Thursday, September 25, 2014

၂၀၁၅ သည် ဧရာဝတီ အတွက် ဖြစ်မည်လား

ရှုံးထွက်ဖလား ဗိုလ်လုပွဲ သို.လာရောက်အားပေးကြသော ဧရာဝတီ ပရိသတ်


2014 MNL League တွင်  1 to 5 ၀င်အောင်အပြင်းအထန်ကြိုးပမ်းခဲ့ရသော ဧရာဝတီ ယူနိုက်တက် အနေဖြင်. သူတို.၏အောင်မြေဖြစ်သော ရှုံးထွက်ဖလား ပြိုင်ပွဲ တွင်မူ ဒုတိယအကြိမ်မြောက် ဖလားတစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်

၂၀၁၄ စက်တင်ဘာ ၂၁ ရက် ညနေ က YTC ကစားကွင်းတွင် ကျင်းပခဲ့သော ဧရာဝတီ ယူနိုက်တက် နှင်. နေပြည်တော် အက်ဖ်စီ တို.၏ချန်ပီယံ လုပွဲတွင် ဧရာဝတီ က ၂ ဂိုး ဂိုးမရှိဖြင်. ၂ကြိမ်မြောက် ရှုံး ထွက်ဖလား ရယူနိုင်ခဲ့ခြင်းဖြစ်သည် ။ ထိုပွဲသို. ဘိုကလေး ၊ မအူပင် ၊ ပုသိမ်စသည်တို.မှ ဧရာဝတီသားများ ၊ ပုသိမ်ရှိ လူငယ်အကယ်ဒမီ မှ ကစားသမားငယ်များ ၊ Redwave Fans ( ဧရာဝတီ ၏ အမာခံ ပရိသတ်များ ) Member များ ၊ ရန်ကုန်ရောက် ဧရာဝတီ ဇာတိဖွားများအပြင် ကိုမေတ္တာ ၊ အရိုင်း ၊ ကိုငြိမ်းချမ်း အစရှိသော အနုပညာလောကသားများ ဧရာဝတီ အသင်းကို လာရောက်အားပေးခဲ့ကြသည် ။
အထူးတန်းပွဲကြည်.စင် ပြည်.လုနီးပါး ဧရာဝတီ ပ၇ိသတ်များကား တစ်ချိန်က Delta United FC ဘ၀ ကွင်းပြည်.ကွင်းလျှံ ပ၇ိသတ်များကို သတိရမိစေသည် ။ ဘိုကလေး ပရိသတ်များ ၊ ပုသိမ်အကယ်ဒမီမှ ကစားသမားငယ်များ နှင်. Redwaves Fan တို.၏ ဧရာဝတီအောင်နိုင်ရေး Vinyl များကိုတွေ.ရပြီး ပရိသတ်အတော်များများ၏ ပါးတွင် Redwaves Fan Club မှ စီစဉ်ပေးသော Sticker များကို တွေ.ရသည် ။


ကစားပွဲ အနေအထားကမူ ဧရာဝတီ ကသာသလို ရှိသော်လည်း နေပြည်တော်က အချိတ်အဆက် ပိုမိနေသလို မြင်ရသည် ။ သို.သော် နေပြည်တော် အနေဖြင်. ဂိုးကိုတိုက်ရိုက်ခြိမ်းခြောက်နိုင်စွမ်းနည်းပါးပြီး  ကန်ခွင်.ရသော ဘောလုံးတို.ကိုလည်း ဧရာဝတီ ဂိုးသမားက လက်စွမ်းပြ၍ သေသပ်စွာကာကွယ်နိုင်ခဲ့သောကြောင်. နေပြည်တော်တို. ထင်တိုင်းမပေါက်ခဲ့ခြင်း ဖြစ်သည် ။

ဧရာဝတီ အနေဖြင်. လူစုံ့ထုတ်ကစားခဲ့ပြီး တိုက်စစ်မှုးဆာဆာ ကိုမူဒါဏ်ရာကြောင်. ဒုတိယပိုင်းမှ ထည်.သွင်းကစားခဲ့သည် ။ ၁၃ မိနစ်တွင် နေလင်းထွန်းက ဧရာဝတီ အတွက် အဖွင်.ဂိုးသွင်းပေးခဲ့ပြီး ၇၉ မိနစ်တွင်မူ ဒုတိယအကြိမ်ရှုံးထွက်ဖလားအတွက် ဒုတိယဂိုးကို ကိုနေးက သွင်းယူပေးခဲ့သည် ။ ရှုံးထွက်ဖလားပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့သည်. ( ၂၀၁၃ ခုနှစ်က Seagame ကြောင်. ရှုံးထွက်ဖလားပွဲ မကျင်းပခဲ့ပါ ) ၂၀၁၂ ခုနှစ်ကလည်း ဧရာဝတီပင် ဖလားရခဲ့သဖြင်. နှစ်ကြိမ်ဆက်တိုက် ရှုံးထွက်ဖလား ရယူနိုင်ခဲ့ခြင်းဖြစ်သည်
 


