Wednesday, September 3, 2014

MPT ဆင်းကဒ် တစ်လတစ်သန်း ၊ တယ်လီနော က သန်း ၃၀ ၊ အော်ရီဒူး က လိုသလိုဝယ်လို.ရ ..ဒါကိုမှ




၂၀၁၄  စက်တင်ဘာ ၁ ရက်နေ.မှစ၍ MPT မှစတင်ဖြန်.ဝေသော Sim Card များကို မြန်မာနိုင်ငံရှိ မြို.နယ် ပေါင်း ၃၃၀ အနက် ၂၄၁ မြို.နယ်တွင် ရောင်းချမှုများ ပြုလုပ်ခဲ့သည် ။ နိုင်ငံသားကဒ် မူရင်း ၊ မိတ္တူ   တို.ဖြင်.သွားရောက်ဝယ်ယူနိုင်သည်ဟုသိရပြီး ရန်ကုန်တိုင်းတွင်မူ မြို.နယ် အားလုံးနီးပါးရောင်းချခဲ့သည် ။ ဧရာဝတီတိုင်းအတွင်းတွင်လည်း ၂၆မြို.နယ်လုံးရောင်းချပေးခဲ့သည်ဟုသိရပြီး ဖြန်.ဝေပေးသော ကဒ်များမှာ WCDMA ၂၅ ကဒ်များဖြစ်ပါသည် ။

MPT မှ မူလက ရပ်ကွက် ကျေးရွာများတွင် ခွဲတမ်းချ မဲနှိုက် စနစ်ဖြင်.ဖြန်.ဝေနေခဲ့သော်လည်း သြဂုတ်လ လလည်ခန်.တွင်စနစ်အသစ်တစ်ခုအသုံးပြုခဲ့ရာတွင် မြန်မာ့ဆက် သွယ်ရေး ဆင်းကတ်ကို အသုံးပြုပြီး ဖုန်းပြောဆိုခ ၁ လ ကျပ် ၁ သိန်းကျော်ဖိုး သုံးစွဲသူများ အနက်မှ တနေ့ လူဦးရေ ၅ ထောင်ခန်.ဆီသို. မက်ဆေ့ခ်ျပို့ပြီး ဖုန်းဝယ်ယူနိုင်ကြောင်း အကြောင်းကြားပေးသည် ။ ထို Message လက်ခံရရှိသူများအနေဖြင်. ဆင်းကတ် ၃ ကတ်စီ ကို ၁၅၀၀ ကျပ်နှုန်းဖြင်. သတ်မှတ်ဆိုင်များတွင်ဝယ်ယူစေခြင်းဖြစ်သည် ။ အခြားဆင်းကတ် အသုံးပြုသူများအနေဖြင်.မူ ဆင်းကတ် ထပ်မံဝယ်ယူလိုကြောင်း မြန်မာ့ ဆက်သွယ်ရေးသို.မက်ဆေ့ခ်ျ ပို့ပေးရမည် ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ အလှည့်ကျ စနစ်ဖြင်.အကြောင်းပြန်မှာဖြစ်သည်ဟု သိရပါသည် ။

ယခုထပ်မံဖြန်.ဝေနည်းသစ်တွင်မူ MPT ဆင်းကတ်များရောင်းချရန် Elite Tech, Asia Mega link, Fortune, ABC, တာမိုးနဲ၊ မြန်မာပိတောက်၊ အမရာ နှင့် ချမ်းသာ စသည့် ကုမ္ပဏီ ၁၅ ခုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြန့်ချိ ရောင်းချပေးမည်ဟု သိရသည်။ ထို Company ကြီးများ ဖြန်.ဝေထားသောဆိုင်များမှတစ်ဆင်. မည်သူမဆို ၀ယ်ယူရရှိနိုင်မည်.သဘောဖြစ်သည် ။ လေ.လာတွေ.ရှိရသော သတင်းများအရ ဆင်းကတ် ၇ သိန်းကျော်ကို စက်တင်ဘာလ အတွင်း ဖြန့်ချိမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ ဆင်းကတ် အရေအတွက် ၅ သန်းကျော် အထိ ဖြန့်ဖြူးရောင်းချသွားမည်ဟု သိရသည်။ 

