Monday, September 30, 2013

ဇာတိဖွား၏ ထွန်းဖောင်ဒေးရှင်း လှုပ်ရှားမှု အချို.



မြို.လေး၏ ဇာတိဖွားဖြစ်သူ ဦးသိန်းထွန်း၏ ထွန်းဖောင်ဒေးရှင်း ဘဏ်၏ အကျိုးအမြတ်တို.ဖြင်. တည်ထောင်ဖွဲ.စည်းထားသော ထွန်းဖောင်ဒေးရှင်း၏ အများအကျိုးပြု လုပ်ငန်းများအနက်



ပညာသင်ထောက်ပံ.ကြေးနှင်. ပတ်သက်၍ တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်မြင်၍ ပထမနှစ် သင်တန်းသို့ တက်ရောက်ပညာ သင်ကြား နေကြသည့် ဆေးတက္ကသိုလ်များ အစိုးရနည်း ပညာကောလိပ်များ၊ စီးပွားရေး တက္ကသိုလ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္က သိုလ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္က သိုလ်များမှ ပညာထူးချွန်၍ ငွေကြေးချို့ တဲ့သော ကျောင်းသားကျောင်းသူများ အား ထွန်းဖောင်ဒေးရှင်းဘဏ်လီမိတက်မှ လ စဉ် ပညာသင်ထောက်ပံ့ကြေးကို ဘွဲ့ ရ သည်အထိ နှစ်စဉ်ထောက်ပံ့ချီးမြင်. ပေးနေခြင်းဖြစ်ပြီး ပညာသင်ဆု လျှောက်ထားရာတွင် ထွန်းဖောင်ဒေး ရှင်းဘဏ် လီမိတက်သို့ လျှောက်ထားရခြင်းဖြစ်ပြီး ပညာသင်ဆုချီးမြင့်ရာတွင် ထွန်းဖောင်ဒေးရှင်းဘဏ် ပညာသင်ဆု ရွေးချယ်ရေးကော်မတီ၏ စည်းကမ်းချက် များ၊ ရွေးချယ်ရေးမှူများအရ ရွေးချယ် ပါသည် ။ ဤအစီအစဉ်ဖြင့်မဟုတ် ဘဲ ပုဂ္ဂိုလ်တစ်ဦးချင်းစီမှ ပညာသင် ထောက်ပံ့ပေးရန် သီးခြားမေတ္တာရပ်ခံချက် များကို စဉ်းစားပေးမည် မဟုတ် ပဲ ပညာသင်ကာလအတွင်း မည်သည့်ပါတီ နိုင်ငံရေးကိုမဆို ဆောင်ရွက်ခွင်.မရှိပါ ။ ဆောင်ရွက်ခဲ့ပါက ထောက်ပံ့ကြေးငွေကို ချက်ချင်းရပ်စဲပစ်မည်ဖြစ်သလို အတန်းတင်စာမေးပွဲကျရှုံးပါကလည်း ထောက် ပံ့ကြေးရပ်စဲပါသည်  ။ နိုင်ငံ ပိုင် သတင်းစာများမှ ထွန်းဖောင်ဒေး ရှင်းဘဏ် ပညာသင်ထောက်ပံ့ကြေးဆု ခေါ်ယူလေ.ရှိပြီး ထိုသတင်းတွင် နမူနာလျှောက် လွှာပုံစံပါရှိရာ ၎င်းနမူနာ လျှောက်လွှာ ပုံစံအတိုင်း ကွန်ပျူတာဖြင့်ဖြစ်စေ၊ လက် နှိပ်စက်ဖြင့်ဖြစ်စေ၊ ကူးယူရေးသား၍ ရုံး ချုပ်သို့ ပေးပို့လျှောက်ထားရ  ပါသည် ။  လျှောက်လွှာနှင့် အတူ ပညာ သင်ဆုလျှောက်ထားရသည့် အကြောင်း အရင်းဖော်ပြသည့် ကိုယ်တိုင်ရေးလျှောက် လွှာ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း စသည် တို့၏ မိတ္တူများ၊ ပတ်စ်ပို့ဓာတ်ပုံ နှစ်ပုံ သက်ဆိုင်ရာ တက္ကသိုလ်သို့ အဆင့် မည်မျှ ဝင်ရောက်ခဲ့ကြောင်းနှင့် တက် ရောက်ပညာသင်ကြားနေကြောင်း ပါမေက္ခချုပ်(သို့) မောကွန်းထိန်း၏ ထောက်ခံချက်မူရင်း၊ မိသားစုအခြေအနေ ကိုဖော်ပြသည့် မိမိနေထိုင်ရာ ရပ်ကွက် နှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်တီ၏ ထောက်ခံချက်မူ ရင်း၊ ပါတီနိုင်ငံရေးကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း မိမိ နေထိုင်ရာ မြို့နယ်ရဲစခန်း ထောက်ခံချက် မူရင်းတို့ကို လျှောက်လွှာနှင့်အတူ ပူးတွဲ တင်ပြရပါသည်။



