Monday, April 15, 2013

လွမ်းမိပါသည် မြို.လေးရဲ. သက်ြန်ဆီ



* လမ်းမပေါ် ပိုက်ဆံများများတောင်း လူနဲနဲပဲတင်ပြီး အရှိန်ပြင်းပြင်း မောင်းသွားသော လိုင်းကားတစ်ချို. ......လေက ရေငွေ.ပါနေသောကြောင်. အေးယောင်ယောင် ထင်ရပေမယ်. ဒီဇယ်ဓါတ်ဆီ ကလပ်ပလိတ် ဘရိတ်ရှုး တို. လောင်ကျွမ်း ထိရှရာက ပေါ်လာတဲ့ အနံ.တစ်ချို.ပါဝင်နေတာကြောင်. စိတ်ထဲသိပ်တော.မသတီ..... ဝေါကနဲဖြတ်သွာသော ၀ီရိယလွန် သင်္ကြန်ကားတစ်ချို.ပေါ်က ဟေးကနဲ ဆိုလိုရင်းမဲ. အော်ဟစ်လိုက်သော အသံတို.က ဘာကိုရည်ရွယ်မှန်းမသိ....... ခပ်လှမ်းလှမ်းမဏ္ဍပ် တစ်ခုက ဘယ်သူ.ကို ဘာအညှိုးနဲ. မကျေနပ်စွာအသားကုန်ကျယ်ကျယ်လောင် လောင်ဖွင်.နေမှန်းမသိသော Electro Music တို.ကလည်း ဘယ်နေရာက ဘာကိုစခံစားရမယ်မှန်းမသိ....TV လိုင်းတွေကတော. သက်ြန်အင်တာဗျုးတွေ...ဒီနှစ်မှ ပေါ်လာတဲ့ ပိုက်ဆံပေး ပျော်မြူးရသော သင်္ကြန်ဖျော်ဖြေရေးဇုံအကြောင်း.ထပ်တလဲလဲလွှင်.နေသည်..ပြီးခဲ့သည်.နှစ်ပိုင်း များက စပေါ်လာသော ကန်တော်ကြီး သက်ြန်ဇုံအကြောင်းလဲ ပါသည်...နေပြည်တော် ..ရန်ကုန်..မန္တလေး သက်ြန်ပုံရိပ်များလည်း တိုက်ရိုက်လွှင်.နေသည်..မန္တလေးကတော. သူမြို.ပုံရိပ်အတွက် တူးပို.သံများဖြင်.မဏ္ဍပ်ပေါ်တွင် အနိုင်နိုင် ကျားကန်နေရသော်လည်း မဏ္ဍပ်အောက် ပုံရိပ်အားလုံးကတော. အခြားမြို.များကဲ့သို. အကျီမပါသော ရွှဲစိုပျော်မြူးနေကြသူုများ..မိမိကိုယ်ကို တီထွင်ဖန်တီးဝတ်ဆင်ခြယ်သ ထားသော မည်သည်. နာမည် တပ်ရမည်မသိသော ထုံးဖွဲ.မှုများ..တစ်အုပ်လုံးခုန်ပေါက်မြူးတူးပျော်ရွှင်နေကြသူများကတော. အတူတူပင်.... မြို.ပြ၏ လမ်းမများတွင်တော. ရေပက်ခံကားတို.များပြားသော်လည်း ရပ်ကွက်များတွင်တော. စက်ဘီးများ...ဆိုင်ကယ်များ..ဂါလီတစ်စီးပေါ် မိသားစုလိုက်ထိုင်ပြီး ရပ်ကွက်တွင်းလည်ပတ်နေသူများ.....အော် သက်ြန်တဲ့ .... စိတ်ထဲ ထဲထဲဝင်ဝင်မရှိသလို......သက်ြန်ကသပ်သပ် ကိုယ်ကသပ်သပ်..................

