Monday, March 12, 2018

မွှေး -- ဆိုသော မြို.







မြို့ဟာ သူ့ဝန်​သူထမ်းလို့
နံနက်​ချိန်​ခါ ​တေးသံသာနဲ့ နိုးထလာခဲ့တယ်​၊
ဘယ်​သူ ​လျှောက်​​လျှောက်​မ​လျှောက်​​လျှောက်
မနက်​​စော​စောလမ်းထ​လျှောက်​တဲ့မြို့၊
သူ့အ​ပေါ်ပုံချသမျှ အညစ်​အ​ကြေး​တွေကို အပြုံးမပျက်​ခံယူတတ်​တဲ့မြို့၊
စုလျားတစ်​ထည်​လို
ရစ်​ပတ်​ထားတဲ့မြစ်​နဲ့ ​ပေါင်းဖက်
အတွတ်​နဲ့ ​မွှေးတို့ကိုလည်း​မွေးဖွားခဲ့​သေးတဲ့မြို့၊
သူ့​ခြေ​ထောက်​ စစ်​စစ်​​တွေနဲ့ ဖြတ်​​လျောက်​ခဲ့တဲ့သမိုင်းဟာ
လက်​စစ်​စစ်​​တွေနဲ့​ရေးသလို
မရိုင်းခဲ့တဲ့မြို့၊
မြို့ပစ်​ချရာ​နေရာတိုင်းမှာ က​ဗျာတစ်​ပုဒ်​ဖြစ်​တည်​​စေတဲ့မြို့၊
အနုပညာနဲ့သ​န္ဓေတည်​တဲ့မြို့၊
ကြိုးတံတားကြီးကို ဂစ်​တာသံ​တွေနဲ့​စောင့်​​ရှောက်​တဲ့မြို့၊
ခေတ်​​ဟောင်းနဲ့​ခေတ်​သစ်​ကြား
ဗျာမများရ​အောင်​ ယဉ်​​ကျေးမှုဆက်​ထုံး​တွေ တည်​​ဆောက်​​နေတဲ့မြို့၊
မနက်​ခင်းရဲ့​ကောင်းကင်​မှာ
ပန်းရနံ့​တွေ​မွှေးထုံ​စေတဲ့မြို့၊
တို့​ခေတ်​​ရောက်​မှ မညံ့​စေချင်​တဲ့မြို့၊
မွှေးဆိုတဲ့မြို့။

နောင်​ယဉ်​ထက်

No comments:

Post a Comment