စာပေဆုချီးမြှင်.ခြင်းနှင်. ပတ်သက်၍ ထွန်းဖောင်ဒေးရှင်းသည် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ပရိသတ် တိုးပွားရေး၊ စာကောင်းပေမွန်များ ပေါ်ထွန်းရေးတို့ကို တစ်နည်းတစ်လမ်းမှ ပါဝင်ထောက်ကူသောအားဖြင့် ထွန်းဖောင်ဒေးရှင်း  စာပေဆုကို ၂ဝဝ၇ ခုနှစ်တွင် (၂ဝဝ၅  ခုနှစ်အတွက်) စာပေဘာသာရပ် ၈ မျိုးအတွက် ဆု၈ခု စတင်ချီးမြှင့်ခဲ့ပြီး တနှစ်ထက်တနှစ် ဆုအရေအတွက် တိုးလာကာ ယခုအခါ တသက်တာ စာပေဆုပါ ပါဝင်လာသဖြင့် စာပေဘာသာရပ် ၁၁ မျိုး အထိချီးမြှင်.နိုင်ပြီဖြစ်ပါသည်.. ပညာရှင်များပါဝင်သောလွတ်လပ်သည်.ကော်မတီတစ်ရပ်ဖွဲ.ကာ ဆုရွေးချယ်ခြင်းဖြစ်သည် ။သတ္တမအကြိမ် ၂၀၁၂ ခုနှစ်အတွက် ဆုများချီးမြှင့်ရန် ရွေးချယ်ထားသည့် စာအုပ်/စာမူစာရင်းကို ၂၀၁၃ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန် ကြေညာသည်။ ၂ဝ၁၂ ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာ စာပေဆုရှင်အဖြစ် မြန်မာစာက ငယ်ချစ်ဦး ဖြစ်ပြီး စိတ်ပညာနဲ့ အိမ်ထောင်ကျခဲ့သည်ဟုဆိုသော ကွယ်လွန်သူစာရေးဆရာကြီး
စည်သူဒေါက်တာ ကျော်စိန်က   ရရှိခဲ့သည်။ မြန်မာစာအုပ်ဆုတွင် စီးပွားရေးဘာသာရပ်၌ သက်ထွန်းဦး၏ စတော့ ရှယ်ယာဈေးကွက် အခင်းအကျင်း၊ ကျန်းမာရေး၌ ဒေါက်တာသန်းထွဋ်၏ အိမ်သားသမားတော်၊ သမိုင်း၌ တင်နိုင်တိုး၏ မြန်မာမင်းများ လက်ထက် သံတမန်ဆက်ဆံရေး၊ ယဉ်ကျေးမှု၌ ဦးမြင့်ကြည်၏ စာပေနှင့်ဂီတ ဂီတနှင့်စာပေ၊ ရှေးဟောင်းကျမ်း၌ ထွန်းရီ(ရှေးဟောင်းသုတေသီ) ၏ နန်းသုံးယာဉ် ပရိဘောဂနှင့် နန်းမှုပဒေသာကျမ်း၊ ရည်ညွှန်းကျမ်း (ဝိဇ္ဇာ)ဘာသာရပ်၌ မောင်ဝံသ၏ ခေတ်မီနိုင်ငံရေး ဝေါဟာရအဘိဓါန်၊ ရည်ညွှန်းကျမ်း (သိပ္ပံ)ဘာသာရပ်၌ နွေကိုတူး (ပခုက္ကူ)၏ အာကာသအဘိဓာန်၊ ကလေးစာပေ (စကားပြေ)၌ မောင်ဆန္ဒ(လယ်ဝေး)၏ မောင်တို့မယ်တို့ ဖတ်ဖို့ သုတပညာ အလိမ္မာလမ်းညွှန်၊ ကလေးစာပေ(ကဗျာ)၌ မောင်သာလင်း၏ အမေ့ကမ္ဘာ ကလေးကဗျာ၊ လူငယ်၌ တင်ညွန့်၏ လူငယ်နှင့် အတွေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၌ မောင်ထွန်းလွင်(မိုးလေဝသ)၏ လာပါတော့၊ အခါခါမော့၊ မာလာကြော့၊ မျှော်ပေါ့ မိုးရာသီ၊ စာပဒေသာဘာသာရပ်၌ မောင်ကိုကို(အမရပူရ)၏ တို့ဘုရားကို တို့ဖူးပြီနှင့် သုတပဒေသာ ဘာသာရပ်၌ ဥာဏ်ဝင်း(ဇီးကုန်း)၏ မော်ဒန်ဒီပလိုမေစီတို့ ရရှိကြသည်။ မြန်မာစာမူဆုတွင် ရည်ညွှန်းဘာသာရပ်၌ သန်းထွန်း(မော်လမြိုင်)၏ မြန်မာနိုင်ငံ သမိုင်းစဉ်ထဲက အတ္ထုပ္ပတ္တိအဘိဓါန် (၁၉၂ဝ-၁၉၈၈)၊ အတ္ထုပ္ပတ္တိ မောင်ဧရာ၏ ပညာမင်းကြီးစည်သူဦးကောင်း၊ သမိုင်း၌ ခင်နှင်းဦး၏ ဂျပန်ခေတ်အကြောင်း စာအုပ်စာတမ်းများ၊ အင်္ဂလိပ်စာမူဆုတွင် ရှေးဟောင်းကျမ်း၌ Saw Mra Aung ဘာသာပြန်ဆိုသော The Chronicle of the Mons & The Collection of Histories of their Pagodas တို့ ရရှိကြသည်။ တစ်သက်တာ စာပေဆုနှင့် စာအုပ်ဆုများအတွက် ထွန်းဖောင်ဒေးရှင်း၏ ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေကို ပူးတွဲချီးမြှင့်ပြီး စာမူဆုများအတွက် ငွေသားဆုကိုသာ ချီးမြှင့်ခြင်းဖြစ်သည် ။ မိမိရေးသားထုတ်ဝေသည့် စာအုပ်များနှင့် မိမိကိုယ်တိုင်ရေးသား ပြုစုထားသော စာမူများကို တင်သွင်းယှဉ်ပြိုင်လိုသော စာပေပညာရှင်များသည်    ရန်ကုန်မြို့ အမှတ်(၅၃/၆၁) သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ထွန်းဖောင်ဒေးရှင်း စာပေဆုကော်မတီ ဖုန်း-၀၁-၂၉၆၃၂၅ နှင့် ဝ၉-၇၃၁ဝ၄၄၈၇ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည် ။ထိုအခမ်းအနားကိုမူ ၂၀၁၃ မတ်လ ၉ ရက်နေ. မွန်းလွဲ ၁ နာရီတွင် ရန်ကင်းမြို့နယ် စည်ပင် လမ်းသစ်ရှိ မြန်မာနိုင်ငံ ဘဏ်များ အသင်း အဆောက် အအုံ၌ ကျင်းပခဲ့သည် ။



