ညက တော်သလင်းလပြည်.ည
သို.သော် ယခုရက်ပိုင်း
မဲမှောင်နေအောင်မိုးကရွာသွန်း နေပြီး ညနေပိုင်းကမှ တိတ်ထားသောမိုးကြောင်. နေရာတိုင်းက
စိုစွတ်နေသလို လေကလည်း ယခုတိုင်မိုး၇နံ.ကို သယ်ဆောင်ထားဆဲ…
ဖျတ်ကနဲ ပိတ်ကျသွားသည်.လျှပ်စစ်မီး ….အိမ်မီးရော လမ်းမီးပါ လုံးဝမဟူရာ အတိ
…နယ်မြို.လေးများအတွက် ဒီဖြစ်ရပ်ကတော. ထူးမခြားနားပတ်ပျိုး၏
အတောတီးလုံးသာသာ..(သို.သော် တစ်ခုတိုက်ဆိုင်သည်ကတော. ထိုအချိန်တွင် ရန်ကုန်တစ်မြို.လုံးနီးပါးလည်း
လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့သည် ) ..မြို.လေးခမျာမ တော.ည၏တန်ဆာ ဖြစ်သော လဘက်ရည်ဆိုင်..မုန်.ဆိုင်လေးများနှင်.အိမ်အချို.မှ
မီးစက်..မီးအိမ်..အင်ဗာတာတို.၏ ပိုလျှံထွက်လာသော အလင်းရောင်ဖြင်. မြို.ယောင်ဆောင်နေရသည်
။ လပြည်.ညမို.အား ခဲထားသော်လည်း တိတ်ညို တိမ်မည်းတို.၏ အနိုင်.ထက်ပြုကျင်.မှုတို.ကြား
ခပ်ဝါးဝါး အလင်းရောင်သာ ပေးနိုင်ရှာသည်. လမင်းခမျာလည်း မြို.လေးကို စိတ်မသက်မသာကြည်.ရင်း…….
ညပိုင်းအလှခတ် (Photo by Kyaw Thu Ya) |
သို.သော် မြို.လေး၏
အနောက်ပိုင်းဆီမှ ထွက်ပေါ်လာသော မြန်မာဆိုင်းဝိုင်းသံကတော. လတ်ဆတ်တက်ကြွနေသည် …အလင်းရော
အသံပါ ထုတ်လွှတ်ပေးနေသည်က ရွှေခယ်သီ၇ိ အားကစားခန်းမ
ဟုတ်ပါသည် ။
ယနေ. ထိုနေရာတွင် ၀ါဆိုခြင်းပွဲတော် ကျင်းပနေပါသည် ။ယခင်ကထိုအသုံးအနှုံးကို မန္တလေး
မြို.ဆီဖက် မှာသာကြားဖူးသော်လည်း မြို.လေးဆီမှာတော. ထိုစကားလုံးနှင်.ရင်းနှီးခဲ့သည်မှာ
၎ နှစ်ခန်.ရှိပါပြီ ။ မြို.လေး၏ စတင်ဖြစ်တည်ချိန်က အရှေ.ပိုင်းဘက်တွင် အထက်အညာမှ လူများ
လာရောက်အခြေချ နေထိုင်ကြ၍ထင့်. ..မြို.လေးနှင်.မန္တလေး အဆက်အစပ် အချို.ကရှိနေသည် ….ဥပမာယခင်ကပင်ရှိခဲ့သော
နံနက်ပိုင်းကြွသော တန်းဆွမ်းများ .. ဘုရားကြီးမျက်နှာသစ်တော်ရေ ကပ်ခြင်း နှင်. ယခုနောက်
ပိုင်းဝါဆိုခြင်းပွဲတော်လိုမျိုး…..
