Wednesday, September 18, 2013

တိုင်းပြည်.သားကောင်း ဗိုလ်ဇော်မျိုးထက် (သို.) ရက်စက်ကျဉ်းမြောင်းသော ခံယူချက်တို.၏ သားကောင်



ယခုရက်ပိုင်းအတွင်း မဖြစ်သင်.ဆုံးသော သတင်းတစ်ပုဒ်အတွက် ရှာဖွေစုဆောင်း ဖော်ပြခြင်းဖြစ်ပါသည် ။

မြန်မာ့တပ်မတော်နှင့်ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတပ်မတော်အရာရှိတစ်ဦး ဖမ်းဆီး အသတ်ခံရမှုနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ (စက်တင်ဘာ၁၄ရက်)တွင် ထုတ်ပြန်ခဲ့ သည်။ ယင်း ထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းမ်သတင်းစာ မှ လက်ခံရရှိခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်အပြည့်အစုံကို ပြန် လည်ဖော်ပြအပ်ပါသည်။

(အယ်ဒီတာ)
==========================================


ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရအရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း

၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စုတစ်စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်းနယ် မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် ဩဂုတ်၂၈ရက်တွင် မလွတ်ဒမ်းကျေးရွာမှ ထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အင်အား ၂ဝခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ ရာ စက်တင်ဘာ၁ရက်တွင် စစ်သည်အား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

၂။ ပျောက်ဆုံးအရာရှိအား ဆက်လက်ရှာဖွေခဲ့ စဉ် မြေပြင်သတင်း စိစစ်ဖော်ထုတ် ချက်အရ ကေအိုင်အေ(ကချင်) လက်နက်ကိုင် အဖွဲ့တပ်ရင်း(၇)မှ တပ်စုမှူးတန်ခမ်ဦးစီးအင်အား၂ဝခန့်သည် ဩဂုတ်၂ရရက်တွင် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၂၈ ရက်တွင် တပ်အား အသင့်စောင့်ကြို နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉ရက်တွင် ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်ခန် ဂါးကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ၃ဝရက်တွင် ပျောက်ဆုံးအရာရှိသည် ဘယ်ဘက်လက်မောင်းတွင် လက်နက်ငယ် ဒဏ်ရာဖြင့် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာရာ ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့နှင့် အဆက်အသွယ် ရှိသူတစ်ဦးမှ သွားရောက်သတင်း ပို့ခဲ့သဖြင့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။



ဖမ်းဆီးခံအရာရှိအား ပြန်လည်ရရှိရေးဆောင်ရွက်နေစဉ် စက်တင်ဘာ၅ရက်တွင် အင်ခန်ဂါးကျေးရွာအနီးနေထိုင်သည့် ဦးဖုန်ဇော်လဆိုင်းနှင့် သားဖြစ် သူမောင်ဖုန်ဇောင်ခင်ဆိုင်းတို့မှ ၎င်းတို့တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း တပ်မတော်သို့ လာရောက်အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏မြောက်ဘက်မီတာ၁ဝဝဝခန့်အကွာ တောင်ယာသွားလမ်း၏ညာဘက်ကိုက်၁ဝဝဝခန့်ရှိ တောင် စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့်အရာရှိအား ရက်စက်စွာ ဦးခေါင်းဖြတ်သတ်ဖြတ်ပြီး မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါသည်။

၃။တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား အလေးအနက်ထားလုပ်ဆောင်လျက်ရှိပြီး တွေ့ကြုံရသည့် အခက်အခဲ၊ သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲမှားသောပြဿနာများ အား သဘောထားကြီးမားစွာဖြင့် ထိန်းသိမ်း ဖြေရှင်းမှုများလုပ်ဆောင်လျက် ရှိပါသည်။ တပ်မတော်မှ ထိုသို့ဆောင်ရွက်ချက်ရှိသော် လည်း ကေအိုင်အေ(ကချင်)လက်နက်ကိုင် အဖွဲ့အနေဖြင့် ပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းဆောင်ရွက်စဉ် အချိန်တွင်ပင် ဖမ်းဆီးရမိသည့်အရာရှိအား ရက် စက်စွာသတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးထားသောအရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် လူသတ်မှုကျူးလွန်သူ ကေအိုင်အေ(ကချင်)လက်နက်ကိုင
်အဖွဲ့တပ်ရင်း(၇)မှ တပ်စုမှူးတန်ခမ်နှင့် အပေါင်းပါ၂ဝခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး မချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရပါသည်။


ရေးသားပုံအမျိုးမျိုး
 ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းသည်... KIA မှ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ နှင့် ပူးပေါင်း ထားခြင်းကြောင့်လား?