 
***************သေချာပါသည် အကြောင်းကြောင်းကြောင်. ပြန်ခွင်.မရသော ကိုယ်.မြို.ကလူတွေအားလုံးလည်း မြို.သင်္ကြန်ကို ... မြို.ကို ..သူငယ်ချင်းတွေကို.. မိသားစုတွေကို ..ငယ်ဘ၀တွေကို ပြန်...လွမ်း....နေကြ...ပါလိမ်.မည်........ ***************

*ဟိုတုန်းကတော. မြို.မှာ သက်ြန်နား နီးလာတာ ဘာကိုကြည်.ရင်သိလဲဆို ပေါ်ပြူလာ တိပ်ခွေဆိုင် ရှိတဲ.လမ်းထဲမှာ သင်္ကြန် ရေပက်တဲ. ကော်ရုပ်တွေ ရေပြွတ်တွေ သက်ြန်ပန်းကုံးတွေ ကော်ရေပုံးရောင်စုံလေးတွေ ရောင်းနေပြီလားဆိုတာကိုကြည်.ရင်သိပါတယ် ဈေးထဲကဆိုင်အချို.မှာလည်း တင်ရောင်းပေမယ်. အဲဒီမှာက သက်ြန်ပစ္စည်းတွေပဲ သီးသန်.ရောင်းတာပါ အဲဒီတုန်းကတော. ကော်အပျော.နဲ.ထိပ်မှာ ရေထွက်ပေါက်လေးပါတဲ. အရုပ်ပေါင်းစုံက ကလေးတွေအကြိုက်ပါ ပြီးတော. ကော်ရေခွက်ကလေးတွေ ကော်ရေပုံးရောင်စုံလေးတွေ ဒါတွေပဲရောင်းကြတာပါ သေနတ်ပုံစံမျိုးစုံ ကတော. ယောက်င်္ကျားလေးတွေ ပိုကြိုက်ကြပါတယ် ဘာလို.လည်းဆိုတော.သူက သင်္ကြန်ပြီးသွားလည်း စစ်တိုက်တိုင်း ဆော.လို.ရတာကိုး ( အဲဒီတုန်းက ခုလို ပုံမှန်သေနတ်အရွယ်နီးပါးလောက်ထိ ရှိတဲ. ဖိုင်ဘာသေနတ်တွေက ရှိမှမရှိတာလေ..ပြီးတော. ခုခောတ်လို pressure သုံးပြီးပက်လို.ရတဲ.ရေသေနတ်အကြီးစားတွေ ဆိုတာလည်းလုံးဝမရှိပါဘူး)....အဲဒီမှာလည်းပြဿနာက ကလေးတွေက အဲဒီမှာသွားကြည်. လူကြီးတွေကိုပူဆာ တတ်နိုင်သူတွေကချက်ခြင်းဝယ်ပေး မတတ်နိုင်တဲ့မိဘတွေက နေ.ရွှေ. ညရွှေ.လုပ် ...ရသွားသူတွေက သက်ြန်မကျခင်တည်းက ခပ်ကြွကြွ ဟန်တပြင်ပြင် ....မရသေးသူတွေက အတင်းပူဆာ...နားအေးပြီးရောဆိုတဲ့မိဘနဲ. တိုးတဲ့ခလေးတွေက အဆင်ပြေပေမယ်. မတတ်နိုင်ပါဘူးဆိုတာကို နားမလည်ရကောင်းလားဆိုပြီး အရိုက်ခံရလို. မျက်ရည်တို.လို.တွဲလောင်းဖြစ်တဲ့ကလေးကဖြစ်...တကယ်တော. ဒါလဲ သရုပ်မှန် ပန်းချီကားတစ်ချပ်ပါပဲ


* မြို.မှာ အရင်တုန်းက သက်ြန် ဆို တစ်ခြားသွားလည်တာထက် ကိုယ်.မြို.မှာ ကိုယ်ပျော်ကြတာက များပါတယ် ဒါပေမယ်.အဲ့ဒီလိုရက်ပိုင်းမှာ တစ်ခြားက လာလည်သူတွေတော. ရှိတတ်ပါတယ် အထုးသဖြင်. လာလည်တဲ.သူက မိန်းကလေးဖြစ်ပြီး လှတပတလေးဆိုလို.ကတော. တိုးတိတ်စွာ တိုက်ရိုက်အလျှင်အမြန် သတင်းပို.ခြင်းစနစ်နဲ. ပတ်ဝန်းကျင်ကတော်တော်များများ သိသွားကြပါပြီ..များသောအားဖြင်.က မြို.ကိုအလည်လာရင် အိမ်ရှင်တွေက မနက်ဈေးထဲခေါ်သွားပြီး မုန်.ဟငးခါးလိုက် ကျွေးလေ.ရှိပါတယ် ကိုယ်.မြို.ကမဟုတ်ရင် အားလုံးသိကြပါတယ် အဲဒီတော.သက်ြန်မကျခင် မျက်လုံးတွေနဲ.အရင်ပစ် သက်ြန်ရောက်ရင်တော. ရေလောင်းဖို.အကွက်ချောင်း အဆင်ပြေ၇င်မိတ်ဖွဲ.ဖို.လုပ်...ဒါလည်း သက်ြန်အတွက် အလုပ်တစ်လုပ်ပဲလေ


* အရွယ်ရောက်ပြီးသား ယောက်ကျားလေး..မိန်းကလေးတွေကတော. သူငယ်ချင်းအိမ်တစ်ခုခုမှာ စုပြီးမုန်.လုပ်စား ဒါမှမဟုတ် ထမင်းချက်စား အပြင်ခဏတစ်ဖြုတ်ထွက်လည်... ခုမှဇာတ်လမ်းစဖို.ကြိုးစား သူတွေကလည်း ဘေးက လှော်တက်တွေအားကိုးနဲ. ကလိတိတိ ငြိတိတိ လုံးဝကြည်.မရသူတွေကလည်း စိတ်တွေဆိုး သူငယ်ချင်းတွေပေါ် စိတ်ကောက်လိုကောက် တစ်ချို.ကတော. တကယ်.အဖြူရောင်စစ် စစ် တစ်ယောက်နဲ.တစ်ယောက် စကြ နောက်ကြ ပြောင်ကြ တစ်ချို.ဆို မျက်ရည်ထွက်လောက်အောငိထိပေါ. ဒါပေမယ်. စိတ်ဆိုးလည်းခဏပါပဲ သက်ြန်ရေသည် ဒေါသကိုအလျှင်အမြန်ပြေငြိမ်းစေသည်တဲ့

*ကလေးတွေကတော. ၇ှင်းပါတယ် လူကြီးတွေကို ပူဆာ လူကြိးတွေကလည်း ကိုယ်.အိမ်ရှေ.မှာ အုန်းလက်အစိမ်းတွေခုတ် မဏ္ဍပ်အသေးလေးထိုး တိုင်ကီ၂လုံးလောက်ချ ရေအပြည်.ထည်. လာသမျှပက်တော.တာပါပဲ အနားမှာထိန်းပေးမယ်.လူရှိရင်တော.တော်ရဲ. မရှိလို.ကတော. သူ.စိတ်ထဲ ထင်သမျှ ပက်တော.တာပါပဲ လူကြီး ဥပုသ်သည် ကိုယ်ဝန်ဆောင် ဒါတွေကို ရှောင်စရာလို.လည်းသူမထင်ပါဘူး အဲ..ဒါပေမယ်. ဟိုတုန်းကတော.၇ှိတယ် ခုလည်းရှိမယ်ထင်ပါတယ် ကျောကုန်းမှာ လွယ်အိတ်ကိုခေါက်..ဒါမှမဟုတ်ကျောပိုးအိပ်အသေးထဲ ပလတ်စတစ်ပုံးထည်. ရေပြွတ်နဲ.ဆက်ပြီး မတော်တရော် မျက်မှန်တွေတပ် သူတို.ကိုယ်သူတို.တော.ဟုတ်ဟုတ်ဟပ်ဟပ်ပေါ. အဲဒီလိုကလေးတပ်ပေါင်းစုချင်းရင်ဆိုင် တွေ.ရင်တော. ဟိုကပြွတ်နဲ.ထိုး ဒီကနို.ဆီခွက်တွေ ရေခွက်တွေနဲ. ခွက်စောင်းခုတ် နဲနဲတော.ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ကြတာပေါ.


