Friday, February 14, 2014

တစ်ဖြေးဖြေး မှေးမှိန်လာနေတဲ့ ဖယောင်းတစ်တိုင် (သို.) ဆရာမကြီး ဒေါ်မူမူ





ထိုနေ.က စာရေးကုန်း ထဲရောက်ပြီး ဘိုးမင်းခေါင်ဘုရား နောက်ဖက်လမ်းထဲရောက်ပြီးကာမှ ဆရာမအိမ်ကို ပြန်ရှာနေရသည် ။ နောက်မှ အိမ်ရှေ.မှာ ရပ်နေသော ဆရာမ၏သမီး ဖြစ်သူ..ဈေးကျောင်းမှာတည်းကိုက အတူုတက်ခဲ့ဖူးသည်. ၀င်.မာမာစိုး ကိုတွေ.မှပဲ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တော.သည် ။ တစ်ချိန်က တပည်.တပန်းများ စည်ကားဖူးသည်.အိမ် …. တစ်ချိန်က မိသားစု စုံစုံညီညီ တက်ကြွပျော်ရွှင် သံစဉ်အမျိုးမျိုးကွန်.မြူးနေသည်.အိမ် …ယခုတော.


အိမ်ကြီး၏ အလည် ၀င်ပေါက် နှင်. ခေါင်းရင်းပြတင်း တစ်ခုကြားက မ၀င်သာ ၀င်သာ ၀င်ရောက်နေသော အလင်းရောင်အောက် အိမ် အလယ် တည်.တည်.ခန်.တွင်တော. အမြဲလိုလို ပြင်ဆင်ထားပုံရသည်. အိပ်ရာတစ်ခု .. ဇန်န၀ါရီ လ ဖြစ်သလို အအေးပိုသည်.နှစ်မို. ၁၀နာရိကျော်နေသည်.တိုင် အအေးဓါတ်ကရှိနေဆဲဖြစ်ပြီး အိပ်ရာထဲတွင်တော. ခပ်ကွေးကွေး သဏ္ဍန်တစ်ခု

ငါသူ.ကို ဟိုးနောက်ဘက် အခန်းထဲမှာထားတာ အသက်ရှုကြပ်တယ်လို.ထင်တာနဲ. အိမ်ရှေ.မှာပဲ ထားလိုက်တော.တယ်…မာမီထအုံး … တပည်.တွေလာတယ်…မာမီ.ကိုစကားပြောချင်လို.တဲ့    လို.ပြောရင်း ခြင်ထောင်တင်…မိခင်ကိုသန်.ရှင်းရေး လုပ်ပေးနေသာ သူငယ်ချင်းက  အရင်က တော. ပြဿနာမရှိဘူးဟ ခုကတော. ငါရယ် မာမီရယ် ကျန်းမာရေးမကောင်းတဲ့ အကိုရယ်ပဲ ရှိတော.တယ်   လို.ပြောသံကြားတော. …..


ဆရာမကြီး ကိုကြည်.ရသည်က အချို.သော အရာများကို အသေအချာ မှတ်မိနေသေးသော်လည်း အချို.ကိုတော. မှတ်သားနိုင်ပုံမရတော. ။ အဖေ.နာမည်ကို ပြောပြတော. သူ.တပည်.မှန်းသိနေသလို ဘာလုပ်သည်ကိုလည်း မှတ်မိနေသော်လည်း ကိုယ်.နာမည်ကိုပြောတော. ၅မိနစ် တစ်ခါလောက်ပြန်မေးနေခဲ့သည် ။ သို.သော် သူ.မွေးသော ခုနှစ် နေ. ရက်ကိုမူ အင်္ဂလိပ်စာ ဆရာမပီပီ အသံထွက်ကောင်းကောင်းနှင်. 1929 Jan 25 ဟုပြောနေနိုင်တုန်း ။ 


ပြီးခဲ့သည်. ရက်ပိုင်းကပင် ဆရာမကြီး အသက် ၈၅ နှစ် ပြည်.ခဲ့သည် ။ သူတို.ဘာသာ ထုံးစံအရ ထိုနေ.က ဘုရားကျောင်းမှအဖွဲ.က အိမ်သို.ရောက်အောင်လာကြပြီး ဆုတောင်း ၊ ဓမ္မတေးများ ရွတ်ဆိုပေးခဲ့ကြသည် ။

