Saturday, September 7, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၇ ) - ရဲမိုး



၁၉၉၀ မေ၂၇ ရက်နေ့ …ရန်ကုန်မြို့ ရဲ့ ညနေခင်းလေထုဟာ…..ဆူညံအော်ဟစ် စိတ်လှုပ်

ရှားသံတွေနဲ့ ပြည့်နှက် နေပါတယ်ရွေးကောက်ပွဲမဲအနိုင်အရှုံးကို စောင့်ဆိုင်းနေတဲ့လူအုပ်ကြီးရဲ့အသံကြားထဲမှာ

မဲစာရင်းကြေငြာနေတဲ့ရုပ်မြင်သံကြားက အသံဟာတစ်ချက်တစ်ချက်မှသဲ့သဲ့ပဲ ထိုးဖောက်နိုင်ပါတယ်…

…ဒီ..မဲအနိုင်အရှုံး စာရင်းဟာ…… .အနာဂတ်မြန်မာ့သမိုင်းမှာ တပ်မတော်ကို တစ်ချိန်လုံး ဖိအားပေးခံရမယ့်ဆုံးဖြတ်ချက်တစ်ခုရဲ့ …သန္ဓေ တည်ရာအစလည်း ဖြစ်သလို တိုင်းပြည်ကိုချွတ်ခြုံကျသွားစေမယ့်စီးပွားရေးပိတ်ဆို့မှု အများအပြား ရဲ့…..မြစ်ဖျားခံရာလည်းဖြစ်ပါတယ်…….



၁၉၈၈ နိုဝင်ဘာ ၂၅ ရက်နေ့ မှာ …..အတိုက်အခံပါတီကို တည်ထောင်သူ သုံးဦးထဲက

တစ်ဦးဟာ….ပါတီတွင်း ကွန်မြူနစ်ဝါဒ စိမ့်ဝင်လွှမ်းမိုးနေမှုနဲ့ ပတ်သက်လို့ ….ပါတီဗဟိုကော်မတီ

အစည်းအဝေးမှာ တင်ပြခဲ့ရာက….ပါတီတွင်း သဘောထားကွဲလွဲမှုတွေ …..အကြီးအကျယ်

ဖြစ်ပွားခဲ့ပါတယ်…….ဒီဖြစ်ရပ်ဟာ တင်ပြသူအပါအ၀င်……ဗဟိုကော်မတီဝင် ၁၃ ဦး နူတ်ထွက်ခဲ့ရုံသာ

ထင်ရပေမယ့် …..ဗမာပြည် ကွန်မြူနှစ်ပါတီရဲ့ …..အနှစ်လေးဆယ် ရန်သူတော်ကြီး တပ်မတော် အတွက်တော့…..အင်မတန်အနရာယ်ကြီးတဲ့……..ခြိမ်းခြောက်မှုကြီးတစ်ခုလို ရှုမြင်ခဲ့ပြီး ……အတိုက်အခံပါတီအပေါ်သတိကြီးကြီးနဲ့စောင့်ကြည့်တဲ့…..အနေအထားကိုဖြစ်ပေါ်စေခဲ့ပါတယ်……။

From Asiaweek
 

၁၉၈၈ နောက်ပိုင်း …..တပ်မတော်အပေါ် ……ယုံကြည်မှုကင်းမဲ့ ခဲ့တဲ့ အတိုက်အခံပါတီကြီးဟာ ……

တပ်မတော်ကလဲသူ့ အပေါ်အယုံအကြည်မရှိတော့စေမယ်လှုပ်ရှားမှုအများအပြားကို ဆောင်ရွက်ခဲ့ ပါတယ်…

