခဲ့ရကြောင်း အိမ်နီးချင်းတွေက သတင်းပို့ ခဲ့ပါတယ်။ ရဲတွေ ရှာဖွေတွေ့ ရှိတဲ့အချိန်မှာ အလောင်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျောက်ဆုံးနေတဲ့အပြင် သွေးထုတ်ယူခံထားရတယ်လို့ လည်း သိရပါတယ်။

ဒန်တီ ၃၅ နှစ်၊ ပါရွိုင်း ၂၁ နှစ်နဲ့ အီဘရာဟင် ၁၈ နှစ်တို့ ဟာ သူတို့ အမေရဲ့ ကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့  စုံစမ်းရေးအရာရှိတွေက စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့်လည်း ညီအစ်ကိုသုံးယောက်လုံးကတော့ သူတို့ အမေကို မသတ်ခဲ့ဘူးလို့ ငြင်းဆန်နေကြပါတယ်။ သူတို့ ပြောကြားချက်အရ သူတို့ အမေဟာ မကောင်းတဲ့ဝိညာဉ်ကြောင့် ဖျားနာနေတယ်လို့ ယုံကြည်ပြီး နှင်ထုတ်ဖို့ ကြိုးပမ်းခဲ့ယုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတွေဟာ ဒီမိသားစု မှာ စိတ်ဖောက်ပြန်မှုနောက်ကြောင်းရာဇ၀င် ရှိခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒါပေမယ့် ဒီသတ်ဖြတ်မှုမှာ မူးယစ်ဆေးအလွဲသုံးမှုအပိုင်းကို ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။ အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ ရော်နယ်ဒီလီယွန် က သံသယရှိသူသုံးယောက်စလုံးဟာ မူးယစ်ဆေးဝါးစစ်ဆေးမှုတွေကို ခံယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီညီအစ်ကိုသုံးယောက်ဟာ မိုရို တိုင်းရင်းသားမူဆလင်လူမျိုးစုနွယ်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။ သံသယရှိသူသုံးယောက်လုံးဟာ အမ်ပါတူယန်မြို့ နယ်အတွင်း ပူရော့ခ် နာဘဒ်တော့ဂ်ျ ရွာက မိသားစုလယ်မြေ မှာ သူတို့ အမေနဲ့ အတူ အခြေချနေထိုင်နေကြတာပါ။

ဒေသခံလူထုခေါင်းဆောင်တွေကတော့ ဒီလူသုံးယောက်ဟာ သူတို့ အမေကို သတ်ခဲ့ကြပြီး သားရိုင်းတိရိစ္ဆာန်တွေလို သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်ပွဲတော်တည်ခဲ့ကြတယ် လို့  ပြောကြားခဲ့ကြပါတယ်။

ဒီရွာဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ရွာတစ်ရွာဖြစ်ပြီး ၂၀၀၉ ခုနှစ်က လူ ၅၈ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။ ညီအစ်ကိုသုံးယောက်ဟာ ဒီအိမ်အတွင်းမှာ သူတို့ အမေကို ဓားကောက်တစ်မျိုးနဲ့ ခုတ်ထစ်သတ်ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို အစိမ်းလိုက်စားသုံးခဲ့ကြတယ်လို့ ယူဆထားပါတယ်။

Source ;Trend Myanmar.

Monday, August 19, 2013

အမျိုးသားများအတွက် အန္တရာယ်အရှိဆုံး ဇင်ဘာဘွေ


ဇင်ဘာဘွေနိုင်ငံမှချောမောလှပသည့် အမျိုးသမီးများဟာ အုပ်စုလိုက်အဖွဲ့ ဖွဲ့ ပြီး အမျိုးသား
များအား ဖျားယောင်းမြှူဆွယ်ခေါ်ဆောင်ကာ ပျော်ပါးဆက်ဆံပြီးနောက်  ဂျူဂျူဟုခေါ်တွင်
သည့် စုန်းကဝေဆိုင်ရာ၊ အောက်လမ်းနတ်ဆိုင်ရာပူဇော်ပသမှု များပြုလုပ်ရာတွင်အသုံးပြုရန်
၎င်းအမျိုးသားများ၏ သုတ်ရည်များအား ရယူစုဆောင်းလျှက်ရှိနေကြပါတယ်လို့ ဒေသဆိုင်ရာ
သတင်းမီဒီယာများ၏အဆိုအရသိရှိရပါတယ်...


ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သူ ဆူဆန်ဒလီဝါယို ကပြောကြားရာမှာ မကြာသေးခင်ကာလများ
က သူမအနေဖြင့် လမ်းဘေးတွင်ကားကြုံလိုက်စီးရန်တားနေသည့်အမျိုးသားများအား တင်
ဆောင်သွားရန် ကားရပ်ခဲ့ ပေမယ့် သူမကားပေါ်သို့ တက်လိုက်ရန်ငြင်းဆန်ခဲ့ ကြပြီး၎င်းတို့ 
အနေဖြင့် (အမျိုးသမီးများမှ) အဓမ္မပြုကျင့် ခြင်းခံရမည်ကိုစိုးရိမ်သောကြောင့် ဖြစ်သည်ဟု ဆို
ခဲ့ ကြကြောင်း ဟုပြောကြားခဲ့ ပါတယ်...


အခုတော့ ယောကျာင်္းတွေက မိန်းမတွေကိုကြောက်နေရတဲ့ ခေတ်ဖြစ်နေပါပြီဗျာ...ကျွန်တော်
တို့ ခင်ဗျားကို မယုံလို့ ခင်ဗျားနဲ့ မလိုက်နိုင်ပါဘူးလို့ သူတို့ ကဆိုခဲ့ ကြောင်း အသက် ၁၉ နှစ်အ
ရွယ်ရှိ မစ္စဒလီဝါယို ကပြောခဲ့ ပါတယ်...


အဆိုပါအချစ်နတ်သမီးလေးများ၏လမ်းကြုံတင်ခေါ်ကာ သေလုမျောပါးဖြစ်အောင်အချစ်ကြီးချစ်
ခံကြရသူများဟာ စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးဝါးဖြင့် တိုက်ကျွေးခြင်းခံရခြင်း သို့ မ
ဟုတ် သေနတ်၊ ဓါးများဖြင့် ချိန်ကာ အဓမ္မကျင့် ကြံခြင်းခံကြရတာဖြစ်ပြီး အမျိုးသားတစ်ဦးဆို
လျှင် မုဒိန်းမယ်များက မြွေအရှင်ဖြင့် ပြကာချိန်းခြောက်ပြီး အနိုင်ကျင့် ခဲ့ ကြတာဖြစ်တယ်လို့ 
လည်း ဆိုပါတယ်....

