လုပ်မြဲတာဝန်အတိုင်းကြေငြာချက်တစ်ရပ်ကို
ထုတ်ပြန်လိုက်ပါတယ်။ အမှန်ကတော့ ..ဒီကြေငြာချက်ဟာ
၁၉၀၁ ခုနှစ်ထဲက နှစ်စဉ်
ထုတ်ပြန်နေကြ ကြေငြာချက်ဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အရှေ့ တောင် အာရှက လူသိပ်မသိတဲ့လှတဲ့ နိုင်ငံတစ်ခုရဲ့ရှေ့ခရီးကိုအတော်ကို
ဂယက်ရိုက်ခတ်သွားစေခဲ့ပါတယ်……။
ဒီလို မျိုး …….နေအိမ်မှာ
အကျယ်ချုပ်နဲ့  ထိန်းသိမ်း ခံထားရတာ ….နှစ်နှစ် လောက်ရှိနေပြီ ဖြစ်တဲ့ 
အတိုက်အခံခေါင်းဆောင်ကို
ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်လိုက်ခြင်းဟာ တိုင်းပြည်အတွက်တော့…
အမှန်တကယ် ဂုဏ်ယူစရာကောင်းတဲ
့ဆုတစ်ခုဖြစ်ခဲ့ပေမယ့်၊ ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံရဲ့  နိုင်ငံရေး အခြေအနေ မျိုးအတွက်တော့ သိပ်ပြီးအဆင်ပြေလှဦးမယ်မဟုတ်ပါဘူး။
ဒါဟာနောင် အနှစ်နှစ်ဆယ်ကြာဆက်လက် ဖြစ်ပွားတော့မယ့် နိုင်ငံရေး
စီးပွားရေးပိတ်ဆို့မှုများရဲ့  အစဖြစ်သလို…..အတိုက်အခံပါတီ အနေနဲ့ လဲ ၂၆ နှစ် တံခါးပိတ်နိုင်ငံတစ်ခုရဲ့စစ်ခေါင်းဆောင်တွေကို
ခေါင်းမာမာနဲ့ဆက်လက် အန်တုဖို့အားသစ် လောင်းလိုက်သလို ရှိနေပြီဖြစ်ပါတယ်……။
အတိုက်အခံပါတီနဲ့  ပြည်ပ
အသံလွှင့်ဌာနတွေ ကဒီဆုကို .လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ 
အောင်မြင်မှုလို့ဝမ်းသာအဲလဲ
ကြေငြာချက်တွေ ထုတ်ပြန်နေခဲ့ ပေမယ့်….ဆူပူမှုတွေနဲ့ မငြိမ်မသက်ဖြစ်မှုတွေကို ကြိုးစား ထိန်းချုပ်နေရတဲ
့စစ်အစိုးရတစ်ရပ်အဖို့ ကတော့ ပြည်တွင်း နိုင်ငံရေး ပဋိပက္ခတွေ ကို အရှိန်မြင့် လာအောင်အချိန်ကိုက်မီးထိုးပေးခဲ့တဲ့..ပြည်ပနိုင်ငံရေးစွက်ဖက်မှုတစ်ခုလို့ပဲ
ရူမြင်သုံးသပ်ခဲ့ပါတယ်။
ဒါပေမယ့် တပ်မတော် အစိုးရ
အတွက်တော့ …….ဒီ ကာလဟာ အဆိုးရွားဆုံးအခြေအနေတွေက
လွန်မြောက်စပြုနေခဲ့ပါပြီ……၁၉၉၁ခု
ဇန်န၀ါရီလ ၂၉ ရက်နေ့ မှာ ပြင်ဆင်ရေးဆွဲခဲ့ တဲ့ ကုမ္ပဏီများ အက်ဥပဒေ ကြောင့် ပက်စီကိုလာအပါအ၀င်.....နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေဟာ
……မြန်မာပြည်ကို မြန်မြန်ဆန်ဆန်ပဲ ၀င်ရောက်အခြေချနေပြီဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲကံကြမ္မာဟာ….အတိုက်အခံ
ံပါတီကမျက်နှာသာပေးခဲ့
တဲ့နည်းတူ…..တပ်မတော်အစိုးရကိုလည်းငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့အလားတူဆုတစ်ခုကို
ချီးမြှင့်ခဲ့ပါတယ်။
အဲဒါကတော့အမေရိကန် ဒေါ်လာ
သန်းသောင်းကျော် တန်ဖိုးရှိတဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက် အသစ်တစ်ခု ကို ပေးအပ်လိုက်ခြင်းပါပဲ….အဲဒီနောက်မှာတော့
.လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က ..စိတ်ကူးနဲ့ တောင် မှန်းဆ မကြည့်ခဲ့မိတဲ့ဖွံ့ဖြိုးမှုဟာ.စပြီးအခြေချစပြုနေပါပြီ……..။
နိုင်ငံတကာကော်ဖီဆိုင်တွေ၊
ဟော်တယ်၊ မိုတယ်၊ အင်း နဲ့  နိုက်ကလပ်တွေ…မြန်မြန်ဆန်ဆန်
ဖွံ့ဖြိုးလာတဲ့ကမ္ဘာလှည့်
ခရီးသွားလုပ်ငန်းတွေ…ရာနဲ့ ချီပြီးပေါ်ပေါက်လာတဲ့  ပုဂ္ဂလိက ကုမ္ပဏီလီမီတက်တွေ အလုအယက်ဖွင့်ဖို့ကြိုးပမ်းလာတဲပုဂ္ဂလိကဘဏ်တွေဟ…နိုင်ငံရဲပြိုလဲလုနီးပါးစီးပွာ
းရေးကို…အတိုင်းအတာတစ် ခုထိတော့….ကျားကန်ပေးလိုက်နိုင်ပါပြီ။ရှမ်းပြည်နယ်
အရှေ့ မြောက်ဒေသမှာတော့…..ကိုးကန့်  ၊ ၀ ၊ ရှမ်း နဲ့ 
အခါလူမျိုးတွေပါဝင်တဲ့ဗကပခွဲထွက်အဖွဲ့သုံးဖွဲနဲအပစ်အခတ်ရပ်စဲလိုက်နိုင်ပြီဖြစ်လို…အဲဒီ..ဒေသတစ်ခုလုံးဟာ
သေနတ်သံစဲသလောက်ဖြစ်သွားပါတယ်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အနေနဲ့ အဲဒီဒေသမှာ
တိုင်းရင်းသားအဖွဲတွေကို…လွတ်လွတ်လပ်လပ်
စီးပွားရေး လုပ်ကိုင်ခွင့်ပြုခဲ့ရလို့ဘိန်း အထွက်နူန်း တိုးမြှင့်လာခဲ့ ပေမယ့်တပ်မတော်အစိုးရအတွက်ကတော့ဒီဒေသတွေဟာ…
.နဂိုကတည်းကအမည်းရောင် နယ်မြေတွေဖြစ်ခဲ့ တဲ့အပြင် အစဉ်အဆက်လဲအစိုးရ
အာဏာလွှမ်းမိုးခဲ့တဲ့ဒေသတွေ မဟုတ်ခဲ့တဲ့အတွက်သူတို့ အပေါ်တိုက်ရိုက် တာဝန်ရှိတယ်လို့ယူဆကြပုံမရပါဘူး……..။
ဒါဟာ အနာဂတ် တရုတ်နဲ့
မြန်မာကြားက…ကြားခံစစ်ဇုန်တစ်ခုပြိုကျ သွားတာဖြစ်သလို… .၁၉၉၈
ဝန်းကျင်လောက်မှာပြန်လည်ရပ်ဆိုင်းသွားမယ့်ပြည်ပရင်းနှီးမြုပ်နှံမှုဈေးကွက်နေရာကိုတွင်တွင်ကျယ်ကျယ်
အစားထိုးတော့မယ်.
