Friday, April 19, 2013
မြို.လေးရဲ. သက်ြန် နှင်. Snap Shot to 2013 Water Festival
မြန်မာသက္ကရာဇ် ၁၃၇၄ မှ ၁၃၇၅
သာသနာတော်သက္ကရာဇ် ၂၅၅၆ မှ ၂၅၅၇ သို.ကူးပြောင်းစေခဲ့သောသက်ြန်ကတော. ပြီးဆုံးသွားခဲ့ပြီဖြစ်သည်
ယခုနှစ် မြို.လေး၏ သင်္ကြန်သည်လည်း အေးချမ်းစွာပြီးဆုံးသွားခဲ့ပါပြီ
ရေပက်ချိန် ...သင်္ကြန်လည်ချိန် ခိုက်ရန်ဖြစ်ပွားခြင်း ..ထိခိုက်ဒါဏ်ရာရခြင်း မရှိပဲ အောင်မြင် ပျော်ရွှင်စွာ ရေသဘင်ပွဲ ဆင်နွဲနိုင်ခဲ့ကြသည်
ယခုနှစ်တွင် ဗဟို မဏ္ဍပ် လုပ်ဖြစ်မည် မလုပ်ဖြစ်မည်ကို အချိန်နီးမှ သိရှိကြရပြီး ယခင်တာဝန်ခံ လုပ်ဆောင်နေမြဲဖြစ်သော U-45 Group က ဒီနှစ် ခရ/ီးထွက်နေကြသောကြောင်. မြို.နယ်မှသာ တာဝန်ယူပြင်ဆင်ခဲ့ကြသည်ဟု သိရပါသည်...ဖျော်ဖြေရေး အတွက်မူ ယခင်တာဝန်ယူပေးနေသူကသာ ရန်ကုန်မှ အဖွဲ.ကို ဆက်သွယ်ခေါ်ယူပေးခဲ့ပြီး ညီတော်..နောင်တော်များ သဘောကျ ဖျော်ဖြေပေးသွားခဲ့ကြသည်
အကအဖွဲ.များအနေဖြင်. ရပ်ကွက် ၁၄ ခု -အထက၁ -ထွေအုပ် စသည်ဖြင်. ယိမ်းအဖွဲ. ၁၆ ဖွဲ. ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အတက်နေ.ည ဆုပေးပွဲတွင်မူ ပထမဆုကို ရွာသစ်ယိမ်းအဖွဲ. ..ဒုတိယဆုကို သံကြိုးတိုင် ယိမ်းအဖွဲ. ..တတိယ ဆုကို အထက ၁ နှင်. ရေကျော်ယိမ်းအဖွဲ. တို.က ပူးတွဲ ရရှိသွားခဲ့ပါသည်
ဗဟိုမဏ္ဍပ်ဖွင်.ပွဲကိုမူ အကြိုနေ. ညနေ ၆နာရီက ကျင်းပခဲ့ပြီး ကမ်းနားလမ်းတစ်လျှောက် ဗဟိုမဏ္ဍပ်မှ တရားရုံး သဲသောင်အထိ အထူးစည်ကားခဲ့သည်...ရဲစခန်းရှေ. ..ဆက်သွယ်ရေးရှေ. ..ကြံ.ခိုင်ရေး ရှေ.တို.တွင် ပိုက်တပ် မဏ္ဍပ်ငယ်များ ထိုးထားပြီး ဆေးရုံလမ်း အေးမောင်ကဖီး နားတွင်ပါ ရေပိုက်ငယ်တပ် မဏ္ဍပ် ထိုး၍ ဆော.ကစားခဲ့ကြသည်...ဗဟိုမဏ္ဍပ် ဘက်ကို ယာဉ်အသွားအလာ လုံးဝပိတ်ထားသဖြင်. လွတ်လပ်ပျော်ရွှင်စွာ ရေကစားနိုင်ခဲ့ကြသည်