ဧရာဝတီ ၏ ဖလားတစ်လုံး ပိုင်ဆိုင်ခွင်.သေချာစေခဲ့သော ဒုတိယဂိုးသွင်းအပြီး ပရိသတ်၏ အပျော်


ပွဲအပြီးတွင် Ooredoo မှ ဆုကြေးငွေ သိန်း ၃၀၀ ကို  MFF ဥက္ကဋ္ဌ ဦးဇော်ဇော် နှင်. တာဝန်ရှိသူများက ချီးမြှင်.ခဲ့ပြီး အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကျင်းပမည်. မဲခေါင်တိုယိုတာ ဖလားပြိုင်ပွဲဝင်ခွင်.အတွက် တရားဝင်ဖိတ်ကြားစာကို Toyota Company က ပေးအပ်ခဲ့သည် ။
တကယ်က ဒါသည်ပင် ဇာတ်လမ်းအစဖြစ်သည် ။ ယခုကဲ့သို. ရှုံးထွက်ဖလားရခဲ့သဖြင်. လာမည်. ၂၀၁၅ သည် ဧရာဝတီ အတွက် ပိုအရေးကြီးလာသည် ။ မည်သူမဆို ၃ကြိမ်ဆက်တိုက်ချန်ပီယံ ဆိုသည်ကို မက်မောကြမြဲ ဖြစ်သည် ။ ထို.အတွက် ဧရာဝတီသည်လည်း သူ၏ ၃ကြိမ်ဆက် ချန်ပိယံဘွဲ.အတွက် အပြင်းအထန်ကြိုးပမ်းရတော.မည်ဖြစ်သည် ။

ဒုတိယ အနေဖြင်. လာမည်. ၂၀၁၅ ကွင်းဖွင်.ဖလားတွင် ၇တနာပုံနှင်. တစ်ပွဲတည်း ကန်ရုံနှင်. ဖလားတစ်လုံး ရမည်.ပွဲကို ရင်ဆိုင်ရမည်ဖြစ်သည် ။ အရှိန်အဟုန် ဖြင်. အောင်မြင်နေသော Delta United FC ဘ၀မှ မွေးစားပိုင်ရှင်လက် ၊ ထိုမှ ဇာတိဖွားတို.ရင်ခွင် ပြန်ဝင်ပြီး ဧရာဝတီ ယူနိုက်တက်ဖြစ်ခဲ့ရသော်လည်း အမှတ်ပေးပွဲများတွင် အသည်းအသန်ရုန်းကန်နေရခြင်း၏  ဇာတ်လမ်းအစ ( မှတ်မိကြအုံးမည်ထင်ပါသည် )  ၇တနာပုံအိမ်ကွင်းအတွင်းမှပွဲပြီးသည်အထိ ထွက်မရ ၊ ထိုမှ နောက်ဆုံးပိုင်ရှင်အဆင်.ပြောင်းခဲ့ရစေခဲ့သော အဖြစ်အပျက်များ ၊ ယခု လာမည်. ၂၀၁၅ နှစ်စတွင် ထိုအသင်းနှင်. ယှဉ်ပြိုင်ရင်း  ဖလားလုပွဲ ဖြင်.စဖွင်.ရတော.မည် ။ထိုအတွက်လည်း အလေးအနက်ထားကြရပေမည် ။ ထို.အပြင် ၂၀၁၅ တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင်.ရမည်. အာရှအဆင်. AFC Cup ပြိုင်ပွဲတွင် အဆင်.အတန်းရှိရှိ ၀င်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် လိုအပ်သော အင်အားစုဖွဲ.မှုများ ၊ ကြိုတင်ပြင်ဆင်ထားသင်.သည်များကလည်း အများအပြားရှိနေသည် ။ MNL အသင်းတိုင်း မက်မောသည်. MNL Cup ကိုပါ ထည်.သွင်းတွက်ချက်လျှင် ( အနိမ်.ဆုံး ၁ - ၅ ၊  ဖြစ်နိုင်လျှင် ဖလားပိုင်ရှင် ) တော. ၂၀၁၅ သည် ဧရာဝတီကို အောင်မြင်မှု လမ်းစများနှင်. စောင်.ကြိုနေသကဲ့သို. အမှန်တကယ်အောင်မြင်မှု ရရန် အတွက်ကလည်း စိန်ခေါ်မှု အချို.ကတော. ရှိနေမည်ဖြစ်သည် ။