၂၀၁၁ ထွန်းဖောင်ဒေးရှင်း ပန်းချီပြ့ပွဲ

ထို.အပြင် ထွန်းဖောင်ဒေးရှင်းအနေဖြင်. ၂၀၀၆ မှစတင်ကာပန်ချီပြပွဲ ပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ပေးနေပြီး ၂၀၁၁ ဒီဇင်ဘာ ၈ရက်နေ.ပြုလုပ်ခဲ့သော ပြိုင်ပွ္ပဲ တွင်ပထမဆုကျပ်သိန်း ၃၀ ၊ ဒုတိယဆုကျပ်သိန်း ၂၅ ၊ တတိယဆုကျပ်သိန်း ၂၀ ၊ စတုတ္ထဆုကျပ်သိန်း ၁၅ နှင့်အထူးဆု ၆ ဆု အတွက် ကျပ်သိန်း ၁၀
စီ အသီးသီးပေးအပ်ချီး မြှင့်ခဲ့သည် ။


ထွန်းဖောင်ဒေးရှင်း၏ ပန်းချီပြပွဲ တစ်ခုတွင် ဆုချီးမြှင်.စဉ်

ပန်းချီပြိုင်ပွဲအတွင်း ပန်းချီကားများကို အကဲဖြတ် စီစစ် ရွေးချယ်ရာတွင်မြန်မာနိုင်ငံ ရိုးရာပန်းချီပညာရှင်များ အစည်းအရုံး(ဗဟို)မှ
တာဝန်ရှိသူများအပါအ၀င် ဗီယက်နမ်၊စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား ၊ တရုတ် နိုင်ငံတွေမှ ကျွမ်းကျင် ပန်းချီပညာရှငတို.ဖြင်.ပါဝင်ဖွဲ့စည်းထားသော အဖွဲ့မှ စီစစ် ရွေးချယ်
ခဲ့ကြသည်။ ထိုပွဲကို ဦးဆောင်ကျင်းပသော ထွန်းဖောင်ဒေးရှင်းအနေဖြင်. မြန်မာနိုင်ငံရှိ ပန်းချီ လက်ရာကောင်းများ စုဝေးပြသနိုငရန် ရည်ရွယ်ချက်ဖြင့် အခုလို စီစဉ်ကျင်းပ
ခဲ့ခြင်းဖြစ်သည်ဟုသိရသည်.....ထို.အပြင်ဆုရရှိသော ပန်းချီကားများကို နိုင်ငံတကာ အဆင်မှီ ပြသနိုင်ရန်အတွက် ကမ္ဘာ့အဆင့်မှီ ပြတိုက်တစ်ခုကို တည်ဆောက်သွားရန် စီစဉ်နေခဲ့ခြင်းဖြစ်သည် ။


စာကြည်.တိုက်ဖွင်.ပွဲနေ.

ထွန်းဖောင်ဒေးရှင်းမှ တည်ထောင်သည့် ထွန်းဖောင်ဒေးရှင်း မြန်မာ့ဖွံ့ဖြိုးမှု စင်တာ စာကြည့်တိုက် နှစ်ထပ် အဆောက်အအုံကို အမှတ် ၂၂၄၊ ဘီ၊ ဦးဝိစာရလမ်း၊ ဗဟန်းမြို့နယ်တွင်၂၀၁၁ မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည် ။
ထို စာကြည့်တိုက်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ စာအုပ် ပေါင်း ၃၂,၇၂၈ အုပ်ဖြင့် ဖွဲ့စည်းထားပြီး သုတ၊ ရသစာအုပ်များ၊ ရည်ညွှန်းစာပေ အမျိုးအစားဖြစ်သည့် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်များ အပါအ၀င် ကျမ်း စာအုပ်ပေါင်း ၃,၇၀၀ ကျော ပါဝင်သည်။
"အဓိကရည်ရွယ်တာကတော့ အမှန် တကယ်လိုအပ်နေတဲ့ စာပေ မြတ်နိုးသူတွေ၊ ဘာသာရပ်ကျမ်းပြုလိုတဲ့ တက္ကသိုလ်နယ်ပယ်တွေက ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူတွေ နဲ့ ဘာသာရပ်အလိုက် လေ့လာရေးသား လိုတဲ့ စာပေနဲ့ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေ အတွက် ရည်ညွှန်းကိုးကားမှုတွေ အတွက် အထောက်အကူပြုနိုင်မယ့် စာကြည့်တိုက်တစ်ခု ပေါ်ပေါက်လာ စေချင်လို့ ထွန်းဖောင်ဒေးရှင်း စာကြည့်တိုက်ကို တည်ဆောက်ရတာပါ"ဟု ထွန်း ဖောင်ဒေး ရှင်းဘဏ်နှင့် Myanmar Golden Star Group Company ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။


