ပုဇွန်ခေါင်းအတွင်းမှ ထုတ်ယူထားသော ပုဇွန်ဦးနှောက်များ |
မြန်မာနိုင်ငံနေရာအတော်များများ
… ထိုမှ မြစ် ၊ ချောင်း ၊ ကန် ၊ ပင်လယ် စသည်တို.နှင်. ထိစပ်မှု များသော
ဒေသများတွင် မုန်.ဟင်းခါး ကို ပို၍ တမ်းတမ်းတတ စားသုံးတတ်ကြသည် ။ ဧရာဝတီတိုင်းအတွင်းတွင်
ဆိုလျှင်လည်း မိမိတို.မြို.အလိုက် သီးခြား ပုံစံဖြင်. ချက်ပြုတ်လေ.ရှိကြသည် ( ဥပမာ
ပုသိမ်မုန်.ဟင်းခါး ၊ မြောင်းမြ မုန်.ဟင်းခါး ၊ ဟင်္သာတ မုန်.ဟင်းခါး ၊
ဘိုကလေးမုန်.ဟင်းခါး ၊ ၀ါးခယ်မ
မုန်.ဟင်းခါးစသည်ဖြင်. …. ) ။ မြစ်ချောင်း ၊ အင်း ၊ အိုင် ပေါများသော ဒေသများက
ငါးကို အားပြုချက်ကြပြီး အတန်ငယ်လှမ်းသော ဒေသများကို ပဲကို ဖြည်.စွက်သုံးကြသည် ။
ထိုမုန်.ဟင်းခါးကို
တွဲဖက်စားသုံးသော အကြော်ဆိုလျှင်လည်း ပုံမှန်အားဖြင်. ဘူးသီးကြော် ၊ ပဲကြော် ၊
ကြက်သွန်ကြော် ၊ ဘဲ ဥ စသည်တို.ဖြင်.စားသုံးလေ.ရှိပြီး ဒေသအလိုက် အချို.က
မုန်.ဟင်းခါးထဲ ပန်းဂေါ်ဖီ ထည်.စားခြင်းမျိုး ၊ ရှမ်းနံနံ ၊ ပဲသီး ၊ ပူစီနံ စသည်တို.ထည်.စားသုံးခြင်းမျိုး
ရှိကြသည် ။ မြို.လေးတွင်မူ ဖြည်.စွက်အနေဖြင်. နံနံပင် ၊ ညှပ်ခေါက်ဆွဲဆိုလျှင်
ကြက်သွန်စိမ်း တို.ကိုသာ ထည်.စားလေ.ရှိပြီး ထူးထူးဆန်းဆန်းအနေဖြင်. ဟိုးးးယခင်က
ငါးသလောက်ဥကြော်( လက် ၃လုံးခန်.အမြောင်းကို ကြော်ပြီးအတုံးလိုက်ပိုင်းရောင်းခြင်းဖြစ်သည်
) ကို ထည်.သွင်းစားသုံးလေ.ရှိသော်လည်း ယခုကာလ ငါးသလောက်ဥ လက်နှစ်လုံးလောက်မရှိတရှိဈေးကပင်
တစ်ဆယ်သား ၁၈၀၀ ခန်.ရှိနေတော. မုန်.ဟင်းခါးနှင်. ငါးသလောက်ဥကြော် သေခန်းပြတ်
သလောက်ဖြစ်သွားသည် ။
မြို.လေးတွင်
ပုံမှန်စားနေကျ ဘူးသီးကြော် ၊ ပဲကပ်ကြော် ( မြို.လေးတွင် ပဲကြော် ကို ဤသို.ခေါ်သည်
) ၊ မန္တလေး ပဲကြော် ( အပျော. ၊ အကြွပ် ) ၊ ကြက်သွန်ကြော် ၊ ငါးဖယ်ကြော် ၊ ဘဲဥ (
အိုးဘဲဥ ဟူသော ဟင်းရည်စိမ်ဘဲဥမျိုးကို မြို.လေးတွင် ယခင်ကတော. တွင်တွင်ကျယ်ကျယ်
သုံးလေ.မရှိ ) ပြုတ် ၊ ဘဲသွေး ၊ ပုဇွန်ကြော် တို.အပြင် ပုဇွန်အသားကြော် ( အလျဉ်းသင်.ချိန်တွင်
သီးခြားဖော်ပြပါမည် ) ၊ ပုဇွန်ဦးနှောက်ကြော် စသည်တို.ကို
ထူးထူးခြားခြားစားသုံးလေ.ရှိသည် ။
အောက်ဖက်ရှိ ပုဇါန်မှာ ခေါင်းအတွင်း -ျီး သာပါပြီး အပေါ်ဘက်ရှိ ပုဇွန်တွင်မူ အစိမ်းရောင်ဦးနှောက်ခဲများ ပါရှိသည် |
ထိုအနက်မှ
ပုဇွန်ဦးနှောက်ကြော်ကတော. မြို.လေး၏ အထူးစားသောက်ဖွယ် ၊ အခြားသော မြို.သူ/သား
များနှင်. အငြင်းအခုန် အလုပ်ရဆုံး ကိစ္စ တစ်ခုဖြစ်သည် ။ တစ်ခုရှိသည်က ဤအကြော်ကို
မိုးကာလ ၊ ပုဇွန်ဥ ဥသော ရာသီမျိုးတွင်သာ ရတတ်သည်ကတော. ခြွင်းချက် တစ်ခု ဖြစ်သည် ။
ပုံမှန်အားဖြင်. ပုဇွန်ဦးခေါင်းအတွင်း အမဲရောင် (သို.) ကော်ဖီရင်.ရောင် -ျီး
သာပါတတ်ပြီး ထိုရာသီတွင်မူ အစိမ်းရောင် တွင် အနက်ရောင်အစက်အပြောက်များ ပါသော
အခဲလေးပါတတ်ပြီး (-ျီး ကသတ်သတ်ဖြစ်သည် ) ထိုအရာကို ပုဇွန်ဦးနှောက်အဖြစ်သတ်မှတ်ကြခြင်းဖြစ်သည်
။ ဒါကလည်းဟုတ်သည် ။ ဦးခေါင်းအတွင်း ဤသို.သော အရာမျိုးကို ဦးနှောက်ဟုမခေါ်လျှင်
မည်သည်.အမည် တပ်ရမည်နည်း ။ အချို.၏ အယူအဆကတော. ပုဇွန်ဥ ဥချိန်တွင် ဟိုမုန်းအပြောင်းအလဲကြောင်. (သို.)