စက်တင်ဘာလ ၁၂ ရက် ၂၀၁၃

KIA နဲ့ မြန်မာစစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်တပ်က အရာရှိတစ်ဦးအား KIA မှ ဖမ်းမိသွားသဖြင့် ၎င်းအရာရှိအား KIA မှ ခေါင်းဖြတ်သတ်ပြီး ဗိုက်ခွဲကာ ခေါင်းကို ၀မ်းဗိုက်ထဲထည့် ထားခဲ့သည်ဟု မနေ့က သတင်းမီဒီယာတစ်ခုမှာ ဖတ်လိုက်ရပါတယ်။

၎င်းအကြောင်းအရာနဲ့ပတ်သက်ပြီး ဆက်စပ်တွေးမိတာကတော့ ပြီးခဲ့တဲ့လက KIA ဌာနချုပ် လိုင်ဇာကို မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့လာရောက်ပြီး KIA နယ်မြေအတွင်းအခြေချနေထိုင်နိုင်ရေး ဆွေးနွေးညှိနှိုင်းရာ အချက်(၄)ချက် သဘောတူညီမှုရရှိခဲ့တယ်လို့ ကြားသိရပါတယ်။

အဲဒီ အချိန်တုန်းကတော့ စစ်တပ်က ၀ါဒဖြန့်တယ်ပဲ ထင်ထားမိတာ၊ ယခုတော့ KIA ထဲမှာ မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ ပါဝင်နေပြီလား၊ ပူးပေါင်းနေပြီလားဆိုတာ သံသယဖြစ်လာပါပြီ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေမှာ KIA နဲ့ မြန်မာ စစ်တပ် တိုက်ပွဲဖြစ်ပွားစဉ်တုန်းက KIA အနေဖြင့် မြန်မာစစ်သား တော်တော်များများကို ဖမ်းဆီးရမိပြီး ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးတဲ့ သတင်းတွေ ဖတ်ရလို့ပါ။ ဒီသတင်းကြောင့် ဒို့တိုင်းရင်းသားအချင်းချင်းတွေ အယူအဆမတူလို့သာ တိုက်ပွဲဖြစ်နေတာ အညှိုး တွေနဲ့ သတ်ဖြတ်နေတာ မဟုတ်ဘူးလို့တွေ့လိုက်ရတော့ အဆိုးထဲက အကောင်းလို့မြင်မိပါတယ်။ 

KIA ခေါင်းဆောင် ဂွမ်မော်


ယခုကြတော့ KIA ဟာ မွတ်ဆလင် ညီအစ်ကိုတွေနဲ့ သဘောတူညီချက်ရယူပြီးနောက်ပိုင်း KIA နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွားစဉ် မြန်မာစစ်တပ်က စစ်ဗိုလ်တစ်ဦးကို KIA က အရှင်ဖမ်းမိပြီးမှ ခေါင်းဖြတ်သတ်၊ ပြီးရင်ဝမ်းဗိုက်ကိုခွဲ၊ ဦးခေါင်းကို ၀မ်းဗိုက်ထဲ ထည့်တယ်ဆိုတဲ့ သတင်းကြားရတော့ KIA မှ ဟုတ်ပါလေစဟု တွေးနေသော်လည်း မပြေးသော် ကန်ရာရှိဆိုသလို သတင်းကမှန်နေတော့ အလွန်စိတ်မချမ်းမသာ ဖြစ်မိသွားပါတယ်။ တကယ်ပဲ KIA ဟာ မွတ်ဆလင်တွေနဲ့ ပူးပေါင်းသွားပြီလား၊ မပူးပေါင်းဘူးဆိုလျင် ဘာကြောင့် အစွန်းရောက်မွတ်ဆလင်တွေ လုပ်ရပ်မျိုး လုပ်ရတာလဲ တွေးနေမိပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာရှိသည့် တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြစ်စေချင်ပါပြီ။ စစ်ပွဲတွေလည်း မဖြစ်ချင်ပါဘူး။

