အိပ်မက်ဆိုးကြီး အပြီးမှာ
တစ်နိုင်ငံလုံး သေဆုံးသူ (၆၉၁) ယောက် ဒဏ်ရာရသူ (၆၄၃) ယောက်
ရှိကြောင်း အကြိမ်ကြိမ်
ရှင်းပြခဲ့ ပေမယ့် ပြည်သူတွေကတော့ မယုံကြည်ကြတော့ပါဘူး။ ဒီ မယုံကြည်မူဟာ
နောက် ထပ် (၂၂ )နှစ်တိတိ
တပ်မတော်အပေါ် ဆက်လက်ကူးစက်ခံရတော့မှာလဲ ဖြစ်ပါတယ်။ တပ်တွေ အရွေအပြောင်း လုပ်နေတဲ့ ကာလ
မှာ ကေအန်ယူ အဖွဲ့ က စစ်ရေးအရ တိုက်ကွက် ဖော်ထုတ်ခဲ့ တဲ့အတွက် သမိုင်းဝင် မဲသဝေါ ဒေသ တိုက်ပွဲကြီး
ပေါ်ပေါက်ခဲ့ ရပါတယ်။ တကယ်တော့ အဲဒီတပ်ရွေ့ ပြောင်းမှုဟတပ်မတော်
အတွက်တော့ မိအေး နှစ်ခါနာ
ဖြစ်ခဲ့ ရတဲ့ သမိုင်းဝင် တပ် ရွေ့ ပြောင်းမှု ပါ ပဲ……။
(၁၅.၉.၈၈) ရက်နေ့  နံနက်
၎ နာရီ ၄၅ မိနစ်မှာ တပ်မတော်ရဲ့ ရှေ့ တန်းခံစစ်စခန်း ဖြစ်တဲ့ ကစို
စခန်းပေါ် က ဘန်ကာ တစ်လုံးဟာ
ရန်သူ့ လက်နက်ကြီးကျည်ထိမှန်ပြီး မွမွကြေ သွားခဲ့ ပါတယ်။ ဒါဟာ
မဲသဝေါ ဒေသ တိုက်ပွဲစဉ်ကြီးရဲ
့အချက်ပေး ခရာသံလို့ ဆိုနိုင်သလို တပ်မတော် ရဲ့ သမိုင်းတစ်လျောက် ခါးသီးလှတဲ့ စာမျက်နှာ တစ်ခုကို
ထပ်ဖွင့်လိုက်ရတယ်ဆိုလဲ မမှားပါဘူး.။ကေအန်ယူ တပ်မဟာ ( ၇ ) တစ်ခုလုံး ဟာမဒတ (အမျိုးသား ဒီမိုကရေစီ
တပ်ပေါင်းစု) ရဲ့ အစီအစဉ်နဲ့  မဲသဝေါ ဒေသ တစ်ခုလုံးကို အင်အား (၂၀၀၀)
ကျော်နဲ့  ထိုးစစ်ဆင်နွှဲ
ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာ (၂၆) ရက်နေ့  မှာတော့ တပ်မတော် ကမဲသဝေါဒေသရဲ့  ကာကင်းကုန်းတစ်ခုဖြစ်တဲ့
အံ့ကျော်ကုန်းစခန်း ၊ပွိုင့် ၁၇၇၈ စခန်း တို့ ကို လက်လွှတ်ခဲ့ ရပြီး မရှေးမနှောင်းမှာပဲ ကဆာနလီတောင်ကြောနဲ
့ မဲသဝေါပင်မ စခန်း တို့ ကပါ ဆုတ်ခွာရ ပါတော့တယ်…….။
၁၉၈၈ ခုနှစ်ထိ ခြေမြန်တပ်မ
(၈) မပဲရှိသေးတဲ့ တပ်မတော်အဖို့ ကတော့ တစ်ခြား တိုက်ခိုက်ရေး
တပ် မတွေကို အဲဒီဒေသကို
စစ်ကူလွှတ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တပ်မတွေဟာနယ်မြေ ခံ မြို့စောင့်
တပ်တွေနဲ့ မနိုင်တော့ပဲ ဆူပူမှူတွေ အပြင်းအထန်ဖြစ်နေတဲ့ မြို့ ကြီး အတော်များများ ကိုဝင်ရောက် တာဝန်ယူနေရပြီး
အရှေ့ မြောက် မိုင်းယန်း ဒေသ နဲ့  ကချင်ပြည်နယ် ဒေါ့ဖုန်းယန် တို့ မှာလဲ ဗကပ
နဲ့  ကေအိုင်အေတို့ က တစ်ပြိုင်
တည်း ထိုးစစ်ဆင်နွှဲတာကို အပြင်းအထန် ခုခံနေရ ပြီဖြစ်ပါတယ်…။