၂၀၁၀ ပြည်. ရှုံးထွက်ဖလားစကျင်းပချိန်မှ ယခုအချိန်အထိ ဖလားရယူပေးနိုင်ခဲ့သော နည်းပြများအနက် ပထမဆုံးမြန်မာနည်းပြ ဖြစ်သော ဧရာဝတီ နည်းပြချုပ် ဦးဆန်းဝင်းက စံတော်ချိန် သတင်းစာနှင်. အင်တာဗျုးဖြေကြားရာတွင်  ဒီနှစ် ဘောလုံးရာသီတွင် အမှတ်ပေး နှင်. ရှုံးထွက် ဖလား နှစ်ခုစလုံးကို ပြည်တွင်းနည်းပြများက ယူပေးနိုင်ခဲ့သဖြင်. မြန်မာတွေမညံ.တာပြနိုင်ခဲ့ကြောင်း ၊ လေ.ကျင်.ချိန် တစ်လကျော်အတွင်းမှာ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်၇မှာကြောင်. လိုအပ်ချက်တွေကြိုးစားပြင်ဆင်ရမှာဖြစ်ကြောင်း ၊ ဧရာဝတီရှေ.မှာ မြန်မာပါလာပြီမို. ကြိုးစားယှဉ်ပြိုင် သွားမှာဖြစ်ကြောင်း ၊ လာမယ်.နှစ်ပြိုင်ပွဲတွေကြောင်. ကစားသမားအင်အား ထပ်ဖြည်.ရမှာဖြစ်ပြီး အသင်းပိုင်ရှင်တွေနဲ. ညှိုနှိုင်း ခေါ်ယူရမှာဖြစ်ကြောင်း ၊ သူ.အနေနဲ. အသုံးများတဲ့ ကစားကွက်က ၄-၂-၃-၁ ဖြစ်ပြီး ပုံသေကစားကွက်မထားပဲ တိုက်စစ်ဦးစားပေး ကစားကြောင်း ၊ နည်းပြ အနေနဲ. အသက် ၆၀ လောက်မှသာ အနားယူမယ်စဉ်းစားထားကြောင်း ပြောကြားခဲ့သည် ။

ရှုံးထွက် ဖလားနှင်. RED WAVES Fan - EC & Member အချို.

 လာမည်. ၂၀၁၅ တွင် အသင်းပိုင်ရှင်တို.အနေဖြင်. လိုအပ်သော စွမ်းရည်ပြည်.ကစားသမားအချို. နှင်.အိမ်ကွင်းအပါအ၀င် ပံ.ပို.မှုများအား ပြည်.စုံစွာ ထောက်ပံ.ပေးနိုင် ခဲ့ပါလျှင်  ၊ ကစားသမားများကလည်း တစ်ဥိးချင်း သော်လည်းကောင်း အသင်းလိုက် အနေဖြင်. လည်းကောင်း ပိုမို၍ညီညွတ်စွာ နိုင်လိုစိတ်အပြည်. အမှာ.အယွင်းမရှိ ကြိုးစားနိုင်ခဲ့ ကြပါလျှင် ၊ နည်းပြ နှင်. အုပ်ချုပ်မှု အဖွဲ.များကလည်း  စေတနာအပြည်. တက်ကြွမှုအပြည်. နည်းပညာထက်မြက်စွာဖြင်.သာ ဟာကွက်မရှိ စီမံဆောင်ရွက်နိုင်ကြပါလျှင် ၊ ပရိသတ်အနေဖြင်.လည်း အင်ပြည်. အားပြည်. တက်ညီလက်ညီ စုစည်း ညီညွတ်စွာ အားပေးကြပါလျှင် 


သေချာပါသည် ၂၀၁၅ သည် ဧရာဝတီ အတွက်သာ ဖြစ်လာပါလိမ်.မည်

No comments:

Post a Comment