ယခုနှစ်တွင် ရန်ကုန်မှ ပြန်လာကြသော ဇာတိဖွားများ သိသိသာသာ များပြားခဲ့သလို ပါလာသော ကားများလည်း များပြားခဲ့ပြီး ထိုကားများဖြင်. ရေပက်ခံထွက်သော ဓလေ.ကတော. ယခုနှစ်မှ သိသိသာသာ စလာသည်ဟု ပြောရမည်ဖြစ်သည်...မြို.တွင် ဆိုင်ကယ်များကလည်း သိသိသာသာကို များပြားလာခဲ့ပြီး ယခုသင်္ကြန်တွင် ဆိုင်ကယ်များလည်း ရေပက်ခံထွက်ခဲ့ကြသည်...မြို.၏ လမ်းကျဉ်းများထက် ကား..ဆိုင်ကယ်..စက်ဘီး..ဆိုက်ကား..များပြည်.နှက်နေကြသော်လည်း သက်ြန်တွင်း ထိ..ခိုက်..ဒါဏ်ရာရ မှုမရှိခဲ့ခြင်းက မြို.သူ/မြို.သားများ၏ တစ်ဦးနှင်. တစ်ဦး နားလည်  ခွင်.လွှတ် နိုင်ကြခြင်း၏ မြင်သာသော မှတ်တိုင် တစ်ခုဖြစ်ခဲ့သည်
Photo by Aung Khine Myo
 မြို.လေး၏ ကိုယ်ပိုင်ချောင်းသာ ဟုခေါ်ကြသော တရားရုံးရှေ. သောင်ပြင်တွင်ဟိုးယခင်သေပျောက်မှုအချို.ရှိခဲ့သဖြင်. ယမန်နှစ်က ရေဆင်းကစားခွင်. ပိတ်ပင်ထားခဲ့သော်လည်း ယခုနှစ်တော. လွတ်လပ်စွာပျော်ရွှင်ခွင်.ပေးထားခဲ့သည်...သို.သော် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိပဲ ပျော်ရွှင်ဖွယ် အတိဖြစ်ခဲ့ကြရသည်
စတုဒိသာ မဏ္ဍပ်များအနေဖြင်.တော. အေးမောင်ကဖီးမှ မုန်.လုံးရေပေါ် တစ်တင်းခွဲ ရွှေရင်အေး တစ်တင်း ဒါနပြုခဲ့သလို SYG လူငယ်များ၏ ရီဝေေ၀မဏ္ဍပ်မှလည်း က်ြပဲ ထမင်းဖြင်. ဒါနပြုခဲ့ကြသည်...သို.သော် အခြားမဏ္ဍပ်ငယ်များ အနေဖြင်.မူ တတ်နိုင်သလောက် ဒါနပြုခဲ့ကြသည်များလည်း ရှိခဲ့ပါသည်...
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီင်္းအဆင်.မဏ္ဍပ်များကိုလည်း ခမ်းခမ်းနားနားဖွင်.လှစ်ခဲ့ကြသည်...ရန်ကုန်တိုင်းဒေသကြီး အတွင် မဏ္ဍပ်ကြီးငယ် ၁၅၀ကျော်ဆောက်လုပ်ခဲ့ပြီး သိသာလာသည်က ကန်.သတ်သက်ြန် ပုံစံမျိုးဖြစ်လာသည်..ဆိုလိုသည်က အင်းယားတစ်ဝိုက်..ကန်တော်ကြိးတစ်ဝိုက်...ဆူးလေ နှင်. ပတ်လည်တစ်ဝိုက် တို.ကိုအဓိက အားပြုနေခြင်းဖြစ်သည်..ထို.အပြင် ယခုနှစ် စတင်ပြုလုပ်သော မိုင်ဒါကွင်းရှိ ထာဝရသက်ြန် ၂၀၁၃ ...ယခင်နှစ်များက စတင်ခဲ့သည်. Grandroyal ၏ Planet သက်ြန် စသည်တို.က ယာဉ်ကြောကြပ်မှုများကို တစ်နည်း တစ်ဖုံတော.ပြေလျှော.စေခဲ့သည်...