နိုဝင်ဘာလက ညီအစ်မသုံးဖော်နှင့် ၎င်းတို့ ၏ရည်းစားဖြစ်သူ အမျိုးသားတစ်ဦးတို့ အား လမ်း
ကြုံကားတားဆီးသူအမျိုးသားများအား ခြိမ်းခြောက်အနိုင်ကျင့် ကာ ထိုသူများ၏ သုတ်ရည်များ
အား ယစ်ဇ်ပူဇော်ရန်၊ အောက်လမ်းနည်းဖြင့် အစီအရင်များပြုလုပ်ရန်အတွက် စုဆောင်းသိမ်း
ဆည်းမှုဖြင့် ဟာရာရေး တရားရုံတွင် တရားစွဲဆိုခဲ့ ကြပါတယ်....
နိုခွာရယ ညီအစ်မများအားယာဉ်တိုက်မှုတစ်ခုတွင်၎င်းတို့ ၏ကားအတွင်းမှ အသုံးပြုထားသည့် 
ကွန်ဒွန် ၃၁ ခုအား ရဲတပ်ဖွဲ့ မှစစ်ဆေးတွေ့ ရှိခဲ့ ရာမှ သိရှိဖမ်းဆီးခဲ့ တာဖြစ်ပါတယ်...
အမျိုးသမီးမှ အမျိုးသားအား အဓမ္မကျင့် ၊ဗလက္ကာယပြုကျင့် ခြင်းဟာ ဇင်ဘာဘွေနိုင်ငံတွင်ပြစ်
မှုမမြောက်တာမို့ ထိုအမျိုးသမီးများအနေဖြင့် အင်အားသုံးကာ မဖွယ်မရာဆက်ဆံမှု ၁၇ ခုဖြင့် 
သာ တရာစွဲဆိုခံကြရမှာဖြစ်ပါတယ်...


တရာခံ နှင်းဆီနက် ပန်းလေးပွင့် ညီအမများ အဖွဲ့ တရားရုံးမှအထွက်....
(ကိုပီတာဘလော့ဂ် မှ ကူးယူဖော်ပြပါသည်....)
နတ်မိမယ်ညီအစ်မ ၃ ဖော်ကတော့ ၎င်းတို့ ဟာ ရိုးသားကြိုးစားသည့် ပြည့် တန်ဆာ၊ အပျော်
မယ်လေးများသာဖြစ်ပါတယ်လို့ အခိုင်အမာပြောဆိုခဲ့ ကြပါတယ်...
" အဲဒီ ( အမျိုးသားသုတ်ရည်ကို ) ဟာကို ယဇ်ပူဇော်ခြင်း၊ အစီအရင်လုပ်ခြင်းတွေမှာအသုံးပြု
တယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်..." လို့ ဇင်ဘာဘွေတက္ကသိုလ် လူမှုဗေဒပညာရှင် ရုပါ
ရန်ဂန်ဒါ ကဆိုပြီး ၎င်းအနေဖြင့် အမျိုးသားများရဲ့ သုတ်သွေးဟာ တန်ဖိုးရှိသည့် ၊ ဈေးကြီးသော
အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်နေတယ်ဆိုတာ ယုံကြည်သူတစ်ဦးလည်းဖြစ်ပါတယ်...
ဟာရာရေးမြို့ မှာလမ်းသူရဲလူငယ်များအား စီးပွားရေးသမားများက ဟိုတယ်အခန်းများ၊ အရက်
သေစာများ ထောက်ပံ့ ပေးကမ်းကာ ပြည့် တန်ဆာများအား ခေါ်ဆောင်ပြီး ( အိပ်စက်ပျော်ပါး
ကာ ) အသုံးပြုပြီးသော ကွန်ဒွန်များအားပေးအပ်ရန် စေခိုင်းခဲ့ ကြပါတယ်ဆို့ သတင်းများကဆို
ပါတယ်...


ဇင်ဘာဘွေနိုင်ငံ၊ တိုင်းရင်းရိုးရာဆေးပညာအစည်းအရုံးကတော့ အဆိုပါ ကျင့် သုံးမှုအား စုန်း
ကဝေ ဆန်ဆန်ပြုကျင့် မှုဟု ဆိုကာ ဝေဖန်ပြောကြားလိုက်ပါတယ်....
"ဤကဲ့ သို့ လုပ်ရပ်မျိုးအား ကျွန်ုပ်တို့ အနေဖြင့် လုံးဝ ဆန့် ကျင်ပါတယ်..." လို့ လည်း ပြောရေး
ဆိုခွင့် ရှိသူ ဂျော့ ကန်ဒီဗာရို ကဆိုပါတယ်...
နိုခွာရ ညီအစ်မများအား ဖမ်းဆီးမိပြီးနောက်တွင်လည်း ထိုကဲ့ သို့ အမျိုးသားများအား အဓမ္မပြု
ကျင့် မှုများ လျော့ နည်းပပျောက်သွားခြင်းမရှိသေးပဲ ရဲတပ်ဖွဲ့ အနေဖြင့် မည်ရွေ့ မည်မျှဖြစ်
ပျက်ခဲ့ သည် ဆိုတာတောင် မှတ်သားထားခဲ့ နိုင်ခြင်းမရှိခဲ့ ကြောင်းဝန်ခံပြောကြားခဲ့ ပါတယ်...
" အဆိုပါအဖြစ်အပျက်များအမှန်တကယ်ဖြစ်ပွားကြောင်းအတည်ပြုနိုင်တဲ့ အရည်အတွက် အတိ
အကျ ကျွန်တော်တို့ မှာ မရှိပါဘူး..." လို့ နိုင်ငံတော်ရဲတပ်ဖွဲ့ ဆိုင်ရာပြောရေးဆိုခွင့် ရှိသူ ၀ိန်းဗူ
ဇီဂျီနာ က ပြောခဲ့ ပါတယ်...
ဇင်ဘာဘွေအမျိုးသားများအနေဖြင့် ယခုကဲ့ သို့ သုတ်ပိုးမုဆိုးမ များ၏ရန်မှရှောင်ရှားနိုင်ရန်
အများပြည်သူသုံးဘတ်စ်ကား၊ရထားများအားအသုံးပြုပြီး ခရီးသွားလာကြပါရန်တိုက်တွန်းပြော ကြားခဲ့ ပါတယ်..


