Monday, March 24, 2014

မြန်မာ. တပ်မတော် လေ ၏ တင်.ကားပျံများ (သို.) Mi 35

Mi 24
ဆိုဗီယက်တို့၏ Mi-24 ရဟတ်ယာဉ်များကို ၁၉၆၉ခုနှစ်မှ စတင်အသုံးပြုခဲ့ရာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ကမ္ဘာတိုက်ခိုက်ရေး ရဟတ်ယာဉ် သမိုင်းကြောင်းတွင် အရှည်လျားဆုံးနဲ့ ထုပ်လုပ်မူနှင့် သုံးစွဲသောနိုင်ငံ အရေအတွက် အများဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်လည်း ဖြစ်သည်။

ဗီယက်နမ်စစ်ပွဲအစက အမေရိကန်တပ်ဖွဲ့များသည် ခြေလျှင်တပ်ဖွဲ့များကို အနီးကပ် ပစ်ကူပေးရာတွင် တိုက်လေယာဉ်များ အသုံးပြုရာ ဖျက်စွမ်းအားကြီးမားသော်လည်း လုံးထွေးတိုက်ခိုက်နေသော ရင်ဆိုက် တိုက်ပွဲများတွင် ထိရောက်စွာ ပစ်ကူပေးနိုင်မူ အားနည်းသည်။ထို့ကြောင့် ရဟတ်ယာဉ်ချီစစ်ဆင်ရေးများတွင် အသုံးပြုနေသော UH-1(Bell-205)ရဟတ်ယာဉ်များကို လက်နက်တပ်ဆင်စေခြင်းဖြင့် ထိရောက်သော ပစ်ကူနှင့် ပစ်အားများကို ပေးစွမ်းနိုင်ခဲ့သည်။ထိုသည်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ သမိုင်းအစပင်ဖြစ်သည်။

သို့သော် UH-1ရဟတ်ယာဉ်များသည် တိုက်ခိုက်ရေးသီးသန့်မဟုတ်ပဲ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သာ ဖြစ်ခြင်းကြောင့် တိုက်ခိုက်ရေးသီးသန့်ဖြစ်ပြီး ရန်သူ၏ တန်ပြန်ပစ်ခတ်မှုကို အကာအကွယ်ပေးနိုင်သော ကျည်ကာစနစ်တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို စတင်တည်ဆောက်ခဲ့ရာ Bell AH-1 Cobra ရဟတ်ယာဉ် စတင်ပေါ်ပေါက်လာခဲ့သည်။