၁၉၈၈ခု စက်တင်ဘာ (၂၃) ရက်မှာ
ဗကပ ပန်ဆန်းဗဟို ရဲ့ တိုက်ရိုက်ကွပ်ကဲမူနဲ့  ချီတက်လာတဲ့ 
လက်ရွေးစင် တပ်ရင်း ၁၃
ရင်းဟာ မိုင်းယန်းဒေသမှာ တပ်စွဲထားတဲ့  တစ်ခုတည်းသော တပ်မတော် ခြေလျင်တပ်ရင်း တစ်ရင်းကို စတင်
တိုက်ခိုက်ခဲ့ပါတယ်။ နယ်မြေတွင်းက စစ်ကူ စစ်ကြောင်းတွေ မလာနိုင်အောင်
အဖက်ဖက်က ပိတ်ဆို့ ဖြတ်တောက်ပြီးမှ
အပိုင် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ တိုက်ပွဲ ကြီး၁၄ ကြိမ် တိုက်ပွဲငယ် ၂၃
ကြိမ် အနီးကပ် လှံစွပ်ထိုးတိုက်ပွဲ အကြိမ် ၃၀ ထိ တိုက်ခိုက်ခဲ့ပေမယ့် အဲဒီ တပ်မတော် ခြေလျင်တပ်ရင်းဟာ
စစ်ကူ စစ်ကြောင်းတွေကို စောင့်ဆိုင်းရင်း (၈) ရက်လုံးလုံး မဆုတ်ခွာပဲ အသေခံခုခံနေတာကြောင့် ဗကပ တို
့ရဲ့ မိုင်းယန်း ကနေ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် ထိ သိမ်းပိုက်မယ့် စစ်ရေးစီမံချက်ဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်……..။
စစ်ကူ စစ်ကြောင်းတွေ ရောက်လာချိန်
မှာတော့ အဲဒီ တပ်ရင်းဟာ တပ်ရင်းမှူး နဲ့ အရာရှိ လေးဦး
အပါအ၀င် စစ်သည် (၄၇) ဦး
ရဲ့  အလောင်းတွေ ပြန့် ကျဲနေပြီး (၁၂၄) ဦး ကိုတော့ ဒဏ်ရာအပြင်းအထန်နဲ့ သူတို့ ကတုတ် ကျင်းတွေထဲမှာ
တွေ့ ခဲ့ရပါတယ်။ သူတို့ စခန်းပေါ်က မြန်မာနိုင်ငံ အလံကတော့ တစ်လူလူလွှင့်လျက်ပါပဲ…..။ မိုင်းယန်းတိုက်ပွဲကို
အနိုင်တိုက်လိုက်နိုင်တဲ့  တပ်မတော်ဟာ မဲသဝေါဒေသ တိုက်ပွဲတွေရဲ့ အစ မှာတော့ အ ကြီးအကျယ်
အထိနာခဲ့ ပါတယ်။ တိုက်ပွဲကာလ သုံးလကျော် ကြာမြင့်ခဲ့ပြီး ဒီဇင်ဘာ (၂၂)
ရက်နေ့ မှာတော့ ဆုံးရှုံးခဲ့ရတဲ့
မဲသဝေါ ပင်မစခန်းကြီးကို ပြန်သိမ်းပိုက်နိုင်ခဲ့ပေမယ့် တိုက်ပွဲစဉ်တစ်ခုလုံး
တိုက်ပွဲကြီး ၈၅ ကြိမ်
တိုက်ပွဲငယ် ၁၄၅ ကြိမ် နဲ့  အနီးကပ် လှံစွပ်ထိုးတိုက်ပွဲ ၄၇ ကြိမ် ဆင်နွှဲခဲ့ရပြီး
တပ်မတော်ဘက်က အရာရှိ (၁၂)
ဦး အပါအ၀င် (၂၄၂) ဦးကျဆုံး ခဲ့ရပါတယ်။ အရာရှိ (၄၉) ဦး အပါအ၀င်
(၉၂၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဟာ တပ်မတော် အတွက်တော့ အမြဲတန်း သတိရနေတော့မယ့် ကိန်းဂဏန်းအရေအတွက် တစ်ခု လည်း ဖြစ်ပါတယ်……..။
ဆက်စပ်ဖတ်ရှု၇န် ... တပ်မတော် ဘာလဲ ဘယ်လဲ ( ၃ ) - ရဲမိုး
No comments:
Post a Comment