ထို.အပြင် အမျိုးသမီးများ က အမျိုးသားတို.ကို အုပ်စုဖွဲ. အနိုင်ကျင်.ခြင်းများကြောင်.လည်း ရဲတပ်ဖွဲ.ခမျာ ခေါင်း၇ှုပ်နေကြရပြီး ပြီးခဲ့သည်. ၁၁လအတွင်း အမျိုးသား ၆ ဦးမှာ ထိုဒါဏ်ကို ခံစားလိုက်ကြရသည် ။၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးဆိုလျှင် ဘူလာဝါယိုတွင် တာဝန်ထမ်းဆောင်ခိုက် အသေးစား ဘတ်စကားတစ်စင်းမှ အကူအညီတောင်းသဖြင်. သွားရောက်ကူညီခိုက် အထဲမှ အမျိုးသမီး ၃ဦးက အတင်းဆွဲချုပ်ကာ မျက်နှာကို မေ.ဆေးဖြင်.အုပ်ပြီး သတိလစ်သွားခိုက် လိင်စော်ကားမှုပြုပြီး စိတ်ကျေနပ်မှုရသွားချိန်တွင် ရဲတွင်ပါလာသော ငွေကြေးအနည်းငယ်နှင်. ဖုန်းတို.ကိုယူကာ မြို.ပြင်တွင်ထားခဲ့ကြောင်း ရဲတပ်ဖွဲ.အကြီးအကဲ သြဂတ်စတင်းချီဟွာကပြောကြားခဲ့သည် ။




ဇင်ဘာဘွေ ဥပဒေအရ အမျိုးသမီးများ လိင်စော်ကားခံရမှသာ မုဒိမ်းမှုမြောက်ပြီး အမျိုးသားတို.အတွက် ဥပဒေ သတ်မှတ်ချက်မရှိပေ။ ၄၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် အိပ်ရာလိပ်ဝယ်ပြီး ကာရိုးအနောက်ပိုင်းနေအိမ်သို.သယ်သွားခိုက် အမျိုးသမီး ၂ဦး၏ အတင်းအဓမ္မ လိင်ဆက်ဆံရန်စေခိုင်မှု ခံခဲ့ရသည် ။ပြီးခဲ့သည်.နှစ် နိုဝင်ဘာလကလည်း ဟာရာရာ ရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းအတွင်းသော.ပိတ်၍ ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသမီး ၂ဦးက အဓမ္မပြုကျင်.ခဲ့ကြသည် ။

ထိုသတင်းများကြောင်. ပြည်တွင်း၈ျာနယ်တစ်စောင်က အမျိုးသား အများအပြားက Mini Bus တွေ.တိုင်းလိုက်တားနေသော ပုံကို ရေးဆွဲဖော်ပြခဲ့သည်။

Source ; Myanmar Daily News & စိတ်ကူးပျော်ရာ

Sunday, July 14, 2013

နာမည်ကျော် ယာဉ်ထိန်းရဲ အက နောက်ဆုံးတော. ၁၇၁/၅၀၀/၁၁၄



ဒီသတင်းလေး စတင်လာကာစကဆို ဘာများလဲပေါ. 
သူများနိုင်ငံက ယာဉ်ထိန်းရဲတွေ ၀လို.အရေးယူနေတာတွေ  အကနဲ.လမ်းပြတာတွေ စသဖြင်.ကြားတော. ဒို.ဆီမှာလည်း အသစ်တွေများ လုပ်ပြီလားပေါ. နောက်တော. ဘယ်ဟုတ်မလဲ  ဒီသတင်းလေး ဖတ်လိုက်ရတော.မှပဲ




၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည်
facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့်
ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ်တွင် ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့်
သရုပ်ပျက်ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်စုံစမ်းရာ
အဆိုပါသူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ)
ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း
ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း
ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင်
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင်
ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။


ကဲ...........ဘာပဲပြောပြော နာမည်တော.ကြီးသွားတာပေါ.
အဲဒီကိုမင်းမင်းထွန်းဆိုတာ Life & Dance ရဲ. အဖွဲ့ ခေါင်းဆောင် ပါတဲ့

Tuesday, May 21, 2013

အမျိုးသမီး၃ ဦးအား နှစ်ပေါင်းများစွာ အဓမ္မ ကျင်.ခဲ့သူ

အမေရိကန် နိုင်ငံ အိုဟိုင်းအိုး ပြည်နယ် ကလီဗီလန်း မြို့တွင် အမျိုးသမီး သုံးဦးအား ပြန်ပေး ဆွဲပြီး နေအိမ် ၏ အိပ်ခန်း အတွင်း ဆယ်စုနှစ်ခန့် ပိတ်လောင်ကာ အဓ္ဓမပြုကျင့် သူကို သေဒဏ်ပြစ်ဒဏ် ချမှတ်သည် အထိ ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အိုဟိုင်းရိုး တရားရုံးမှ ရှေ့နေများက ပြောကြား သွားသည်။

အသက် ၅၂ နှစ်အရွယ်ရှိ အာရီရယ် ကတ်စတိုသည် အမန်ဒရာဘယ်ရီ၊ ဂီနာဂျီဆက်နှင့် မီရှယ်လီ နိုက်အမည်ရှိ အမျိုးသမီး သုံးဦးကို ပြန်ပေးဆွဲပြီး ၎င်း၏ နေအိမ် အခန်းအတွင်း ပိတ်လှောင်ကာ အဓ္ဓမပြုကျင့် စော်ကားခဲ့ သည်။ ကျောင်းကား ဒရိုင်ဘာဟောင်း ကတ်စတိုသည် အမန်ဒရာဘယ်ရီ ကို ၂၀၁၃ ခုနှစ်တွင်း ၎င်း ၁၇ နှစ်မြောက် မွေးနေ့တွင် စတင်ပြန်ပေးဆွဲခဲ့ပြီး ဂီနာဒီဂျီဆက်ကို ၂၀၀၄ ခုနှစ် ဧပြီ ၂ ရက် ၎င်း ၁၄ နှစ်သမီး အရွယ်တွင် စတင်ပြန်ပေး ဆွဲခဲ့ကာ မီရှယ်လီနိုက်ကို ၂၀၀၂ ခုနှစ် ၎င်း ၂၁ နှစ် အရွယ်တွင် ပြန် ပေးဆွဲ ခဲ့ကြောင်း သိရသည်။

ကတ်စတိုသည် နေအိမ်သို့ ပြန်ရောက် ပြီးနောက် အပြင်သို့ ပြန်လည် ထွက်ခွာစဉ် နေအိမ် ကို သော့ခတ် ရန် မေ့လျော့ နေချိန်၌ ယင်းအမျိုး သမီး သုံးဦးသည် ထွက်ပြေးကာ အိမ်နီးချင်းများကို အကူအ ညီ တောင်းခံပြီးနောက် ကတ်စတိုကို ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။ ကတ်စတိုသည် အမန်ဒရာဘယ်ရီ နှင့် သမီး တစ်ယောက် မွေးဖွားခဲ့ပြီး ၎င်း ကလေးသည် ကတ်စတိုနှင့် အမှန်တကယ် ရရှိခဲ့သည့် ရင်သွေးဖြစ်ကြောင်း ဒီအန်အေဆေး စစ်ချက်များအရ အိုဟိုင်းအိုး တရားရုံးမှ အတည်ပြု ထုတ်ပြန်ကြေညာ သွားခဲ့သည်။

