Friday, February 2, 2018

ဇမ္ဗူ ရာဇ် ရဲ. မျှော်လင့်ခြင်း



မျှော်လင့်ခြင်း


Photo from B E H S Wakhema


ဇမ္ဗူ ရာဇ် တဲ့
သူ့ကျောပြင် ပုခုံးထက် ကနေ
အမှန်စင်စစ်
လူဖြစ်သွားသူတွေ က
ဤသို့သောလောက မှာ
ဒု နဲ့ ဒေး ပါ

နှစ်ပေါင်းတစ်ရာကျော်
ပျော်ရွှင်စွာနဲ့ ပေါ့ နော်
သူချစ်တဲ့ကလေးများ
ရယ်မောသောသောညံစွာ
ပြေးကာလွှားကာ
ဆော့ကစားစေခဲ့
ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး

တစ်ရက်ပြီးတစ်ရက်
တွက်ချက်ကျက်မှတ်
စာပေရသ
ပန်းချီ ဂီတနဲ့
စက်မှု အိမ်တွင်း
ကြယ်စင်လိုလင်းလက်
လူသားမျိုးနွယ်အဆက်ဆက်ကို
ပညာတွေ ထက်မြတ်စေခဲ့
ဘယ်တော့မှ နောက်မဆုတ်တတ်ခဲ့ဘူး

ရတုအဆက်ဆက်
ဒီပုခုံးထက်မှာ
သူချစ်တဲ့ကလေးများ
ဂုဏ်ယူဝံ့ကြွားစွာ
တက်လားဆင်းလား
ပြေးလွှား ခုန်ကစား
စိတ်တိုင်းကျ နင်းသွားစေခဲ့
ဘယ်တော့မှ စိတ်မပျက်ခဲ့ဘူး

နွေးထွေးတဲ့ရင်ခွင်
ကြင်နာစွာထွေးပွေ့
သူချစ်တဲ့ကလေးတွေကို
နေဒဏ် လေဒဏ်
မိုးဒဏ် နှင်းဒဏ်
သဘာဝဘေးဒဏ် ကာကွယ်ရင်း
ရုပ်အဆင်းက အိုမင်းလာ
ခိုင်မာတဲ့တိုင်လုံးများကယိုင်နဲ့လာ
တောက်ပတဲ့အရောင်အသွေးတို့က ညှိုးမှိန်လာ
ဘယ်တော့မှ အားမလျော့တတ်ခဲ့ဘူး။

တလွင့်လွင့်နဲ့
ပြေးဆင်းပြေးတက်
ကလေးများစွာရဲ့
ခြေဖဝါးအထပ်ထပ်အောက်မှာ
ူသစ်လှေကားကြီးနှစ်ဖက်က
မာန်တင်းလို့အားခဲ
တာဝန်ကိုကျေပွန်မြဲ
ဘယ်တော့မှ မညည်းတွားရက်ခဲ့ဘူး

နှစ်ပေါင်း တစ်ရာမှသည်
ယနေ့ခေတ်ဆီ သူဖြတ်သန်း
လှမ်းခဲ့တဲ့ခရီးမှာ
သူချစ်တဲ့ကလေးများ
လူကြီးများဖြစ်လာ
ဘွဲ့ ပညာ အစီးအပွား
ချစ်သောသမီး သားများနဲ့
ပျော်ရွှင်ကာရယ်မော
သမုဒယတောမှာ
ဘဝတွေကိုလှပစေခဲ့
ဘယ်တော့မှ မငြိုငြင်ရက်ခဲ့ဘူး

ဒါပေမယ့်
လွန်ဆန်မရတဲ့ဇရာ
လူဆိုရင်တောင်
အသစ်ပြန်ကာစလို့ မရစရာဖြစ်ပေမယ့်
အမိကျောင်းတော်ကြီးအတွက်
ထိန်းသိမ်းကာကွယ်စောင့်ရှောက်
ရောက်လေရာက
တစ်ယောက်တစ်လက်
တစ်တပ်တစ်အားနဲ့
ကျောင်းတော်သားတို့ရဲ့စွမ်းပကားတွေကို
ခိုင်မာစွာ စုစည်း
ကျောင်းဆောင်အိုကြီးရဲ့ရာဇဝင်
သမိုင်းတွင် မော်ကွန်းတင်စေဖို့
စဉ်းစားကြပါစို

K,myosu (1-2-2018)

No comments:

Post a Comment