Bell AH 1 Cobera
၁၉၆၀ပြည့်နှစ်တွင် ဆိုဗီယက်ကြည်းတပ်မှ ခြေလျှင်တပ်ဖွဲ့များကို သယ်ဆောင်နိုင်ပြီး အနီးကပ်ပြစ်ကူပေးနိုင်သော ရဟတ်ယာဉ် တစ်မျိုးကို ထုပ်လုပ်ရန် အလိုရှိခဲ့သည်။စစ်မြေပြင်တွင် တိုက်ပွဲဝင် စစ်သည်များအတွက် လိုအပ်သော ပစ်ကူ အကာအကွယ်နှင့် တင့်ကားရန်မှ ကာကွယ်ရန် ရဟတ်ယာဉ် တစ်မျိုးကို Mil Moscow Helicopter Plant ကို တာဝန်ပေးအပ်ခဲ့သည်။Mil ရဟတ်ယာဉ် ထုပ်လုပ်ရေး ဒီဇိုင်းနာများက တိုက်ခိုက်ရေးရဟတ်ယာဉ်အတွက် အလတ်စားကိုယ်ထည်ရှိသော အရပ်ဖက်သုံး V-22 ရဟတ်ယာဉ်ကို အခြေခံကာ တည်ဆောက်ရန် ရွေးချယ်ခဲ့ကျသည်။ထိုတိုက်ခိုက်ရေး ရဟတ်ယာဉ်တွင် အနီးကပ် ပစ်ကူပေးရန် စက်အမြောက်နှင့် ရော့ကတ်ဒုံးများ တင့်ဖျက်လက်နက်များ တပ်ဆင်ထားပြီး စစ်သည်ငါးဦးနှင့်အထက် သယ်ဆောင်နိုင်ရန် တင်ဒါခေါ်ပေးခဲ့သည်။ ပထမဦးဆုံးသော စမ်းသပ်ပုံစံ ရဟတ်ယာဉ်မှာ စစ်သည် ၈ဦး တင်ဆောင်နိုင်ပြီး 9M 17 Phalanga တင့်ဖျက်ဒုံး နှစ်လုံးသယ်ဆောင်နိုင်သော Yellow 24ဟု အမည်ရသော ရဟတ်ယာဉ်ကို ၁၉၆၈ မေလ ၆ရက်နေ့တွင် စတင်ပျံသန်းခဲ့သည်။ထို့နောက် ၁၈လအကြာ ၁၉၇၀ခုနှစ်တွင် Mi-24ဖြစ်လာမည့် ဒီဇိုင်းကို အောင်မြင်စွာ ထုပ်လုပ်နိုင်ခဲ့သည်။ ထိုရဟတ်ယာဉ်တွင် အောက်သို့ ၁၂ဒီဂရီနှိမ့်ချထားသော တောင်ပံငယ်တစ်ခု တပ်ဆင်ထားပြီး ရော့ကတ်ဒုံးများကို တပ်ဆင်နိုင်သော နေရာနှစ်ခုနှင့် မူလ ကိုယ်ထည်တွင် တပ်ဆင်ခဲ့သော တင့်ဖျက်ဒုံးကို တောင်ပံထိပ်တွင် နှစ်လုံးတွဲ အဖြစ် ပြောင်းလဲ ချိတ်ဆွဲခဲ့သည်။ အနောက် ပန်ကာအား ညာမှ ဘယ်သို့ ပြောင်းလဲ တပ်ဆင်ခဲ့သည်။ဘီးခေါက်သိမ်းနိုင်သောကြောင့် မူလသာမန်ပျံနှုန်း 185km/hrမှ 200km/hr အထိ တိုးတက် ပျံသန်းလာနိုင်ခဲ့သည်။ ၁၂.၇မမ စက်အမြောက်အား ကိုယ်ထည်နဘေးမှ အရှေသို့ ပြောင်းလဲတပ်ဆင်ခဲ့သည်။ မူလ အင်ဂျင်တစ်လုံးမှ TV-3 117 တာဘိုရှက်ဖ် အင်ဂျင်နှစ်လုံးကို ပြောင်းလဲ တပ်ဆင်ခဲ့သည်။

Mi-24၏ ပထမဆုံးသော စစ်ဆင်ရေးမှာ အီသီယိုးပီးယားတပ်မတော်မှ ဆိုမာလီယာတပ်ဖွဲ့များ ကျုးကျော်မူကို ဟန့်တားသော Ogarden စစ်ပွဲဖြစ်သည်။အရှေတောင်အာရှတွင်လည်း ဗီယက်နမ်လေတပ်မှ ကမ္ဘောဒီးယားမှ ပိုပေါ့၏ ခမာနီတပ်ဖွဲ့များ ကျုးကျော်မူကို တိုက်ခိုက်ခဲ့သော စစ်ပွဲဖြစ်သည်။ထိုစစ်ပွဲတွင် ခမာနီများကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။


Mi 8
Mi-24၏ အထင်ရှားဆုံးသော စစ်ဆင်ရေးမှာ မူဂျာဟစ်သူပုန်များကို နှိမ်နင်းသော ဆိုဗီယက်-အာဖဂန်စစ်ပွဲဖြစ်သည်။ထိုစစ်ပွဲတွင် Mi-8နှင့် Mi-24 ရဟတ်ယာဉ်တို့သည် ဆိုဗီယက် ခြေလျှင် တပ်ဖွဲ့များကို ရွှေ့ပြောင်းကာ စစ်ဆင်စေနိုင်ခဲ့ပြီး Mi-24ရဟတ်ယာဉ်များဖြင့် ထိထိရောက်ရောက် ပစ်ကူပေးနိုင်ခဲ့သည်။ မူဂျာဟစ်များ၏ ပင်မစခန်းများကို ရဟတ်ယာဉ်မှ ပေါင်၅၅၀ဗုံးများသယ်ဆောင်ကာ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့သည်။ မူဂျာဟစ် သူပုန်များသည် အမေရိကန်အတွက် ဘိန်းဖြန့်ဖြူးပေးရာတွင် အကောင်းဆုံးသော သူပုန်များဖြစ်ရာ CIA မှ မူဂျာဟစ်သူပုန်များကို ပခုံးထမ်း တာတိုပစ် လေကြောင်းရန်ကာကွယ်ရေး Stingerဒုံးများ ထောက်ပံပေးအပ်ခဲ့သည်။ Mi-24ရဟတ်ယာဉ်၏ ပင်မကိုယ်ထည်သည် ၁၂.၇လေယာဉ်ပစ် စက်သေနတ်များဖြင့် ပစ်ခတ်လျှင်တောင် ကျည်ဆံဖောက်ထွင်းနိုင်မှု မရှိပေ။ ထို့ကြောင့် အပူငွေ့ရှာ ပခုံးထမ်းဒုံးများကို မူဂျာဟစ် သူပုန်များအား ပေးအပ်ခဲ့သည်။ Mi-24 ၏ အာဖဂန်စစ်ပွဲအတွင်းပထမဆုံးသော ပစ်ချခံရမူမှာ ၁၉၇၉ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် ပခုံးထမ်းဒုံးဖြင့် ပစ်ချခံခဲ့ရသည်။သို့သော် နောက်ပိုင်းတွင် ရဟတ်ယာဉ်အား အပူငွေ့ရှာ လက်နက်များ အန္တရယ်မှ ကင်းဝေးစေရန် Rader Warning Receiver(RWR) ဒုံးအချက်ပေးစနစ်နှင့် မီးကျဉ်ပစ်လွှတ်ပြီး ဒုံးအား လမ်းလွှဲသော စနစ် Flaresများ တပ်ဆင်လာခဲ့သလို အင်ဂျင်မှ ထွက်သော အပူကို လျော့ချပေးသော Heat Reduce Sheild(HRS)များ တပ်ဆင်ခဲ့သောအခါ Stinger ဒုံးများ အသက်မဲ့ခဲ့ရပါသည်။