*မြို.မှာက အရင်တုန်းက စက်ဘီးလောက်ပဲ ရှိတာဆိုတော. ကလေးကြီးတွေကတော. စက်ဘီးတွေနဲ. အုပ်လိုက်လျှောက်လည်ကြ ညောင်းရမှန်း ချမ်းရမှန်း နေပူမှန်းမသိ ပျော်စရာအတိဖြစ်နေတာကိုး.....အသိတွေမဏ္ဍပ်က စတုဒီသာနဲ့တိုးရင်ဝင်စား .... ဘာအိနြေ္ဒ သံပတ္တလားမှ စောင်.စည်းစရာမလိုဘူးလေ လွတ်လပ်ပါ.

* နဲနဲကြီးသွားရင်တော. ကိုယ်အိမ်ရှေ.ကိုယ်မဏ္ဍပ်ထိုး သူငယ်ချင်းအမျိုးမျိုးခေါ် အော်သံအကျယ်ကြီးထွက်တဲ. Box တွေချ ဒါပေမယ်. ခုလို ဘာညာလေးတမြမြတော. သိပ်မရှိကြပါဘူး

* အိမ်ထောင်သည် လူလတ်ပိုင်းတွေကတော. မိန်းမကလည်း အပြင်မထွက်စေချင် ကိုယ်ကလည်းစိတ်မချ မထူးဘူးကွဆိုပြီး လမ်းထဲကလူတွေစု စတုဒီသာကျွေးတာပဲကောင်းမယ်ဆိုပြီး ၀ယ်ခြမ်းလုပ်ကိုင် အော်ဟစ်ရင်း လူရင်းတွေခေါ်ခိုင်း ကျွေးဖို.၀ိုင်းတွေပြင်ဆင်ေ၇ွှရင်အေး မုန်.လက်ဆောင်း တစ်နေ.တစ်မျိုးပြောင်းတိုက်.......မုန်.လုံးရေပေါ် ကျွေးရင် ငရုတ်သီးကိုက်မိမှ အရှိုက်ထိတာကွဆိုပြီး ဘယ်လိုရှေးလူဆိုးတွေထွင်တဲ့အကြံ ဒါကလည်း သက်ြန်ဟန်တစ်မျိုးပါပဲ


* သက်ကြီးပိုင်းတွေကတော. သက်ြန်ရက် တရားစခန်းဝင်ဖို.ပြင်ကြ အချို.ကလည်း၇က်ရှည် အချို.ကလည်းရသလောက် .. သားသမီးတွေရဲ. သိတတ်မှုနဲ. တတ်နိုင်စွမ်းပေါ်လိုက်ပြီး အချို.ကတော. ချို..ချဉ်..ဖန်..ငန်စပ် ဗူးတွေအထပ်လိုက်နဲ.ပေါ. တစ်ချို.တော. ယောဂီအနွမ်းလေး တစ်စုံ ခေါင်းလေးတုန် တုန် တုန်တုန်နဲ. တရားရိပ်သာဆီသွား ဒါသံသရာခရီးသွားတို.ရဲ. အကောင်းဆုံးလမ်းတစ်ကြောင်းပါပဲ