အဆိုပါ အစီအစဉ်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျပန်ကုမ္ပဏီများ ဖြစ်သည့် KDDI နှင့် Sumitomo ကုမ္ပဏီ တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုသို့ ရောင်းချမှုနှင့် ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက “ရပ်ကွက်တွေမှာ ဆင်း ကတ် တွေ မဲစနစ်နဲ့ ပေးနေတဲ့ အစီအစဉ်ကို ဒီလကစပြီး ဖျက်သိမ်းလိုက်ပြီ၊ ဂျပန် ကုမ္ပဏီတွေနဲ့ ပူးပေါင်းတဲ့ အခု အစီအစဉ် က ဖြန့်ဖြူးရေး ပုံစံအသစ်ပဲ၊ သုံးစွဲသူတွေအတွက် ဖုန်းပြောခ အစီအစဉ်ကိုလည်း Bonus အနေနဲ့ လုပ်ပေးဖို့ ရှိတယ်”ဟု ဧရာဝတီ သတင်းဋ္ဌာနသို.ပြောကြားခဲ့သည် ။
ဆင်းကတ်ရောင်းချမှု ပုံစံနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ Elite Tech ဖုန်းအရောင်းဆိုင် ဝန်ထမ်းတဦးက “မှတ်ပုံတင် မူရင်းနဲ့ မိတ္ထူတစောင် ယူလာရင် ဖုန်းကတ်တွေ ဝယ်လို့ ရပါတယ်၊ တကတ်ကို ၁၅၀၀ ကျပ်နဲ့ ရောင်းပေးမှာပါ၊ လူတဦးကို တကတ်နှုန်း ပဲ ရောင်းပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စတင်ပြီး Ooredoo ဆင်းကတ်များ ထွက်လာပြီး နောက်ပိုင်း ဖုန်းများ ခေါ်ဆိုရာတွင် လိုင်းကျပ်ခြင်း၊ ဖုန်းခေါ် မရခြင်း၊ မက်ဆေ့ခ်ျပို့၍ မရခြင်း စသည့် နည်းပညာဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နေသည်ဟု ဖုန်းသုံးစွဲသူ အများအပြားက ဝေဖန် ပြောဆိုလျက် ရှိသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက“အရင်ထက် ပိုပြီးတော့ နည်းပညာပိုင်းတွေမှာ ကောင်းလာ တယ်၊ စောင့်ကြည့်နေတဲ့ အခြေအနေတွေ အရ ဖုန်းခေါ်ဆိုမှု ၁၀၀ ကြိမ်နှုန်းမှာ ၁ ကြိမ်နှုန်းပဲ ဖုန်းခေါ် မရတဲ့ လိုင်းကျပ် ပြဿနာ ရှိတော့တယ်၊ ရာနှုန်းပြည့် ကောင်းတယ်လို့တော့ ပြောလို့ မရသေးဘူး”ဟု ဆိုသည်။

မြန်မာ့ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဂျပန်နိုင်ငံမှ KDDI နှင့် Sumitomo ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ သန်းနှစ်ထောင် ရင်းနှီးမြှုပ်နှံ၍ ဆက်သွယ်ရေး ကွန်ရက်ကို တိုးချဲ့ခြင်း၊ နည်းပညာသစ်များဖြင့် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးခြင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် ပေးထားသည့် နိုင်ငံခြား ဆက်သွယ်ရေး အော်ပရေတာ များနှင့် ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်ခြင်း၊ အဆင့်မြှင့်တင်ရေး၊ ဈေးကွက် မြှင့်တင်ရေး၊ အရောင်း မြှင့်တင်ရေးများကို ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်း လုပ်ဆောင်မည်ဟု ပြောဆို ထားသည်။