ထို့ပြင် ကတ်စတိုသည် နောက်ထပ် ရင်သွေး မ မွေးဖွား နိုင်ရန်အတွက် ကိုယ်ဝန်ရရှိ ကြောင်း သိရှိသည်နှင့် တစ်ပြိုင်နက် အဆို ပါအမျိုးသမီး များကို ကန်ကျောက်ခြင်း၊ ထုထောင်း ရိုက်နှက်ခြင်း စသည်ဖြင့် အမျိုး မျိုးနှိပ်စက် ခဲ့ကြောင်း သိရသည်။ ထိုအမျိုးသမီး သုံးဦးနှင့် ရင်သွေး ဖြစ်သူတို့ကို အမေရိကန် ဒေါ်လာ ရှစ်သန်း နစ်နာကြေး ပေးအပ်ရန် အိုဟိုင်းယို တရားရုံးမှ အမိန့်ချ မှတ်ခဲ့ပြီး ကတ်စတိုကို မကြာမီ ပြစ်ဒဏ်ချမှတ် သွားမည်ဖြစ်ကြောင်း သိရသည်။ 
 
Post by :ရိုးရာလေး

Friday, May 17, 2013

ခေါင်း ပန်း လှန်ပြီး မြို.တော်ဝန် ရွေးပါသတဲ့



 ဖိလစ်ပိုင်နိုင်ငံ San Teadoro မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲအတွင်း ကိုယ် စား လှယ်လောင်းနှစ်ဦးစလုံး မဲအရေအတွက် အတူတူရခဲ့ကြတဲ့အတွက် ခေါင်းပန်းလှန်ပြီးတော့ အဆုံး အဖြတ် ပေးလိုက်ကြပါတယ်။
Mindoro Oriental ပြည်နယ်အတွင်းက San Teodoro ဆိုတဲ့ လယ်ယာလုပ်ကိုင်စားကြတဲ့ အဲ့ဒီ့မြို့ ကေ လးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ရလာဒ်ကို ခေါင်းပန်း ၅ကြိမ်စီလှန်ပြီး ခေါင်း အများဆုံးရတဲ့သူကို အနိုင်ေ ပး လိုက်တာဖြစ်ပါတယ်။ လက်ရှိ အာဏာရပါတီ Liberal ပါတီကိုယ်စားလှယ်လောင်း Marvic Feraren က ပြိုင် ဖက်ကိုယ်စားလှယ်လောင်း Boyet Py ကို အနိုင်ရသွားပါတယ်။
ဒါပေမဲ့ ပထမတစ်ကြိမ် ခေါင်းပန်းလှန်တဲ့အခါ အဖြေက တိုက်နေသေးတဲ့အတွက် ဒုတိယအကြိမ် ထပ်ပြီး ခေါင်း ပန်း လှန်ခဲ့ကြရတာပါ။
အဆုံးသတ်မှာတော့ ထွက်လာတဲ့အဖြေကို ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးက လက်ခံပြီး လက်ဆွဲ နှုတ် ဆက် ခဲ့ကြပါတယ်။ အခုလိုခေါင်းပန်းလှန်ပြီး အဆုံးအဖြတ်ပေးတဲ့ ရလာဒ်ကို လက်ခံကြောင်း ဖိလစ်ပိုင် ရွေးေ ကာက် ပွဲ ဥပဒေမှာ ပြဌာန်းထားပါတယ်။

Source ; VOA

Monday, April 29, 2013

အမေရိကန် အထက်တန်းကျောင်းက ဏှာဆရာ

 
ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အား လှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက် ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေး ယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် ကိုဝက်တာ ကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။
ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာ လုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင် ဝက်ဘ်ဆိုက်ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်းသူ လေးများမှာ အိစ်ကိုဝက်တာ အထက်တန်း ကျောင်းမှဖြစ်ပြီး မဖွယ်မရာ ပုံစံ အမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံ ထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြရန် ဥပဒေ အရ တားမြစ်ပိတ်ပင် ထားသည်။
 
ထိုကျောင်းမှ မိန်းကလေး ဘောလုံးအသင်းသူ တစ်စု
 ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအား ကန့်ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်းဆိုကြသည်။
ကျောင်းအုပ်ကြီးကလည်း ယခုဖြစ်ပျက်မှုသည် ကျောင်းအတွက်ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ပြီး အမြန် ဆုံး အရေးယူပေးပါမည်ဟု မီဒီယာသို့ ပြောကြားခဲ့သည်။
 
အခင်းဖြစ်ပွားခဲ့ရာကျောင်း
 ကျောင်းအုပ်ကြီးသည် အဖြစ်အပျက်ကို သိသိချင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထိုဆရာကိုလည်း ကျောင်းမှ ထုတ်လိုက်ပြီး၊ ကျောင်းအတွင်းသို့ လုံးဝမလာရောက်ရန် အမိန့်ထုတ်လိုက်သည်။
ကျောင်းသူများ၏ ဓာတ်ပုံတွင် “ကျွန်တော့်အတန်းမှ ခပ်ဟော့ဟော့ ကောင်မလေးများ” ဟု စာတန်းရေးထိုး ထားသည့်အပြင် “စကတ်လန်ကောင်မလေးများ” ဟုဖော်ပြထားချက်များအပေါ် မိဘများက အပြင်းအထန် ကန့်ကွက် ခဲ့ကြသည်။
မိဘ တစ်ဦးက “ကျွန်မတို့အနေနဲ့ ကျောင်းကို ယုံကြည်ပြီး သားသမီးတွေကို အပ်နှံထားခဲ့တာ။ ဒီလိုအဖြစ် မျိုးရောက်အောင် ဆရာကလုပ်တယ်ဆိုတာ အံ့သြလို့မဆုံးဘူး” ဟုပြောကြားခဲ့သည်။
ကျောင်းမှတာဝန်ရှိသူများက ဆရာ၏အမည်ကို ဖော်ထုတ်ခြင်းမရှိပေ။ ရဲစခန်းမှ ထိုဆရာအားဖမ်းဆီးထား ကြောင်း သိရသည်။
Source ; oppositeyes