စာကြည်.တိုက် အတွင်းပိုင်း တစ်နေရာ

ဦးသိန်းထွန်းအနေဖြင်.၂၀၀၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့တွင် အမေရိကနိုင်ငံသို့ ကုမ္ပဏီလုပ်ငန်းတာဝန်များဖြင့် သွား ရောက်နေထိုင်စဉ် အဆိုပါစာအုပ် များကို ၀ယ်ယူစုဆောင်းခဲ့ခြင်းဖြစ်ပြီး ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် စာအုပ်များ ကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည် ။စာကြည့်တိုက်အတွင်း စာအုပ်နှင့် စာအုပ်စင်များ နေရာချထားရန်အတွက် အခန်းကိုးခန်းဖြင့် ဖွဲ့စည်း ထားပြီး စာလာဖတ်သူများ အတွက် အခန်းနှင့် တစ်ယောက်ထိုင် စာကြည့်ခုံများလည်း ပြင်ဆင်ထားကြောင်း  သိရသည်..
"အချိန်ငါးလကျော်အတွင်းမှာ ပိတ်ရက်မှာတောင် မနားဘဲ စာကြည့်တိုက် ၀န်ထမ်းတွေ ပင်ပင်ပန်းပန်းနဲ့ နေရာချထားကြတာပါ။ စာအုပ်တန်ဖိုးတွေက အရမ်းကြီးပြီး တချို့ဆို ပြန်ဝယ်လို့မရတော့တာကြောင့် အပြင်ကိုငှားလိုက်ဖို့ ကိုတော့ ကျွမ်းကျင်စာကြည့် တိုက်မှူး တွေ ပါဝင်တဲ့ ထွန်းဖောင်ဒေးရှင်း စာကြည့်တိုက်ကော်မတီကို ဖွဲ့စည်းပြီး ဆုံးဖြတ်မှာပါ"
"စာကြည့်တိုက်ဆိုတာ တစ်ခါဝယ် ဖြည့်ပြီး နောက်ထပ် စာအုပ်ထပ် မထည့်တော့ရင် သေတတ်ပါတယ်။ ဒါကြောင့် စာကြည့်တိုက် အမြဲရှင်သန် နေဖို့ စာဖတ်သူအကျိုးရှိမယ့်လစဉ်ထုတ် မဂ္ဂဇင်းတချို့ ၀ယ်ဖြည့်မှာပါ။ စာကြည့်တိုက်အတွက် ကုန်ကျစရိတ်တွေ အကုန်လုံးကိုတော့ ထွန်းဖောင်ဒေးရှင်းရဲ့ ရလာတဲ့အကျိုးအမြတ်တွေထဲ က အသုံးပြုသွားပါမယ်"ဟု..ထွန်းဖောင်ဒေးရှင်း ရည်ညွှန်း စာကြည့်တိုက်မှူး ဒေါ်ခင်ဝင်းရမှ ပြောကြားခဲ့သည် ။
ထွန်းဖောင်ဒေးရှင်း မြန်မာ့အရင်း အမြစ် ဖွံ့ဖြိုးမှုစင်တာ စာကြည့်တိုက်၏ အခြားစာကြည့်တိုက်များနှင့် မတူသည့်အချက်မှာ ဆေးပညာဘာသာရပ် နှင့် အခြားဘာသာရပ်များအတွက် ရည်ညွှန်းစာအုပ်များ သီးခြားထား သည့် ရည်ညွှန်းစာပေခန်းရှိခြင်းဖြစ် ကြောင်း၊ ကလေးစာပေများတွင်လည်း နိုင်ငံတကာအဆင့်မီစာအုပ်များဖြင့် ဖြည့်ဆည်း ပြင်ဆင်ထားကြောင်း ၎င်းက ပြောသည်။
"ဒီစာကြည့်တိုက်နေ တကယ်လိုအပ်နေတဲ့ပညာရှင်တွေအတွက် ရည်ညွှန်း ကိုးကားစရာ အချက်အလက်ကောင်းတွေ တွေ့နိုင်မှာပါ" ဟု ထွန်းဖောင်ဒေး ရှင်းဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးအေးလွင် က ပြောသည်။
အဆိုပါစာကြည့်တိုက်ကို တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီအထိနှင့် စနေနေ့တွင် မနက် ၉ နာရီမှ နေ့လယ် ၁၁ နာရီအထိ ဖွင့်လှစ်ထား သည် ။