Mi 28 
Mi-24ရဟတ်ယာဉ်ကို နေတိုးမှ လျို့ဝှက်အခေါ် Hind ဟု နာမည်ပေးထားပါသည်။ဆိုဗီယက်လေသူရဲများမှ ၁၂.၇စက်အမြောက်ကျဉ်များပါ ကာကွယ်နိုင်ပြီး ပစ်အားမှာ ခြေလျှင်တပ်ရင်း သုံးရင်းစာနီးပါးရှိသော ထိုရဟတ်ယာဉ်ကို တင့်ကားပျံများ (Flying Tank) ဟု ခေါ်ဝေါ်ခဲ့ကျသည်။မတွင်ကျယ်သော ချစ်စနိုးအမည်မှာ ရဟတ်ယာဉ်၏ဦးပိုင်းသည် မိချောင်း၏ ခေါင်းကဲ့သို့ ရှိသောကြောင့် မိချောင်း(Crocodile)ဟု ခေါ်ဆိုခဲ့သည်။

Mi-24၏အစောပိုင်းမျိုးကွဲများသည် ရဟတ်ယာဉ်၏ ရှေပိုင်းတွင် ၁၂.၇စက်အမြောက် တစ်လက်တပ်ဆင်ထားပြီး ကျဉ်တောင့်ရေ ၁၄၇၀တောင့် သယ်ဆောင်နိုင်သည်။Mi-24 VPနှင့် Mi-24VM တို့တွင် အသေတပ်ဆင်ထားသော GSh-23L ၁၂.၇မမ စက်အမြောက်နှစ်လက်တပ်ဆင်ကာ ကျဉ်၄၅၀တောင့် သယ်ဆောင်နိုင်သည်။တောင်ပံအတွင်း လက်နက်တပ်ဆင်နိုင်သော နေရာတွင် 500kg အလေးချိန်ရှိသော လက်နက်ကို သယ်ဆောင်နိုင်ပြီး တောင်ပံ၏ အပြင်လက်နက်တပ်ဆင်နိုင်သော နေရာတွင် 250kg အလေးချိန်ရှိ လက်နက်များ တပ်ဆင်နိုင်သည်။တောင်ပံအဖျားတွင် 9M-17 Phalanga တင့်ဖျက်ဒုံး တပ်ဆင်နိုင်သည်။