ကလေးစရိတ် မပေးချင်လို.သတ်ပြီး ခွေးစာကျွေးသတဲ့

 ဘရာဇီး နာမည်ကျော် ဘောလုံး သမားတစ်ဦးက သူ၏ ချစ်သူဟောင်းခမျာ သတ်ဖြတ်ခံ ခဲ့ရပြီး ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာမွှာ  ပိုင်းဖြတ်ကာ ခွေးကျွေးခြင်းကို ခံခဲ့ရသည်ဟု ၀န်ခံ ပြောကြားခဲ့သည်။ လာမည့် ၂၀၁၄ ကမ္ဘာ့ ဘောလုံးပြိုင်ပွဲတွင် ဘရာဇီး လက်ရွေးစင် ဘောလုံး အဓိက ဂိုးသမား တစ်ဦး ဖြစ်လာဖွယ် ရှိသည့် အသက် ၂၈ နှစ် အရွယ် ဘရူနို ဖာနန်ဒက် ဒီဆွာ ဇာမှာ ကလေး စရိတ် မပေးလို သည့် အတွက် သူ၏ ချစ်သူကို သတ်ဖြတ် ခဲ့သည်ဟု စွပ်စွဲ ခံထား ရသူ ဖြစ်သည်။

 ယခင် ဖလာမင်ဂို ကစားသမားဟောင်းက ယခင်က ၎င်းအသက် ၂၅ နှစ်အရွယ်တွင် ဖြစ်ပျက်ခဲ့သည်ဟု စွပ်စွဲချက် မှန်သမျှကို ပယ်ချခဲ့သော်လည်း မနေ့က တရားရုံး ကြားနာရာတွင် သူ၏ အချစ်ဆုံး သူငယ် ချင်းဖြစ်သူ လူဝစ် ဟင်းနရစ် ရိုမာအိုက သူ၏ ချစ်သူဟောင်းကို သတ်ဖြတ်ရန် တစ်စုံ တစ်ယောက်ကို ပိုက်ဆံပေး ခိုင်းစေခဲ့သည်ဟု ၀န်ခံခဲ့သည်။

  ၎င်းက တရားရုံးတော်တွင် ၀န်ခံ ပြောကြားရာတွင် သူ့အနေဖြင့် ချစ်သူဟောင်းကို သတ်ဖြတ်ရန် ခိုင်းစေ ခဲ့ခြင်း မရှိသော်လည်း ယင်းသတ်ဖြတ်မှုကို လက်ခံခဲ့သည်ဟု ဆိုသည်။ ဂိုးသမား ဘရူနိုမှာ မစ္စ ဆာမူဒီယို သတ်ဖြတ် ခံရ မှုတွင် သူ၏ ဇနီးသည် ဒရဲနီ၊ အခြားသော ချစ်သူဟောင်း တစ်ဦးဒ၊ ညီအစ်ကို ၀မ်းကွဲတစ်ဦး နှင့် ရဲဟောင်း တစ်ဦး ဖြစ်သူမှာ မားကို့စ်ဆန်းတိုတို့ အပါအ၀င် လူ ၈ ဦးက ၀ိုင်းဝန်း သတ်ဖြတ်ရာတွင် စီစဉ်ပေး ခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။ 

ဘရူနိုမှာ သူ၏ ချစ်သူဟောင်းကို ယင်းလူစုက နှိပ်စက် ညှဉ်းပန်းနေမှုကို ထိုင်ကြည့်နေခဲ့ပြီး သူမကို တစ်စ စီ ခုတ်ထစ် ဖြတ်တောက်ရာတွင်လည်း ကူညီခဲ့သည်ဟု စွပ်စွဲ ခံထားရသည်။ လူသေလောင်း အစိတ်အပိုင်း အချို့ ကို ဘရူနိုင်၏ အိမ်မွေးခွေးကို ကျွေးခဲ့ပြီး ကျန် အစိတ်အပိုင်းကို ကွန်ကရစ်သွင်းလောင်း မြှုပ်နှံခဲ့ သည်ဟု ဆိုသည်။ တရားရုံး၏ အစောပိုင်း ဆုံးဖြတ်ချက်အရ ဘရူနို၏ သူငယ်ချင်း ရိုမာအိုမှာ ပြစ်မှု ထင်ရှား သဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး ဖြစ်ကာ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ရဲဝန်ထမ်းဟောင်း ဆန်းတို့စ်မှာ လာမည့်လတွင် ရုံးတင် စစ်ဆေးမည် ဖြစ်သည်။ 

ဘရူနိုကို လူသတ်မှုဖြင့် မဖမ်းဆီးမီက အီတလီ ထိပ်သီး ဘောလုံး ကလပ် အသင်း တစ်သင်း ဖြစ်သည့်  အေစီ မီလန် အသင်းက စတာလန်ပေါင် သန်းပေါင်းများစွာဖြင့် ခေါ်ယူ၇န် စီစဉ်ခဲ့သေးသည်။ ဘရာဇီး နိုင်ငံ အရှေ့ တောင်ပိုင်း ကွန်တာဂန်မြို့ရှိ တရားရုံး တစ်ရုံးတွင် ဘရူနို ထွက်ဆိုရာတွင် သူ၏ ညီအစ်ကို တစ်ဝမ်း ကွဲ တောစပ်သူ ဂျော့ရိုဆာမှာ လူသတ်မှုတွင် မျက်မြင်သက်သေ ဖြစ်ကြောင်းနှင့် ဘာတွေ ဖြစ်ပျက်ခဲ့သည် ဆိုသည် ကို ၎င်းပြန်လည် ပြန်လည် ပြောပြခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ 

 ၎င်းထွက်ဆိုရာတွင် မစ္စဆာမူဒီယို ပြန်ပေးဆွဲ ခံရပြီးနောက် ရိုမာအိုက သူမကို ဘယ်လို ဟော်ရီဇွန်တီရှိ လူသတ် သမား ဆန်းတို့စ် စောင့်ဆိုင်းနေရာ နေအိမ်သို့  ခေါ်ဆောင်သွားခဲ့သည့်ဟု ဆိုသည်။ သူက ထွက်ဆို ရာတွင် “သူမ၏  လက်နှစ်ဖက်ကို ကြိုးတုပ်ချည်နှောင်၍ လည်ပင်းတွင် ပြန်လည် ချည်နှောင် ထား ခဲ့ကြောင်း” ကို သူ၏ ညီအစ်ကို ၀မ်းကွဲက ပြန်လည် ပြောပြသဖြင့် သိရှိခဲ့ရသည်။ ဘရူနို၏ တရား ရင်ဆိုင် မှုမှာ ပြီးခဲ့သည့် တစ်ပတ် တနင်္လာနေ့က စတင်ခဲ့ပြီး စနေနေ့က ပြီးဆုံးခဲ့သည်။ ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက ထောင်ဒဏ် ၄၁ နှစ် အနည်းဆုံး ကျခံရဖွယ် ရှိကြောင်း သိရှိ ရသည်။
  Post from: Myanmr Daily News

Sunday, April 28, 2013

ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းနိုင်ငံသား

 

ဆော်ဒီအာရေဗျ အစိုးရဟာ ဒူဘိုင်းနိုင်ငံသား ဖက်ရှင်ဓာတ်ပုံဆရာ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ ကဗျာဆရာတစ်ဦးဖြစ်သူ Omar Borkan Al Gala ကို အရမ်းကိုချောမောလွန်းနေတဲ့အတွက် သူတို့နိုင်ငံကနေနှင် ထုတ်လိုက်တယ် လို့သိရပါတယ် ... ဘာကြောင့်လဲဆိုတော့ ဆော်ဒီ အမျိုးသမီးတွေအနေနဲ့ အဆိုပါအမျိုးသားကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်မှာစိုးလို့ဖြစ်တယ်လို့ ဘာသာရေးဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ပြောပါတယ် ..


. ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေဟာ ကိုယ့်ဆွေမျိုးသားချင်းမဟုတ်တဲ့ သူစိမ်းအမျိုးသားတွေနဲ့ စကားပြောဆိုဆက်ဆံခြင်းမျိုးကို တင်းကြပ်စွာတားမြစ်ထားပါတယ် ... အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ရင် ကြိမ်ဒဏ်ကနေ သေဒဏ်အထိ အပြစ်ပေးခံရမယ်လို့လည်း ဥပဒေထုတ်ပြန်ထားပါတယ် ...


Ref ; Thuyaaung Thuyaaung Thuyaaung @ Facebok

Friday, April 26, 2013

ဘာလို.ဒို.သမ္မတ နုစဉ်က လက်သီးစွမ်းပြခဲ့သလဲ နှင်. အသွင်တူ အိမ်သူ


 သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာ ကြီး မှာ သူစီးမဲ့ ရထားထွက်သွားလို့ သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ ထိုးတယ် ဆိုပြီး ရေး သားသော သတင်းများထွက်ပေါ်လာနေပါတယ်....ဒီအကြောင်းကို တိုက်ရိုက်တွေ.ကြုံသိရှိခဲ့သူ မီးရထား အရာရှိဟောင်း တစ်ဦး ဖြစ်တဲ့ ဦးမြ၀င်းက ရေးပြထားတာလေးပါ....


သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာ ကြီး မှာ သူစီးမဲ့ ရထားထွက်သွားလို့ သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ ထိုးတယ်ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ်သားလဲ ကျောင်း ထု တ်ခံရတယ်လို့ရေးထားပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေ ခဲ့တဲံ အတွက်ေ ကြာင့် မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။
ရုံပိုင် က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ်သူပါ။အဲဒီ လိုဖြစ်တဲ့ အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။
ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း ကျောင်းထုတ်တယ် ဆိုတာ မဟုတ် ပါဘူး။ အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ အဲဒီအချိန်က မန္တလေး ဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။သူဆုံးသွားလို့ သူ့အေ ကြာင်း မကောင်းပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကိုအားလုံးသိစေချင်လို့ပါ။ အဲဒီလိုဖြစ်တဲ့နေ့က ဒုတိယ ဗိုလ်မှူးကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစောကြီးမှာ ရထားလက်မှတ် လာဝယ်ပါတယ်။
ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်း ယူပြီး လာခဲ့ ဆိုပြီး ပြောလိုက်ပါတယ်၊ဒုဗိုလ် မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။ 
ပ စ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စကားပြောနေ ပါတယ်။
ရုံပိုင် က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက် မှတ်တွေ ကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိ တစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။
အခုလက်ရှိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။
ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်း ထား တာ ပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက်မှတ်ကိစ္စ ထပ်ပြော ပါတယ်။
အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက်မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေ တာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက် အစောကြီး ကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန် နဲ့ပါ လို့ပြောပါတယ်။
ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။
မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့သွား လာနေတဲ့သူတွေ ကျတော့ ဒီလို လက်မှတ်လုပ်မပေးတာကောင်းသလားဆိုပြီး စကားများကြတာပါ။ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။ 
ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။
ဒီ မှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။ဖြစ် စဉ်က ဒါပါပဲ။


ထို.အပြင် အချို.သော ရာထူးအာဏာရှိခဲ့သူ..ရှိနေသူ တို.၏ ဆွေမျိုးသားချင်းများ ပြုမူဆက်ဆံ ကျင်.ကြံနေကြပုံများ ကိုလည်း ယ.ခုရက်ပိုင်းအတွင်း တွေ.မြင်ရတတ်ပါသည.်..ထို.ကြောင်. အဖြစ်အပျက် တစ်ခုပြောပြပါအုံးမည်...၂၀၁၂ ခုနှစ်က ဖြစ်ပါတယ်။ 



သမ္မတကတော် ဒေါ်ခင်ခင်ဝင်းဟာ တစ်ရက်မှာ သူ့သမီးကြီးနဲ့ ရန်ကုန်မြို့တွင်းမှာ အရပ်သုံးဆလွန်းကားတစ်စီးနဲ့ သွားလာနေတုန်းမှာ ယာဉ်ထိန်းရဲတစ်ယောက်က တားပြီး ဖမ်းပါသတဲ့။
ပြီးတော့ လိုင်စင်စစ်ပါတယ်။ ပြီးတော့ ကားထဲကို ကြည့်လိုက်တော့ အမျိုးသမီး(၂)ဦးနဲ့ အူတူတူအတတ ယာဉ်မောင်း၊ စုစုပေါင်း(၃)ဦး ပြူးကြောင်ကြောင်နဲ့ ကြည့်နေတာ တွေ့ရတော့ ဟိန်းဟောက်ပြီး ပြောပါသတဲ့။

ဒီမှာပဲ သမ္မတကတော်ကြီးက ဘာဖြစ်လို့လဲ မေးပါတယ်။ ဒီတော့ ယာဉ်ထိန်းရဲက အမြန်နှုန်းပိုပြီး မောင်းလို့ လို့ ပြောပါတယ်။ ဒီတော့ ယာဉ်မောင်းက ပိုမမောင်းပါဘူး၊ အန်တီတို့လည်းပါပါတယ်၊ ကျွန်တော် ဖြည်းဖြည်းပဲ မောင်းတာပါ၊ ဒီကားက ကျွန်တော်တို့ ဦးသိန်းစိန်အိမ်က ကားပါ လို့ ပြောတော့ ယာဉ်ထိန်းရဲက ဦးသိန်းစိန်....ဘယ် ဦးသိန်းစိန်လဲ၊ ဦးသိန်းစိန်တွေ ဦးသန်းစိန်တွေ ပြောမနေနဲ့ ဆိုပြီး ပြန်ပြောပါသတဲ့။