ထို.အပြင် အပြင်ထွန်းဖောင်ဒေးရှင်းအနေဖြင်.လှိုင်သာယာတွင် အကျိုးအမြတ် မယူသည့် ဆေးရုံတစ်ခုကို တည်ဆောက်ဖွင်.လှစ်ခဲ့ပြီးဦးသိန်းထွန်းက အကျိုးအမြတ်မယူဘဲ အရင်အတိုင်းပဲ ဆေးဝါးကုသပေးမယ့် ဆေးရုံပါ၊ ငွေကြေး ချို့တဲ့သူတွေကို ဈေးသက်သာစွာနဲ့ ကုသပေးမှာပါ ဟု ဆိုသည်။ ဆေးကုသဖို့ ကျပ် ၃၀၀ ကုန်မယ်၊ ၅၀၀ ကုန်မယ်ဆိုရင် မူရင်းဈေးအတိုင်း ဆေးကုသပေးမှာပါ။ ကျွန်တော်အနေနဲ့ကလည်း ဆေးရုံကြီးတစ်ခုကို အလကား ကုသပေးတဲ့အထိ ဖောင်ဒေးရှင်းမှာ ငွေကြေး မပြည့်စုံသေးပါဘူး၊ အဲအတွက် ဒီဆေးရုံးကို NPO အကျိုးအမြတ်မယူဘဲ အတိအကျ ကုန်ကျမည့် ဆေးဖိုးသာလျှင်ယူပြီး ကုသပေးမှာပါ ဟု ဦးသိန်းထွန်းက ဆက်လက်ပြောကြားသည်။ ငွေကြေးချို့တဲ့သဖြင့် ဆေးဝါးစနစ်တကျ မကုသနိုင်သည့် လူများကို အထောက်အပံ့ ပေးနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ် မယူသည့် ဆေးရုံဖြစ်သည့် အတွက် အရည်အသွေးနိမ့်ကျမှု မရှိစေရန် အရည်အသွေးမီ အဆင့်တန်းရှိသည့် ဆေးရုံအဖြစ် ရပ်တည်ပြီး မည်သည့်ရောဂါကိုမဆို ကုသနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ဆေးရုံကို လုမ္ဗနီဆေးရုံဟု နာမည်ပေးထားပြီး လတ်တလော ကုတင် ၁၅၀ ဆံ့ဆေးရုံအဖြစ် ပြုလုပ်နေကြောင်း နောက်ပိုင်း ကုတင် ၁၅၀မှ ၂၀၀ ထိဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ ဆေးရုံတည်ဆောက်ရန်အတွက် ကျပ်သိန်း နှစ်သောင်းခန့် အကုန်အကျခံမည် ဖြစ်ကြောင်း တည်ဆောက်နေဆဲအချိန်က ဦးသိန်းထွန်းက ဆိုသည်။ အဆိုပါ ဆေးရုံတွင် ကုသပေးမည့် ဆရာဝန်များမှာ သက်ဆိုင်ရာအလိုက် အထူးကုဆရာဝန်ကြီးများနှင့် နိုင်ငံခြားမှ ဆရာဝန်များပါ ခေါ်ယူ ကုသပေးမည်  ဖြစ်ပြီး ယင်းဆရာဝန်များကလည်း ဆင်းရဲချို့တဲ့သူများအား အကျိုးအမြတ်မယူဘဲ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။ အခမဲ့ခုတင် ၅ဝ ဆံ့ဆေးရုံကို ထပ်မံတိုးချဲ့သွားရန်ရှိရာ ဆရာဝန်ဦးရေ လိုအပ်မှု ရှိလာနိုင်သည့်အတွက် အမေရိကန်နှင့် အင်္ဂလန်သို့ ဆေးပညာဘွဲ့လွန် ပညာသင်ဆုဖြင့်  စေလွှတ်သွား  ရန်အတွက်လျှောက်လွှာများလည်း ခေါ်ယူခဲ့ပြီး  ကျွမ်းကျင်ပညာရှင်ဆရာဝန်ကြီးတွေ ကိုယ်တိုင်ရွေးချယ်သွားမှာပါ”ဟု ဥက္ကဋ္ဌ ဦးသိန်းထွန်းက   ပြောသည်။ ပထမဦးဆုံးအနေဖြင့် ငါးဦးကို ယခုနှစ်အတွင်း စေလွှတ် သွားမည်ဖြစ်ရာ နောင်နှစ်များ၌ ဘာသာရပ်ဆိုင်ရာအားလုံးနီးပါး   ခေါ်ယူသွားမည်ဟု ဦးသိန်းထွန်းထံမှ သိရသည်အထွေထွေခွဲစိတ်ပညာ၊ အထွေအထွေဆေးပညာ၊ သားဖွား၊ မီးယပ်ပညာ၊ နှလုံးအထူးကုပညာနှင့် အရိုးအထူးကုပညာ ဘာသာ ရပ်တို့အတွက် တစ်ဦးစီခေါ်ယူမည် ဖြစ်ပြီးလိုအပ်ချက်အတွက် TOEFL  သို့မဟုတ်IELTSစာမေးပွဲအောင်မြင်ထားသူဖြစ်ရမည်ဟုသိရသည်။စကောလာ ရရှိ ထားသူအနေဖြင့် ထွန်းဖောင်ဒေးရှင်းဘဏ်တွင် ၁ဝ နှစ်ကြာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။  ထိုကိစ္စ ရပ်များအတွက် ဆက်သွယ်ရန်မှာထွန်းဖောင်ဒေးရှင်း ဘဏ် ဖုန်း-ဝ၁-၂၄ဝ၇ဝ၉ ဖြစ်သည် ။