စစ်ပွဲကြားက ပြည်သူတွေရဲ့ဘ၀ကိုနားလည်ပြီး နှစ်ဖက်ခေါင်းဆောင် တွေပြေလည်စေချင်ကြပါပြီ။ ကျွန်တော်တို့ ပြည်သူတွေ နားပြားအောင်အိပ်ပြီး ပါးဖောင်းအောင် စားနေရလျှင် ကျေနပ် ပါပြီ။ ဒါပေသိ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ မျိုးနွယ်တွေ မပျောက်ဖို့တော့လိုပါသည်။ အမျိုးထိလျှင် မချိအောင် နာတတ်ပါသည်။ မျိုးနွယ်ပျောက်အောင် KIA အနေနဲ့ မွတ်ဆလင် အစွန်းရောက်တွေနဲ့ ပူးပေါင်း လုပ်ဆောင်လာမယ် ဆိုလျှင် ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုအားလုံး စုပေါင်း တွန်းလှန်ကြရမည်မှာ ကျွန်တော်တို့၏ အမျိုးသားရေး တာဝန်ပင် ဖြစ်ပေသည်။ အမျိုးသားရေး ဆောင်ရွက်ရာတွင် တိုင်းရင်းသားညီအစ်ကိုများ လက်မနှေးဖို့လိုကြောင်း အသိပေး ရေးသားလိုက်ရပါသည်။

အောင်မိုးနိုင်(မြန်မာပြည်သား)



အင်အားလဲ မမျှ….
" ဂျိမ်း" ကနဲ မြည်တဲ့ ဆွဲမိုင်း နှစ်လုံးဟာ
ကံကြမ္မာ သုံးခု ကို …..
အစဉ်လိုက် မှန်ခဲ့သလား……?

တစ်ဖက်သတ် ပစ်ခံရတဲ့ …
မောင်းပြန် သေနတ်တွေ ကြားထဲ….
မီးစနဲ့ ထိုးသလို လက်မောင်းက နာတယ်….
" ဆုတ်" ဆိုတဲ့  ညီလေးရဲ့ အမိန့် သံကြားမှာ….
တပ်စု ရဲ့ အသက်တွေ အလကား မဖြစ်ခဲ့ဘူး……။

ညီလေးရေ….
တောင်ရိုးမှာ ……
မြူတွေက ပို ပို အုံ့ ဆိုင်းလာတယ်…..
မြူတွေလား…..
ယမ်းငွေ့ လား…….....။

ထမင်းမစားရတာ နှစ်ရက် ….
ရေမသောက်ရတာ တစ်ရက်….
ခြုံပုတ်တစ်ခုရဲ့ အောက်က …..
သွေးစေးတွေနဲ့ တရွတ်ဆွဲထွက်တော့…
အနီးနားက လိပ်ပြာလေးက ……
ဝမ်းနည်းပက်လက် တားတယ်…..
ညီလေးရယ်…..မသွားပါနဲ့ လား…....…။

ရွာလူကြီး အိမ်ပြပေးပါ….....
ဝါးကုတင်လေး ဘေးမှာ ….
ဒယီးဒယိုင် သတိလစ် လဲကျတယ်…..
သွေးဗလဗွနဲ့  လက်မောင်းက မောက်တိုတံဆိပ်မှာ…
ဓားနဲ့ လှံ ကတော့ အသက်ဝင်နေတုန်း....….။

မင်း အမြဲ ပြောခဲ့ဖူးတယ်…..
အကို ……
တစ်တောင့်က ကျွန်တော့် အတွက်…..
တစ်တောင့်က ရန်သူ့ အတွက်…..
ဒါဆို…..
ပိုတဲ့ တစ်တောင့်ကို မင်းအခန်းထောင့်က …..
ခပ်ပြုံးပြုံး ကြည့်နေတဲ့ ကံကြမ္မာဆိုး ဆိုတာကြီးကို ….
မင်း လဲကျမသွားခင်……
ပစ်ထုတ် ပြစ်ခဲ့ ရောပေါ့ ညီလေးရယ်….
အခုတော့…………….။