သမ္မတကတော်က သူ့ယာဉ်မောင်းကို ဘာမှမပြောဖို့ တားလိုက်ပါတယ်။ ပြီးတော့ ယာဉ်ထိန်းက ထုံးစံအတိုင်း မှတ်တာ သားတာတွေ လုပ်ပြီး လွှတ်ပေးလိုက်ပါသတဲ့။
ကဲ မိတ်တွေများ အဲဒီ ယာဉ်ထိန်း ဘာဖြစ်သွားတယ် ထင်သလဲ။ ဘာမှ မဖြစ်ပါဘူး။ သမ္မတကတော်နဲ့ သမ္မတသမီးတို့က ဘယ်သူ့ကိုမှ ပြန်မပြော၊ ပြန်မတိုင်ခဲ့သလို.... ယာဉ်ထိန်းဟာလည်း သူ သမ္မတအိမ်က ကားကို တားပြီး ဟိန်းဟောက်ခဲ့မှန်းတောင် သိခဲ့မှာ မဟုတ်ပါဘူး။

အခုတော့ အဲဒီ ယာဉ်ထိန်း ရာထူးတိုးသွားပြီ လို့ သိရပါတယ်။
ဒီနေရာမှာ မဖြစ်သင့်တာ တစ်ခုက ရန်ကုန်က ယာဉ်ထိန်းတွေဟာ လူကြီးတွေ အိမ်က ကားတွေ၊ ကားနံပါတ်တွေကို အလွတ်နီးပါး သိထားကြသူတွေပါ။ သမ္မတမပြောနဲ့ ၀န်ကြီးဟောင်းတွေ ဗိုလ်ချုပ်ဟောင်းတွေ အိမ်ကားတွေ အကုန်သိထားကြတာပါ။
တိုက်တိုက်ဆိုင်ဆိုင် သမ္မတအိမ်ကကားကို တားပြီးဟောက်တဲ့ ယာဉ်ထိန်းနဲ့ သဘောကောင်း မနောကောင်းတဲ့ သမ္မတကတော်၊ သမ္မတသမီးနဲ့ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ကျန်တဲ့ လူကြီးသားသမီးတွေ၊ လူကြီးကတော်တွေ
ဒါမျိုး လုပ်နိုင်ကြပါ့မလား။
အခု ရမ်းကားနေတဲ့ လူကြီးသားသမီးတွေ၊
သူတို့အဖေအမေတွေ ဒီဖြစ်စဉ်ကို သိရင် ရှက်တတ်ကြပါစေဗျာ။
(ယာဉ်ထိန်းဆီက ပြန်မောင်းအထွက်မှာ သမ္မတကတော်က သူ့မှာလည်း တာဝန်ရှိလို့ပဲ။ နောက်ဆို ဘာမှ မပြောနဲ့ လို့ ယာဉ်မောင်းကို ပြောပါသတဲ့)




Ref ; We Love True @ Facebook

 

Monday, April 8, 2013

ထမင်းရောင်းနေတဲ့ အငြိမ်းစားဗိုလ်ချုပ်တစ်ယောက်



သမ္မတကြီး ကတော်က အငြိမ်းစားယူရင် မုန့်ဟင်းခါး ရာင်းမယ် လို့ ပြောတဲ့ သတင်းကို ကြားလိုက်ရတုန်းက Over ဖြစ်တယ်လို့ ထင်လိုက်မိတယ်။
ဒါပေမဲ့ သမ္မတကြီးလိုဘဲ “ကင်း” တဲ့လူကြီးတစ်ယောက် မုန့်ဟင်းခါးနဲ့ ထမင်း၊ ဟင်း ရောင်းနေတာကို ကိုယ်တိုင်တွေ့မြင်လိုက်ရတော့ ………

တစ်နေ့က သထုံ ဘက်ကိုခရီးထွက်ရင်း ဘီးလင်း က အောင်ပြည့်စုံ ဆိုတဲ့ ထမင်းဆိုင်မှာ နေ့လည်စာ ၀င်စားဖြစ်တယ်။ကျွန်တော်တို့အရောက်မှာ ခရီးသည်တင်ကားကြီး ၂စီးက အထွက်ပါ။
ဆိုင်ထဲမှာ ခရီးသည်တွေစားသွားတဲ့ ပန်းကန်တွေကို သိမ်းခိုင်းပြီး စားပွဲတွေကို ကိုယ်တိုင် သုတ်သင်ရှင်းလင်းနေတဲ့၊ မြင်ဘူးတဲ့ လူကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။
ဆိုင်က မြန်မာ ထမင်း၊ ဟင်း ရောင်းပြီး မုန့်ဟင်းခါးလည်း တစ်နေကုန် ရောင်းပါတယ်။
ကျွန်တော်တို့လည်း ထမင်း ဟင်းတွေမှာပြီး ဆိုင်အလုပ်သမားကို သေချာအောင် မေးကြည့်လိုက်တော့ ” ဟုတ်ပါတယ်၊ အဲဒါ ဆိုင်ရှင်ပါ၊ အဘလွန်းပါ ” ဖြေပါတယ်။

အဲဒီအချိန်မှာ ထမင်းဆိုင်ရှင်ကြီး အငြိမ်းစား ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဗိုလ်ချုပ်လွန်းမောင်(ငြိမ်း)ကတော့ စားပွဲတွေ သန့်ရှင်ရေး လုပ်ပြီးလို့ ကောင်တာမှာ ပြန်ထိုင်နေပါပြီ။
ဗိုလ်ချုပ်လွန်းမောင် ဘယ်လိုလူဆိုတာကိုသူနဲ့အတူ သိကျွမ်း၊ ဆက်ဆံ၊ လုပ်ကိုင်ဘူးတဲ့ စစ်ဖက်၊ အရပ်ဖက် ကလူတွေအားလုံး သိကြမှာပါ။
ရိုးသားဖြောင့် မတ်တဲ့သူတစ်ဦးပါ။
တပ်မတော်မှာ စစ်ဆေးရေးချုပ် အထိတာဝန်ထမ်းဆောင်ပြီးမှ အရပ်ဖက်မှာ စာရင်းစစ်ချုပ် တာဝန်ထမ်းဆောင်တာပါ။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဆိုတဲ့ရာထူးဟာ သိကြတဲ့အတိုင်း လုပ်ပိုင်ခွင့် အများကြီးရှိပါတယ်။
“၀ိုက်” မယ်ဆိုရင် အများကြီးပါ။ “စစ်တောင်း” ဆိုတဲ့စကားတောင် ရှိသေးတာဘဲ။
ဒါပေမဲ့ ဦးလွန်းမောင်ကတော့ ပြောလောက်အောင် ပိုင်ဆိုင်မှုမရှိပါဘူး၊ ဒီနေရာမှာတော့ သမ္မတကြီးနဲ့ အတူတူပါဘဲ။ဒါကြောင့်မို့လည်း တခြားအငြိမ်းစားလူကြီးအချို့ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေမှာ ရှယ်ယာ/ပိုင်ဆိုင်မှုတွေနဲ့ နှပ်နေချိန်မှာ ဦးလွန်းမောင်ကတော့ ကိုယ်တိုင် ကောင်တာထိုင်၊ ကိုယ်တိုင် စားပွဲရှင်းနဲ့ လုပ်နေရတာပေါ့။