.သူတို့ရဲ့မြေအောက်အဖွဲ့အစည်း.တောတွင်းလက်နက်ကိုင်အဖွဲ့အစည်း အများအပြားနဲ့ဆက်သွယ်ဆောင်ရွက်မှုတွေကို တပ်မတော်အနေနဲ.ကတော့.သူတို့ကို ပူးပေါင်းဖြိုခွဲဖို့ ပြင်ဆင်နေတယ်လို့ပဲ ရှုမြင်ခဲ့ပြီးရွေးကောက်ပွဲ မဲဆွယ် ကာလအတွင်းမှာ…..ပါတီခေါင်းဆောင်တွေ ရဲ့ ……..တပ်မတော်အပေါ် ပုတ်ခတ်ပြော

ဆိုခဲ့တဲ့ဖြစ်ရပ်တွေဟာ ဒီ သံသယကိုပိုမိုခိုင်မာလာစေခဲ့ပါတယ်.။ပါတီထဲကို ဥဒဟို ၀င်ထွက်နေတဲ့ နိုင်ငံခြားတိုင်းပြည်တွေက သံတမာန်တွေနဲ့ အဖွဲ့အစည်းအတော်များများဟာတံခါးပိတ်ဝါဒကို ၂၆ နှစ်ကျင့်သုံးလာပြီးနိုင်ငံခြားတိုင်းပြည်တွေနဲ့ လုံးဝ နီးပါး အဆက်အဆံမရှိခဲ့ တဲ့ စစ်တပ် တစ်ခုအဖို့ တော့……ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ……ပြည်ပစွက်ဖက်မှုပါဝင်နေပြီလို့……
အသေအချာကောက်ချက်ချစေခဲ့ပါတယ်…..။



၁၉၉၀ ခုနှစ်ရဲ့  မငြိမ်မသက် ကာလတစ်ချို့ မှာ….ပါတီရဲ့ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဟာ

ပြည်တွင်းနိုင်ငံရေးသမားအချို့နဲ့ပြည်တွင်း/ပြည်ပ သံတမာန်အများအပြားပါးစပ်အဟောင်းသား ဖြစ်သွား

စေမယ့်…ခြိမ်းခြောက်မှုတစ်ခုကို …….ခပ်ပြောင်ပြောင်ပဲထုတ်ဖော်ပြောကြားခဲ့ပါတယ်……သံတမာန်တွေရဲ့ 

နိုင်ငံရေးအတွေ့ အကြုံအရ…...ရွေးကောက်ပွဲ ကိုတာဝန်ယူကျင်းပပေးနေပြီး အထက်အောက် အမိန့် နာခံမှုအလွန်အားကောင်းတဲ့  ဧရာမ လက်နက်ကိုင် အဖွဲ့ အစည်းကြီးရဲ့  ခေါင်းဆောင်တွေအပေါ် .ပါတီအာဏာရရှိခဲ့ ရင်အရေးယူမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့အပြောမျိုးဟာသမိုင်းမှာ အကြာဆုံး ပြည်တွင်းစစ်ဖြစ်နေပြီးစစ်ဘက်ကနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု သိပ်မြင့်မားတဲ့မြန်မာနိုင်ငံလို တိုင်းပြည်မျိုး အတွက်တော့အင်မတန်မိုက်မဲပြီးအဆင်အခြင်ကင်းမဲ့တဲ့လုပ်ရပ်တစ်ခုလို့ရှုမြင်ပုံရကြပါတယ်။ဒီအဖြစ်
အပျက်တွေရဲ့  အကျိုးဆက်ဟာ .၁၉၉၀ မေလ (၂၇) ရက်နေ့ …ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာချိန်မှာတော့စပြီး……အသက်ဝင်လှုပ်ရှားလာခဲ့ပါပြီ……..။

From Irawaddy
  ၁၉၉၀ ရွေးကောက်ပွဲ မဲရလဒ်ဟာ…..တပ်မတော်အစိုးရ အဖို့ ….ရွေးကောက်ပွဲ မတိုင်မီ လအတန်ကြာ

တည်းက တင်ပြလာတဲ့ တပ်မတော်ထောက်လှမ်းရေး ရဲ့ လူထုထောက်ခံမှု အခြေအနေ အစီရင်ခံစာတွေနဲ