ထွန်းဖောင်ဒေးရှင်းဘဏ်အနေဖြင်. လုပ်ဆောင်ခဲ့သည်. ကိစ္စရပ်များအနက် အငြင်းပွားဖွယ် ပေါ်ပေါက်ခဲ့သော ကိစ္စရပ် တစ်ခုမှာမူ High Court ရုံးအား ငှားရမ်းလုပ်ကိုင်သော ကိစ္စရပ်ဖြစ်သည် ။ ထွန်းဖောင်ဒေးရှင်းဘဏ်အနေဖြင်. ဟိုက်ကုတ် အဆောက်အဦးအားတစ်နှစ်လျှင် ကျပ်သိန်း ၂,၄၀၀ ဖြင့် ငှားရမ်းခြင်းဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှု အတွက် ကျပ်သိန်းသုံးသောင်းမှ ငါးသောင်းအထိ သုံးစွဲမည်ဟုစီစဉ်ခဲ့သည်...မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ၊ မြန်မာ့ဂုဏ်ဆောင်နိုင်သည့် အရေအတွက်ထောင်ချီရှိသည့် ပန်းချီ ကားများ၊ ပန်းပုလက်ရာများ ပြသရန် အတွက် ပြခန်းများနှင့်အတူ မြန်မာနိုင်ငံ ရှိ တက္ကသိုလ်များ၊ အစိုးရဌာနများ၊ စာပေ ၀ါသနာရှင်များ၊ အခြားအဖွဲ့အစည်းများ အတွက် မြန်မာနိုင်ငံတွင်ရှိသင့်ရှိထိုက် သည့် ရည်ညွှန်းစာကြည့်တိုက်ကြီးတစ်ခု ဖွင့်လှစ်ရန်၊ လိုအပ်သည့်စာအုပ်များ အား ထွန်း ဖောင်ဒေးရှင်းဘဏ်မှ ဖွင့်လှစ် တည်ထောင်ထားသည့် အီးဘွတ်ခ် နှစ်သန်းနှင့် နိုင်ငံတကာစာအုပ် နှစ်သိန်း ခန့်ကို ပြောင်းရွှေ့ ဖွင့်လှစ်ရန်နှင့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် သဘင်ပညာနှင့် ရုပ်သေးပညာ ဦးမော့လာနိုင်ရေးအတွက် အမျိုးသားကဇာတ်ရုံ တည်ထောင်ရန် အဆိုပြုချက်များထဲတွင် ဖော်ပြထား သည်။ သို.သော်လည်း   အင်အားစုအချို.က နိုင်ငံပိုင်ရှေးဟောင်းအဆောက်အအုံများကို ထိုသို.မပြုသင်.ကြောင်း ကန်.ကွက်မှုများ ပြုလုပ်သကဲ့သို. တရားစွဲ၇န် တို.ပင် လုပ်ဆောင်မှုများရှိခဲ့သည် ။သို.သော် ထိုကိစ္စရပ်နှင်. ပတ်သပ်၍ ရန်ကုန်တိုင်း တရားရုံးချုပ်ရှိ အခန်းလွတ်များကိုသာ ပြတိုက်နှင့် စာကြည့်တိုက်များ ပြုလုပ်သွားမည်ဖြစ်ပြီး တရားရုံးများကိုမူ မူလအတိုင်း ထားရှိသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကယခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောကြားခဲ့သည်။ ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကို တင်သွင်းသည့် 'ယခင်တရားရုံးချုပ် (ရန်ကုန်) နှင့် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဘဏ်လမ်းကြားရှိ စုပေါင်းတရားရုံး အဆောက်အဦအား လွှဲပြောင်းပေးထားသည့် ကိစ္စကို ပယ်ဖျက်၍ ရှေးဟောင်း အမွေအနှစ် ပစ္စည်းအဖြစ် ထိန်းသိမ်း ဆောင်ရွက်ပါရန်  နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း' အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ ဖြေကြားချက်ကို ဖတ်ကြားပြရာ၌ ဒုတိယ ရှေ့နေချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၉၁၁ ခုနှစ်တွင်အပြီးသတ်ခဲ့သော architect James Ransome ၏လက်ရာ
တရားရုံးချုပ်သည် ၁၉၀၅ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး စုပေါင်းရုံးကို ၁၉၂၇ နှစ်တွင် စတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။ ယင်းအဆောက်အဦများကို ရှေးဟောင်း အမွေအနှစ်အဖြစ်သာ ဆက်လက်ထိန်းသိမ်းရန် ရှေ့နေများ စုပေါင်းကာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သေးသည်။
