Friday, April 12, 2013

သက်ြန် အကြောင်း တစ်စေ.တစ်စောင်း

မြန်မာ.ရိုးရာ အမည်ခံ သက်ြန်ကတော. တစ်ဖြေးဖြေး စည်းမျဉ်း စည်းကမ်းများအပြင် ပြစ်ဒါဏ်များပါ ကြေငြာနေရသော အဆင်.သို.ရောက်လာနေပြီဆိုတော. .........................


 မြန်မာ့ရိုးရာသင်္ကြန်ရေ ကစားရာ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ၂၉၀/၂၉၄ အရ အရေးယူမည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ ၂၉၀ အရ ဒဏ် ငွေ ၂၀၀ ကျပ်၊ ပုဒ်မ ၂၉၄ အရ ထောင်ဒဏ်သုံးလဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေစာအုပ်တွင် ဖော်ပြပါရှိသည်။
သင်္ကြန်ရေပက် ကစားရာတွင် မြန်မာ အမျိုးသမီးများ ဝတ်စားဆင်ယင်မှုပိုင်းတွင် လွန်ကျူးလာသည် ကို တွေ့မြင်ရကြောင်း ဒေသခံအချို့က သုံးသပ်ပြောကြားသည်။

"အရင်နှစ်တွေ ကတည်းက လွန်လွန်ကျူးကျူး ဝတ်စားထားရင် ပြန်လဲခိုင်းတယ်။ ပြန်လဲခိုင်းလို့ မရရင် လက်မှတ်ခကို ပြန်အမ်းပေးလိုက်တယ်။ ဒီနှစ်လည်း အဲဒီလိုပဲ လုပ်မှာပါ" ဟု ဒိုမီနိုရေကစားမဏ္ဍပ် တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


သင်္ကြန်ကာလအတွင်း မြန်မာအမျိုးသမီးများ အနေနှင့် ခေတ်မီမီ လုံလုံ ခြုံခြုံ ဝတ်စားဆင်ယင် သင့်ကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသား တစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့အနေနဲ့တော့ စည်းကမ်းချက် ထုတ်ထားတာမျိုးတော့ မရှိပါဘူး။သိပ်ပြီး ဟော့ဟော့ရမ်းရမ်း မဖြစ်တာမျိုး ဆိုရင် ဝတ်လို့ရပါတယ်" ဟု Maritime ရေကစားမဏ္ဍပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
  
သင်္ကြန်ကာလ နီးကပ်လာပြီဖြစ် သဖြင့် အခပေး ရေကစားမဏ္ဍပ် အများဆုံး ရှိသည့် မန္တလေးကျုံးပတ်လည်တွင် ညဦးပိုင်းကာလ၌ မဏ္ဍပ်ချင်းအပြိုင်အဆိုင် ကြော်ငြာနေသည် ကိုလည်း တွေ့ရသည်။
"ကျွန်တော်တို့ ခုချိန်ထိတော့ ဘာစည်းကမ်းမှ မထုတ်ရသေးဘူး။ ဒါပေမဲ့ ကြိုက်တာဝတ်လို့ ရပါတယ်" ဟု Festival 9.9 ရေကစားမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။




 ယမန်နှစ်ကလွန်ကျွံသောဝတ်စားဆင်ယင်မှုကြောင်. နာမည်ထွက်ခဲ့ရသော မင်းသမီး တစ်ဦးကမူ ယခုနှစ်တွင် လုံလုံ ခြုံခြုံသာ ၀တ်ပါမည်ဟုပြောသံကြားလိုက်ရသည်...ရုပ်ရှင် အစည်းအရုံးကလည်း လောကသားများကို မေတ္တာရပ်ခံ ထားသည်ဟုတော. သိရသည်




 .သင်္ကြန်ကာလအတွင်း ပြီးခဲ့သည်.နှစ်က ကန်ပတ်လမ်း မဏ္ဍပ် တစ်ခု ဖျော်ဖြေမှုမျိုးကတော. ဘယ်လိုဥပဒေနှင်. ဘယ်သူ.ကို အရေးယူမည်ကိုစောင်.ကြည်.ရတော.မည်ဖြစ်သည်.....တကယ်က ကိုယ်.မဏ္ဍပ် စည်ကားစေရန် စားသောက်ဆိုင်မှ မိန်းကလေးများကို အခပေးခေါ်ယူဖျော်ဖြေစေသလို ငွေကြေးတစ်ခုတည်းသာ ကိုးကွယ်ရာ တပ်ထားသော မိန်းကလေးများကလည်း လူမြင်ကွင်း နေ.လည်ကောင် ၍သို.လုပ်ရဲခြင်းက မည်သူတို.ကသွန်သင်ထားခဲ့ကြမှန်းပင် တွေးလို.မရဖြစ်ရသည်....ဤမြင်ကွင်းများကို နိုင်ငံခြားသားတို.က ယဉ်ကျေးမှုထွန်းကားလှသော....သိမ်မွေ.သည်.နိုင်ငံ၏ ရိုးရာသက်ြန် ဟုပြောကြလျှင်.................

အခပေးမဏ္ဍပ်တွင် ရေကစားလိုသူများ အနေဖြင့် သင်္ကြန်လေးရက် ကာလပတ်လုံး နှစ်သောင်းကျပ်မှ ငါးသောင်းကျပ် အထိ ဈေးရှိ နေသည်....


 ရန်ကုန်သက်ြန်ကတော. မြို.တော်ဝန် မဏ္ဍပ်ပင်လျှင် ယခင်နှစ်များနှင်.မတူသော ခောတ်မှီဟူသော ခေါင်းစဉ်အောက်တွင် သိန်း၂၅၀ ခန်. အကုန်အကျခံ တည်ဆောက်လျှက်ရှိနေသည်..ယခုခောတ်တွင် မပါမဖြစ် LED Board များပါ အသုံးပြုထားသည်...

ရန်ကုန်မြို.တော်ဝန်မဏ္ဍပ် ယခင်ပြင်ဆင်ထားပုံ တစ်ခု
 ပြင်ပ မဏ္ဍပ်များတွင်မူ မဏ္ဍပ်ကြီးများ၌ Fix Camera ၂လုံး..Doom Camera၂လုံး....အလတ်များတွင်  
Fix Camera ၂လုံး..Doom Camera ၁လုံး တပ်ဆင်၍ ကျွမ်းကျင်သည်.CCTV ကင်မရာ စောင်.ကြည်.ရေးအဖွဲ. ထားရှိရမည်ဖြစ်ပြီး မှတ်တမ်းခွေများကို နေ.စဉ် အနီးဆုံးကွပ်ကဲရေးရုံးသို. Drawing ဖြင်. Position ပြရန် ည ၈နာရီ အပ်နှံရမည်ဖြစ်သည်...မဏ္ဍပ်ကြီးများတွင် လုံခြုံရေး ၀န်ထမ်း အနည်းဆုံး ၁၅ ဦး အလတ်များတွင် ၁၀ ဦးထားရှိရမည်....ကန်တော်ကြီးပတ်လမ်းရှိ Project X မဏ္ဍပ်ဆိုလျှင် လုံခြုံရေး အယောက် ၅၀ ထိအသုံးပြုထားသည်ဟုသိရသည်...

ထို.အပြငကြမ်းတမ်းပြီးရမ်းကားမှုကျူးလွန်လျှင်ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉(က)ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ ၅၀၀၀၀ ဖြစ်စေ၊ နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်သည် ဟုလည်းသိရသည်..
 

No comments:

Post a Comment