မိမိတို. ဇာတ်ဖွားများကား နေရာအတော်များများ တွင် အယူအဆတူ
၊ အတွေးအခေါ်တူကြသည် ။
မည်မျှတူသနည်းဆိုလျှင် ပထမမျိုးဆက်မိဘများက သူတို.သား ၂ဦး
ကို အမည်ပေးရာတွင် ဆင်တူခဲ့ကြပြီး ထိုမိဘများက ထပ်မံပေါက်ဖွားလာသော သား၂ဦးအလှည်.
တွင်ကား ထပ်တူညီသည်အထိ ဖြစ်သွားတော.သည် ။
လယ်ပိုင်ရှင်အဖ ဦးပန်းဘူး အမိဒေါ်သုန်တို.မှ ၁၉၁၆ ဇွန်လ ၉
ရက်နေ.မွေးဖွားသော သားကို သိန်းဖေ ( နောင်တွင် သခင်သိန်းဖေ - ၀ါးခယ်မ ) ဟု မှည်.ခေါ်ခဲ့ပြီး
အဖ ဦးဘမောင် အမိ ဒေါ်မိကလေး တို.မှ ၁၉၁၉ ဖေဖော်ဝါရီ ၂ရက်နေ.တွင် မွေးဖွားသော သားကို
သိန်းမောင် ( နောင်တွင် ၀ါးခယ်မ သခင်သိန်းမောင်
) ဟုမှည်.ခေါ်ခဲ့ကြသည် ။
ထို.နောက် အဖ ၀ါးခယ်မ သခင်သိန်းဖေ အမိ ဒေါ်လှသန်း တို.က သားဖြစ်သူ
ဆန်နီ ( ခေါ် ) ဦးဇော်သိန်း ကို မွေးဖွားခဲ့သည် ။ ထို.အတူ အဖ သခင်သိန်းမောင် ( ၀ါးခယ်မ ) နှင်. အမိ ဒေါ်အေးမြင့် တို.က ၁၉၅၀ စက်တင်ဘာ ၂၀ ရက်နေ.တွင်
မွေးဖွားခဲ့သော သားကို ဦးဇော်သိန်း ဟုပင်
မှည်.ခေါ်ခဲ့ပါသည် ။
ဦးဇော်သိန်းကို ၀ါးခယ်မမြို.တွင် မွေးဖွားခဲ့ပြီး လမ်းမတော်
အထက ၁ တွင် အခြေခံ ပညာကို သင်ယူခဲ့ပါသည် ။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန် ၀ိဇ္ဇာသိပ္ပံ တက္ကသို်လ် မှ ဘူမိဗေဒ အဓိကဘာသာရပ်ဖြင်.
ဘွဲ.ရရှိခဲ့သည် ။ မောင်သာနိုး အင်္ဂလိပ်စာ သင်တန်း ၊ အမေရိကန် စင်တာ ( AC ) ၊ ဗြိတိသျှ စင်တာ ( BC ) တို.တွင် အင်္ဂလိပ်စာ နှင်.
Elective Courses ကို ကာလရှည် သင်ယူခဲ့သည် ။
ဝါးခယ်မဇာတိဖွားဖြစ်သဖြင်. ၀ါးခယ်မ စိတ်ဓါတ်ရှိသူ ပီပီ အဒေါ်ဖြစ်သူ
မင်းပိုင်း အထက ကျောင်းဆရာမကြီး ဒေါ်နုနု နှင်. အလက ၁ မှ ဆရာ ဦးကိုရီတို. မှတစ်ဆင်.