အင်းယားကန် ပြည်လမ်းဘက်ခြမ်းရှိ IC မဏ္ဍပ်..စိုင်းစိုင်းမဏ္ဍပ် ...ကမ္ဘာအေး ဘုရားလမ်းဘက်ခြမ်းရှိ ငွေငန်းဖြူမဏ္ဍပ် နှင်. နာမည်ကြိးမဏ္ဍပ်အချို. ...ဆူးလေရှိမြို.တော်ဝန်မဏ္ဍပ်...မြို.တွင်းရှိ Company နှင်. ဒေသခံမဏ္ဍပ်အချို. တွင် လူများကားများပိတ်ဆို. ကြပ်ညပ်နေခဲ့ကြသည်....ရပ်ကွက်မဏ္ဍပ်များတွင်တော. သူ.အရပ်နှင်. သူ.ဇာတ်ပျော်မြူးနေခဲ့ကြသည်...သိသာတာတစ်ခုကတော. ရေပက်ခံထွက်သော ကားများတွင် အိမ်စီးကား အကောင်းများအသုံးပြုလာခြင်းဖြစ်သည်
ယခုနှစ် မှစတင်ကျင်းပသော ထာဝရသင်္ကြန် ၂၀၁၃ ကို မိုင်ဒါကွင်းတွင်ပြုလုပ်ရာ အကြိုနေ.တွင် လူသိပ်မသိကြသေးသော်လည်း တစ်ဖြေးဖြေး လူများလာပြီး အတက်နေ.ညတွင်တော. အစည်ကားဆုံးဖြစ်ခဲ့သည်...သီဆိုဖျော်ဖြေမှုတွင် အိမ်မက်ဆုံရာ တပ်ဖွဲ.၀င်များကိုသာ အသုံးပြုတင်ဆက်သွားခဲ့ပြီး အတက်နေ.ညတွင်မူ မေတ္တာဦးဆောင်သော သာဓုပါဗျာ သံချပ်အဖွဲ.က ခောတ်အခြေအနေတို.ကို ဖော်ပြ သံချပ်တိုင်သွားခဲ့ကြသည်..ကွင်းအတွင်း Game များတွင် သဘောကျအများဆုံးက နှင်းတုထုတ်စက်အောက် ကခုန် ဓါတ်ပုံရိုက်ကြခြင်းနှင်. အမြင်.ခုန်ခြင်းတို.ဖြစ်သည်....မိသားစုလိုက်လာရောက် ဆော.ကစားအနားယူ ကြသည်က များသည်
ကန်တော်ကြီးရှိ Grandroyal Planet Zone ကတော. ရေပက်ခံလိုသူ..ကခုန်ပျော်မြူးလိုသူများအတွက် ပိုအဆင်ပြေပုံရပြီး နာမည်ကျော်အဆိုတော်များအသုံးပြုဖျော်ဖြေသွားသည်...ထို.အပြင် ပြည်ပ ပညာရှင်များ၏ ကကွက်များကလည်း စိတ်ဝင်စားစရာဖြစ်ပြီး ဗိုက်သားလှုပ် ကချေသည် ကတော. အားလုံးသဘောကျချင်စရာဖြစ်နေသည်....ထို Zone ရှိ စိတ်ဝင်စားစရာ အကောင်းဆုံး Game မှာ စက်ကျွဲရိုင်း စီးနင်းရခြင်းဖြစ်သည်...နိုင်ငံခြားသား အမျိုးသား..အမျိုးသမီးအတော်များများလည်း ၀င်ရောက်ကခုန် ပါဝင်ဆင်နွဲခဲ့ကြသည်
မြို.တော်ဝန် မဏ္ဍပ်ကတော. ယခုနှစ် LED ဘုတ်များကို အားပြုပြီး Design သစ်ဖြင်. တင်ဆက်လာခဲ့သည်..သန်းနိုင်..စိုးပိုင်..နီနီခင်ဇော်..အေသင်ချိုဆွေတို.ဖျော်ဖြေခဲ့ကြသည်...မြို.တွင်း