ပထမမျိုးဆက် Hind-A/B/C/D


Mi-24 ရဟတ်ယာဉ်ကို အကြမ်းဖျင်း မျိုးဆက် သုံးခု ခွဲခြားနိုင်ပါသည်။ပထမမျိုးကွဲမှာ Mi-24Aမှ Mi-24D အထိ သတ်မှတ်ထားပါသည်။ပထမမျိုးဆက် Mi-24AမှMi-24 HindCအထိ V-24ရဟတ်ယာဉ်ပုံဟောင်း အတိုင်းသာဖြစ်သည်။ Mi-24D မှ စတင်ကာ ရှေ့အနောက် တစ်ခုစီ ကွဲပြားသွားသော လေယာဉ် ပေါင်းမိုး(Canopy)နှင့် ပုံစံ အသစ်ဖြစ်ပေါ်လာသည်။ Flareများ ရန်သူမိတ်ဆွေ ခွဲခြားသော IFFစနစ်များ အင်ဂျင်လေဝင်ပေါက် ဖုန်ကာစနစ် Dust Shieldများ ပါဝင်လာသည်။ ပြောင်းလေးပေါက်ပါဝင်သော GSh-23 ၁၂.၇မမ စက်အမြောက်နှင့် ကျဉ် ၁၄၇၀တောင့် သယ်ဆောင်နိုင်သည်။ ၅၇မမ S-5ရော့ကတ်နှင့် ၂၄၀မမ C-24အကြီးစား ရော့ကတ်များ သယ်ဆောင်နိုင်ပါသည်။ ပေါင် ၂၅၀ဗုံးများနှင့် ပေါင် ၅၅၀ဗုံးများကိုလည်း သယ်ဆောင်နိုင်ပါသည်။ တင့်ဖျက်ဒုံးအဖြစ် 9M-17 Phalagan ဒုံး လေးလုံးသယ်ဆောင်နိုင်ပါတယ်။ ဒေသတွင်း Mi-24Dများကို အိန္နိယ ဗီယက်နမ် အင်ဒိုနီးရှားတို့မှ အသုံးပြုလျှက်ရှိပါတယ်။

ဒုတိယမျိုးဆက် Mi-24V Hind-Eနှင့် Mi-24P Hind-F

Mi 24 VP
ဒုတိယမျိုးဆက်တွင် ရဟတ်ယာဉ်၏ ကိုယ်ထည်တည်ဆောက်မူမှာ ပေါ့ပါးသော သတ္ထုစပ်ကိုယ်ထည်ကို အသုံးပြုထားသော်လည်း ကျဉ်ကာစနစ်ကို လျော့ချထားခြင်းမရှိပေ။ ပန်ကာ၏ သတ္တုစပ်စနစ်ကို ပြောင်းလဲထားသောကြောင့် လှုပ်ရှားစစ်ကစားမူ ပိုကောင်းမွန်လာပါသည်။ Mi-24Vတွင် GSh-23L ၁၂.၇မမ စက်အမြောက် နှစ်လက်ပူး အသုံးပြု၍ ကျဉ် ၄၅၀တောင့် ထည့်သွင်းထားပါတယ်။Mi-24Vရဟတ်ယာဉ်ရဲ့ စက်အမြောက်များဟာ လေသူရဲမှ ထိန်းချုပ် ရွေ့လျားနိုင်ခြင်းမရှိပဲ အသေတပ်ဆင်ထားသည် ။Mi-24Pရဟတ်ယာဉ်တွင် GSh-30 ၃၀မမ အကြီးစားစက်အမြောက် နှစ်လက်တွဲကို လေယာဉ်၏ကိုယ်ထည်နံဘေးတွင် တပ်ဆင်ထားသည်။၁၂.၇မမ စက်အမြောက်သည် သံချပ်ကာကားမိားနှင့် မြေပြင်တပ်ဖွဲ့များသာ ထိရောက်ပြီး တင့်ကားများကို ထိရောက်စွာ ပစ်ခတ်နိုင်မူမရှိပေ။ထို့အပြင် အခိုင်အမာခံကတုတ်များကို ၃၀မမ စက်အမြောက်ကသာ ဖောက်ထွင်းနိုင်သောကြောင့် ယခုကဲ့သို့ပြောင်းလဲ တပ်ဆင်ခဲ့ခြင်းဖြစ်သည်။Mi-24Pသည် ရုရှားကြည်းတပ်တပ်ဖွဲ့၏ အမာခံတိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်သည်။
လက်နက်တပ်ဆင်မူ အနေဖြင့် Mi-24V/Pများတွင် 57mm C-5ရော့ကတ်များ 80mm S-8ရော့ကတ်များ ပေါင် ၂၅၀နှင့် ၅၅၀ဗုံးများ နှင့် 9K114 Shturm တင့်ဖျက်ဒုံး လေးလုံးသယ်ဆောင်နိုင်ပြီး ၃၀မမကျဉ် ၇၅၀တောင့် သယ်ဆောင်နိုင်သည်။

