Thursday, April 11, 2013

သင်္ကြန် အိမ်ပြန်မယ် ဆိုရင်...


အကြောင်းကြောင်းကြောင်. နေရာစုံတွင် အခြေအနေစုံ ကျင်လည်နေကြရသူများသည် ဖြစ်နိုင်လျှင်တော. မိမိအိမ်.....မိမိမြို. ...မိမိသူငယ်ချင်း များဆီ ပြန်ချင်ကြသည်သာ.....
သို.သော် တော်ရာဆိုသော ခပ်ဆိုးဆိုး စကားလုံး၏ ထိန်းချုပ်မှု မှမကင်းလွတ်နိုင်ကြသူများအဖို.တော. အိမ်မက် တစ်ခုသာ

ယခင်က ရေလမ်းတစ်ခုသာ အားကိုးခဲ့ရသော မြို.လေးသည် ယခုတော. ကြည်းကြောင်းဆီ ၉၀%  ခန်. ပြုံ၍ အားကိုးနေကြရခြင်း ကလည်း ရှုတတ်လျှင်တော. မမြဲခြင်း တစ်ခုသာ .....မြို.လေးဆီ....အမေ.အိမ်ဆီ..သူငယ်ချင်းတို.ဆီ....ဘယ်လိုခေါင်းစဉ်တပ်တပ် ပြန်ခွင်.ရကြသူများက ပြုံးပျော် တက်ကြွနေသော်လည်း ဂိတ်အတွင်းပြည်.နေသူများ.....ဂိတ်ရှေ.လမ်းမထက် ကြပ်ညပ်နေသော လူများ....ခပ်ပြင်းပြင်းနေရောင်ခြည် စသည်တို.ကြောင်. လန်းတော.မလန်းနိုင်ကြ...


မြို.ကိုပြန်စရာ ကားဂိတ် များအနက် အောင်ချမ်းသာ ကားဂိတ်မှာတော. လူပုံထပ်နေပြီး ဧရာဝတီသား ကားဂိတ်တွင်တော. သူ.လူနှင်.သူ ထိုက်သင်.သလောက်တော.ရှိသည်....အသစ်ဝင်ပြေးဆွဲသော လိုင်းသစ်တစ်လိုင်းက ပြေးဆွဲခွင်.မကျမှီ စတင်ပြေးဆွဲမိ၍ ရပ်နားထားရသည်ဆိုလား...ပြောသံတော.ကြားရသည်....ထိုတစ်လိုင်းသာ ယခုလိုအချိန်မျိုး ထပ်တိုးပြေးဆွဲခွင်. ရနေပါလျှင်..........

ယခင်က အောင်ချမ်းသာကားဂိတ်က တစ်နေ.ပျှမ်းမျှ ၁၅ စီးနှင်. အစီး၂၀ ကြားပြေးဆွဲနေပြီး ယခုလူကြပ်သော ရက်များတွင် ၂၀ မှ ၂၅စီးကြား ပြေးဆွဲနေရသည်တဲ့...သို.သော် ကားတိုင်းလိုလို၏ ရပ်စီး လူစာရင်းက ၁၅ယောက်နှင်. အထက် ရှိနေတတ်သည်ဆိုတော. ...............
ထို.အပြင် ကိုယ်တွေ.ကြုံလိုက်သူ တစ်ဦးက ကြားလူတစ်ယောက်ကို လက်မှတ်တစ်စောင် ၅၀၀၀ ပေးဝယ်ခိုင်းလိုက်ရသည်ကို ကျေနပ်နေသည်....နေရာရရင်ပြီးရောပေါ.တဲ့ (မှတ်ချက်...မည်သူ က မည်သို. လုပ်ပေးနေသည်ကိုတော. လုံးဝမသိသလို သိလည်းဖြေရန်ကိစ္စမဟုတ်ပါ)
ကားများကို မနက်ဖြန်အထိသာ ပြေးဆွဲမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ.မှ ကားများပြန်လည်ထွက်ပါမည်တဲ့...မနက် ၅နာရီမှ ည (၇း၃၀ -၈း၀၀ )ထိတော.ရှိနေသည်...
ကိုယ်တိုင်အသေးစိပ်သိလိုသည်များရှိလျှင်တော. 
ရန်ကုန်ဖုန်း၀၉-၈၅၅၁၁၃၅..၀၉-၇၃၀၃၆၉၇၃...၁၂လမ်းဖုန်း ၀၁-၇၀၉၈၇၉ နဲ. ၀၁-၂၂၆၂၉၁  ၀ါးခယ်မ ဖုန်း ၀၄၂-၆၀၁၉၀..၀၉-၈၅၃၇၄၄၇ ကျုံမငေးဖုန်း ၀၄၂-၆၅၀၉၂ နဲ. ၀၉-၈၅၉၈၅၂၄ ရွှေလောင်းဖုန်း ၀၉-၄၉၇၄၂၀၉၉ တို.ဆီ ဆက်သွယ်မေးမြန်းလျှင်တော. ရနိုင်ကောင်းပါသည်.....


ဧရာဝတီသား ကားဂိတ်ကတော. ယခုလိုရက်များတွင် ၈စီးခန်.ပြေးဆွဲနေသည်တဲ့ ...သူတို.ကတော.အကြိုနေ.အထိ ပြေးမလိုလိုကြားရသည်....သေချာသည်ကတော. ဘွတ်ကင် လုံးဝမရ..လိုချင်လျှင် မနက်စောစော စောင်.ပြီးတန်းစီဝယ်ရန်ပင်...မနက် ၆နာရီခန်.မှ ည ၇း၃၀ ခန်.ထိပြေးဆွဲပေးနေခြင်းဖြစ်သည်.....တစ်ခုတော.ရှိသည် လိုအပ်ပါက 
ရန်ကုန် ၀၉-၄၃၀၇၀၈၁၈...၀၉-၈၆၂၈၅၃၀ ရွှေလောင်း ၀၉-၈၅၃၇၁၂၅ ၀ါးခယ်မ ၀၉-၈၅၃၇၀၈၁  စသော ဖုန်းနံပါတ်များဆီ မေးမြန်းလျှင်တော. အတိအကျ သိရမည်လားမသိ

မနှစ်ကတော.သက်ြန်တွင်း ရက်များတွင် ၀ါးခယ်မကိုအောက်ဆိုက် ကားများ ဒဂုံ-ဧရာ အဝေးပြေးဝင်းမှ ပြေးဆွဲပေးကြသည်....ရောက်လျှင် တက် စောင်.ပြီး လူပြည်.ထွက် တစ်ယောက် ၇၀၀၀ ထိယူတာတော.ကြားဖူးသည် ...ဒီနှစ်တော. ဘယ်လိုရှိမည်မသိ...


ဘယ်လိုပဲပြောပြော ပြန်သူများကပြန်ကြ  
လိုက်ပို.သူများက လိုက်ပို.ကြ
မပြန်နိုင်သူများက မကျေမနပ်ဖြစ်ကြ
ကားများပေါ်တွင်လည်း ကြပ်သူကကြပ်
ညပ်သူကညပ်
ခေါင်မိုးပေါ်ရောက်သူရောက်
အားလုံးကတော. အိမ်အပြန်ခရှီးမို. ထင်ပါရဲ.
သူတို.မျက်နှာမှာ......................................................

No comments:

Post a Comment