သူက ဟာ  အမြဲ သန်.သန်.ရှင်းရှင်းနေတတ်တဲ့ အကျင်.ရှိတော. အမြဲရေပတ်တိုက် သနပ်ခါးလိမ်း ဆံပင်သန်.ရှင်းရေး လုပ် အဲ့ဒီသူ.မွေးနေ.ကဆို အရမ်းတက်ကြွနေတာ …ပြီးတော. သူမပြန်စေချင်ဘူး လာတဲ့သူတွေကို …ငါကလည်း အလုပ်အားလုံးတစ်ယောက်တည်း လုပ်နေရတာဆိုတော. တစ်ခါတစ်လေ မာမီနဲ. စကားထိုင်မပြောနေဖြစ်တာမျိုးတွေ ရှိတယ်လေ 

၂၀၁၂ ဆရာကန်တော.ပွဲနေ.က အိမ်မှ ကားဖြင်. ၊ ကားပေါ်မှ Wheel Cheel ပေါ် သူမ၏ တပည်.များက ချိပွေ.ရွှေ.ပြောင်းပေးနေခိုက်

 ဆေးဝါး နှင်. ကုသရေးအတွက်ကိုတော. ဒေါက်တာသက်ရှည် ဒေါက်တာဇော်ထွန်းစသည်တို.က အလျဉ်းသင်.သလို တာဝန်ယူပေးကြသည် ။ထို.အပြင် ကျန်သည်. ကိစ္စများကိုလည်း တပည်.ဟောင်းများက အတိုင်းအတာ တစ်ခုအထိ တာဝန်ယူပေးထားသည်ဟု သိရသည် ။ ဆရာမကြီး စွဲစွဲမြဲမြဲ သောက်သည်က Sprite …သူ.နားတွင်လည်း သောက်လက်စ ဗူး တစ်ခုရှိနေပြီး အခွံများလည်းတွေ.ရသည် ။ သူကရေတိုက်ရင် ခါးတယ်တဲ့ ..ထမင်းသာ မစားရင်နေမယ်..Sprite ကတော. အမြဲသောက်တယ်ဟ…ငါလည်း ချိန်ပြီးတော. တိုက်ရတာပေါ. တစ်ခါတစ်လေ ရေသောက် …တစ်ခါတစ်လေSprite သောက်ပေါ. ….. ကိုယ်တွေလို အရွယ်တောင် တစ်ခါတစ်လေ ထမင်း မစားချင် အချို အချဉ်လောက်သာ စားချင်စိတ် ရှိတတ်သည်မို. အသက် ၈၅ နှစ်ဆိုသော အရွယ်၏ ဤ ချဉ်ခြင်း တပ်မှုကား ဤမျှတော.ရှိပေမည် ၊ 


ဆရာမကြီး အလုပ်စ၀င်သည်က မြောင်းမြ သာသနာပြုကျောင်း ၊ ထိုမှ ၀ါးခယ်မ အထက ၁ သို.ရောက်လာပြီး ပင်စင်ယူသည်.၁၉၈၈-၈၉ ပညာသင်နှစ် ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကျောင်းတွင် တာဝန်ယူသင်ကြားစဉ်က မျက်နှာချြိုခင်း ၊ ကျောင်းသားများအား ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတတ်ခြင်း ၊ မြင်.မားသော အရပ်အမောင်းရှိပြီး အစဉ် သန်.ရှင်း သပ်ရပ်စွာ နေထိုင်တတ်ခြင်း ၊ အင်္ဂလိပ်အသံထွက် ကောင်းသလို စေတနာထားသင်ကြားတတ်ခြင်း ၊ ပျုငှာ ချိုသာစွာ ပြောလေ.ရှိခြင်းတို.ကြောင်. ကျောင်းသားတို.အတွက် နှစ်လိုဖွယ် ဆရာမတစ်ဦးဖြစ်ခဲ့သည်။

 သိပ်မကြာမှီ နှစ်များထိ လမ်းအနည်းငယ်လျှောက်နိုင်သေးသည် ။ ၂၀၁၂ ဦးဘိုကြီးကျောင်း ဆရာကန်တော.ပွဲအထိ သွားရောက်အကန်တော.ခံနိုင်သေးသော်လည်း ထိုနှစ် သြဂုတ်လ ခန်.မှစ ခါးနာလာရာက ခုတော. လုံးဝလမ်းမလျှောက်နိုင်တော. ။ ၂၀၁၂ ဒီဇင်ဘာ ကျောင်းကြီး ဆရာကန်တော.ပွဲတုန်းကပင်လျှင် ကားနှင်.သွားခေါ် ၊ Wheel Chair နှင်. ခန်းမအတွင်း တွန်းဝင် အခမ်းအနားမပြီးခင် မထိုင်နိုင်သောကြောင်. ပြန်ပို.ပေးခဲ့ရသည် ။