ညပိုင်းအလှခတ် ( Photo by Zayar Linn ) |
တကယ်တော.ခြင်းလုံးအား
ကစားသည် မြန်မာတို.၏ မူပိုင်ဖြစ်သလို မြန်မာ.ဓလေ.စရိုက်ကိုဖော်ညွှန်းသော အားကစားလည်းဖြစ်သည်
။ အားကစားအတော်များများ အတွက် မရှိမဖြစ်ဝိဥာဏ်က ယှဉ်ပြိုင်ခြင်း ၊သို.သော်ခြင်းလုံးသည်
ယှဉ်ပြိုင်စရာမလိုသော ကစားနည်းတစ်ရပ်ဖြစ်သည် . အားကစားအသွင်ဆောင်စေရန် အဖွဲ.လိုက်ပြိုင်ပွဲများပြုလုပ်ပေးခြင်း
၊ နောက်ပေါက်ရွှေကြာပင်ဖြစ်သော Sepatakraw ကိုအမှီလိုက်ရန် ယခု Sea Game တွင် အရှေ.တောင်အာရှနိုင်ငံများသို.ချဲ့ထွင်ရန်
အားကစားပြိုင်ပွဲပုံစံစည်းမျဉ်းများ ရေးဆွဲပြုပြင်ရခြင်း တို.ကြောင်.ယှဉ်ပြိုင်ဖွယ်ရာ
တစ်ခုအဖြစ် အရှိန်မြင်. ပြောင်းလွဲနေသော်လည်း တကယ်က ယှဉ်ပြိုင်ဘက်မလိုပဲ ယှဉ်ပြိုင်စရာမလိုပဲ
ကစားနိုင်သော ရှားရှားပါးပါး ကစားနည်းတစ်ရပ်ဖြစ်သည် ။
နေ.လည်ပိုင်း အလှပြ ခတ်ကစားမှု |
မြန်မာ.စိတ်ဓါတ်ကိုဖော်ကျုးသည်ဆိုသည်က
ထိုအားကစားသည် အဖွဲ.လိုက်ဝိုင်းခြင်း ခတ်နေချိန် သူ.အလှည်.ကိုယ်.အလှည်. မျှအောင်ပေးရခြင်း
၊ ကျွမ်းကျင်သူအနေဖြင်. လှလှပပ ခတ်ကစားနိုင်အောင် ဘေးမှ ကစားဖော်များက မငြိုမငြင် ၀ိုင်းဝန်းပံ.ပိုးပေးရခြင်း
၊တစ်ယောက်နှင်.တစ်ယောက် ၀ါသနာကိုအရင်းခံကာံ. နားလည်မှုဖြင်. အားပြုကစားရခြင်းစသော ၀ိသေသ ထူးများဖြင်.ပြည်.စုံသည်.
ရှေး၇ိုးရာ ကစားနည်း တစ်ရပ်လည်းဖြစ်သည် ။
ထိုအစဉ်အလာကို
မြို.လေးရှိ ခြင်းဝါသနာရှင်များမှ စီစဉ်ကြခြင်းဖြစ်သည် ၊ ဟိုးယခင်ကတည်းက မီးသတ်ရုံရှေ.ညောင်ပင်ကြီးအောက်ခြင်းဝိုင်းများ
…ထိုမှ သံတန်ဆောင်း …ယခုခန်းမတွင်ဝိုင်းများထိ
ဝိုင်းခြင်းကို စွဲစွဲလမ်းလမ်း ခတ်ကစားခဲ့သူများ ရှိခဲ့ကြသဖြင်.လည်း ယခုလိုပွဲမျိုး
ပေါ်ပေါက်လာရခြင်းဖြစ်သည် ။
ယနေ. (၁၉-၉-၂၀၁၃) မနက်ပိုင်းက ရွှေခယ်သီ၇ိခန်းမအတွင်း ၀ါဆိုသင်္ကန်းကပ်ပွဲ
ကျင်းပခဲ့ပြီးနောက် ခြင်းအလှခတ်အဖွဲ.တို.၏ စွမ်းရည်ပြ ဖျော်ဖြေမှုများ ကျင်းပခဲ့ကြသည်
။ ရန်ကုန်မှလာရောက်ပေးသော ၀ိုင်းခြင်းအဖွဲ.တို.နှင်. မြို.ခံ ၀ိုင်းခြင်းအဖွဲ.တို.
ပါဝင်ခဲ့ကြသည် ။ ညပိုင်းရောက်တော. ရန်ကုန်မှအဖွဲ.တို.နှင်. မြို.ခံတို.ရောနှောချစ်ခင်စွာ
အလှပ ခတ်ကစားခဲ့ကြသည် ။
မဟာဒူး..မဟာနွယ်..စလွယ်ကြိး
..၀ိုက်ကြီး..ရှပ်ဒူး...ဒဲ့.ဖနောင်. ..ရှပ်ထိပ်တင်စသည်.ပြိုင်ပွဲ ၀င်ခတ်ဟန်တို.အပြင်
တီထွင်ဖန်တီးခတ်ကစားကြသည်.အလှပြခတ်ဟန်တို.နှင်. အတူ မြန်မာ.ဆိုင်းဝိုင်း မှ အားဖြည်.တီးခတ်မှုများ
…စိတ်ဝင်တစားတက်ရောက်အားပေးကြသောမြို.ခံ
ရိုးရာခြင်းလုံးခတ်အားကစား စိတ်ဝင်စားသူတို.၏ အားပေးချီးကျုးမှုများနှင်. အတူ….
No comments:
Post a Comment