လ က တဖြည်းဖြည်း တက်လာတယ်….
လေပြင်းတွေ တိုက်တယ်…..
မိုးပေါက်တွေက တဖွဲဖွကျတယ်…..
အင်ဂန်ခါး မြေ ကတော့ သွေးရူးသွေးတန်း တားလေရဲ့ …
ဒါပေမယ့် …ညီလေးရေ……
စစ်သား မဟုတ်တဲ့  လူရိုင်းတွေကိုး ကွယ့်…..
မချမ်းဘော ကြိုးတံတားကြီး တောင် …..
လက်မှိုင်ချ ရတော့တယ်....……။

လက်ပြန်ကြိုးတုပ် …..
ဒူးထောက် ခေါင်းမော့ ထားတဲ့…..
ညီလေး မျက်နှာဟာ …..
အဖျားသွေးနဲ့ ရဲရဲနီတယ်……

" ကျွန်တော် ကြည်း ၅၅၄၂၄…….
ဗိုလ်ဇော်မျိုးထက်…….
ခလရ ၁၃၇……"

ဓားတစ်ချက်က ….မျက်နှာကို ….
ကန့် လန့် ဖြတ်ခွဲတယ်……
" အင်အားဘယ်လောက်လဲပြော……"

" ကျွန်တော် ကြည်း ၅၅၄၂၄…….
ဗိုလ်ဇော်မျိုးထက်…….
ခလရ ၁၃၇……"

နားရွက်တစ်ဖက် ပြတ်ပါသွားတယ်….
ညီလေး မပီမသ အော်တယ်……..
" မင်းတို့ တပ်က ကင်းစကားဝှက်ပြော….."

" ကျွန်တော် ကြည်း ၅၅၄၂၄…….
ဗိုလ်ဇော်မျိုးထက်…….
ခလရ ၁၃၇……"

ဒီတစ်ခါ ဓားချက်မှာ …..
ရင်ဘတ်က အသား ….
အလွှားလိုက်ကွာကျတယ်……
" အားးးးးးးးးးးးးးးးးးး………."

" ဒီရက်ပိုင်း ဘယ်ဘက်ကို စစ်ကြောင်းတက်ဖို့ ရှိလဲ…….."
………………………

" ကျွန်တော် ကြည်း ၅၅၄၂၄…….
ဗိုလ်ဇော်မျိုးထက်…….
ခလရ ၁၃၇……"





ရင်ကိုခွဲတဲ့ ဓားချက်မှာတော့ …….
ညီလေး အော်ရတော့တယ်……..
" အမေရေ………………………"
" အမေ………………………."

တစ်စစ မောတယ်…..
" သား…..အဖေရှိတယ်နော်……"
" အဖေ လားဟင်……"

"ကိုကို ……………"
" ဒီတစ်ခါ ခွင့်ပြန်လာရင် ညီမလေးကို ….
ကလစ်လေး ၀ယ်ပေးရမယ်…..နော်…."
ညီမလေးက အရှေ့ မှာ ပြုံးပြနေတယ်……
................................................
ပြီးတော့ ……." မောင် "…..ဆိုတဲ့ ခေါ်သံသဲ့ သဲ့လေး……..။

" ဒီကောင် မဖြေဘူးကွ……."
……………………………
ညီလေးရေ ........
အချိန်ကတော့ ကျခဲ့ ပြီပေါ့ ...........။

ယဲ့ ယဲ့ ပဲ ကျန်တဲ့ အားကို စုတယ်….
လည်ဂုတ် ပေါ်ကျလာတဲ့ …..
ဗျက်ကြီးကြီး ဓားမ အောက်မှာ……
ညီလေး ……
ဒီလိုများ နောက်ဆုံး အော်သွားခဲ့လား……………..
……………………………………………………

" စစ်တက္ကသိုလ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘယ်တော့မှ လက်နက်မချးးးးးးးးးးးးးးးးးး"
...............................................................

အော်သံဟာ……
မြစ်ဆုံထိ ဆန်တက်……
မေခနဲ့ မလိခ ကြားမှာ ပဲ့တင် ထပ်နေတော့တယ်………။


( ရဲမိုး )






No comments:

Post a Comment