့်နယ်စပ်
ကုန်သွယ်ရေးဒေသကြီး တစ်ခုပေါ်ပေါက်လာတာလို့လည်းဆိုနိုင်ပါတယ်။
ဒါပေမယ့်. ဒါတွေအားလုံးထက်
တကယ့်တကယ်တန်းပြောင်းလဲသွားခဲ့တာကတော့...မြန်မာ့တပ်မတော်
ပဲဖြစ်ပါတယ်..တပ်မတော်ဟာ……..ခေတ်မီတပ်မတော်အဖြစ်တည်ဆောက်ရေးဆိုတဲစီမံချက်ကို…….
အကောင်
အထည်ဖော်နေခဲ့ပါပြီ….။ဒီစီမံချက်အတိုင်း
၁၉၈၈ နဲ့ ၁၉၉၁ ခုနှစ်တွေမှာတပ်မတော်ရဲ့ လှုပ်ရှား တိုက်ခိုက်ရေး တပ်မ အသစ်တွေ ဖြစ်တဲ
့ တပ်မ ၁၁ နဲ့ တပ်မ ၁၀၁ တို့ ကို စတင်ဖွဲ့ စည်းခဲ့ ပါတယ်။ ဒါဟာ နောက်ထပ် အသစ်ထပ်မံဖွဲ့စည်းတော့မယ့်
တိုင်း စစ်ဌာနချုပ် (၄) ခု ဒေသအခြေချ တပ်မ (၇) ခု နဲ့  လှုပ်ရှား ခြေမြန်တပ်မ (၂၁)ခုတို့ရဲ့အစဖြစ်သလိုအမြောက်တပ်မ
(၁၀) မ……သံချပ်ကာတပ်မ (၄) မနဲ့ လေကြောင်းရန် ကာကွယ်ရေး စစ်တိုင်းကြီး(၆)တိုင်းတို့ရဲ့အကြိုကာလလည်းဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ …..အင်အား
၁၈၀, ၀၀၀ လောက်ပဲ ရှိတဲ့ တပ်မတော်ဟာ အသစ် တည်ဆောက်
လာတဲ့  လက်နက် ခဲယမ်းမီးကျောက်စက်ရုံတွေ၊
လေတပ်စခန်း အသစ်တွေ၊ ခေတ်မီ တိုက်လေယာဉ် အုပ်စု တွေ၊ သံချပ်ကာကား စက်ရုံတွေ၊
ရေတပ် သဘောင်္ တည်ဆောက်ရေး အလုပ်ရုံတွေ နဲ့ အတူ …….၁၉၉၆ ခုနှစ် မှာတော့…..စစ်အင်အား
၄၀၀,၀၀၀ နီးပါးကို ရောက်ရှိလို့ နေခဲ့ ပါပြီ။ဒါဟာ အနှစ် ၆၀ ပြည်တွင်းစစ်ကိုအနိုင် တိုက်ခိုက်လိုက်နိုင်ပြီလို့အဓိပ္ပါယ်ရသလို…….အနာဂတ်ကာလမှာရင်ဆိုင်ရနိုင်တဲ…
ဘယ်ပြည်နယ်ခွဲထွက်မှုမျိုး
အတွက်မဆို……အသင့်ဖြစ်နေပြီဆိုတဲ့သဘောလည်းဖြစ်ပါတယ်….။တနည်းအားဖြင့်ပြောရလျင်တော့….
.အပစ်
အခတ်ရပ်စဲရေးမယူပဲကျန်ခဲ့တဲ့
.ကေအန်ယူ လွတ်မြောက်နယ်မြေ......မာနယ်ပလောဌာနချုပ်နဲ့
အရှေ့တောင်အာရှရဲ့ အကောင်းဆုံးခံစစ်စခန်းလို့တင်စားခေါ်ဝေါ်ကြတဲ
့ဝါးခသစ် စခန်းတို့  အတွက်တိုက်ပွဲ ခေါ်သံလည်း ဖြစ်ပါတယ်……။
ဆက်စပ်ဖတ်ရှု၇န် ... တပ်မတော် ဘာလဲ ဘယ်လဲ ( ၈ ) - ရဲမိုး
No comments:
Post a Comment