.သိပ်ပြီး ကွဲလွဲမှု မရှိလွန်းသည့်တိုင်.အံ့အားတော့ အတော်သင့်သွားစေခဲ့ ပါတယ်…….အမတ်နေရာ (၄၄၇) ဦးဝင်ပြိုင်တဲ့အနက(.၃၉၂) ဦး အနိုင်ရခဲ့တာသည်….အမတ်နေရာ ၄၈၅ နေရာသာရှိတဲ့ လွှတ်တော် အတွက်…..ပါတီတစ်ခုတည်းရဲ့အဆုံးအဖြတ် မူဝါဒနဲ့သာ….ရှေ့ ကိုဆက်လက်ခုတ်မောင်းတော့မယ့် သဘောလည်းဖြစ်သလိုအတိုက်အခံပါတီအနေနဲ့လည်း………တပ်မတော်ရဲ့တစ်ခုတည်းသော ဆုတ်ခွာရာလမ်းကို ဖြတ်တောက်ပိတ်ဆို့ စေလိုက်မိပြီဖြစ်ပါတယ်……….။

 



ရွေးကောက်ပွဲပြီး နိုင်ငံရေးအခြေအနေ အရပ်ရပ်ဟာအာဏာ လွှဲပြောင်းမယူမီ ကာလက

.တပ်မတော်ကြီး မျှော်လင့်ထားတဲ့  အခြေအနေတွေနဲ့ တော့အတော့်ကို ကွာဟနေပါတယ်.သူ့ ရဲ့ .....နိုင်ငံကိုတည်ငြိမ်အောင် ထိန်းသိမ်းတဲ့ အစီအစဉ်မှာ…ပြည်သူလူထုကြား ထောက်ခံမှုဟာ ..သူထင်တာထက် ပိုပြီး
ကျဆင်းသွားတဲ့ အချက်နဲ့ …….ရွေးကောက်ပွဲနိုင် အဓိက အတိုက်အခံပါတီကြီးက …….သူ့ ရန်သူ မြေအောက်အဖွဲ့ အစည်း အတော်များများနဲ့ အဆက်အသွယ် ပြုလုပ်ခဲ့ ပြီး သူ့ ကို… ရန်သူလို ပြင်းပြင်းထန်ထန် တုန့် ပြန်လာတာတွေဟာ….လွတ်လပ် တရားမျှတတဲ့  ရွေးကောက်ပွဲ အပြီး.....စစ်တန်းလျားကို အေးအေး ဆေးဆေး
ပြန်သွားဖို့.သူဆွဲထားတဲ့စီမံချက်ထဲမှာ ……..လုံးဝမပါဝင်ခဲ့တဲ့အချက်တွေဖြစ်ပါတယ်။သူ့အတွက်ကတော့

သတ်ကွင်းထဲကို….အလိုလိုဝင်ရောက်နေလျှက်မိသားဖြစ်သွားခဲ့ပါပြီ……။

Photo by HBO

ဒါပေမယ့်လည်းစတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကတည်းက…..ဟိုး……ရေခဲဖုံးတောင်တန်းတွေရဲအခြေကနေ……

ကမ်းရိုးတန်းစိမ့်စမ်းရွံ့ညွှန်တွေကြား….ရိုးမတောနက်တွေပါမကျန်….မြန်မာပြည်အနှံအနှစ်လေးဆယ်လုံးလုံး…

.ထောင်းလမောင်းကြေအောင်…. .တိုက်ပွဲဝင်လာခဲ့တဲစစ်တပ်တစ်ခုအတွက်တော့….ဒီအခြေအနေဟာခက်ခဲ

ပေမယ့်လည်းလက်နက်ချရတော့မယ်လို့တော့..... လုံးဝ အဓိပ္ပါယ် မရပါဘူး..ကျဉ်းထဲ ကျပ်ထဲ ဆိုတဲ့ စကားလုံးဟာသူရဲ.အဘိဓာန်မှာ တစ်နေ့ ကို သုံးလေးခါလောက်….အမြဲသုံးစွဲနေရတဲစကားလုံးလည်းဖြစ်ပါတယ်….လက်ရှိ