၂၀၁၂ ဒီဇင်ဘာ ဆရာကန်တော.ပွဲနေ.က သြ၀ါဒ စကားပြောကြားပေးနေခိုက်

 ကထိန်အကြောင်းနှင်. ဆရာကန်တော.ပွဲ အကြောင်းလေး ပြောကြည်.မိတော. ဆရာမ ကြီးက အေး ကောင်းတာပေါ. တပည်.တွေ နဲ.ရော လုပ်ဖော်ကိုင်ဖက်တွေနဲ.ပါ တွေ.၇တာပေါ. ဒိတိုင်းက တွေ.ဖို.မလွယ်ဘူး ဘယ်လောက်အထိတွေ.နိုင်မယ်ဆိုတာလည်းမသိဘူးကောင်းတယ်..အကုန်လုံး နှစ်တွေ စုလုပ်မယ်ဆိုတော. ကောင်းတာပေါ. အကုန်လုံးတွေ.၇တာပေါ. အများကြီးတွေ.၇တာပေါ. ဟု တိုတိုပဲပြောသည် ။ယခုအချိန်အထိ ဆရာမကြီး မျက်နှာက ချိုပြီး ကြည် နေသည် ။ ရင်တွင်း ဖြူစင်မှု ကမျက်နှာကို အရောင်ဟပ်နေသည် ။ အသက်အရွယ် ကျန်းမာရေးအရ နွမ်းနယ်နေသော်လည်း ကြည်လင်တုန်း


ပြန်ကာနီး ကန်တော.ကြတော. အေးအေး နောင်ကိုလည်း ဆိုက်ကားနဲ.တစ်စီးတိုက်သယ်လာပြီး ကန်တော.နိုင်ပါစေ ဟုတ်တယ်မလား များများအဆင်ပြေမှ များများကန်တော.နိုင်မှာပေါ. ဟုရယ်မောရင်း ဆုတောင်းပေးသည် ။ ဆရာမကြီး ရယ်မောနေပုံက အဖွားအို တစ်ဦးထက် ကလေးငယ်တစ်ဦးနှင်. ပိုတူနေသည် ။ ဆရာမကြီးဆီ ဖုန်းဆက်လိုသူ မေးမြန်းလိုသူတို.အဖို. ၀၉၃၆၁၃၇၅၁၁ သို.ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

ကျောင်းကြီးကနေ ဆရာမ ကြီး လျှောက်ပြန်လေ.ရှိတဲ့ ဘိုးမင်းခေါင်ဘုရား နောက်က လမ်းလေး

 အချို.သော အလင်းရောင် တို.သည် မူရင်းဖယောင်းတိုင် မှ လွန်စွာဝေးကွာသော အရပ်တို.တွင် တင်.တည်နေပြီး မူလတည်ရာတို.သို. စိတ်ပင်ပြန်မညွတ်နိုင်ကြ ၊အချို.ကတော. ကမ္ဘာလုံးဝန်းသီအိုရီ အရ မူရင်းနေရာတိုင် အလင်းရောင်ပြန်ကြသည် ။ အချို.သော အလင်းရောင်တို.ကား ပျော်ကျလာသော ဖယောင်းရည် တို. နှင်. ၀န်းကျင်တွင် အလင်းဖြန်.ကြက်ရင် ထိုဖယောင်းတိုင်တို.၏ နိဂုံးအတွက် ဖေးမပေးနေခဲ့ကြသည် ။ မည်သို.ဆိုစေ  ဖြန်.ကြက်လွမ်းခြုံပေးသမျှသော တန်ပြန်အလင်းရောင်တို.၏ ဖေးမမှုကို ပီတိအပြည်.ဖြင်. ခံယူရင်း တိုးဝင်ပျောက်ကွယ်ရမည်.အချိန်ဆီ တစ်ရွေ.ရွေ.သွားနေသာ ဖယောင်းတိုင် ကုန်လုလု တစ်ခုကား……………………………….

ဆက်စပ်ဖတ်ရှုနိုင်ရန် ....




No comments:

Post a Comment