ဝါးခယ်မနှင်. အဆက်အသွယ် မပြတ်ခဲ့ချေ ။ အထူးသဖြင်. ၀ါးခယ်မသားစိတ် ဓါတ် ပြင်းထန်သူ ဖခင်
သခင်သိန်းမောင်ကြောင်. ဇာတိမြေအပေါ် ပို၍ အစွဲတလမ်း အကျွမ်းတ၀င် ဖြစ်ခဲ့သည် ။
ဖခင် ဖြစ်သူ သခင်သိန်းမောင် ( ၀ါးခယ်မ ) သည် ဦးကြည်မောင်
၊ လေထီး ဦးအုန်းမောင် တို.နှင်. နိုင်ငံရေး ခောတ်ပြိုင်များ ဖြစ်ခဲ့ကြပြီး ၁၉၈၈ စက်တင်ဘာ
၂၇ ရက် နေ. အမျိုးသား ဒီမိုကရေစီ အဖွဲ. ချုပ်ကို စတင်တည်ထောင်ချိန်မှ စ၍ သူ ကွယ်လွန်ချိန်ထိတိုင်
NLD ကို ၀န်းရံပေးခဲ့သူဖြစ်သည် ။
ထိုနိုင်ငံရေး အသိုက်အ၀န်းတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်.အလျှောက်
နိုင်ငံရေး ကို စိတ်ဝင်တစားရှိလျှက် မျက်ခြေမပြတ် လေ.လာနေခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်
အမျိုးသားဒီမိုကရေစီ အဖွဲ.ချုပ် ၏ ပြည်သူ.လွှတ်တော်
ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည် ။
ဦးဇော်သိန်းသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန်
ထိမ်းသိမ်းစောင့်ရှောက်ရေး ကော်မတီအဖွဲ.၀င် ၊ ဆရာကြီး ဒဂုံတာရာ ဂူဗိမ္မာန် တည်ဆောက်ရေး
ကော်မတီဝင် အဖြစ် တာဝန်ယူခဲ့ဖူးသလို ဆရာပါရဂူ ဈာပန ကော်မတီတွင် ဘဏ္ဍာရေး ၊ ဆရာဒဂုံတာရာ
ဈာပန ကော်မတီတွင် သတင်း နှင်. ပြန်ကြားရေး ကော်မတီ ၀င်တို.အဖြစ် တာဝန်ယူခဲ့သည် ။
၂၀၁၁ ခုနှစ် တွင် အမေရိကန်နိုင်ငံ ဖူးဘရိုက် ပညာသင်ဆု ရရှိခဲ့ပြီး
Michigan ပြည်နယ် Western Michigan University တွင် နိုင်ငံရေး အထူးပြု ဘာသာရပ်ကို
တက်ရောက်သင်ယူခဲ့ပြီး ၂၀၁၃ တွင် မဟာဝိဇ္ဇာဘွဲ.
ရှိခဲ့သည် ။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၀ါးခယ်မမြို.နယ် တွင် ပြည်သူ.
လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ပြည်သူ. လွှတ်တော်
အမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။
ရွေးကောက်ပွဲကာလ မဲဆွယ်ခရီး - Photo from Yin Yin Aye |
ထို.နောက် ၂၀၁၆ ဖေဖော်ဝါရီ ၁၇ ရက်နေ.တွင် စတင်ဖွဲ.စည်းခဲ့သော
နိုင်ငံတကာ ဆက်ဆံရေးကော်မတီ တွင်ဥ က္ကဋ္ဌ အဖြစ် တာဝန်ယူထားသော သုံးခွမဲဆန္ဒနယ် အမတ် ဒေါ်စုစုလွင်
( သမ္မတ ဦးထင်ကျော်၏ ဇနီး ) ၏ နေရာအား ၂၀၁၆ မတ်လ ၃၁ ရက်နေ. တွင်အစားထိုးတာဝန်ယူခဲ့ပါသည်
။
ထိုသို.လွှဲပြောင်းတာဝန်ယူရခြင်းနှင်. ပတ်သက်၍ ဦးဇော်သိန်း
က "အားလုံးပဲသိတဲ့အတိုင်း သမ္မတကြီးကတော်အနေနဲ့ အလုပ်တွေများမှာပေါ့၊
နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဌ ဆက်ပြီးတော့ တာဝန်ယူနိုင်မှာ မဟုတ်ဘူး၊ ဒီတာဝန်ကလည်း
အမြဲတမ်း နိုင်ငံတကာဧည့်သည်တွေနဲ့ တွေ့နေတာဆိုတော့ ဆက်မလုပ်နိုင်တော့ ကျနော့်ကို လွှဲပေးလိုက်တဲ့သဘောပါ" ဟုပြောကြားခဲ့ကြောင်း သိရပါသည် ။
နိုင်ငံတကာနဲ့
ဆက်ဆံရေးကောင်းမွန်ဖို့ နိုင်ငံတကာမိသားစုမှာ တတ်နိုင်သလောက် အကျိုးပြုဖို့ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး
အာဆီယံ ပါလီမန်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်အောင် ကြိုးပမ်းသွားမည် ဟု ဦးဇော်သိန်း မှသတင်းထောက်များအားပြောကြားခဲ့ကြောင်းလည်း
သိရပါသည် ။
Ref ;MOI , DVB ,
RFA & Pamphlet for Election
No comments:
Post a Comment