အခြေအနေဟာ….သူ့အနေနဲ့အကျအဆုံးကြီးကြီးမားမားမရှိဘဲ.. နောက်ဆုတ်လို့မရတော့သလိုဒီနေရာ မှာ…အမြဲတပ်စွဲထားဖို့မဖြစ်နိုင်ဘူးဆိုတာလည်း….သူကောင်းကောင်းစစ်ရေးသုံးသပ်.အကဲဖြတ်ခဲ့ပြီးပြီဖြစ်ပါတယ်။

တပ်မတော်အနေနဲ……မဟာဗျူဟာအစီအစဉ်ကြီင်္းတစ်ခုကို……အရေးတကြီးဆွဲဖိုလိုအပ်နေပြီဖြစ်ပြီး…..

ဒီအစီအစဉ်ကြီးထဲမှာ…….သူ့ ကိုယ်သူ …အင်အားတောင့်တင်းအောင် တည်ဆောက်တဲ့ စီမံချက်နဲ့ ……လက်ရှိအခြေအနေကဆုတ်ခွာတဲ့အခါမှာ….ရန်သူအနေနဲ့.နောက်က ထပ်ချပ် လိုက်စစ်မဆင်နိုင်အောင်….အဆင့်ဆင့်

ဟန့်စစ်ဆင်ပြီးမှဆုတ်ခွာမယ့်စီမံချက်တွေဟာ….မပါမဖြစ်ပါဝင်ရမယ့်အချက်တွေဆိုတာ….သူ ကောင်းကောင်း

သဘောပေါက်နှင့် ပြီးပါပြီ……….။အခုကတော့ …သူတို့ အနေနဲ့ ဒီမဟာဗျူဟာ အစီအစဉ်ကြီးကို …..မလွဲမသွေအကောင်အထည်ဖော်ရပါတော့မယ်။ဒါဟာ…ရွေးကောက်ပွဲအနိုင်ရပါတီအတွက်….ခါးသီးတဲ့အရှုံးခေါင်းလောင်း

ထိုးသံဖြစ်သလို….ကမ္ဘာမှာအကြာဆုံးစစ်အုပ်ချုပ်ရေးတစ်ခုရဲ့…….စာမျက်နှာနံပါတ်တစ်လည်းဖြစ်ပါတယ်……
.။



မြန်မာပြည် စစ်မျက်နှာ အသီးသီးက တောတွင်း လက်နက်ကိုင်တွေနဲ့  …..အပစ်အခတ်ရပ်စဲရေး

ညှိနိုင်းဖို့ထွက်ခွာတော့မယ့် ……တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ခရီး အစဖြစ်သလိုငြိမ်းချမ်းရေးကိုလက်မခံမယ့် အဖွဲ့ အစည်းတစ်ချို့ ရဲ့နောက်ဆုံး ရွှေရောင်တောက်ချိန်လည်း ဖြစ်ပါတယ်။အနှစ် ၂၀ အုပ်ချုပ်ရေး

အာဏာကို ဆက်ယူလိုက်လို့ …ဘေးထွက်ဆိုးကျိုး အမျိုးမျိုး နဲ့ ……အာဏာရှင် တပ်မတော် လို့ …..အထင်လွဲနာမည်ပျက်ခံရတော့မယ့်သီချင်းတစ်ပိုဒ်ရဲ့ခြေဆင်းဖြစ်သလို…..နောင်အနာဂတ်အနေအထား အခင်းအကျင်းအမျိုးမျိုးအတွက်စနစ်တကျ ပြင်ဆင်ဖွဲ့စည်းလေ့ကျင့်ပြီး …….ခေတ်မီ စစ်လက်နက်တွေ တပ်ဆင်လာတော့မယ့်ယန္တရား တပ်မတော်တစ်ခုရဲ့ ……အရုဏ်ဦး လဲ ဖြစ်ပါတယ်……...။



No comments:

Post a Comment