တတိယမျိုးဆက် Mi-35Mနှင့် Mi-24PN

Mi 24 PN
Mi-24 မျိုးဆက်များထဲတွင် အဆင့်အမြင့်ဆုံးသော Mi-24 ဖြစ်သည့် Mi-24PN များကို ရုရှားလေတပ်သုံးအဖြစ် အသုံးပြုလျှက်ရှိသည်။ အပူငွေ့ရှာ ဒုံးအန္တရာယ်မှ ကာကွယ်ပေးသော Heat Reduce Shield များ တပ်ဆင်ထားသည်။ Mi-24Pကဲ့သို့ ၃၀မမ စက်အမြောက်များ တပ်ဆင်ထားသည်။ ယခင် Mi-24များမှာ ညစစ်ဆင်နိုင်မူ မရှိပဲ ယခု တတိယမျိုးဆက်များတွင် ညစစ်ဆင်နိုင်စွမ်းရှိလာသည်။ Mi-24PN တွင် TVလမ်းညွန်စနစ်များ FLIRဟုခေါ်သော အနီအောက်ရောင်ခြည်ရှာဖွေရေး စနစ်များ ပါဝင်ပါသည်။ Mi-35Mသည် ညစစ်ဆင်ရေးအတွက် ပိုမိုကောင်းမွန်စေရန် ရုရှားတိုက်လေယာဉ်များတွင် အသုံးပြုလေ့ရှိသော အလင်းသံလိုက်စက်ကွင်းနည်းပညာ Electro Optical Location System(OLS) များပြောင်းလဲ တပ်ဆင်ခြင်း၊ စစ်သည် ၈ယောက်အစား ၃ယောက်ကိုသာ တင်ဆောင်ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်စစ်စစ်ဖြစ်လာစေခြင်း ယခင် ၃၀မမ စက်မြောက်အစား ၁၂.၇မမ စက်အမြောက် တစ်လက်ထဲတပ်ဆင်ကာ လှုပ်ရှားစစ်ကစားမူနှင့် ရဟတ်ယာဉ်၏ အလေးချိန်ကို လျော့ချပေးခြင်း လက်နက်တပ်ဆင်နိုင်သောနေရာ ၆ခုအစား အပါချီကဲ့သို့ လက်နက်တပ်ဆင်နိုင်သော နေရာ ၄ခုသာထားရှိပြီး Unguided လက်နက်များထက် တိကျလမ်းညွန် လက်နက်များကို ပိုမို အသုံးပြုကာ ရဟတ်ယာဉ်အား multirole ဘက်စုံသုံးစနစ်ပိုမိုဆန်လာစေခြင်း ဘီအတင်အချမပြုလုပ်နိုင်သော အသေတပ်ဘီးများ ထားရှိခြင်းကြောင့် ဘီးချမရသည့် ပြသာနာအား လျော့ပါးစေခြင်း တို့ကို အဆင့်မြင့်တင်ထားသည်။ Mi-35M ၏ လေယာဉ်မောင်းခန်းကို ဖန်သားပြင် လေယာဉ်မောင်းခန်းစနစ်(Glass Cockpit)ကို မြင့် တင်ထားသည်။ အချို့သော Mi-24PN များသည် OLSစနစ်များ ပါဝင်ပါသည်။ Mi-35Mနှင့် Mi-24PN အချို့တွင် Igla ဝေဟင်ပစ် တာတိုဒုံးများ တပ်ဆင်နိုင်ပါသည်။ Mi-24PN တွင် ၃၀မမ စက်အမြောက်နှစ်လက်နှင့် ကျဉ်အတောင့် ၇၅၀,၅၇မမ S-5ရောကတ်ဒုံး, ၈၀မမ S-8ရောကတ်ဒုံး,ပေါင်၂၅၀နှင့် ပေါင်၅၅၀ဗုံးများ,9K114 Shturm တင့်ဖျက်ဒုံး လေးလုံးသယ်ဆောင်နိုင်ပါတယ်။Mi-35M တွင် တန်ပြန်အီလက်ထရောနစ်စနစ် (jamming system) GPS/INS လေကြောင်းလမ်းညွန်စနစ်များပါဝင်ပါသည်။

ဆိုဗီယက်(ရုရှား)နိုင်ငံသည် ပြည်ပသို့ တင်ပို့သော Mi-24Dများကို Mi-25အဖြစ်လည်းကောင်း Mi-24V/P များကို Mi-35V/Pများအဖြစ်လည်းကောင်း နာမည်ပြောင်းပြီး တင်ပို့လေ့ရှိသည်။