MPT အနေဖြင်.ချက်ချင်း မရောင်းချနိုင်ခဲ့ခြင်းမှာ   အစိုးရပိုင်ဖြစ်နေ သောကြောင့် အစိုးရထံမှ ခွင့်ပြုချက်ယူနေရ သဖြင့် လုပ်ထုံးလုပ်နည်းအရ ကြာမြင့်ခြင်း ဖြစ်ကြောင်း သိရသည်။ Ooredoo ကုမ္ပဏီက ဆင်းကတ်များ ကို (၁၅၀၀) ကျပ်ဖြင့် ရောင်းချခဲ့ သော်လည်း မူလ ဈေးထက် တိုးမြှင့် ရောင်းချမှုများ ရှိနေခြင်း၊ အင်တာနက် သုံးစွဲခများ သတ်မှတ်ရာတွင် အင်တာနက် သုံးစွဲခများ နေခြင်းနှင့်၊ ဆင်းကတ်ကို ဖုန်းတိုင်းတွင် အသုံးပြုနိုင်ခြင်း မရှိသည့် အခြေ အနေ များနှင့် ကြုံတွေ့နေရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းမ်ကတ်များကို ကျပ် ၁၅ဝဝ ဖြင့် လွတ်လပ်စွာရောင်းချချိန်တွင် အူရီဒူး၏ ဆင်းမ်ကတ်များ ရောင်းအားကျဆင်းခဲ့ပြီး ၎င်းတို့၏ဝန်ဆောင်မှုအပေါ် ဝေဖန်မှုများလည်း မြင့်တက်လာကြောင်း သိရသည်။ အူရီဒူးက ဖုန်းပြောခနှုန်းထားကို ၎င်းတို့၏ ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အခြားအော်ပရေတာဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ဟု သတ်မှတ်ထားသောကြောင့် တစ်မိနစ်လျှင် ကျပ် ၅ဝ ထက် ပိုမိုသက်သာသည်ဟု ယူဆစရာဖြစ်သော်လည်း မိနစ်အပေါ် အခြေခံ၍ ဖြတ်တောက်နေသောကြောင့် လက်တွေ့တွင် ပိုမိုကုန်ကျမှုများရှိနေကြောင်း သိရသည်။
MPT အသုံးပြုစဉ်က တစ်ရက် ၂၀၀ခန်.ကျသင်.သူများအနေဖြင်. အော်ရီဒူးအသုံးပြုချိန်တွင် တစ်နေ. ၅၀၀၀- ၆၀၀၀ ခန်.ကျသင်.နေသည်ဟုသိရပြီး ဖုန်းပြောမှုအများစုမှာ တစ်မိနစ်၊ နှစ်မိနစ်ဝန်းကျင်သာရှိကြပြီး အူရီဒူး၏ ကောက်ခံမှုပုံစံမှာ ပိုမိုသက်သာခြင်းမရှိဘဲ ပိုမိုကုန်ကျနေကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။ အူရီဒူးက ပုံမှန်အင်တာနက်အသုံးပြုခကို ဩဂုတ် ၃၁ ရက်မှစ၍ 1Mb လျှင် ၂၅ ကျပ်မှ ၁ဝ ကျပ်သို့ လျှော့ချကောက်ခံခဲ့သော်လည်း Package Plan နှုန်းထားများမှာမူ အပြောင်းအလဲမရှိကြောင်း သိရသည်။ သာမန်သုံးစွဲသူများပင် တစ်လတာသုံးစွဲမှုမှာ 1Gb,2Gb ဝန်းကျင်ရှိနေကြောင်း သိရသည်။ ထိုပမာဏဝန်းကျင်သုံးစွဲသူများမှာ တစ်လလျှင် ငွေဖြည့်ကတ်အတွက် ကျပ် ၁ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ ဝန်းကျင်သာ သုံးစွဲသူများဖြစ်ရာ အူရီဒူး၏ အင်တာနက်သီးသန့်အတွက် ကျပ် ၁၂ဝဝဝ ဆိုသောနှုန်းထားမှာ များပြားသည့် ပမာဏတစ်ခုဖြစ်နေခဲ့ကြောင်း သိရသည်။

မကြာမှီ ရက်ပိုင်းအတွင်း တယ်လိနော မှဖုန်းကဒ်များလည်း ဖြန်.ဖြူးရောင်းချတော.မည်ဖြစ်သဖြင်. ဆက်သွယ်ရေးဈေးကွက်အတိုင်းပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာဖွယ်ရှိနေပြီး စိတ်ရှည်ရှည် ထားနိုင်သူတို.အဖို.ပိုမိုအကျိုးရှိမည်.သဘောတော.ရှိနေပါသည် ။ လတ်တလောတွင် ရန်ကုန် ၊ မန္တလေးစသော မြို.ကြီးများတွင် ဖုန်းကဒ်များ မနက်စောစောမှ စ၍တန်းစီတိုးဝယ်နေကြရပြီး တစ်နေ. ၂ကြိမ်ရောင်းပေးနေသည်ဟုသိရသည် ။ အော်ရီဒူး ထွက်လာစဉ်က ထင်ထားသလောက်ခရီးမပေါက်ခဲ့ကြသဖြင်. တယ်လီနော ကိုလည်း မည်သို.ရှိမည် မသိသည်.အတူ MPT ကိုသာ အားထားနေကြသည်. သဘောရှိသည် ။ သို.မဟုတ် လက်ထဲရထားသည်က ပိုစိတ်ချရသည်ထင်၍လားတော. မသိ ။