* အားလုံးကသင်္ကြန်မှာ သူ.အလုပ်တွေနဲ.သူ ကျရာအခန်းကိုကနေကြပေမယ်. အဆင်မပြေတာက Intermediate Level ၇တန်း ၈တန်း ၉တန်း အရွယ်လောက်တွေပါ. ကလေးလားဆိုတော.လည်း မဟုတ်တော.ဘူး လူကြိးလားဆိုတော.လည်း မဟုတ်သေးဘူးဆိုတာလို ကိုယ်.ကိုကိုယ် ဘယ်လိုနေရမှန်းမသိ ကလေးတွေနဲ. သွားရေဆော.နေရအောင်လဲ အမေတွေအကိုတွေ က.....လူကြီးလို သူများတွေဆော.တာထိုင်ကြည်.နေ၇အောင်ကလည်း....ပျင်းစရာ...ဖွံဖြိုးလာတဲ.ခန္ဓာကိုယ်နဲ. အသားကျအောင်စိတ်ကို လိုက်မထားတတ်သေးတော. အဆင်ကမပြေ ယောက်င်္ကျားလေးတွေကျတော.လည်း ၀တ်ရတာကအစအဆင်မပြေ အကိုတွေဟာယူဝတ်ချင် ကိုယ်နဲ.ကမတော် အရင်လိုခွက် တစ်လုံးနဲ. အိမ်ရှေ.ထိုင်ပက်လို.လည်း စိတ်ကမထိ ..ကောင်မလေးတွေကိုရေလိုက်လောင်းတာကိုပဲ ကိုယ်က လှလှပပလေးဝတ်ထားချင် စိတ်ကလည်းသိပ်မရဲ....အင်း ကိုးလိုးကန်.လန်.သက်ြန်ပေါ. သူတို.အတွက်တော. ..... မိန်းကလေးကျတော.လည်း တစ်ခါတစ်လေတော.လည်း ကိုယ်ကို ရေလာလောင်းစေချင်သူမျိုး ရှိတတ်တာပေါ. ခက်တာက ကိုယ်ကလာလောင်းပါလို.လည်းသွားပြောလို.မရ ကိုယ်ကသွားလောင်းလို.လည်းမဖြစ်....သွားအလောင်းခံ၇အောင်ကလည်းသိပ်တော.မဟုတ်....လမ်းကြုံသလိုလို သူတို.တွေဘက်သွား၇အောင်လည်းစိတ်ထဲမရဲ......အားးးးး ဘာသက်ြန်မှန်းမသိပါဘူး


*ခုကတော. ဖြစ်နိုင်ရင် သက်ြန်ရက်လေးမှာအိမ်ပြန်မိသားစုစုံစုံညီညီလေးနဲ. စားချင်တာလေးတွေဝယ်ချက်စား.... နေ.လည်ဘက် မုန်.တစ်မျိုးမဟုတ် တစ်မျိုးလုပ် သူငယ်ချင်းတွေ အိမ်မှာစုခေါ် ပျော်စရာလေးတွေပြန်ပြော...ဟိုနေ.က..သိပ်မကြာခင်က... ဟိုတုန်းက...ဟိုးးးးးးးးးးးးးးးးးးးးးး တုန်းကပျော်စရာ..လွမ်းစရာ.သတိရစရာ..အမှတ်တရ.အကြောင်းအရာလေးတွေပြန်ပြော..သူများတွေရေဆော.တာ တစ်နေရာလေးကထိုင်ကြည်...သင်္ကြန်ဆိုတဲ. အရသာလေးက်ုအေးချမ်းစွာ ဖြတ်သန်းကြည်.ချင်လိုက်တာ...............ဒါ ပေ မယ်..........................................

ပြီးခဲ့သည်.နှစ် သက်ြန်က SS Avenue of WKA တွင်ရေးသားခဲ့သည်ကို အနည်းငယ်ပြင်ဆင် ဖော်ပြပါသည်

No comments:

Post a Comment