တပ်မတော်လေ နှင့် Mi-35PN

စစ်ရေးလေ.ကျင်.မှု တစ်ခုအတွင်း မြန်မာ.တပ်မတော် လေ၏ Mi 35
တပ်မတော်လေသည် အနီးကပ်ပစ်ကူပေးတာဝန်များ ယာဉ်တန်းအစောင့်လိုက် တာဝန်များ တင့်ဖျက်စစ်ဆင်ရေးများ ဆင်နွဲနိုင်ရန် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးကို ဝယ်ယူရန် ကြိုးပမ်းခဲ့သည်။ ယခင် Mi-2 အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် လက်နက်တပ်ဆင်ပစ်ခတ်နိုင်သော Mi-171V ရဟတ်ယာဉ်များရှိသော်လည်း Mi-2ရဟတ်ယာဉ်သည် လက်နက်တပ်ဆင်နိုင်မူ နည်းပါးခြင်း တင့်ဖျက်စစ်ဆင်ရေးများတွင် အသုံးမပြုနိုင်ခြင်းများ ရှိသလို Mi-171V သည်လည်း တိုက်ခိုက်ရေးရဟတ်ယာဉ် စစ်စစ်မဟုတ်ပေ။ ထို့ကြောင့် တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်မျိုးကို ဝယ်ယူရန် ရှာဖွေခဲ့ရာ Mi-24ရဟတ်ယာဉ်များသည် စိတ်ချယုံကြည်ရခြင်း စစ်ဆင်ရေးများစွာတွင် အသုံးချဖူးခြင်း နိုင်ငံပေါင်း၆၃နိုင်ငံတွင် အသုံးပြုနေခြင်းတို့ကြောင့် Mi-24 ရဟတ်ယာဉ်ကို ရွေးချယ်ခဲ့သည်။ Mi-35PN ရဟတ်ယာဉ် ၁၁စီးကို ဝယ်ယူခဲ့ပြီး အတည်မပြုနိုင်သော သတင်းအရ Mi-35PN အစီး၅၀အထိ ဝယ်ယူရန် သဘောတူညီထားသည်ဟု သိရှိရပါသည်။ Mi-35PN တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို KIA အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးတွင် အသုံးပြုခဲ့ပါသည်။ နယ်ခြားစောင့်တပ် အမှတ်(၁၀၀၂) အား KIA အကြမ်းဖက်သောင်းကျန်းသူ အင်အား၄၀၀ခန့်မှ ဝင်ရောက်တိုက်ခိုက်ရာတွင် Mi-35PN တိုက်ခိုက်ရေး ရဟတ်ယာဉ်မှ ညနေ ၆နာရီခွဲမှ ၇နာရီခွဲ အချိန်ထိ ညစစ်ဆင်ရေးပြုလုပ်ကာ တိုက်ခိုက်ခဲ့သည်။ထို့အပြင် ကြည်း/လေ/သံချပ်ကာ/အမြောက်/လေကြောင်းရန် ပူးပေါင်းစစ်ဆင်ရေး (အနော်ရထာ)တွင် Mi-35PN တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ တိကျထိရောက်စွာ အနီးကပ် ပြစ်ကူပေးနိုင် ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။Mi-35PN သည် ဒေသတွင်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ကြားထဲတွင် စင်ကာပူ၏ AH-64 Apache Longbow ပြီးလျှင် အကောင်းဆုံးဖြစ်သည်


ယခုအခါ Mi-35PNရဟတ်ယာဉ်များကို ရုရှားလေတပ်မှ ဆက်လက်အသုံးပြုနေသော်လည်း ၂၀၁၅မှ စတင်ကာ တဖြည်းဖြည်းချင်း Mi-28 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အစားထိုးရန် ကြိုးပမ်းနေရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှာ Mi-35PN ထက် နောက်ဆုံးပေါ် Apache Longbow တိုက်ခိုက်ရေး ရဟတ်ယာဉ်၏ ပြိုင်ဖက် Mi-28 NE တိုက်ခိုက်ရေး ရဟတ်ယာဉ်ဘက်ကို အာရုံစိုက်နေသည်ဟု သိရှိရပါသည်။ သို့သော်ငြားလည်း Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်၏ စိတ်ချယုံကြည်ရမူ စစ်ဆင်နိုင်စွမ်းကောင်းမွန်မူသည် တပ်မတော်လေအတွက် အထောက်အပံကောင်းများကို ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ အားလုံး ကျန်းမာချမ်းသာကျပါစေ။

Copy from Myanmar Airpower

No comments:

Post a Comment