အပြောင်းအလဲအတွက် ပေါ်ထွက်ဖြစ်တည်လာသော အရာတစ်ခုဟုလည်းဆိုကြသည် ။
ပုဇွန်ဦးနှောက်ကြော်ပြုလုပ်ရာတွင်
ပုဇွန်ဦးနှောက်ပါသော ပုဇွန်ကိုရွေးချယ်ဝယ်ယူရသည် ( ဆိုင်များတွင် ဦးနှောက်ပါသော
ပုဇွန် - ဥမ ပုဇွန်များဟုလည်းခေါ်သည် ) ။ ထိုပုဇွန်ဦးခေါင်းအတွင်းမှ ဦးနှောက်ခဲများကို
ထုတ်ယူ စုဆောင်းပြီး ဘဲဥအနှစ်ဖြင်.ရောပြီးကြေသွားသည်အထိမွှေ၇သည် ။ ဘဲဥအနှစ်ဖြင်.ရောရခြင်းမှာ
အရောင်လှစေရန်လည်းကောင်း ၊ အဆိမ်.ဓါတ် ပိုပြည်.စေရန်လည်းကောင်း ၊ ကြော်လျှင် အဆင်ပြေစေ၇န်အတွက်လည်းကောင်းဖြစ်သည်
။ များသောအားဖြင်. ခပ်ပါးပါး အပြန်.ကြီးကြီး ကြော်လေ.ရှိကြသည် ။ အရည်အသွေးပိုင်းတွင်မူ
ရောနှောပစ္စည်းရာခိုင်နှုံး ၊ မိမိတို.ဆိုင်အမည် တန်ဖိုးထားမှု ၊ စားသုံးသူအပေါ်စေတနာ
စသည်တို.အလိုက် ကွာခြားမှုတော. ရှိတတ်သည် ။
မြို.လေးရှိ မုန်.ဟင်းခါးဆိုင်တစ်ခု၏ အကြော်စုံဗန်းအတွင်းမှ ပုဇွန်ဦးနှောက် ကြော် ( ညာဘက်မှ အ၀ါရင်.ရောင် ) |
သူ.အရသာမှာအဆိမ်.ကိုသာ
အဓိကထားစားရခြင်းဖြစ်ပြီး သဘာဝအရောင်မှာ ဘဲဥနှစ်ရောင်ဖျော.ဖျော.မျိုးသာဖြစ်သည် ။ အကယ်၍များ ၀ါးခယ်မသို.
မိုးဦးရာသီကာလ ရောက်ခဲ့လျှင်တော. ၀ါးခယ်မ မုန်.ဟင်းခါးနှင်. ပုဇွန်ဦးနှောက်ကြော်
တွဲဖက်စားသုံးကြည်.ပါဟု……………. ။
မန္တလေးပဲကြော် ၊ ပုဇွန်ဦးနှောက်ကြော် တို.ဖြင်. ပြင်ထားသော မုန်.တစ်ပွဲ |
ရှင်းလင်းစွာ
သိလိုပါလျှင် ပူးတွဲ Link များမှ ပုံများဖြင်. ယှဉ်တွဲဖတ်ရှု နိုင်ပါသည် ။
*ပုဇွန်ဦးနှောက်ကြော် ပြုလုပ်ပုံ
ဆက်စပ်ဖတ်ရှုရန်များ
* မြို.လေးနှင်. မုန်.ဟင်းခါး ယဉ်ကျေးမှု ( ၀ါးခယ်မ မုန်.ဟင်းခါး )
* မမေ.နိုင်စရာ ဒေသထွက်အစားအစာများနှင်. အမေ.ထမင်းစားပွဲ
No comments:
Post a Comment