မြို.လေးတွင် ၁ ရက်နေ.မှ စတင်ရောင်းချသော်လည်း Handset နှင်. တွဲဝယ်မှ ကဒ်ထည်.ပေးသည်.စနစ်ဖြင်. စတင်ရောင်းချခဲ့သည်ဟုသိရသည် ။ ဒုတိယနေ.တွင်မူ အရောင်းဆိုင်တစ်ခုထပ်မံပေါ်ပေါက်လာခဲ့ပြီး ထိုဆိုင်တွင် လွန်ခဲ့သော တစ်ပတ်ခန်.အတွင်း Handset ၀ယ်ခဲ့လျှင် (သို.) ယခု ၀ယ်လျှင် Simcard Free ထည်.ပေးသည်ဟုဆိုသည် ။ ၀ယ်ယူသူများအနေဖြင်.ကလည်း မိမိတို.တွင် Handset အပိုများရှိနေသဖြင်. ကဒ်သီးသန်.၀ယ်ယူလိုကြသော်လည်း ဆိုင်များဘက်မှပြောကြားရာတွင် ယခင် ၂၂၅၀၀ တန် Handset ကို Bill ၅၀၀၀ ကျပ် ကဒ်က ၁၅၀၀ ကျပ် ထည်.ပေးပြီး ၃၀၀၀၀ ဖြင်.ရောင်းချခြင်းကြောင်. မများဟုဆိုကြသည် ။ ထို.အပြင် တစ်ဆင်.ခံ ရောင်းချသော ဆိုင်များအနေဖြင်.ကလည်း Handset အလုံး ၁၀၀ ၀ယ်လျှင် Sim Card ၁၀၀ ရရှိပြီး နောက်ပိုင်း Handset အလုံး ၁၀၀ ၀ယ်လျှင် Sim Card ၅၀သာရရှိတော.သည်ဟုသိရပြီး Elite တွင်မူ လက်ကားသမားများ ငွေဖြည်.ကဒ် သိန်းတစ်ရာ ဘိုးဝယ်မှသာ ကဒ်၁၀၀ ရောင်းပေးပြီး နောက်ပိုင်း ၈၀သာရတော.သည်ဟုလည်း ဆိုကြပါသည် ။ ဖုန်းလုံးဝမရှိသေးသူများအတွက်အဆင်ပြေနိုင်သော ဈေးနှုံး (သို.) နည်းစနစ် တစ်ခု ဟုပြော၍ရသော်လည်း Handset ရှိနေသူများအဖို.တော. အဆင်မပြေပါ ။ အချို.နယ်များရှိ လက္ကားဆိုင်များကမူ သူတို.လိုချင်သော ကဒ်အရေအတွက် နေ.စဉ် ဆယ်ဂဏန်းခန်.ကိုတော. ပင်ရင်း ဆိုင် နှင်. Company များမှ ၀ယ်ယူ၍ရနေသည်ဟုဆိုပါသည် ။

ဤပြဿနာများသည် နယ်မြို.များတွင် အဓိကဖြစ်ပွားနေပြီး အချို.မြို.နယ်များတွင် ငွေဖြည်.ကဒ် တစ်သောင်းခွဲဖိုးဝယ်မှ Sim Card တစ်ခုရောင်းချပေးသည်ဟုလည်းဆိုသည် ။ မန္တလေးတွင် ဒုတိယရက် ELite အရောင်းဆိုင်အချို. ပိတ်သည်ဟုသိရပြီး ရန်ကုန်တွင် တန်းစီသူချင်းရန်ဖြစ်လျှင် ဆိုင်ပိတ်ပစ်သည်ဟုဆိုသည် ။ များသောအားဖြင်. တန်းစီပြီး တိုးရောင်းစားနေကြသူများ ရှိနေကာ ကျပ် ၁၀၀၀၀  မှ ၁၅၀၀၀ အထိရနေပြီး တန်းစီသူတစ်ဦးဆိုလျှင် ၁၃ကဒ်ထိ တန်းစီတိုးရောင်းခဲ့သည်ဟုသိရသည် ။ အချို. Company များအနေဖြင်. ဟန်ပြ အနည်းငယ်သာရောင်းချပြီး ဆိုင်ကြီးများသို.ကဒ်ပြန်သွင်းကြသည်ဟုလည်းကြားရကာ ၀ယ်ဈေးအနေဖြင်. ၁ရက်နေ.မနက် ၁၀၀၀၀ ညနေ ၂၂၀၀၀ ၂ရက်နေ.မနက် ၁၅၀၀၀ ညနေ ၉၀၀၀ ၃ရက်နေ.မနက် ၁၃၀၀၀  ညနေ ၁၃၀၀၀ ရှိနေသည်ဟု ကြားသိရပါသည် ။.


သို.သော် ရောင်းချသည်.စနစ် ၊ ၀ယ်ယူလိုသူများ၏ စိတ်လောကြီးမှုတို.ကိုမဝေဖန်လိုပဲ သိရှိထားသော အခြေအနေများကိုသာ တင်ပြခြင်းဖြစ်ပါသည် ။ထိုပြဿနာများသည် မိမိတို. မြို.တစ်ခုတည်းတွင်ကြုံတွေ.နေရခြင်းမျိုးမဟုတ်ပဲ အခြားဒေသများတွင်ပါကြုံတွေ.နေရကြောင်း သိရှိစေရန်ဖြစ်ပါသည် ။ အထက်တွင်ဖော်ပြထားခဲ့သော အချက်အလက်များအရ စိတ်ရှည်နိုင်လျှင် အကျိုးများဖို.သာရှိပါကြောင်း ……..


Source ; DVB , Irrawaddy , Eleven Media Group & Messenger

No comments:

Post a Comment