တရားရုံးချုပ်နှင့် စုပေါင်းရုံးများမှာ သက်တမ်းကြာမြင့်ပြီ ဖြစ်ပြီး အကြီးစားပြင်ဆင်မှု ပြုလုပ်ရမည့် အခြေအနေတွင် ရှိနေရာ ဒေါ်လာသန်းချီ၍ နိုင်ငံတော် အစိုးရက အကုန်အကျခံ ပြုပြင်မည့်အစား ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အဆောက်အဦများကို ပြုပြင်ထိန်းသိမ်းကာ အရှည်သဖြင့် ထိန်းသိမ်းကာကွယ် ထားစေနိုင်ရန်အတွက် တရားရုံးချုပ်ကို ပြတိုက်အဖြစ် လည်းကောင်း၊ စုပေါင်းရုံးကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် လည်းကောင်း စီမံစဉ်းစားခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။
တရားရုံးချုပ်နှင့် စုပေါင်းရုံးများကို ပုဂ္ဂလိက ငှားရမ်းရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တင်ဒါခေါ်ယူခဲ့ပြီး တရားရုံးချုပ်အတွက် ထွန်းဖောင်ဒေးရှင်း ဘဏ်တစ်ခုတည်းက တင်ဒါတင်သွင်းခဲ့ပြီး စုပေါင်းရုံး အတွက်မူ တင်ဒါတင်သွင်းသူ ၁၆ ဦးရှိခဲ့ကာ မြန်မာနိုင်ငံသား Flying Tiger Co.,Ltd. နှင့် ယင်းကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည့် စင်ကာပူနိုင်ငံမှ Diamond Asia Capital Co.,Ltd တို့ကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။
တရားရုံးချုပ်ကို ထွန်းဖောင်ဒေးရှင်း ဘဏ်သို့ လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဦးထွန်းထွန်းဦးက "တရားရုံးချုပ် တစ်ခုလုံးကို ပြတိုက်အသွင် ဆောင်ရွက်မည် မဟုတ်ဘဲ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို စိတ်ဝင်စားသူများ လာရောက်ကြည့်ရှုနိုင်ရန်အတွက် တရားရုံးများကိုလည်း မူလအတိုင်း ထားရှိသွားမည်ဖြစ်ကြောင်း၊ အဆောက်အဦအား မူရင်းပုံစံ မပျက်စေဘဲ မွမ်းမံပြင်ဆင် သွားမည်ဖြစ်ကြောင်း ဖော်ပြထားလို့ လုပ်ကိုင်ခွင့် ပေးခဲ့တာပါ" ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ခွင့်ပြုခဲ့ခြင်းများကို နိုင်ငံတော် သမ္မတရုံးသို့လည်း တင်ပြ အတည်ပြုချက် ရယူခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်သို့လည်း သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ တရားရုံးချုပ်ကို နိုင်ငံတော်ပိုင် အဆောက်အဦအဖြစ်သာ မူလအတိုင်း ထားရှိသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ခရိုင်တရားရုံးများကို သင့်တော်မည့် နေရာများတွင် သတ်မှတ်စံချိန်မီ တရားရုံးများအဖြစ် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။
ဒုတိယရှေ့နေချုပ်၏ ရှင်းလင်းချက်အပေါ် အဆိုတင်သွင်းသူ သူရဦးအောင်ကိုက လက်ခံခဲ့သောကြောင့် အဆိုကို လွှတ်တော်က မှတ်တမ်းတင် ထားရှိသွားမည်ဖြစ်ပြီး ဆက်လက်စောင့်ကြည့် ကူညီသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။


Ref ; Eleven Media Group , မြ၀တီ, မြန်မာ.အလင်း and On Line Media

No comments:

Post a Comment