ကျွန်တော့် စိတ်ထဲမှာ စွပ်ကျယ်ချိုင်းပြတ်ဝတ်ပြီး ထမင်းဆိုင်မှာ လုပ်နေတဲ့လူနဲ့ ခေါင်းပေါင်းကြီးတွေ၊ တိုက်ပုံ ကြီးတွေ ၀တ်ပြီး မိန့်မိန့်ကြီးထိုင်နေတဲ့ လူတွေကိုနှိုင်းယှဉ်ပြီး
” ပန်ကာအောက်မှာ ထိုင်နေတဲ့ သူခိုး ” အကြောင်းစပ်ဆိုထားတဲ့ ကဗျာကို သတိရနေတုန်းမှာဘဲ၊ ဘုရားဖူးကား၂စီးဝင်လာလို့ ” ကားတွေဝင်လာပြီဟေ့၊ ခရီးသည်တွေ ဘာသုံးဆောင်မလဲ မေးကြ ” ဆိုတဲ့ အောင်ပြည့်စုံ ထမင်းဆိုင်ရှင်ကြီးရဲ့ အလုပ်သမားတွေကို တပ်လှန့်သံကြောင့် ကျွန်တော့်အတွေးများ ရပ်တန့်သွားပါတော့တယ်။

ကျွန်တော်ရယ်၊ ဇနီးသည်ရယ်၊ အတူပါလာတဲ့အဖွဲ့တွေက ဗိုလ်ချုပ်လွန်းမောင် အကြောင်း တော်တော်များများ ကြားသိထားတာမို့လို့ လေးစားစွာနဲ့ဘဲ အဘလွန်းကို နှုတ်ဆက်ပြီး ထွက်ခွာ လာခဲ့ပါတော့တယ်။

Written by Khin Htay @ Facebook

Monday, March 25, 2013

ခင်ပွန်း၅ဦး တစ်ပြိုင်တည်း ပေါင်းသူ

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝလွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။ 


 ခင်ပွန်းသည် ၅ ဦးနဲ့ အတူတွေ့ရတဲ့ သားတဦးမိခင် မစ္စ ရာဂျို၊ ဓာတ်ပုံ- The Sun

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။ 

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ်ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။ 

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး” လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ်။ 

မစ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တဦးဖြစ်ခဲ့သူကတော့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စ ဂတ်ဒူဆိုသူပါ။ 

“ကျနော်တို့အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ်မရှိဘူး။ ကျနော်တို့က တကယ့် မိသားစုကြီးဖြစ်နေတာကိုး” လို့ သူက ပြောပါတယ်။ 

သူတို့ ၂ ဦးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဟိန္ဒူရိုးရာနဲ့ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ စုံတွဲပါ။  တရားဝင်အားဖြင့် သူတို့ ၂ ဦးဟာ အကြင်လင်မယားအဖြစ် စတင်ပေါင်းသင်းခဲ့သူတွေပေါ့။ 

ဒါပေမယ့် သူတို့ရွာဓလေ့အရ မစ္စ ရာဂျာဗာမာဟာ မဖြစ်မနေပဲ သူ့ပထမဆုံး ခင်ပွန်းဖြစ်သူရဲ့ ညီအကိုတွေ 
ဖြစ်တဲ့ ဘာဂျူ ( အသက် ၃၂ နှစ်)၊ ဆန့်ရမ် ( အသက် ၂၈ နှစ်)၊ ဂိုပါလ် ( အသက် ၂၆ နှစ်) ကို ခင်ပွန်းတွေ အဖြစ် လက်ထပ်ပေါင်းသင်းရပါတယ်။ 

ဒီအပြင် မနှစ်ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့လို့ နောက်ဆုံးလက်ထပ်လိုက်ရတဲ့သူကတော့ ဒိုင်းနဲရှ်ပါပဲ။ 

ရာဂျိုနဲ့ သူ့ခင်ပွန်း ၅ ဦး၊ သားငယ်တို့ကို နေထိုင်ရာ အိမ်ရှေ့ မြင်ကွင်း~

 အကြီးဆုံး အကိုကြီးဖြစ်သူ ဘာဂျူးက ပြောတာကတော့ စိတ်ဝင်စားစရာပါ။ 

 “ကျနော့်မိန်းမအဖြစ်နဲ့ သူကို စဉ်းစားပါတယ်။ ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ” လို့ ပြောပါ တယ်။ 

ရာဂျိုက ထမင်းဟင်းချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ကြောင်း၊ ခင်ပွန်းသည်တွေက အလုပ်အကိုင်ရှိတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေရာဒန်အရပ်မှာ သွားနေခိုက် အိမ်က ၁၈ လသားအရွယ် ဂျေး ဆိုတဲ့ ကလေးကို လည်း ထိန်းသိန်း စောင့်ရှောက်ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။ 

ခင်ပွန်း ၅ ဦးနဲ့ သားတဦးကို ချက်ပြုတ်ကျွေးမွေးနေတဲ့ မစ္စ ရာဂျို~

 မစ္စရာဂျိုက ပိုလီယန်ဒရီလို့ ခေါ်တဲ့ ရှေးရိုးရာအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။ 

“ကျမအမေကလည်းပဲ ဒီလိုပဲ ညီအကို ၃ ယောက်ကို လက်ထပ်ခဲ့တာပါ။ ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီ အကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေအဖြစ် ကျမလက်ခံရမယ်ဆိုတာ ကျမ သိပြီးသားပါ” လို့ ရာဂျိုက ဆိုပါတယ်။ 

“ကျမကတော့သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေ မရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေများများခင်းလိုက်တာပဲ” လို့ ရာဂျိုက ဆိုပါတယ်။ 

 ပြီးတော့သူက ဆက်ပြောတာကို စာဖတ်သူများ ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။ 

 “မယားတွေ အများကြီးရှိတာမျိုးထက်စာရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ကျမက ပိုလို့တောင် ဂရုစိုက်မှု ခံရသေးတယ်” လို့ ရာဂျိုက ဆိုပါတယ်။ 

သူတို့ ဓလေ့၊ သူတို့ရိုးရာများ အံ့ပါရော။ 


အိမ့်သံစဉ် ~@ ဧရာဝတီ Blog
http://blog.irrawaddy.org/2013/03/blog-post_8364.html