မဏ္ဍပ်များကတော. စတုဒိသာ ပါတွဲ၍ ရေကစားရင်းကုသိုလ်ယူကြသည်..အချို.မဏ္ဍပ်များဆိုလျှင် ကြက်ဆီထမင်းအထိ ကျွေးမွေးဒါနပြုခဲ့ကြသည်....သင်္ကြန်မစခင် အခြေအနေတစ်ချို.နှင်. ယခုရက်ပိုင်းရာသီဥတုကြောင်. မဏ္ဍပ်များတွင် လက်မှတ်ဝယ်ယူကစားသူ ယခင်နှစ်များကထက် နည်းပါးခဲ့သလို အစပိုင်းရက်များတွင် ရေပက်ခံထွက်သူများ နည်းပါးသလိုရှိခဲ့သော်လည်း နောက်ပိုင်းရက်များတွင်တော. ပုံမှန်အတိုင်း စည်ကားခဲ့ပါသည်
နေပြည်တော် မဏ္ဍပ်များကတော. ယခင်အတိုင်းစည်ကားခဲ့ပြီး နေပြည်တော် FC ကတော. တစ်ခုတည်းသော MNL Club မဏ္ဍပ်အဖြစ် ဆင်နွဲခဲ့သည်....တစ်နိုင်င့လုံးအနှံ. ကျင်းပခဲ့သော ရေသဘင်တွင် ကလေးမြို.လိုမျိုးကအစ စည်ကားခဲ့ပါသည်
မန္တလေး ကတော. ထုံးစံအတိုင်းကျုံးပတ်လည် ကိုဗဟိုပြု ပြီးရေသဘင်ပွဲဆင်နွဲခဲ့ကြသည်...ဒေသဆိုင်ရာမဏ္ဍပ်နှင်. မြို.တော်ဝန်မဏ္ဍပ်တို.တွင်တော. မြန်မာဟန် တင်ဆက်မှုများဖြင်.သာ မန္တလေး ပီသအောင် ဖျော်ဖြေသွားခဲ့သည်...Rဇာနည်...မေဆွိ..ဘိုဘိုဟန်..ထွန်းအိန္ဒြာဗို..သန်းမြတ်စိုးစသူတို. ပါဝင်ဖျော်ဖြေခဲ့ကြသည်
 ထို.အပြင် ဦးပိန်တံတားအောက် တောင်သမန်သက်ြန် ကတော. ယခုတစ်လောနာမည်ကြီးလာသော ညောင်ချောင်းသာနှင်.အပြိုင်ပငိ....ရေခါးလောက်ရှိရေထဲ စားပွဲခုံချ ခင်းထိုင်ပြီး ဒေသထွက်စားသောက်စရာတို.ကို မြည်းစမ်းတို.ထိရခြင်းက အတူတူပင်ဖြစ်သည်.
..ပဲခူး ကိုးသိန်းကိုးသန်းချောင်း.....တာချီလိတ် ပုန်းထွန်ချောင်း..မယ်ပုတ်ချောင်းတို.တွင်လည်း သက်ြန်ရေကစားကြသူများ အထူးအကြိုက်တွေ. ပျော်မွေ.ခဲ့ကြသည်...ညောင်ချောင်းသာကတော. အစည်းကားဆုံးအခြေအနေဖြစ်ခဲ့ပြီး ချောင်းသာ တွင်လည်း နှစ်စဉ်တိုင်းကဲ့သို. အနားယူသူများပြည်.နှက်နေခဲ့ကာ တစ်ရက်ဆိုလျှင် ကားတန်းများ ပိတ်ဆို.ပြီး ဥတိုတွင် ၂နာရီခန်. ရပ်တန်.ထားခဲ့ကြရသည်ထိဖြစ်ခဲ့သည်..
သက်ြန်ရက်ဘုရားဖူးကားများလည်း မရပ်နားရလောက်အောင် ပို.ဆောင်ပေးနေခဲ့ကြရသည်
No comments:
Post a Comment